“ဝက်ကလေး ပျော်ပါစေ” ဝက်ကလေးကို ချစ်မိတာ ဘယ်က စခဲ့လဲ မသိဘူး။ ဒါပေမယ့် ချစ်မိတာကတော့ သေချာနေပါပြီ။ ဝက်ကလေးက နားရွက်ဖါးဖါးလေးရှိတယ်။ နောက် အရပ်မြင့်တယ်။ ထူးခြားတာကတော့ ကိုယ့်ခန္ဓာကိုယ်ထက် သုံးဆလောက်ဝနေတဲ့ ခန္ဓာကိုယ်ပါပဲ။ ဟုတ်တယ်။ ဝက်ကလေးဆိုတာ ကိုယ်ချစ်စနိုးခေါ်တဲ့ နာမည်လေး။ သူက ကိုယ့်လို လူသားလေးတစ်ယောက်ပေါ့။ ခရေပင်အောက်မှာ ကစားတဲ့ အရွယ်တွေ ကျော်လွန်လာခဲ့ပြီ။ အိုးပုတ်လည်းမကစားတော့ဘူး။ သူလူဆိုးလုပ်၊ ကိုယ်စစ်သားလုပ်တဲ့ အခန်းကဏ္ဍတွေလည်း ကျော်လွန်လာခဲ့ပြီ။ တစ်ယောက်လက်ကို တစ်ယောက်တွဲထားကြတာဟာ ခုမှ ဘာ့ကြောင့် ရင်ခုန်ကြည်နူးဖို့ကောင်းနေတာလဲမသိဘူး။ သေချာတာကတော့ ဝက်ကလေးနဲ့ကိုယ်ဟာ ငယ်ကတည်းက လက်တွဲပြီး ကျောင်းတက်ခဲ့တာပဲ မဟုတ်လား။ ခု ကျောင်းပြီးလို့ အလုပ်ခွင်တောင် ကိုယ်စီဝင်နေကြပြီ။ ဒီချိန်ထိ ဝက်ကလေးနဲ့ ကိုယ်ဟာ တစ်နေရာရာသွားရင် လက်တွဲတတ်တုန်း။ ကိုယ့်အတွက်တော့ […]
