စဆရ ႀကီးNovember 7, 20131min01
ကျုပ်စာတွေရေးတယ်.. စာတွေရေးတယ်ဆိုတာထက် အနုပညာလို့ ဆိုလို့ရမယ့် အနုအရွ ပညာတစ်ခုလို့ဆိုမယ့် ခံစားချက်တွေ စာတွေရေးဖြစ်တယ်။ ဖျက်ပြစ်လိုက်တယ် ကျုပ်ကဗျာတွေရေးတယ်.. ရေးပေမယ့်လည်း၊ ကဗျာကို ဖတ်ကြည့်ရင်တော့ မြန်မာလို ရေးထားတာပဲ၊ ရင်ဘတ်နဲ့ဖတ်မှ၊ အနုပညာကို သိမှ နည်းနည်းခံစားတတ်မယ်ထင်ပါရဲ့.. မြန်မာလိုဖတ်ပြီး လိုသလို ဆွဲတွေးဘာသာပြန်ပြီး အဖျက်ခံလိုက်ရပြန်တယ်.. တော်သေးရဲ့.. ဒီကဗျာလေးတော့ ကော်ပီကူးထားမိပေလို့ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အကယ်လို့များသာ သင်သည် ချစ်ခြင်းနှင့် မသင့်မြတ်သည်ဟုဆိုပါတော့ ထိုချစ်ခြင်းသည် သင့်ထံ ကြာကြာမနေလိုပေ။ အကယ်လို့များသာ သင်သည် ချစ်ခြင်းနှင့် ရန်ဖြစ်ထားသည်ဆိုပါတော့ ထိုချစ်ခြင်းသည် သင့်အား စိတ်ကောက်နေပေလိမ့်မည်။ အကယ်လို့များသာ သင်သည် ချစ်ခြင်းကို မပိုင်မဆိုင်ရဘူးဆိုပါတော့ ထိုချစ်ခြင်းသည် သင်နှင့် အဝေးကွာဆုံးအရပ်တွင်သာ ရှိနေလိမ့်မည်။ ထို့ကြောင့် အိုဘယ့် အသင်ချစ်ခြင်း သင့်အား ငါမြတ်နိုးလွန်းလှပေ၏။ ငါ့ကိုယ်အား […]


alinsettNovember 6, 20133min060
  အဟက်  အဟက်… မတော်တရော်တွေ တွေ ့ခဲ့တယ်..။                                 ဟို….  နိုင်ငံခြားသားတွေ မြင်သွားပြီ… ရှက်ထာ….               5 ရက် 11 လ 2013  တုန်းက… ကျောက်တန်းက..ကျိုက်မှော်ဝန်းနဲ ့..ကျိုက်ခေါက်စေတီတော်သွားခဲ့ပါတယ်  ။ အမြင်မတော်တာတွေရော.. အမြင်တော်တာတွေရော…. တန်းစီနေလို ့…. နည်းနည်း..ပြောပြကြည့်တာပါ.. ။ မမခိုင်ဇာ ကို တ ပြီးပြောလိုက်တယ်နော်..။ အဟိ ။  ဘာရယ်တော့မဟုတ်ပါဘူး  […]


စဆရ ႀကီးNovember 5, 20131min08
ခကျွန်တော်သည် ရင်ဘတ်ကြီးအဟောင်းသားဖြင့်။ အဲကွန်းမရှိသည့် မဟာရန်ကုန်ဟု ရန်ကုန်သူ ရန်ကုန်သားများမှ ကျွန်ုပ်တို့လို့ တောင်ပေါ်သားများကို မှိုချိုး၊ မြှစ်ချိုးပြောသည်ကို လွန်ခဲ့သည် ဆယ်စုနှစ် နှစ်စုကျော်ခန့်က ခံစားခဲ့ရသည့် ခံစားရင်းများကလဲ ရှိနေသည်ကတစ်ကြောင်း၊ ရန်ကုန်သားဆိုတာ ဘောင်းဘီလေထိုးကြီးများကို အထဲမှ အရိုးဂေါက်ဂက်များဖြင့် တန်ဆာဆင်ရင်း ကျွန်ုပ်တို့နားမလည်သည့် မြန်မာစကားပြော အမြန်စကားများကို ပြောဆိုသူများ အနေနှင့်လည်းကောင်း၊ ရန်ကုန်သူဆိုသူများမှာ ကျွန်ုပ်တို့နယ်သူများ မဝတ်ရဲသည်များ ဝတ်ကြပြီး ကျွန်ုပ်တို့ နယ်သူများ မပြောရဲသည်များ တစ်နင့်တစ်ပိုးကြီး ပြောဆိုတတ်သူများ အနေနှင့် လည်းကောင်း၊ ရန်ကုန်သားများ လေတိုက်လျင် လဲကျတော့မည့် အခြေအနေတွင်တောင်မှ လေမလျှော့ပဲ ရန်ကုန်တွင် ထိုသို့သော ကိုယ်ခန္ဒာ အလှပိုင်ရှင်များမှာ အဘယ်မျှ ကောင်မလေးများ ကြိတ်ကြွေကြောင်းကို ကြားရပြီးနောက် ကိုရင်စိုင်းတို့လို တောင်ပေါ်သားများမှာ လက်မောင်းအိုးတုတ်တုတ်ကြီးများပေါ်တွင် မျက်ရည်ပေါက်များအား ကြမ်းရှရှသုတ်ရင်း […]


  “ လေလှန်သလို လှန်တဲ့ စုကြေးလေလံ  “ ပြီးခဲ့တဲ့ သုံးရက်လောက်က ကိုငယ်တို့အိမ်ဘက်ကိုရောက်တော့ ကြည့်ရတာတစ်ခုခုလိုနေသလိုခံစားရပါတယ်။ သေချာကြည့်မိတော့မှ ကိုငယ်တို့ အိမ်ဘေးကစတိုးဆိုင်ပိတ်ထားတာကိုတွေ့ရပါတယ်။ ဒီဆိုင်ကအရမ်းကို ရောင်းရတဲ့ စတိုးဆိုင်လေးထဲမှာ ပါ  ပါတယ်။ ကျနော်ကိုယ်တိုင်လဲ တစ်ခါတစ်ခါ အိမ်အသုံးအဆောင်ပစ္စည်းတွေလိုရင် ဒီဆိုင်က ဘဲ ဝယ်သွားတတ်တာများပါတယ်။ ပစ္စည်းစုံတယ် ဈေးမှန်တယ်ဆိုတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံတဲ့အပြင် ဆက်ဆံရေးလဲကောင်းတယ် ဆိုတော့ ရောင်းကောင်းတာဘယ်ဆန်းမလဲနော်။ တစ်နေရာရာ သွားပြီး အလှူအတန်းတွေသွားများလုပ်ကြသလားလို့တွေးမိပါတယ်။ ဒါနဲ့ ဘဲ ကိုငယ်ကို မေးရတာပေါ့ “ဘယ်များသွားကြလဲ”လို့ “လေ အလှန်ခံလိုက်ရတာ”လို့ပြန်ဖြေတော့ ကျနော့် သူပြောတာကို နားမလည်ပါဘူး။ အဲတော့ “ဘာလဲ”လို့ထပ်မေးရတာပေါ့။ “ကိုပေါက် ခေတ်နောက်ကျသွားပြီ စုကြေး လေလံမလျော်နိုင်လို့ထွက်ပြေးရတာ” လို့ ဆိုပါတယ်။ ကျနော်က ဒီစုကြေးလေလံကိစ္စနဲ့ပါတ်သက်ပြီး သိပ်နားမလည်ပါဘူး။ ကိုငယ်ကိုဘဲ […]


alinsettNovember 4, 20131min042
အဟက် ။   ကိုယ်ကပဲ. . . . .ကျေးဇူးအတင်ခံချင်လွန်းသူလား . . . . .သူတို့ကပဲ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ဖို့. . . .ဝန်လေးလွန်းနေတာလားတော့ မသိ ။   တစ်ဘက်ဘက်ကတော့ ပြင်ဖို ့လိုပြီ ။ အဟိ ။   *************************   ဘတ်စ်ကားကျပ်ကျပ် တိုးစီးရတဲ့ ဒုက္ခ ကို အမေရိက က သဂျီး ကို ပြချင်တယ် ။ ( ဘာမှ မဆိုင်ပဲ သဂျီးကို ဆွဲထည့်ခြင်း )   အင်းလေ . . .သဂျီးလည်း သိနိုင်မယ်ထင်ပါတယ် ။   ရန်ကုန် […]


ဟိုးတုန်းကပေါ့…ကျနော့်ဆရာနဲ ့အတူ ပျဉ်းမနား နှစ်ကျိတ်ရှစ်ဆူ တပေါင်းပွဲကပြီးတော့ ကျနော်တို ့ဇာတ်အဖွဲ ့ပျဉ်းမနားတောင်ညိုဘက်မှာ ရုံပွဲတွေ လှည့်ကခဲ့ဘူးပါရဲ ့…။ ကျနော့်ဆရာက BSC ဘွဲ ့ရပြီးသား၊ ဝါသနာပါလွန်းလို ့ဇာတ်ကနေတာ…။ စိတ်ထားကောင်းတယ်…ယဉ်ကျေးတယ်…။ ဆရာတပည့်အတွဲလဲညီခဲ ့ကြတယ်…ဘယ်လောက်အတွဲညီလဲဆို ဆရာ နှစ်ပါးကနေရင်း အရက်ခိုးမော့တာကအစ သူ ့အဖေမမြင်အောင် ကျနော်က တောင်ရှည်ပုဆိုး ဝတ်သလိုလိုနဲ ့ကာပေးတတ်တယ်…။ နေ ့ခင်းအိပ်ယာကနိုးရင် ထန်းတောထဲမှာ ထန်းရည် သွားသောက်ပြီး…ဇာတ်ရုံရှိရာကို လေးဘက်ထောက်ပြီး လာခဲ ့ကြတာလဲ အတူတူ…။ အဲ…နောက်ပိုင်းမကချင်တာလဲတူတယ်… ဆရာက ခွန်းထောက်တောင်မဆိုနိုင်အောင်ကို အသံအားနည်းတယ်…။ ကျနော့်ကို တော်တော်ချစ်တယ်…ခေါ်ရင် သားလို ့ခေါ်တတ်တယ်…ဆရာနဲ ့ကျနော်ကြားမှာ ထူးထူးခြားခြားဆိုလို ့သူနဲ ့အတူကဘို ့စာချုပ်တုန်းကတော့ နှစ်ပါးသွား့ရင် ဂျွမ်းမထိုးရလို ့စာချုပ်ထဲမှာ ထည့်ရေးဘူးတယ်…။ […]


ကျနော်ရေးခဲ ့တဲ ့ ပို ့စ်လေးတွေက စိတ်မကောင်းစရာလေးတွေ များနေတာဆိုတော့…တခါတလေ အပြောင်းအလဲလေး ဖြစ်စေချင်တာရယ်…ပြန်တွေးလိုက်တိုင်း ကိုယ်တိုင်တောင် ပြုံးရယ်မိတာလေးတွေ ရေးရင်ကောင်းမလားလို ့…။ တစ်ခြားလောက ပါတ်ဝန်းကျင်ကမဟုတ်ပါဘူး…အခုချိန်မှာ ဇာတ်သဘင်ကို ဆက်မလုပ်တော့ပေမယ့်….ပြန်တွေးရင်.. မနေ ့တစ်နေ ့ကလိုဘဲ စိတ်ထဲမှာ ဖြစ်နေတာ..။ က,ခဲ ့စဉ်တုန်းကပါ…။ ကျနော်တို ့ဇာတ်သဘင်တွေမှာ ကြည့်နေတဲ ့ပရိတ်သတ် သိလိုက်တဲ ့အမှား၊ လုံးဝ မသိလိုက်တဲ ့အမှားလေးတွေ ရှိပါတယ်…။ ပရိတ်သတ်က အမှားကို မသိလိုက်ရဘူးဆိုတာက စင်ပေါ်မှာ ကနေတဲ ့သူချင်းဘဲ သိပြီး ၊ ပညာသားနဲ ့ဖုံးဖိလိုက်တာပါ…။ ဒါတောင် ဖုံးလို ့ရတဲ ့အခါ ရှိသလို ၊ ဘယ်လိုမှ ဖုံးလို ့မရတာ ရှိပါတယ်…။ ဒီလို….။ […]


padonmarNovember 2, 20131min041
မရွှေပုဟာ ကျမထက် အသက်၂နှစ်ခွဲကြီးတဲ့ အမဖြစ်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက သူ့ကို နင်ငါနဲ့ပဲ ပြောဖြစ်လာပါတယ်။ သူတို့ အသက်တန်းတွေမှာ အပုဆိုတဲ့ နာမည်တွေ သိပ်ခေတ်စားခဲ့ပါတယ်။ ယောကျင်္ားလေးတွေလည်း အပု၊မောင်ပု၊ကိုပုတွေ အများကြီးပါ။ မိန်းကလေးတွေထဲလည်း အပု၊အပုလေး၊မိပု လို့ ချစ်စနိုးခေါ်ခံရတဲ့ နာမည်ရှင်တွေ တော်တော်ပေါပါတယ်။ ကျမတို့ အိမ်နားမှာကို သူနဲ့ရွယ်တူ ကျား ၁၊ မ ၁၊ အပုတွေရှိပါတယ်။ အဲတော့ သူများနဲ့ကွဲအောင် ကျမအမကို ကျမတို့အိမ်က မရွှေပုလို့ ခေါ်ကြပါတယ်။ သူက ကျမနဲ့ မတူ၊အလွန် သဘောကောင်း သည်းခံတတ်တဲ့သူပါ။ ကျမလည်း ခပ်အအ ထဲပါပေမယ့် ကိုယ်အတာ လူမသိအောင် ဟန်လုပ်တတ်ပါတယ်။ သူကတော့ သူအတဲ့အကြောင်း မဖုံးမဖိတတ်ပါဘူး။ ငယ်ငယ်တုံးက ကျမတို့ အဖေက ကုန်ဖိုးပိုက်ဆံတွေရေခိုင်းပါတယ်။သူက […]


ကျနော် အင်တာနက်မှာ စာလိုက်ဖတ်ရင်း အင်းတို ့ လက်ဖွဲ ့တို ့ အဆောင်တို ့ အကြောင်းဖတ်ရင်း ကျနော်သုံးခဲ ့ရတဲ ့ ပန်းကလေးကို အမှတ်တမဲ ့ သတိရသွားတာပါ….။ လက်ဝှေ ့ထိုးတာတို ့မျက်နှာပွင့်တို ့မှာ.ဆရာက အဆောင်တွေ ဘာတွေ ပေးရင် တစ်ပွဲတိုး လက်ဖွဲ ့လေးတွေ၊ ပန်းလေးတွေ၊ ဆေးလိပ်တွေ ပေးတာတော့ အရင်က ကြားဘူးပါတယ်…။ ကျနော့်ရဲ ့တစ်ပွဲတိုးပန်းက ဘယ်ဆရာကမှ စီရင်ပေးတာလဲ မဟုတ်သလို ….ဘာအဆောင်မှလည်းမဟုတ်ပါဘူးဗျာ…။ ကျနော့်ဘဝမှာလည်း ရံခါဖန်ခါ ကပ်သီးကပ်သတ် ကြုံရတာလေးတွေ အများကြီး ရှိပါတယ်…။ အဲဒါတွေ ထဲက တစ်ခုပေါ့ဗျာ…။ဖြစ်ပုံက ဒီလို….။ ကျနော်တို ့ဇာတ်ပွဲ ကမယ့်ရက် ၃/၄ရက်လောက် အားနေတော့ ဘာရယ်မဟုတ် […]


Kaung Kin PyarOctober 31, 20131min010
ကောင်းကင်ပြာ Payroll Date နီးနေလို့ လိုင်းပေါ်မတက်ဖြစ်တာနဲ့ ရွာထဲမရောက်ဖြစ်ပါ…။ ခဏတက်လိုက်ပြန်တော့လဲ Connection မချေငံမှုကြောင့် ခုလောက်ကြာသွားရလို့ ရွာသူ၊ ရွာသားအပေါင်းကို တောင်းပန်ပါတယ်လို့ အရင်ပြော ချင်ပါတယ်..။ ကောင်းကင်ပြာ နောက်ဆုံးတင်ခဲ့တဲ့ Post လေးကို အကောင်အထည်ဖော်ချင်တာပါ….။ တွံတေးမင်္ဂလာ ပရဟိတ မိဘမဲ့ကျောင်းက ခလေးတွေကို အဝတ်အစားလေးတွေ လှူကြဖို့ တင်ခဲ့ဖူးပါတယ်…။ တချို့ ရွာသူ၊ ရွာသားတွေလဲ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်..။ မဖတ်ဖြစ်ခဲ့တဲ့ ရွာသူ၊ ရွာသားတွေကိုလဲ ကောင်းကင်ပြာ ရွာသူ၊ ရွာသားတစ်ဖွဲ့ အတူသွားကြပြီး ကလေးတွေနဲ့ ခဏလောက်ဖြစ်ဖြစ် ရှိပေးရအောင်ပါလို့…ဖိတ်ခေါ်ချင်ပါတယ်။ သွားမယ့်ခရီးစဉ်က ဒလဆိပ်ကမ်းကနေ ဟိုဘက်ကို သင်္ဘောနဲ့ကူးပြီး အဲ့ဒီဘက်ကနေလဲ ဒိုင်နာလိုကားမျိုးကို အပြတ် ငှားလိုက်လို့ ရပါတယ်…။ လွန်ခဲ့တဲ့ တစ်နှစ်သွားတုန်းကတော့မနက် ၉နာရီကနေ ညနေ […]


သူကိုယ့်ကို မခင်တွယ်မှန်းလည်းသိပါရဲ့… ကိုယ့်ဆီကနေ အကြောင်းမရှိ အကြောင်းရှာပြီး ဝေးဝေး ထွက်ပြေးသွားချင်နေမှန်းလည်း သိပါရဲ့… ကိုယ်နဲ့ တစ်လတာ အတူနေဖို့တောင်စိတ်မကူးတာလည်း သိပါရဲ့… ကိုယ့် လိုအင်တွေကို လစ်လျူရှုတတ်မှန်းလည်း သိပါရဲ့… ကိုယ် က သူ့ကို ချစ်ရသလောက် သူကကိုယ့်ကို ပြန်မခင်တွယ်နိုင်တာကိုလည်း သေသေချာချာ သိပါရဲ့ နဲ့….   ကိုယ်ကတော့ သူ့ကိုမျှော်ပါတယ် ။ သူ့ကိုအရမ်းချစ်ပါတယ်။ သူနဲ့တွေ့ရမယ့် နေ့တွေဆို အရမ်းပျော်ပါတယ်။ သူကို ကိုယ့်နားကနေထွက်မသွားစေချင်ဘူး။ ကိုယ်နဲ့ ရက်ပေါင်းသုံးဆယ်လောက် ပြည့်ပြည့်ဝဝ အတူနေပေးရင်းကို ကျေနပ်ပါတယ်။ ဒါပေမယ့် …. ဒါပေမယ့် ပေါ့လေ… သူကတော့ နေ့မြင်ညပျောက်တဲ့ နေမင်းကြီးလို ညထွက် နေ့ဝင် တဲ့ လမင်းကြီးလို……….. ကိုယ့်အပေါ် ရက်စက်နိုင်လွန်းတယ်…. အဲ့  သူ… […]


                                                        ၂၀၀၅ ခုနှစ်က နိုင်င်္ငစုံ ယဉ်ကျေးမှု ကပွဲမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ တောင်စဉ်တောင်တန်းမှိုင်းပျပျတွေနဲ ့တောင်တွေရဲ ့အလယ်ချိုင့်ထဲမှာ လှပတဲ့ မြို ့လေးက ကျနော့်ဘဝ လမ်းကြောင်းတွေ ပြောင်းသွားအောင်…၊ အောင်မြင်မှုတွေ လမ်းခင်းပေးလိမ့်မယ်လို ့ တစ်ခါမှ မတွေးမိခဲ့ပါဘူး..။ လူတစ်ယောက်က ကိုယ်ဖြစ်ချင်တဲ့ဘဝလမ်းကို ဦးတည်ပြီး လျှောက်နေပေမယ့်…..။ လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း ငါး ဘဝရဲ့ခြေလှမ်းသစ်များ မနက်ပိုင်းမင်္ဂလာဆောင်ပြီး အဲဒီနေ့ နေ့လည်မှာဘဲ မကွေးကိုပြန်ခဲ့ကြပါတယ်။ ကျမအိမ်ကပေးလိုက်တဲ့ လက်ဖွဲ့ကို မောင်တို့ အိမ်က ကျမလက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ ကျမကလဲ မောင်တို့အဒေါ်ကိုဘဲပြန်အပ်ထားလိုက်ပါတယ။် ကျမတစ်သက် အဲ့လောက်များတဲ့ ငွေကို ကိုင်လဲ မကိုင်ဘူးသလို သုံးစရာအကြောင်းလဲမရှိသလိုပါဘဲ။ မကွေးပြန်ရောက်တဲ့အခါမှာတော့ မောင်က ဦးလေးတို့ဆီစက်မှာဦးလေးနဲ့အတူအလုပ်လုပ်ရပါတော့တယ်.။ မနက်ပိုင်းမှာဦးလေးနဲ့ နှမ်းဝယ် ပဲဝယ်လုပ်။ နေ့လည်ဆီစက်မှာ ဝင်လုပ်ပေါ့။ ကျမကတော့ ဒေါ်ဒေါ်နဲ့အိမ်မူ့ကိစ္စ ကူလုပ်ပေါ့။ ဒီလိုနဲ့ဘဲကျောင်းဖွင့်ချိန်ရောက်တဲ့အခါ ဦးလေးတို့က ကျမကိုကျောင်းပြန်တက်ဘို့ စီစဉ်ပေးတာနဲ့ ကျောင်းဆက်တက်ရပါတယ်။ မောင်ကတော့ လုပ်ငန်းခွင်ထဲမှာပေါ့။ ဦးလေးတို့က ကျမတို့နှစ်ယောက်ကို စားရိတ်ငြိမ်းတင်ကျွေးထားတာပါ။ မောင်ရတဲ့လခကို ကျမတို့နှစ်ယောက်သုံးချင်ရာသုံးရုံပါဘဲ။ သူတို့ကလဲသားသမီးမရှိတော့ကျမတို့ကသားသမီးလိုဖြစ်နေပါတယ်။ ကျမလဲမကွေးရောက်မှ တကယ့်ကျောင်းသူဘဝရောက်သွားသလိုပါဘဲ။ သူငယ်ချင်းအသစ်တွေလဲ လွတ်လွတ်လပ်လပ်လဲနေရတော့ပျော်ပါတယ်။ အတော်များများက ကျမကို အိမ်ထောင်သည်မှန်းမသိကြပါဘူး။ ပြန်တွေးကြည့်ရင်ကျမမှားခဲ့တာအများကြီးပါဘဲ။ […]