alinsettNovember 13, 20132min020
ညီလေးးး ။    အံဇာဒုံး ရေ. . .။   မင်းဖတ်ဖူးမလားတော့မသိဘူး ။ ဆရာ တာရာမင်းဝေ ရေးခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ် ရှိတယ် ။   အဲဒီ ဝတ္ထုတိုထဲမှာ . . . ဗန်ဂိုးရဲ ့အားလူးစားသူများ ပန်းချီကားထဲက ဆာလောင်နေတဲ့ မျက်လုံးတွေ ကိုယ်တို ့ ပတ်ဝန်းကျင်က လူတချို ့ဆီမှာ ရောက်နေပုံလေး ရေးပြထားတယ်လေ ။   သူ ့ဝတ္ထုထဲက တည်နေရာကတော့ ဘတ်စ်ကားတစ်စီးပေါ်မှာ ပေါ့ ။   (မော်ဒန်ဆန်ဆန် ရေးထားတော့ ကိုယ့်ရင်ထဲမှာ အခုထိရှိနေသေးတဲ့ စာပေလက်ရာ တစ်ခုပေါ့ကွာ ။  )   ဝတ္ထုတိုလေးရဲ ့အမည်က “အားလူးကောက်သူများ ”တဲ့ […]


ပြောပြချင်ပါတယ် … တကယ်ကို ပြောချင်လွန်းလို့ပါ … တခါတည်း ကြိုပြီး မေတ္တာရပ်လိုတာက စာအရေးအသား သိပ်မတတ်တဲ့ အခါကျ ဆဲသလိုများ ဖြစ်နေရင် ခွှင့်လွှတ်ပေးပါလို့ နော …….. ။ အဘ အဘဘယ်က စတင်ဖြစ်ပေါ်လာသလဲ ကျနော်လဲ မသိပါ။ နယ်တွေဘက်မှာတော့ အဘဆိုတာ အဖေကို ခေါ်တယ်လို့ မှတ်သားဖူးပါတယ်။ ဆိုတော့ အဘလို့ အခေါ်တပ်တဲ့အခါ အဖေလို့ အဓိပ္ပါယ်ရစေတယ်ထင်တယ်။ ကျနော်တော့ အမေ့ကို အားနာလို့ ဘယ်သူ့ကိုမှ တသက်လုံး အဘ မခေါ်ခဲ့ဖူး။ အတင်းအကျပ် မဟုတ်တောင် မခေါ်မနေရလို ဖြစ်နေတဲ့ အစိမ်းရောင် အသိုင်းအဝိုင်းထဲ ၁၃နှစ်ကျော် နေခဲ့တာတောင် တခွန်းမှ မခေါ်ခဲ့ဘူး။ ကျောင်းဆင်းပြီးလို့ တာဝန်ကျတဲ့ တပ်ရောက်ရောက်ချည်း တပ်ရင်းမှူးကို “ဟုတ်ကဲ့ ဗိုလ်မှူးကြီး” ” ဟုတ်ကဲ့တပ်ရင်းမှူး” အလိုဘဲ ခေါ်ခဲ့တယ် တိုင်းမှူးလဲ ဗိုလ်ချုပ်ဘဲ … သူ့ထက်ကြီးလဲ ဗိုလ်ချုပ်ကြီး […]


padonmarNovember 12, 20134min020
ဒီတခါတော့ သူတို့ဆီမှာလည်း မကောင်းတာတွေ တွေ့ပေမယ့် (မူးလဲနေတာ၊လမ်းပေါ်တံတွေးထွေးသွားတာ၊လမ်းဘေးဈေးဆိုင်တွေပိတ်တာ၊ဈေးတင်ရောင်းတာ…စတာတွေတွေ့မိပေမယ့် အနည်းစုဖြစ်တော့ ကိုယ့်ဆီမှာက အများစုဖြစ်တာလေ)ကောင်းတာ အားကျမိတာလေးတွေပဲ ပြောပြချင်ပါတယ်။ (၁)လေ့လာရေးနဲ့ မျိုးချစ်စိတ် သူတို့နန်းတော်ကို သွားကြည့်တော့ ကျောင်းသားလေးတွေ အဖွဲ့လိုက်လာလေ့လာကြတယ်။ကျမတို့သွားတာ သောကြာဆိုတော့ ကျောင်းပိတ်ရက်မဟုတ်၊ကျောင်းတွေက စီစဉ်ပြီးလွှတ်တာဖြစ်မယ်။မူကြိုအရွယ်၊မူလတန်းအရွယ်၊အလယ်တန်းအရွယ်၊အထက်တန်းအရွယ် အစုံပါပဲ။အဲဒီကျောင်းသားတွေကို ဝင်ကြေးသက်သက်သာသာခွင့်ပြုသတဲ့။ ကျမတို့ရဲ့ ကျောင်းတွေကကော ကျောင်းသားလေးတွေကို နန်းတော်၊(မန္တလေးဆိုရင်ပေါ့)အမျိုးသားပြတိုက်၊သမိုင်းဝင်ခံတပ်စသည်တွေကို လိုက်ပြပြီး အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် လုပ်ဖူးကြပါသလား။လုပ်ဖူးခဲ့ရင်လည်း မလုပ်တာ ဘယ်လောက်များကြာကြပါလိမ့်၊နောင်ကိုရော လုပ်သင့်တယ်လို့များမထင်ကြဘူးလား။ သူတို့ဆီမှာ သူတို့ထွက်ကုန်တွေပဲ အများဆုံးသုံးတာတွေ့မိတယ်။ကားဆို ကိုရီးယားထုတ်တွေပဲများတယ်။ဂျပန်ကားဆိုတာအရည်အတွက်နည်းနည်းပဲ တွေ့မိတယ်။ သူတို့ တရုတ်နဲ့ ဂျပန်ကို မုန်းလို့ တရုတ်ပစ္စည်း၊ဂျပန်ပစ္စည်း မသုံးချင်ဘူးထားတော့၊အမေရိကန်ကို အထင်ကြီးကြပေမယ့် မိုဘိုင်းဖုန်းဆိုင်တွေထဲလည်း Apple ကို သွားမိသမျှလမ်းတွေမှာ ရှားရှားပါးပါး ၁ဆိုင်ပဲမြင်မိတယ်။ မိတ်ကပ်ဆိုလည်း သူတို့မိတ်ကပ်က အရည်အသွေးကောင်းပြီး ဈေးချိုပါတယ်လို့ တွင်တွင်ကြော်ငြာတာပဲ။ကိုရီးယားမလေးတွေက သူတို့ကိုရီးယားမိတ်ကပ်ပဲ […]


alinsettNovember 11, 20131min029
  ပြောပြချင်လွန်းလို့ပါ ….အန်တီသဲရယ် ။ _______________________________   ကိုယ့်ကို နားလည်ပေးနိုင်မယ့်သူ / ကိုယ်နဲ့ ခံစားချက်ချင်း ကူးလူးဆက်သွယ် ထပ်တူကျလို ့ရမယ့်သူ လို့ အန်တီသဲကို မြင်လို ့ တိုင်တည်ပြီးပြောပြမှာပါ ။   ဒါကြောင့် အန်တီသဲကို ကိုယ့်အန်တီလို သဘောထားပြီး ပြောပြချင်လွန်းလို့ ။   ဖဝါးနဲ့မနာ . . .နားနဲ့သာ နာပါနော်. . .အန်တီသဲ ။   :kwi:   *********************************       ကျွန်တော့်ဘဝမှာလေ. . . . မိန်းမနှစ်ယောက် ရှိခဲ့ဖူးတယ် အန်တီသဲရဲ ့။ ဒါက . . . […]


ရခိုင်အကြောင်သတင်းတွေဖတ်ရင်း ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေကို သတိရသွားလို ့ ရေးဖြစ်သွားတာ..။ ကျနော့် အကြောင်းလဲ ပါတာပေါ့…။ ကျနော် ပြောခဲ ့ပါတယ် …မထင်မှတ်ဘဲ အချိန် ကျလာတော့ ဝိဉာဉ်လောက ၊နာမ်လောက မှာ ဝင်ပါတ်သက်ခဲ ့ရတယ်လို ့..။ မြန်မာနိုင်ငံမှာ မိရိုးဖလာ ယုံကြည်မှုတွေကတော့ နယ်တော်ရှင် ရွာတော်ရှင် နဲ ့သိုက်တွေပါဘဲ…။ ကျနော်လဲ ဘယ်ပါရမီပါလာလို ့လဲဆိုတာ စဉ်းစားရင် ခေါင်းတောင်လည်တယ်..။ အခုတော့ ဒီအလုပ်တွေ မလုပ်တော့ပါဘူး… အမျိုးသမီးရဲ ့ရွာလေးမှာနေခဲ ့တုန်းကပါ…။ ဌက်ဖျားဖြတ်ချင်လဲ…ကျနော့်ဆီ.. အရိုးကျိုးရင်…ရွာသူကိုင်ထားရင်၊ သရဲ သဘက်ပူးရင်၊ နတ်ပူး သိုက်ပူး…ဘုရားထီးတော်တင် အနှောက်အယှက်..စုံနေတာဘဲ..။ ဇာတ်နားလို ့အိမ်ပြန်ရောက်လဲ အေးဆေး မနေရ။ ဇာတ်ခေါင်းပြုတ်ချိန်လဲ အေးဆေး မနေရ…။ လက်ခံထားတဲ ့ပုံတွေလဲ […]


မြစ်ဆုံဆိုသည်နှင့်ယခုအချိန်တွင်မြန်မာပြည်သား များထိတ်ထိတ်ပြာပြာဖြစ်တတ်သည်။ရောက်ဖူးသည် လား မရောက်ဖူး။မြင်ဖူးသည်လား မမြင်ဖူး။ သည်လို မရောက်ဖူး မမြင်ဖူးကြသော်လည်း မြစ်ဆုံဆိုတာကို စိတ်ဝင်စားကြသည်။ တရုတ်ကတာဖို့ဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်ယူမည် ဆိုတာနဲ့ ယခင်က သိသ လိုလို မသိသလိုလို မသိလိုက်မသိဘာသာ အဆင့်မှ မြန်မာ့သွေးကြောကြီးအဖြစ် ဂုဏ်ယူအမွှမ်းတင်ခြင်း လူတိုင်း ပါစပ်ဖျား တွင်နေရာယူခြင်းများဖြစ်လာရလေသည်။ မြစ်ဆုံဆိုတာကို ကျတော်ကျောင်းနေစဉ်ကတည်းက သင်ရသည် ကျက်ခဲ့ရသည်။မှတ်ခဲ့ရသည်။ ပုံဆွဲခဲ့ရသည်။ အဲသည်အချိန်က ကျတော်က မြန်မာပြည်၏အောက် ပိုင်းတွင်နေသည်။မြန်မာပြည်ဟိုးထိပ်ပိုင်း၌ ရှိသောမြစ် ဆုံကို ကျောင်းသားဘဝတွင်သာ နီးစပ်ခွင့်ရမည်။ ကျောင်း ပြီးလျှင် နီးစပ်ခွင့်ပင်မရနိုင်။ သင်နေရ၍ရောက်ဖူးချင်ခဲ့သည်။ ရောက်ဖို့ သွားလည်ပတ်ဖို့ အိမ်မက်ပင်မမက်ဝံ့သော အခြေအနေဖြစ်သည်။ရုပ်ရှင်ဇာတ်ကား ထဲမှ မြစ်ဆုံပါသော အခန်းရောက်လျှင် သရေတမြမြ ကျလျက်ဒီအတိုင်းကြည့် ခဲ့ဖူးသည်ကိုယခုထိ မှတ်မှတ်ရရ မှတ်မိနေသည်။ ဟော ရောက်မဲ့ရောက်တော့လည်း […]


ဇီဇီNovember 9, 20137min049
ဘီယာ   ဘီယာသည် ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံး ဘီယာ မည်သူစတင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာများကို နှစ်ခြိုက်ခဲ့ကြကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့် နှံစားပင်နှင့် ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ် အမျိုးမျိုးပေါ်ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်း ကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိကလူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအသုံးပြုကာ ဂျပန် လူမျိုးများက ဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင် အဓိက အသုံးပြုသောဗျစ်ပန်း (Hop) များ ကိုမူ အေဒီ ၁,၀၀ဝ တိုင် အောင်အသုံးမပြုပေ။ […]


မဒမ်တို ့ရွာလေးကတော့ ကျနော့်အတွက်ကြုံသမျှ ချစ်စရာလေးတွေက များတယ်…။ မဒမ့်ကိုချစ်ရသလို ဒီရွာလေးကိုလဲ ချစ်တာဘဲ…။ ဒီရွာလေးကလဲ ချစ်တယ်…သူတို ့ချစ်တာ လမ်းသလားပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေလို ့မဟုတ်ပါဘူး….။ ပေါင်ချိန်ခေါင်က အရှေ ့ခုနှစ်အိမ် အနောက်ခုနှစ်အိမ်တောင်သိတာမဟုတ်ဘူး…။ ကိုယ့်အိမ်မှာ ကိုယ်နေတာ…မိုးလင်းတာနဲ ့ရောက်လာကြတာဘဲ….။ မနက်နေ ့လည်၊ ညနေ၊ ည လူမပြတ်ပါဘူး….။ ပေါင်ချိန်ခေါင်က လိုင်းစုံတယ်..ကိုယ့်တာဝန်ကျလာတယ်လို ့ယူဆပြီး ကိုယ်ကူညီနိုင်မယ်ထင်လို ့ကတော့ ဘွာမခတ်တမ်းဘဲ…။ ဆိုတော့ကာ…ကိုယ့်ဘာသာကိုယ်နေပေမယ့် ကင်းလို ့မရတာက..ဝိဉာဉ် လောက နာမ်လောကကိုပြောတာ…။ ကိုယ်ကတော့ စိတ်ထားဖြူအောင်နေရတာပေါ့…။ ကိုယ်က ကူညီဘို ့အချိန်ကျလာပြီဆိုမှဖြင့် ရှောင်လို ့တောင်မရ…။ လူစုံ..ပြသနာအစုံကြုံရတဲ့အထဲမှာ တစ်ရက်တော့ ပုံတူထိုင်ဆွဲနေတုန်း ဆူညံဆူညံနဲ ့အိမ်ရှေ ့မှာ ဆိုက္ကားနဲ ့လူတစ်အုပ်၊ ငိုဟယ်ရီဟယ် ရောက်လာတာ…။ […]


padonmarNovember 9, 20134min018
ကိုးနတ်ရှင် မျက်နှာသာ မပေးတော့ တတို့နှစ်တို့ ၁ပုဒ်နဲ့ ၁ပုဒ် က ဆက်တိုက် မတင်နိုင်ဖြစ်နေပါတယ်။ ဒီတခါ ပြောပြချင်တာကတော့ KITECH (Korea Institute of Industrial Technology)ကိုရီးယား စက်မှုနည်းပညာသိပ္ပံ အကြောင်းပါ။ (Institute ကို သိပ္ပံလို့ပဲ ပြန်လိုက်ရပေမယ့် မှန်ရဲ့လားလို့ စိတ်ထဲ သိပ်ဘဝင်မကျမိဘူး။ထားပါတော့၊စကတည်းက ဘေးချော်သွားမှာစိုးလို့) သူကလည်း ကဏ္ဍအစုံရှိပါတယ်။1989 မှာ စတင် တည်ထောင်ပြီး ဌာနခွဲ Branch ရ ခုရှိပါတယ်။ကျမတို့က အထည်အလိပ်နဲ့ ပတ်သက်ပြီး လေ့လာဖို့ သွားရတာဆိုတော့ အထည်အလိပ်နဲ့ ပတ်သက်တဲ့ ကဏ္ဍကိုပဲ ရှင်းပြကြပါတယ်။ကျမတို့ကို သူတို့ ဌာနအကြောင်း Videoနဲ့ ရှင်းပြတဲ့ထဲမှာတော့ သူတို့ရဲ့ ဖက်ရှင်ဒီဇိုင်နာ Rick Lee ရဲ့ New York […]


သမီးလေ.. ပို့စ်ရေးခဲ့ဖူးပါတယ်… ခရီးသွားလုပ်ငန်းထဲက S တစ်လုံး ဆိုတဲ့ ပို့စ်ထဲမှာ… လှည်းတန်းမီးပွိုင့်လမ်းဆုံမှာ လမ်းလယ်ခေါင်မှာ ကွေ့ကြောယူထားတဲ့ ကားကို အတင်းငှားပြီး ပါလာတဲ့ နိုင်ငံခြားသားကို အသည်းအသန် အရင်တက်ခိုင်းပြီး ပြာပြာသလဲ ကားငှားစီးတဲ့ အမျိုးသမီးအကြောင်း…. ဂရုစိုက်ကြပါ…. ဧည့်ဝတ်ကျေကြပါ.. စည်းကမ်းတော့ မဖောက်နဲ့ပေါ့… နိုင်ငံခြားသား မပါလာရင်တောင် နားလည်ပေးနိုင်သေးတယ်… အခုက နိုင်ငံခြားသားရှေ့မှာ ကိုယ်က ပိုဂရုစိုက်ပြီး စည်းကမ်းလိုက်နာပြရမှာကို… စည်းကမ်းဖောက်ပြနေလို့.. အသည်းနာတယ်…. (အာတီသဲ မဟုတ်ဝူးနော်..) လမ်းပေါ်မှာ၊ အထူးသဖြင့် Tour sites တွေမှာ နိုင်ငံခြားသားတွေ အခွင့်ထူးခံနေကြတဲ့ ကိစ္စတွေ… သမီးတို့လည်း အသည်းနာပါတယ် အာတီသဲရယ်… ဒါပေမယ့် အဲ့ဒါ Tour Company တွေနဲ့တော့ မဆိုင်ဘူးလို့ ပြောရမယ်… Tour Company […]


“ကိုလေး လိုလူ………ရှောင်တော်မူ ………..”   ကိုအောင်မောင်းတို့ ရုံးက နယ်အရောင်းအဖွဲ့ ဘိုဆန်ဆန်ပြောရင်တော့ မိုဘိုင်းအဖွဲ့တနင်္ဂနွေနေ့ညနေကပြန်ရောက်လာပါတယ်။                                                 နောက်လေးရက်လောက်နေတော့ အဲဒီအဖွဲ့ခေါင်းဆောင် စိုးထွန်းက  ခွင့်တောင်းလာပါတယ်။ သူအခုပြန်လာတဲ့ နယ်က ဆိုင်တစ်ဆိုင်က ပစ္စည်းတွေပြန်သိမ်းခွင့်ပြုဘို့ပေါ့။ အဲတော့ အကျိုးအကြောင်းကို မေးရပါတော့တယ်။ သူတို့သွားရောင်းတဲ့မြို့က ဆိုင်တစ်ဆိုင်က သူတို့ဆီက စီးကရက်ဆယ်ပုံးယူပါသတဲ့။ တန်ဘိုးတွက်ကြည့်ရင် ဆယ်သိန်းကျော်ကျော်ပေါ့။ အသွားမှာ ပစ္စည်းချ သူတို့ကားပြန်လာရင် အဲဒီကုန်ဘိုးရှင်းပေးမယ်ဆိုတော့လဲရောင်းခဲ့ပါသတဲ့။ တကယ်သူတို့ပြန်လာတဲ့အခါ ကုန်ဘိုးရှင်းမပေးလိုက်ပါဘူးတဲ့။ ပစ္စည်းလဲကျန်သေးတယ်ပေါ့။ တနင်္လာနေ့ရောက်ရင် ဘဏ်ကနေလွှဲပေးမယ်ဆိုပြီး ပြောလိုက်ပါသတဲ့။ စိုးထွန်း တို့ အဲဒီဆိုင်ကိုရောက်တာ သောကြာနေ့ပေါ့ လွှဲပေးရမယ့် ဘဏ်တို့ ထုတ်မယ့်သူရဲ့မှတ်ပုံတင်နံပါတ်တွေဘာတွေယူထားလိုက်ပါသတဲ့။ ဒါပေမယ့် အင်္ဂင်္ါနေ့ထိငွေလွှဲမလာပါဘူး။                                       ဖုန်းဆက်တော့လဲမကိုင်ပါဘူးတဲ့။                                                                စိုးထွန်း  စိတ်ပူလာပါတယ်။ အဲဒါနဲ့သူတို့လို့ အရောင်းသမားအချင်းချင်းစုံစမ်းတဲ့အခါ အဲဒီဆိုင်အနေအထားက သိပ်မဟုတ်ဘူးဆိုတာသိလာရပါတယ်။ ကုန်တွေကို အကြွေး ယူထားလိုက်တယ်။ […]


alinsettNovember 8, 20131min025
  ခရီးသွားတယ်ယောက်ဟာ . . . လမ်းခရီးက မြို့တစ်မြို့ရဲ့ တည်းခိုခန်းတစ်ခုမှာ ဝင်တည်းတယ် ။   အဲဒီည တည်းခိုခန်းမှာ တည်းခိုပြီး နောက်နေ့မနက်ကျတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင် ပြီး . . . ဘေးက မြို့ခံတစ်ယောက်ကို စကားလှမ်းပြောတယ် ။   “ ခင်ဗျားတို့မြိုံရဲ့တည်းခိုခန်း တည်းသူတွေ တော်တော် ရိုင်းတာပဲဗျာ ။ ´´   “ဘယ်လို ရိုင်းတာတုန်း ဗျ ´´   “ဟာ. . . ရိုင်းတာမှ တော်တော်ရိုင်းတာ ။ မနက် သုံးနာရီလောက်ကြီး မှာ ကျွန်တော့်အခန်းကို ဝုန်းဒိုင်းကြဲပြီး လာဖွင့်ခိုင်းတယ် ။ တံခါးလည်း ဖွင့်ပေးလိုက်ရော ကျွန်တော့်ကို […]


ပြောရမယ်ဆိုရင်တော့ မဒမ်တို ့ရွာလေးမှာပါဘဲ…။ သူတို ့ရွာသားတွေထဲမှာ လည်လည်ဝယ်ဝယ်လူတွေရှိသလို ရိုးရိုးကြီးတွေလည်း ရှိပါတယ်…။ ကျနော်က အနူတောမှာ လူချောမဟုတ်ပါဘူး…ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတော့ မသိနားမလည်မှုတွေ…အစွဲအလမ်းတွေ၊ အယူသီးတာလေးတွေကိုတော့ ကျွဲကူးရေပါ ဆိုသလို သူတို ့အလိုလေးကိုဖြည့်ပြီးကိုယ့်ဘက်ပါလာအောင် အလိမ္မာလေးနဲ ့နားချယူရပါတယ်…။ ကျနော်က ဆရာလို ့လည်းမကြွေးကြော်ပါဘူး…ဘာဂိုဏ်းမှလဲ မထားဘူး…။ ဒါပေမယ့် သူတို ့ဘက်တွေမှာက လည်း…ခေါင်းဖြူစွယ်ကျိုးကြီးတွေက ပုတီးလေးကိုင် ၊ ယောဂီလေးဝတ်ပြီး..သာသနာပြုတယ်သာပါးစပ်ကပြောနေတာ…လူတွေကို မသိစိတ်စွဲလန်းမှုတွေထဲ တွန်းပို ့နေကြတာ မြင်ရကြားရ စိတ်မချမ်းသာပါဘူး…။ ကျနော်ကိုယ်တိုင်ရော ဘာလို ့ဒါတွေလုပ်နေလဲ ဆိုရင်တော့ သူတစ်ထူးရဲ ့ကျေးဇူး…မမေ့ကောင်းလို ့ပါ…။ ဒါပေမယ့် ကိုးကွယ်ရာအဖြစ်မျက်စိမှတ်ယုံတာမဟုတ်ခဲ ့ဘူး..မိုက်မှားတဲ ့အရွယ်..ရေပေါ်ဆီ ဗုဒ္ဓဘာသာဖြစ်နေချိန်မှာ သေဘေးက လက်မတင်လေး သတိပေးပြီး ပထမအဆင့် ဘာသာရေးလမ်းကြောင်းပေါ်ဆွဲတင်ခဲ ့တဲ့ ကျေးဇူးကြောင့်ပါ…။ […]