kokothandarAugust 24, 20111min07
အခွန်အတုတ်တွေပြည်သူတွေအပေါ် ဒဏ်ပိစေတဲ့အဖြစ်တွေမှာ  အခွန်ကောက်နိုင်တဲ့နေရာတွေကိုလေလံပစ်တာလဲပါပါတယ်… လမ်းတံတားဖြတ်သန်းခတွေ..ကားရပ်နားခတွေ. .လေလံဆွဲသူတွေကောက်ချင်သလိုကောက်တော့ခံရတာပြည်သူ… စံစားရတာကလုပ်ငန်းရှင်ငွေရှင်တွေဖြစ်နေတယ်.. ငွေရှင်တွေကိုလုပ်ကွက်တွေဖေါ်ပေးနေသလိုပါဘဲ. .လေလံပစ်လို့ရနိုင်တဲ့ပမာဏကို ယာဉ်စီးရေနဲ့စားပြီးကြိတ်နှုန်းသဘောနဲ့ ယာဉ်တွေလိုင်စင်ဝင်တဲ့ အခါကောက်လိုက်ရင်မဖြစ်နိုင်ဘူးလား. .သွားလာသူတွေလဲခရီးမဖင့်.စိတ်ပေါ့ပါးစွာနဲ့ခရီးသွားလို့ရပြီပေါ့. . လာပြန်ပြီမီးရထား… ကိုယ့်ရဲ့စီမံခန့်ခွဲမှုညံတာကိုမပြင်ဘဲ ငွေရှင်တွေ လက်ထဲအပ်ဖို့ြ့ပင်နေတယ်. .ဒါဆိုရင်မီးရထားဝန်ကြီးဌာနကိုပါဖျက်လိုက်ရင်မကောင်းဘူးလား.. .ပြည်သူတွေရဲ့သက်သာချောငိချိရေး ကိုဆောင်ရွက်ဖို့တာဝန်မယူချင်တော့ တာလားသယ်ယူပို့ဆောင်စရိတ်တွေနဲမှ ကုန်ဈေးနှုန်းတွေတည်ငြိမ်မယ်ဆိုတာနားမှမလယ်ကြဘဲကိုး အခွန်အတုတ်တွေပိုရဖို့လုပ်တိုငိဆိုးကျိုးတစ်ခုခုတော့ပေါ်တတ်တာပါဘဲ


alinsettAugust 21, 20111min03
ဖွံ ့ ဖြိုးတိုးတက်သော လူ ့အဖွဲ ့အစည်းတစ်ခု တည်ဆောက်ဖို ့ ရဲ စွမ်းသတိ္တရှိတဲ ့ခေါင်းဆောင်တွေ လိုအပ်တာ မှန်ပါတယ် ။ ဒါပေမယ် ့ ယုံကြည်စိုတ်ချရသော..၊ ပါးနပ်လိမ္မာသော… နောက်လိုက်ကောင်း (ပြည်သူ ) တွေ ရှိဖို ့လည်း လိုအပ်တာသေချာပါတယ် ။ ဘာလို ့လဲ…ဆိုတော့… ကျွန်တော်တို ့ဟာ… သူရဲကောင်း ဆိုတာတွေကို လိုသလောက် ရနေမှာ မဟုတ်လို ့ပါပဲ.။ ဒါကြောင် ့ ကျွန်တော်တို ့ဟာ…. ခေါင်းဆောင်တွေ (သူရဲကောင်းတွေ ) မပါ ပဲလည်း ဆောင်ရွက်နိုင်ဖို ့လိုပါတယ် ။ ကောင်းမွန်တို းတက် တဲ ့ လူ ့အဖွဲ ့အစည်း […]


poochAugust 16, 20111min027
အော်…ဖြစ်မှဖြစ်ရလေ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ဝတ်စုံကိုများ ပုံတူကူးချတယ်တဲ့။ ရှင့်မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားရှိသလား ရှုံးလူ…မြန်မာအမျိုးသမီးတွေ မင်္ဂလာဆောင်ရင်ဝတ်တဲ့ ထိုင်မသိမ်းဝတ်စုံ ချိတ်ထမိန်ကို ရှင်ဘယ်နိုင်ငံက အမျိုးသမီးတွေဝတ်တာများ တွေ့ဖူးသလဲ.. မြန်မာနိုင်ငံဆိုတာ များပြားလှတဲ့ လူဦးရေ၊ အင်မတန်များတဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ အယူဝါဒတွေ စတဲ့ နိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အိနိ္ဒယ နဲ့တရုတ်ကြားမှာ တည်ရှိနေတာပါ။ အိနိ္ဒယ မှာ ဇာတ်နိမ့် ဇာတ်မြင့်က စလို့ အယူဝါဒတွေ အမျိုးမျိုးထွန်းကားတယ် ။ တရုတ်ဆိုတာကလည်း အတတ်ပညာ များစွာကို မွေးဖွားပေးတဲ့ နို်င်ငံကြီး။ အဲဒီက အိမ်နီးချင်း ယဉ်ကျေးမှုများကို မြန်မာနိုင်ငံက လက်ခံ သုံးစွဲခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာ အိနိ္ဒယက လာတာပါ။ ဒါပေမဲ့ မြန်မာ့ […]


ထိုင်းနိုင်ငံ အယုဒ္ဓယမရောက်ဖူးသူများအတွက် ဓာတ်ပုံ ဆိုတဲ့ ပိုစ်မှာ ဝင်ဆွေးနွေးတာလေးတွေဖတ်မိပြီ ဒီပိုစ်လေးကိုရေးဖြစ်လိုက်ပါတယ်။ comment ထဲမှာဝင်ရေးချင်သော်လည်း ရေးရမည့်အကြောင်းအရာကများနေသည့်အတွက် သီးခြားတင်လိုက်ပါတယ်။ မြန်မာ့သမိုင်းတစ်လျောက်တွင် ဗမာမင်း တို့သည် ဗမာအချင်းချင်းလည်းစစ်တိုက်ခဲ့ကြပါသည်။ အနောက်ဖက်တွင် ရခိုင်၊ အရှေ့မြောက်တွင် ရှမ်း၊ တောင်ဖက်တွင် မွန်၊ ထိုမှလွန်၍ ထိုင်း တို့နှင့်စစ်ခင်းခဲ့ကြပါသည်။ ဗမာနှင့်ယိုးဒယား စစ်တိုက်ခဲ့သမျှကို သိသလောက်ပြောရလျှင် တောင်ငူခေတ် ဗမာနှင့်အယုဒ္ဒယခေတ် ထိုင်း စစ်ပွဲ (၇) ကြိမ်၊ ကုန်းဘောင်ခေတ်မှာ(၉) ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ်တိုက်ခဲ့ကြပါတယ်တဲ့။ အခု ဗမာအများစု ဝါးတားတားသိနေတဲ့ အယုဒ္ဒယပျက်တဲ့စစ်ပွဲဟာ ၁၇၆၅ ကနေ ၁၇၆ရ အထိနှစ်နှစ် ကြာဖြစ်ခဲ့တဲ့ ဆင်ဖြူရှင်ဘုရင်လက်ထက်ကစစ်ပွဲပါ။ ၁၇၅၉ ခုနှစ်ကဖြစ်ခဲ့တဲ့ အလောင်းဘုရား ရဲ့စစ်ပွဲအဆက်ပါပဲ။ ဦးအောင်ဇေယျ တို့ ဝါးရင်းတုတ်ကိုင်ပြီးတက်သိမ်းတယ်ဆိုတာမဟုတ်ပါ။ […]


mgtharmyarAugust 13, 20111min05
ဘီစီ (722-481) လောက်ကတရုတ်ပြည်မှာ တိုင်းပြည်တစ်ခုလုံးအကျင့်ပျက်၊ချစားမှုများ ပြည်ထောင်စုအချင်းချင်းသွေးကွဲပြိုကွဲနေချိန်၊ တစ်တိုင်းပြည်လုံးမငြိမသက်ဖြစ်နေတဲ့အချိန်ပေါ့ အဲဒီလိုဖြစ်ပေါ်ရတဲ့အကြောင်းကတော့မင်းကမင်းလို မကျင့်၊မှူးမတ်များသည်လည်းမှူးမတ်လိုမကျင့်သော ကြောင့်ဖြစ်တယ်လို့ကွန်းဖြူးရှပ်ကပြောကြားခဲ့..   မင်းသည၊်မင်းဘဲဖြစ်ပါစေ မှူးမတ်တို့သည်မှူးမတ်ဘဲဖြစ်ပါစေ ဖခင်သည်လည်း၊ဖခင်သာဖြစ်၍ သားသည်လည်းသားဘဲဖြစ်ပါစေ (ကွန်ဖြူးရှပ် ဘီစီ 722-481) (ကွန်ဖြူးရှပ်)


mgtharmyarAugust 13, 20111min02
မြစ်ဆုံ၊မေခ၊မေလိခ၊မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတကာ နှင့်ပြည်သူလူထုအထင်မှားအမြင်မှားဖြစ်စေရန်အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ ကမဟုတ်မမှန်လုပ်ကြံရေးသားလုပ်ဆောင်လျှက်ရှိ နေဟုအစိုးရပိုင်သတင်းစာပါဆောင်းပါးရှင်(လျှပ်စစ်ဝန်ထမ်းတစ်ဦး)ဧ။်စွပ်စွဲချက် ကိုတုံ့ပြန်လိုက်ခြင်း။  (10.8.2011 ရေးသားတုံ့ပြန်ခဲ့သည်။)   (9-8-2011)နေ့စွဲနိုင်ငံပိုင်မြန်မာအလင်းသတင်းစာတွင်ဖော်ပြခဲ့သောဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတစ်ဦး၏မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သည့်ဆောင်းပါးက mediaတွေကဘဲမဟုတ်မမှန်သတင်းကိုလုပ်ကြံပြီးရေးသားပြီးပြည်သူကိုAlarmist လုပ်နေတဲ့သဘောပြောဆိုရေးသားထားတာဟာမီဒီယာလောကကိုစော်ကားလိုက်ခြင်းဖြစ်တယ်လို မြင်မိပါတယ်။အဲဒီဆောင်းပါးရှင်ရဲ့ဆောင်းပါးများကိုကောက်နုတ်ချက်ချကြည့်ရင် ကောင်းကျိုး(advantages)များသာထုံစံအတိုင်းသတင်းစာဆောင်းပါးပုံစံရေးသားထာတာတွေရပါတယ် ။မြစ်ဆုံရေကာတာ(MyintsonDam)ကြောင့်လတ်တလောပြည်သူတွေခံစားရမဲ့ဒုက္ခများနှင့် တစ်နိုင်ငံလုံးနောင်ခံစားရဦးမည့်ဆိုးကျိုးများ(Disadvantages)ကိုရေးသားဖေါ်ပြထားခြင်းမတွေ့ရပါဘူး။   (၁)Impact areaမှာပြည်သူတွေဘယ်လောက်ထိခိုက်ဆုံးရှူံးပြီးလူတွေစိတ်ဒုက္ခရောက်ရတယ်ဆိုတဲ့လူအခွင့်အရေး ကိုဥပေက္ခာပြုထားခြင်း၊ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူတွေဘယ်လောက် ဒုက္ခရောက်ဦးမယ်ဆိုတာကိုလစ်လျှူရှုထားခြင်း   (၂)ရေကာတာစီမံကိန်းကိုတရုတ်CPIကော်ပိုရေးရှင်းက3.6ဘီလီယံရင်းနှီးမြှုပ်နှံတည်ဆောက် လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ပွင့်လင်းစွာရေးသားခြင်းမရှိပါ။   (၃) ရေကာတာမှထွက်ရှိမဲ့အကျိုးအမြတ်ဧ။်၇၀%ကိုတရုတ်ကရရှိမှာဖြစ်တယ်လို့ပြည်သူအများကိုချပြမထားခြင်း။ (၄)ထွက်ရှိမဲ့ရေအားလျှပ်စစ်ဧ။်၉၉%ကိုတရုတ်ကယူမည်၊၁%သာပြည်တွင်းမှာသုံးစွဲသွားမည်ဆိုတာဖော်ပြထားခြင်း မရှိပါ။ (၅)တရုတ်အစိုးရနဲ့မြန်မာအစိုးရနှစ်ဖက်စလုံးကရေကာတာကြီးကြောင့်ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရဟုအာမခံထား ခြင်းမရှိ (၆)ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာတွင်၊ရေကာတာကြီးသည်စစ်ကိုင်းပြတ်ရွေ့ကြောလိုခေါ်တဲ့ငလျှင်ကြောအ နီးအနားမှာရှိတယ်ဆိုတာကိုဖော်ပြထားခြင်းမရှိ။   (၇)ပညာရှင်များသည်2009ခုနှစ်ဇန်နဝါရီလမှဇူလိူင်လအထိသာလေ့လာဆောင်ရွက်လို့သာဖော်ပြထားတာကိုတွေ့ရပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာရဲ့လိုက်နာရမည်အဓိကစည်းကမ်းချက်(၁၀)ချက် အနက်(၁)ချက်သာလေ့လာရသေးတယ်ဆိုတာဖေါ်ပြထားခြင်းမရှိပါ။   (၈)ရေအားလျှပ်စစ်စီမံကိန်းကြောင့်ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်တယ်လို့ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒေသခံပြည်သူတွေရရှိတဲ့လုပ်အားခနှင် ့တရုတ်ပညာရှင်များနဲ့အလုပ်သမားရရှိခံစားရမည့်အခွင်အရေးတူနိုင်သလားဆိုတာထည့်မတွက်ပြထားဘူး၊ ဘာလိုဒီလိုပြောရသလဲဆိုရင်ကျောက်ဖြူရေနက်ကွင်းစီမံကိန်းမှာတရုတ်အစိုးရကတင်သွင်းလာတဲ့ တရုတ်အလုပ်သမားတွေနဲ့အဲဒီမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နှင့်နေရထိုင်ရတာ ဘယ်လောက်ကွာခြားသလဲဆိုတာကိုသွားရောက်လက်တွေ့ကြည့်ကြပါ။   (၉)စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသောရွာများကိုသက်ဆိုင်ရာစံပြကျေးရွာ အသစ်များတည်ဆောက်၊အစားထိုးပေးထားတဲ့အတွက်ကြောင့်မှုလနေထိုင်ခဲ့သောအဆင့်ထက်များစွာ သာလွန်အောင်ဆောင်ရွက်ပေးထားကြောင်းဖေါ်ပြထားပါတယ်။ကျွန်တော်အနေနဲဆောင်းပါးရှင် ကိုမေးလိုက်ချင်ပါတယ်။ဆောင်းပါးရှင်အနေနဲ့ဒေသခံပြည်သူတွေများကို စာနာနားလည်စိတ်မရှိသူ၊ဆောင်းပါးရှင်သည်၊လူတွေရဲ့နေရာအစွဲ၊ဒေသအစွဲ၊ ကိုနားလည်းမှုမရှိသူဟုယူဆရပါတယ်။ဒေသခံပြည်သူများအနေနှင့်မိမိကျင်လည်ကျက်စားတဲ့နေရာ၊ မိမိလုပ်ကိုင်စားနေကြနေရာ၊မိမိရဲ့ဇာတိချက်မြေ ၊ယဉ်ကျေးမှုများကိုဘယ်လောက်တန်ဘိုးထားတဲ့ဆိုတာထည့်သွင်းမစဉ်းစားရင်တော့ လူအခွင့်ရေးချိုးဖောက်ရာရောက်တယ်ဆိုတာဆောင်းပါးရှင်နားမလည်းဘူးလားဆိုတာသိတာထင်ရှားပါတယ်။ […]


သဂျီးတင်လိုက်တဲ့ ဩဂုတ်လ ၅ရက်ထုတ်.. မြန်မာ့အလင်းသတင်းစာပါ မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွာခြင်းဆောင်းပါး ဖတ်ပြီး စဉ်းစားမိလို့ပါ။ ဆောင်းပါး အကြောင်းအရာ တိုင်းပြည်ကို စွန့်ခွာပြေးပြီး သူတပါးနိုင်ငံမှာ အခြေကျနေထိုင်သူ၊ နိုင်ငံတော် ကျေးဇူးသစ္စာကို ခံစားပြီး (သူတို့အဆိုအရ) တခြားနိုင်ငံမှာ ခိုလှုံခွင့်ခံ၊ နိုင်ငံသားခံယူသူ ပြည်ပအတိုက်အခံများကို စွတ်စွဲတိုက်ခိုက် ထားပါတယ်။ ဆောင်းပါးရှင် စွပ်စွဲသလို နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးများ ဥပမာ ပညာသင်ဆု ယူပြီး အိမ်မပြန်တဲ့သူတွေလဲ ရှိပါမယ်။ ကျနော်က နိုင်ငံရေး ထဲထဲဝင်ဝင် လှုပ်ရှားသူ၊ နိုင်ငံရေးကြောင့် ပြည်ပရောက်နေသူလည်း မဟုတ်လို့ ပုဂ္ဂိုလ်ရေး ခံစားချက် မရှိပါ။ စဉ်းစားမိတာ နိုင်ငံတော်ဆိုတာ တကယ်ရှိသလား၊ ဝေါဟာရသက်သက်လား၊ ဘယ်လိုမျိုးကို ခေါ်သလဲ။ ပြည်တွင်းမှာ အတိုက်အခံများကို နှိပ်ကွပ်၊ ဝါဒဖြန့်ချီတဲ့အခါ စစ်အစိုးရ အဆက်ဆက် […]


fattyAugust 11, 20111min015
ဒီကနေ့မနက် အိပ်ယာကနိုးတော့ မနက် ၂ နာရီ …။ မိုးတွေတအားရွာနေတော့တတ်ထားတဲ့ စလောင်း ကဖွင့်မရဘူး .. ဒါနဲ့ MRTV 4 ကိုဖွင့်ြကြည့်ဖြစ်တယ် .။ ယာဉ်စည်းကမ်းဖေါက်ဖျက်တဲ့ အနှေးယာဉ် ဆိုက်ကားတွေကို ပညာပေးရိုက်ကူးထားတဲ့ပြကွက် ..။ လမ်းဗြောင်းပြန်နင်းလာတဲ့ဆိုက်ကား … ဝန်ပိုတင်လာတဲ့ဆိုက်ကား .. အဲဒါတွေကို ယာဉ်ထိမ်းရဲအရာရှိက ဖမ်းတယ် ..။ အားလုံး ဟာသမင်းသားတွေ ဗွီဒီယို မင်းသားတွေနဲ့ ရိုက်ထားတာပါဘဲ ..။ ဒါရိုက်တာကတော့ဘယ်သူလဲမသိလိုက်ဘူး ….။ ယာဉ်ထိမ်းရဲရဲ့ အမူအယာက လိုတာထက်ပိုပြီး တင်းမာနေတာကိုတွေ့ရပါတယ် .။ အကြမ်းဖက်သမားတွေကို FBI က ပစ်ခတ်ဖမ်းသလို အမူအယာဖြစ်နေတယ် ..။ ဒါနဲ့ ကျနော် တချိန်က ကိုရီးယားမှာ အလုပ်သမား သွားလုပ်တော့ PUCHON မြို့လေးကနေ […]


kokothandarAugust 11, 20111min011
ဇုံကားတွေထုတ်ခွင့်ပြုပြီး အမည်ပေါက်ကိုဝယ်ခွန်ဆောင်ခိုင်းပြီး လိုငိစငိချပေးတယ် တကယ်တော့ ဒီကားတွေရဲ့ရှစ်ဆယ်ငါးရာနှုန်းစက်ပစ္စည်းတွေဟာနိုငိငံခြားကဟာတွေပါ။နောက်နှစ်လိုင်စင်ဝငိတော့RTဆိုပြီးက.ည.နကလူတွေဝိုင်ညှစ်ကြတာ Townace pickup တစ်စီးကိုရှစ်သိန်းခွဲလောက်ကူန်တယ် က.ည.န ယာဉ်စစ်အဖွဲ့ကလူတွေတစ်ယောက်စီ မှာသိန်းပေါင်းသောင်းချီချမ်းသာနေပြီဆိုဘဲ ခုတော့ကြားရပြန်ပြီ RTထုမပေးဘဲလိုငိစင်တောင်ပေးမဝင်ဆိုပြန်ပြီဲ ကားကောင်းမစီးနိုင်လို့ဇုံကားလေးဝယ်မိတာ ဝယ်ခွန်ကပေးပြီးနောက်တနှစ်ကျတော့လိုင်စငိအဝင်မခံ ဒါဆိုရင်အစကဘာလို့လိုင်စင်ထုတ်ပေးတာလဲတရားမှုနဲ့ စာနာမှုလေးတော့ထားကြပါအုံး တစ်ယောက်လာတစ်မျိုးမူတွေပြင်နဲပြည်သူတွေကတော့ခံရတဲ့ဘက်ကချည့်ပါဘဲ


BayoteAugust 10, 20111min016
ဩဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ဝန်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ဝါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။ နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။ ထို့အပြင် “နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ […]


kaiAugust 6, 20111min023
ဩဂုတ်လ ၅ရက်ထုတ်.. မြန်မာ့အလင်းသတင်းစာထဲက… မောင်တင်အေး(သရက်)ရဲ့… .နိုင်ငံကိုစွန့်ခွာခြင်းဆောင်းပါးဖတ်ပြီး… ယူအက်စ်နေ မြန်မာတွေအပါအဝင်.. နိုင်ငံတကာကမြန်မာတွေ ပြန်ပြောချင်တာရှိချင်ရှိမှာပဲဆိုပြီး.. ဒီပို့စ်တင်ပါတယ်..။ (ပြောသာပြောတာ.. ဒီစာကိုဖတ်မိတဲ့.. မြန်မာတိုင်းက.. မြန်မာပြည်ကိုချစ်တဲ့.. မြန်မာတွေလို့ပဲ သတ်မှတ်မိပါတယ်.။ မြန်မာပြည်စွန့်ခဲ့သူတွေက… မြန်မာစာတွေ..မြန်မာသတင်းတွေ..ယောင်လို့မှ..မဖတ်ကြတာကိုးနော..) မူရင်းသတင်းဆောင်းပါးကိုတော့.. ရုပ်ပုံပြောင်းပြီးတင်ထားပါတယ.်.။ ကလစ်လုပ်ပြီး ဖတ်ကြည့်ကြပါနော.. ပြည်တွင်းနေ မြန်မာတွေကလည်း..  ဝင်ပြိးဆွေးနွေးရေးပေးကြပါဦး..။     58newsm  မြန်မာအလင်းသတင်းစာ မူရင်း (စာမျက်နှာ ၅ကိုကြည့်ရန်)


mgpyichitAugust 3, 20111min08
စာပေဟောပြောပွဲများမှ နိုင်ငံ့အရေးအတွေးများ မြန်မာနိုင်ငံအတွင်းမှစာရေးဆရာများဟာ ၂၀၁ဝ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့အချိန်လောက်ကစပြီး ပြုလုပ်လာတဲ့ပြည်တွင်းပြည်ပစာပေဟောပြောပွဲတွေမှာ နိုင်ငံ ရေး၊ အမျိုးသားရေးတွေနဲ ့ပက်သက်တဲ့အတွေးအမြင်များကို ပိုမိုရဲရင့်ပွင့်လင်းစွာ ပြောဆိုလာကြတာကို တွေ ့ရပါတယ်။ အုပ်ခုပ်သူအာဏာပိုင်များကလည်း ပိုမိုလိုက်လျောလွတ်လပ်ခွင့် ပြုလာတာကိုတွေ ့ရပါတယ်။ အတွေးကောင်းကောင်းနဲ ့ သရော်တတ်တဲ့ ကာတွန်းဆရာအော်ပီကျယ်၊ တက်ကြွစွာဟောတတ်တဲ့ မောင်သာချို၊ မန ္တလေးက ကိုဘုန်း (ဓာတု)၊ ဆရာဦးအောင်သင်း၊ နုနုရည် (အင်းဝ) နဲ ့ စာရေးဆရာမ ဂျူး တို ့ရဲ ့ဟောပြောပွဲ ဒီဗီဒီအခွေတွေကို ကြည့်ရှုနားထောင်လိုက်ရပြီး စာရေးဆရာမ ဂျူး ဆွေးနွေးသွားတဲ့ နိုင်ငံခြားက သုသေတီစာရေး ဆရာတစ်ဦးရေးတဲ့ ကမာ္ဘ ့ဆင်းရဲတဲ့နိုင်ငံများမှာ တွေ ့ရတတ်တဲ့အချက် ၄ ချက် အကြောင်းကို […]

cards.jpg

ဒီနေ့အာရ်အက်အေ သတင်းတပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာလုပ်မဲ့ စီးပွားရေး ဆိုင်ရာဆွေးနွေးပွဲကို တက်ဖို့သဘောတူကြောင်း စစ်အစိုးရနိုင်ငံရေးအဖွဲ့ အကြံပေးဦးနေဇင်လတ် ဆိုသူကို ကိုးကားဖော်ပြလိုက်ပါတယ်။ ဒေါ်စုက တကယ်တက်မှာလား၊ ဒါမှမဟုတ် ဖိတ်ကြားလွှာကို လက်ခံထား လိုက်တာကို လိုရာဆွဲပြောလားဆိုတာတော့ ကာယကံရှင်များ အသိဆုံးဖြစ်ပါလိမ့်မယ်။ လတ်တလောမှာ ဒေါ်စုနဲ့စစ်အစိုးရတို့ ထိတွေ့ဆက်ဆံမှုပိုများလာလို့ အပြောင်းအလဲတခုရဲ့ အစလား ဒါမှမဟုတ် လက်ရှိ ယောင်ယောင်လေး အပြုသဘောဆန်ခြင်းရဲ့ အဆုံးသတ်လား သို့လော သို့လော ဖြစ်ရပါတယ်။ နိုင်ငံရေးကို တိမ်တောင်သဖွယ် မင်းရေးကြွယ်လို့ တင်စားခေါ်ဝေါ်ကြလေတော့ စည်းမရှိ ကမ်းမရှိ လုပ်ချင်ရာလုပ်တဲ့ အစိုးရအောက်က သတင်းအမှောင်ချ ခံထားရတဲ့တိုင်းပြည်မှာ ဆန်းဆန်းပြားပြား မစဉ်းစားဘဲ ရိုးရိုးလေး တွေးချင်ပါတယ်။ စစ်အစိုးရအဆက်ဆက် လုပ်နည်းလုပ်ဟန်တွေကို နိုင်ငံရေး စိတ်ဝင်စားသူတိုင်း အနည်းနဲ့အများ သိပြီးသားပါ။ အတိုက်အခံများနဲ့ စေ့စပ်ညှိနှိုင်းခြင်းဆိုတာ […]