မြန်မာ့ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုဟု ဆိုကြရာဝယ်. ရှုံးလူသို့ အိတ်ဖွင့်ပေးစာ

poochAugust 16, 20111min027

အော်…ဖြစ်မှဖြစ်ရလေ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ဝတ်စုံကိုများ ပုံတူကူးချတယ်တဲ့။ ရှင့်မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားရှိသလား ရှုံးလူ…မြန်မာအမျိုးသမီးတွေ မင်္ဂလာဆောင်ရင်ဝတ်တဲ့ ထိုင်မသိမ်းဝတ်စုံ ချိတ်ထမိန်ကို ရှင်ဘယ်နိုင်ငံက အမျိုးသမီးတွေဝတ်တာများ တွေ့ဖူးသလဲ..

မြန်မာနိုင်ငံဆိုတာ များပြားလှတဲ့ လူဦးရေ၊ အင်မတန်များတဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ အယူဝါဒတွေ စတဲ့ နိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အိနိ္ဒယ နဲ့တရုတ်ကြားမှာ တည်ရှိနေတာပါ။ အိနိ္ဒယ မှာ ဇာတ်နိမ့် ဇာတ်မြင့်က စလို့ အယူဝါဒတွေ အမျိုးမျိုးထွန်းကားတယ် ။ တရုတ်ဆိုတာကလည်း အတတ်ပညာ များစွာကို မွေးဖွားပေးတဲ့ နို်င်ငံကြီး။ အဲဒီက အိမ်နီးချင်း ယဉ်ကျေးမှုများကို မြန်မာနိုင်ငံက လက်ခံ သုံးစွဲခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာ အိနိ္ဒယက လာတာပါ။ ဒါပေမဲ့ မြန်မာ့ ဓလေ့ မြန်မာ့ဟန်အတိုင်း ကျန်ရစ်ခဲ့ပါတယ်။ အိနိ္ဒယပုံစံ မဟုတ်သလို တရုတ်ပုံစံ လည်းမဟုတ်ပါဘူး။ မြန်မာရဲ့ အစဉ်အလာ ယဉ်ကျေးမှု ၊ ဝတ်စုံ၊ ကိုးကွယ်မှု ၊ ဟာ ဘယ်နိုင်ငံရဲ့ လောင်းရိပ်မှ မမိပါပဲ သီးခြားလက္ခဏာများနဲ့ ရှင်သန်ရပ်တည်နေခဲ့တာပါ။

အခုခေတ်မှာ ယဉ်ကျေးမှုကို ထိန်းသိမ်းတယ် ဆို တာ ကို ဟာသလို့ မြင်နေကြပါပြီ။ ဝမ်းနည်းစရာလည်းကောင်းပါတယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းပါ ဆို တဲ့ စကားကို ပြောရင် ဝါးလုံးခေါင်းထဲ လသာနေတယ်လို့ ဟားတဲ့ ခေတ်ကို ရောက်နေပါပြီ။ ပြောရရင် Globalization ခေတ်ရဲ့ ဆုတ်ယုတ်မှုတခုပါ။

ကိုယ့်နိုင်ငံတင် မဟုတ်ပါဘူး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများရဲ့ ပြသာနာပါ။ ခေတ်နဲ့ အညီ လိုက်လျောညီထွေ နေတာရယ် ဝတ်တာစားတာရယ် က သပ်သပ်ပါ။ ခေတ်လူငယ်ကတော့ ခေတ်ပေါ်ဝတ်ပြီး အတွေးခေါ်က ခေတ်နဲ့ လိုက်လျောညီထွေ ရှိဖို့လိုပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ကို အဆိပ်သင့်စေတဲ့အရာ ( ဥပမာ တချို့ နို်င်ငံတွေက sex ကို entertainment လို သဘောထားတာမျိုးလို )တွေကို ရှောင်သင့်တယ်လို့ထင်တယ်။ တိုတိုကပ်ကပ်ဝတ်ချင်တဲ့သူလည်း ဝတ်ပေါ့ ။ ချစ်သူနဲ့ အတူတူနေချင်ရင်လည်း ကိုယ့်သမိုင်းကို ကိုယ်ရေးတာမို့ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ တစ်လင်တစ်မယားစနစ်ဆိုတာ မြန်မာ့ ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မ့ာ အစဉ်အလာစစ်စစ်ပါ။ ဘယ်လောင်းရိပ်မှ မပါဘူး။

“နောက် လူမှန်ရင် ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် ဘယ်ဒေသကဖြင့် ငါ့ရဲ့ ဇာတိ၊ ငါ့ရဲ့ လူမျိုး အစဉ်အလာ၊ ငါ့ရဲ့ ဓလေ့ထုံးစံ ၊ ငါ့ရဲ့ဝတ်စုံ၊ ဘိုးဘေးအစဉ်အဆက် က ဘယ်က ဆိုတာ ကို ပြောဆိုနိုင် ရမှာပါ။ ”

ဖတ်ဖူးတဲ့ သမိုင်းသုတေသီ တယောက်ရေးတဲ့ စာအုပ်ထဲမှာ ရေးထားတာလေးကို ပြန်ရေးပြတာပါ ။

“နိုင်ငံပျက်ရတဲ့ အကြောင်းအရင်းများထဲမှာ မင်းတို့ရဲ့ အရည်အချင်း အစဉ်တစိုက်ကျဆင်းလာရခြင်းဟာ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီလို အစဉ်တစ်ိုက်ကျဆင်းလာရတာ ဟာ နိုင်ငံမှာ လူတော်များကို တိုးတက်ဖွံ့ဖြိုးအောင် မွေးမြူမပေးနိုင်တာ ၊ နန်းတော်တွင်းမှာ လူညံ့များ အသင်းနဲ့ အစုနဲ့ အခွင့်အာဏာရရှိရေးကို သာ ဦးစားပေးပြီး ကြိုးစားနေကြတာ၊ ပြည်တွင်းရေးကို ကျစ်လျစ်ခိုင်မာအောင် ချုပ်ကိုင် စီမံနိုင်တဲ့အစား စည်းစိမ် ခံစားပြီး ပြည်တွင်းရေးကိုရော နိုင်ငံခြားရေးကို ပါ သတိမေ့လျော့တန်စွာ ဆောင်ရွက်လေ့ရှိတဲ့ မင်းတွေ ဆက်တိုက်အာဏာရလာတာ စတဲ့ အကြောင်းရင်းခံများကို တွေ့ရတတ်ပါတယ် ” တဲ့။

အဲ့ဒီ စကားထဲမှာ ကျမ ထပ်ဖြည့်ပြီးပြောချင်တာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်အစဉ်အလာ ကိုယ်ပိုင်ဓလေ့ ထုံးစံတွေကို အထင်မကြီးတော့တဲ့၊ စစ်စစ်မြစ်မြစ်မလေ့လာတော့တဲ့  နိုင်ငံသား မျိုးဆက်သစ်တွေများလာတာကလည်း တကြောင်းလို့ ထပ်ဖြည့်ချင်ပါတယ်။

ရှုံးလူက မြန်မာ့ သမိုင်းနဲ့ အရမ်းကို ဝေးတယ် ဆိုတာ တွေးတဲ့ အတွေးက သိသာပါတယ်။ မြန်မာ့ယဉ်ကျေးမှုဝတ်စုံ ၊ မြန်မ့ာ အစဉ်အလာ၊ မြန်မာ့ သမိုင်းကို ဘယ်က စလို့ ဘယ်လိုထူထောင်ခဲ့တယ် ဆိုတာ၊ သိချင်ရင် ဒီကျမ်းကိုးစာအုပ်လေးတွေကို လေ့လာကြည့်ပါ။ ကျမ သိသလောက်ညွှန်းတာမို့ ဒီထက်မက ပြည့်စုံတဲ့စာအုပ် ကို သိတဲ့လူများရှိရင်လည်းပြောပြပေးပါ။

၁။ အရှေ့တိုင်း ယဉ်ကျေးမှုပို့ချ ချက်များ(၈) ရန်ကုန်  တက္ကသိုလ်ပုံနှိပ်တိုက်၊ ၁၉၈ဝ ခု။

၂။ဒေါက်တာသန်းထွန်း ၊ မြန်မာ ရာဇဝင်စာတမ်း အမှတ်(၁)၊ ခေတ်ဟောင်းမြန်မာရာဇဝင် ။ ရန်ကုန် ၊ မဟာဒဂုံစာပေ ထုတ်ဝေးရေး ၁၉၆၉ ခု။

၃။မြန်မာ့ စွယ်စုံကျမ်း (၂ )။ ရန်ကုန် ဘာသာပြန်စာပေအသင်း၊ ၁၉၅၅ ခု။

၄။Coedes,G. ( Translated by Susan Brown Cowing,.) The Indianized  States of South East Asia., Canberra, Australian National University Press, 1975.

၅။Htin Aung, Dr. History of Burma. London, Longmans, Green Co. 1965.

စာကြွင်း ။  ကျမ ဒီပို့စ်ကို ရေးဖို့ ဇာတိနဲ့ အစဉ်အလာ ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်ခဲ့ပါတယ်။ ကိုးကားခဲ့ပါတယ်။

27 comments

  • လူမျိုးတိုင်းမှ အမျုိုးသားဝတ်စုံဆိုတာရှိသင့်ပါတယ်။
    ကျန်အချိန်မျိုးမှာ မဝတ်ပေမယ့် အလှူ မင်္ဂလာဆောင်လို ယဉ်ကျေးမူ့နဲ့ပါတ်သက်တဲ့အခမ်းအနားများ၊
    နိုင်ငံတော်နဲ့ ပါတ်သက်တဲ့ အခမ်းအနားများမှာတော့ ကျားကျားမမ အမျိုးသားဝတ်စုံ
    (ဘယ်သူဆီက ပုံစံယူထားထား)ကိုသတ်မှတ်ထားတဲ့အတိုင်းဝတ်ဆင်သင့်ပါတယ်။
    ကျန်တဲ့အချိန်မှာတော့ စိတ်တိုင်းကျပေါ့။
    ဒါပေမယ့် နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကိုယ့်ဒေသ ကိုယ့်နို်င်ငံအလို်က်သတ်မှတ်ထားကြတဲ့
    ဓလေ့ထုံးစံများက သတ်မှတ်ထားတဲ့ (လူ အမြင်တင့်တယ်ခြင်း)ဆိုတာလေးကတော့ မမေ့လျော့သင့်ဘူးလို့ထင်ပါတယ်။
    ဟိုတစ်လောက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတာလေး သိပ်သဘောကျပါတယ်။
    ဝယ်ဖတ်တာမဟုတ်ဘဲ လက်ဖက်ရည်ဆိုင်မှာထို်င်ရင်းဖတ်မိတော့ဘယ်သူဘယ်ဝါရေးတယ်ဆိုတာမမှတ်မိတာတော့ဖတ်သူရော ရေးသူပါခွင့်လွတ်စေချင်ပါတယ်။
    ရေးသူက လားရှိုးက အမျိုးသမီးဆိုတာတော့မှတ်မိပါတယ်။
    တစ်ရက်သူသားနဲ့သူ မင်္ဂလာဆောင်သွားကြပါသတဲ့။
    မင်္ဂလာဆောင်ရေခဲမုန့်နဲ့ ဧည့်ခံပါသတဲ့။
    စားပွဲထိုးလုပ်တဲ့ကလေးမလေးများက “ရင်ပွင့်လွတ်လပ်”ဝတ်စုံလေးတွေနဲ့ ဧည့်သည်တွေကို မုန့်ပွဲလိုက်ချပါသတဲ့။
    သူတို့ရှေ့ကို မုန့်ပွဲလာချတော့ခါးလေးကုန်းပြီးမုန့်ပွဲလေးလဲချရော
    အဲဒီအမျုိုးသမီးက သူ့သားလေးကိုလက်ဆွဲ့ပြိးပြန်ခဲ့ပါသတဲ့။
    သူ့မှတ်ချက်လေးကို ကြိုက်လွန်းလို့ မှတ်မိနေတာပါ။

    “ရေခဲမုန့်နဲ့ ပေါက်စီမလိုက်ဘူးလေ” ပါတဲ့။
    ကဲဒီလောက်ဆိုသဘောပေါက်……………………..

    Reply

    • ကြောင်ကြီး

      August 17, 2011 at 9:00 am

      ဦးပေါက်ရေ .. အဲဒီအိုက်စ်ခရင်မ်က အမြင်ရော အရသာပါ ကောင်းမှာသေချာတယ်။ ကျနော်ကတော့ မကုန်မချင်း (ကုန်မသွားစေရဘူး) အရသာခံပြီး..ဟင်း စိတ်လျော့လျော့…။

      Reply

  • parlayar46

    August 17, 2011 at 12:09 am

    ကျုပ်ရဲ့စရိုက်တခုက ကန့်ကွက်ရမှာထက် ထောက်ခံရမှာကို ပိုကြိုက်တယ်။
    ဒါကြောင့် ထောက်ခံရမယ့် ပိုစ့်လေး လှည့်ပတ်ရှာနေတုန်း ဒီစာလေးဝင်ဖတ်ဖြစ်တာပါပဲ။

    pooch နဲ့ ကိုပေါက် ရေးတာကို ကြိုက်ပါတယ်။

    မြန်မာဝတ်စုံ သို့မဟုတ် မြန်မာ့အမျိုးသားဝတ်စုံ ဆိုတာနဲ့ပတ်သက်ပြီး ပြောရရင် —

    လူမျိုးတိုင်းမှာတော့ အမျိုးသားဝတ်စုံဆိုတာမျိုး ရှိတယ်လို့မကြားဘူးပါဘူး။ အမျိုးသားဝတ်စုံဆိုတာ လူမျိုးတိုင်းရှိတာတော့ မဟုတ်ပါဘူး။

    ဒါပေမယ့် သူတပါးလက်အောက်က လွတ်မြောက်အောင်ကြိုးစားခဲ့ရတဲ့ နိုင်ငံ လူမျိုး တွေမှာတော့ အမျိုးသားဝတ်စုံ အမျိုးသားအထိမ်းအမှတ်ပစ္စည်း စသည်ဖြင့် ရှိကြတာများစွာတွေ့ရ ပါတယ်။

    ဘာဖြစ်လို့ရှိသလဲဆိုတော့ လွယ်လွယ်ပြောရရင် – “အသုံးကျလို့ပေါ့”

    အမျိုးသားအထိမ်းအမှတ်တွေ ဆိုတာ အမျိုးသား စည်းလုံးအောင် ညီညွတ်အောင် မိမိအမျိုးအပေါ် ဂုဏ်ယူနိုင်အောင် လှုံ့ဆော်ပေးနိုင်တဲ့ သဘောရှိတယ်။

    အဲဒါတွေက ခေတ်မမီဘူး ၊ သက်တောင့်သက်သာမရှိဘူး၊ နှစ်သက်ဘွယ်မရှိဘူး၊ မလိုအပ်သေးဘူးဆိုရင် – မသုံးစွဲနဲ့ပေါ့။

    အဲဒါတွေကိုလိုအပ်မယ့် အဲဒါတွေနဲ့မှ သင့်တော်မယ့် အချိန်နဲ့နေရာတွေတော့ရှိပါတယ်။

    အဲဒါတွေကို အမျိုးသားဝတ်စုံလို့ အမျိုးသား အထိမ်းအမှတ်လို့ ဘယ်သူတွေကသတ်မှတ်သလဲ ?

    အမျိုးသားတွေကပဲပေါ့။

    ကျွဲကို ဘယ်သူကကျွဲလို့ခေါ်သလဲ သိလား- ကျွဲရှိတဲ့နိုင်ငံကပေါ့။ ကျွဲမရှိတဲ့နိုင်ငံက အဲဒီဂျိုကားကား မဲမဲလုံးလုံးကောင်ကြီးကိုတွေ့ရင် ဘယ်လိုခေါ်ရမှန်းတောင်သိမှာမဟုတ်ဘူး။

    အဲဒါတွေကို အမျိုးသားဝတ်စုံလို့ အမျိုးသား အထိမ်းအမှတ်လို့ ဘယ်တုန်းက သတ်မှတ်ကြသလဲဆိုတော့ လိုအပ်တဲ့အချိန်တုန်းကပေါ့။

    ဥပမာလေးတခုပဲ သည်းခံဖတ်ကြပါ-
    ဒို့ဗမာအစည်းအရုံးက ပင်နီအင်္ကျီကို ပင်နီတိုက်ပုံကို သခင် သခင်မတွေရဲ့ အမှတ်အသားအဖြစ် ဝတ်ဆင်ကြတုန်းက အဲဒါထက်ကောင်းတဲ့ပိတ်စတွေ အများကြီးမှအများကြီးပါဗျာ။ ပင်နီကို လူတိုင်းလဲ နေရာတိုင်းမဝတ်ပါဘူး။ လိုတဲ့သူမှ လိုတဲ့နေရာမှာဝတ်တာ။ ပင်နီက ထူထူကြမ်းကြမ်း မာခေါက်ခေါက်နဲ့ ဟောင်းသွားရင် တွန့်ကျေလိပ်တက် သွားတတ်တာ။ ကျုပ်ငယ်ငယ်က ပင်နီရှမ်းဘောင်းဘီဝတ်ဘူးတယ်။ ဝတ်ရတာဆိုးမှဆိုး။ ဒါကြောင့် တခါနှစ်ခါပဲဝတ်ပြီး ထပ်မဝတ်တော့ဘူး။ စွန့်တော့မပစ်ဘူး။ သိမ်းထားတယ်။

    Reply

  • surmi

    August 17, 2011 at 1:53 am

    စိတ်ကောင်းရှိဖို့ကပထမ၊ စိတ်ဓတ်လေးတွေမြှင့်တင်ကြပါ၊ဝတ်စားဆင်ယဉ် မှုက အပေါ်ယံ လေးပါ ။လူမျိုး ထက် နိုင် ငံသားစိတ်ရှိဖို့လိုတယ်၊ ငါတို့ကမြန်မာနိုင်ငံသားဟေ့၊ မြန်မာနိုင်ငံ အတွက်အမြဲ အသင့် – ဒီလိုပဲဖြစ်ရမှာ

    Reply

    • Foreign Resident

      August 17, 2011 at 6:05 am

      Agree with Sur Mi,
      စိတ်ကောင်းရှိဖို့ကပထမ
      ဝတ်စားဆင်ယဉ် မှုက အပေါ်ယံ လေးပါ ။
      လူမျိုး ထက် နိုင် ငံသားစိတ်ရှိဖို့လိုတယ်၊

      Reply

  • kai

    August 17, 2011 at 7:21 am

    ပြောချင်တာတွေအမျးကြီူးပဲ.. စာနဲ့တောင်ဆန့်မယ်မထင်လို့.. .

    အမေရိကန်တွေရဲ့..ပွဲတက်ရုံးထိုင်က.. အနောက်တိုင်းယဉ်ကေျးမှု..ဥရောပနဲ့အတူတူပဲ..။
    ကုတ်နဲ့..နက်ခ်တိုင်နဲ့.. ဆိုပါစို့..။
    သူတို့..အမျိုးသားဝတ်စုံလို့ပြောရမလားမသိ..။

    ဒါပေမဲ့..ကွန်ပြူတာ..အိုင်တီသမားတွေက.. ရုံးတက်ရင်.. အဲဒီလိုကြီးမဝတ်ကြဖူး..၊
    အဲဒါကို ရိုက်ချိုးတာ… မိုက်ကရိုဆော့ဖ်က.. စလိုက်တယ်မှတ်မိတယ်..။

    အခုတလော.. အိုဘားမားကပါ.. နက်ခ်တိုင်မပါ.. ရှပ်နဲ့..တခါတလေ..တီရှပ်နဲ့.. ရုံးရှေ့ထွက်စကားပြောနေတေ့ာကာ…။ ရှေ့ကလည်း ..သမ္မတဘုရှ်..သ့ဇာတိတက်ခ်ဆက်ရဲ့..ရိုးရာ.. ဂျင်းဘောင်းဘီနဲ့..ထွက်ထွက်ပြတော့ကာ…
    အဲဒီကုတ်နဲ့..ကြောင်လျှာသီးပြား ဝတ်စုံ… ရှေ့ရေးအခြေအနေသိပ်မကောင်းထင်မိပါကြောင်း..။

    ဘာရယ်မဟုတ်… တွေ့သိနေတာလေး… ဝင်ဆွေးနွေးတာပါ..။

    Reply

    • weiwei

      August 17, 2011 at 9:58 am

      creation လုပ်ရတဲ့သူတွေက ယူနီဖောင်းကို မနှစ်သက်ကြဘူး … စိတ်လွတ်လပ်ပေါ့ပါးနေဖို့ လွတ်လပ်တဲ့ဝတ်စုံမျိုးကို ဝတ်ချင်ကြတယ် … ကျွန်မအရင်က ဒီဇိုင်နာအလုပ်လုပ်တော့ ယူနီဖောင်းဝတ်ရမှာ သိပ်မုန်းတာပဲ …
      ဒါပေမယ့် အခုတော့ ယူနီဖောင်းဝတ်ရတာကို နှစ်သက်လာပြီ … အဝတ်အစားကုန်သက်သာလို့လေ … 😛

      Reply

      • intro

        August 17, 2011 at 11:58 am

        အဲ့သည့်တစ်ချက်ကိုတော့ သဘောတူတယ်… Creation လုပ်တဲ့ လူတွေ တော်တော်များများက ယူနီဖောင်းကို မကြိုက်ဘူး၊ ပေါ့ပေါ့ပါးပါး ကြုံသလိုပဲ ဝတ်တာများတယ်… စားချင်တဲ့အချိန်စားတယ်၊ အိပ်ချင်တဲ့အချိန် အိပ်တယ်… ဝတ်ချင်သလိုဝတ်တယ်… သူဝါသနာပါတဲ့ အလုပ်ကို လုပ်နေရရင် ပြီးရော ဆိုတဲ့လူတွေ၊ ကျွန်တော့်သူငယ်ချင်း programmer Group တစ်ခုလဲ သည်အတိုင်းပဲ…

        Reply

    • kai

      August 18, 2011 at 5:05 am

      The Casual-Friday Campaign
      Aug 7, 2011 10:00 AM EDT
      Why the 2012 presidential race is banishing suit-and-tie politics.
      In the pursuit of the presidency, as candidates make use of every form of communication—including style and its nuanced inflections—the earnest rolling of sleeves and strategic mussing of hair has begun. Stick on the flag pins; buy red ties by the gross; stock up on grandpa polos! The Iowa straw poll is just around the bend.

      And yet, just when certain costumes are assured—business suits and serious ties, for instance—along come a couple of prominent Republican candidates with something new to say: Mitt Romney and Michele Bachmann. Each reflects an evolution of the political species.

      http://www.thedailybeast.com/newsweek/2011/08/07/mitt-romney-michele-bachmann-s-casual-friday-fashion.html

      ယူအက်စ်၂၀၁၂ သမ္မတရွေးပွဲ.. ပြိုင်ပွဲဝင် သမ္မတလောင်းတွေ.. suit-and-tie ဖြုတ်ကုန်ပြီး..လှုပ်ရှားကုန်ကြ တဲ့သတင်းပါ…။
      နယူးစ်ဝိ..မဂ္ဂဇင်းမှာ ပါလာပါတယ်..။

      Reply

  • ခုလို အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြတော့လည်း မငြင်းဝန့်တော့ဘူးပေါ့ဗျာ.. ခက်တာက ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ Post မှာလဲ သေချာပြန်ကြည့်ပါဦး.. ကျွန်တော်က သမိုင်းအကြောင်းကို သေသေချာချာ မလေ့လာဖူးပါဘူးလို့ ဝန်ခံထားတာ ဖတ်မိမယ်ထင်ပါတယ်.. ဒီတော့ တော်တော်ဝေးတယ်လို့ ပြောထားတာလဲ မမှားဘူးပေါ့..

    ဆိုတော့ကာ ပြောချင်တာကတော့ Pooch ညွှန်းဆိုပြတဲ့စာအုပ်တွေကို ဖတ်ဖို့ရာ လက်လှမ်းမမှီနိုင်သေးတဲ့အတွက် ဘာမှ ပြန်လည်ထောက်ပြ ပြောဆိုလို့မရသေးပါဘူး.. မျက်ကန်းမျိုးချစ်တော့ မဖြစ်စေချင်ပါဘူး.. အမျိုးသားရေးစိတ်ဓါတ် ထွန်းကားလာစေဖို့အတွက် ရေးထားကြတာတစ်ခုတည်းတော့ မဖတ်စေလိုဘူးပေါ့.. ဥပမာပြောရရင် “လုံချည်” ဆိုတာ မြန်မာ့စကားလုံးမဟုတ်ပါဘူး၊ အဲလိုပဲ “တိုက်ပုံ” ဆိုတာလဲ မြန်မာ့စကားလုံးစစ်စစ် မဟုတ်တာတော့ သေချာပါတယ်။ ပြောလိုရင်းကတော့ မြန်မာ့ဝတ်စုံကို ဝတ်ဆင်ကြပါလို့ ပြောဆိုနေကြတဲ့သူတွေ၊ တိုင်းတစ်ပါးယဉ်ကျေးမှုကို ကူးချပြီး ကိုယ်ပိုင်ယဉ်ကျေးမှုကို စွန့်ပစ်နေကြတယ်လို့ ဆိုလိုချင်တဲ့သူတွေကို ကိုယ့်ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတွေကလဲ ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ သိစေချင်လို့ပါ။ ခုမှ လူအများဝတ်ဆင်နေတာ ဒါ ငါတို့ဝတ်စုံကွလို့ ပြောနေကြသူတွေကို လမ်းရိုးအတိုင်းအမြင်ကနေ တစ်ခြားနည်းတစ်မျိုးနဲ့ မြင်စေချင်တာတစ်ကြောင်း၊ ပုံမှန် နေ့စဉ်ကျင်လည်နေရတဲ့ ဘဝတွေမှာ ကိုယ်နှစ်သက်ရာ၊ အဆင်ပြေရာ၊ လှမယ်ထင်ရာကို ဝတ်ဆင်နေကြတဲ့ လူငယ်တွေအပေါ်မှာ အပြစ်ကြီးတစ်ခုလို ဝိုင်းဝန်း ဝေဖန် အပြစ်တင် ပြောဆိုနေကြတာကို မခံနိုင်လို့ ကိုယ်ပိုင်အမြင်ကိုချပြခြင်းပဲ ဖြစ်ပါတယ်။

    ငါနဲ့မတူ၊ ငါ့ရန်သူ ဆိုပြီး ဝိုင်းဝန်းပြောဆိုနေကြတာ မြန်မာ့စိတ်ရင်းပါ။ သူများမိုးခါးရေသောက်တိုင်း လိုက်သောက်နေရင် ကိုယ်ပိုင် အတွေးအခေါ်မရှိရာ ကျမှာပေါ့။ လူငယ်တွေဆိုတာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေပါ။ လူငယ်ဘဝမှာ လွတ်လပ်ပျော်ရွှင်မှုမရှိခဲ့ရင်၊ တားဆီးပိတ်ပင်မှုတွေနဲ့ ကြီးပြင်းလာရရင် သူတို့မှာ ကိုယ်ပိုင်လမ်းသစ်ထွင်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး။ လှေထိုးကြီး ရိုးရိုးပဲလိုက်နေရင် ဘယ်တော့မှ မျိုးဆက်တစ်ဆက် မြင့်တက်လာမှာ မဟုတ်ဘူး။ မျိုးရိုးအစဉ်အလာဆိုတာ ထိန်းတာတော့ ကောင်းပါရဲ့၊ သိမ်းထားတာတော့ မကောင်းပေဘူး။ မြန်မာအမျိုးသမီးတွေ မင်္ဂလာဆောင်ရင်ဝတ်တဲ့ ထိုင်မသိမ်းဝတ်စုံ ချိတ်ထမိန်ဆိုတာကလဲ ဆင့်ကဲ ဆင့်ကဲ ဆန်းသစ်တီထွင်ပြီးမှ ကိုယ်ပိုင်မူ ဖြစ်လာတယ်ဆိုတာကို ငြင်းနိုင်ပါ့မလား? ရှေးက ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ ဘာကိုမှ ဆန်းသစ်မတီထွင်ခဲ့ရင် ပုဂံခေတ် India ဝတ်စုံအတိုင်းလေးဝတ်ပြီး ခုချိန်မှာ မြန်မာဆိုတာ India ပါပဲလားလို့ ကမ္ဘာ့အလယ်မှာ ထင်ထင်ရှားရှားကြီး ဖြစ်နေတော့ပေမပေါ့..

    ဒီလောက်ပဲပြောပါဦးမယ်.. ကျွန်တော်ကတော့ ကိုယ်ပိုင်အမြင်တစ်ခုကို ချပြရဖို့ ဝန်မလေးတတ်ပါဘူး
    အပြန်အလှန် ဆွေးနွေးဖြစ်ကြမယ်လို့ မျှော်လင့်မိပါကြောင်း…

    Reply

  • မူရင်းပို့စ်ကိုရော၊ အခုပို့စ်ကိုရော ကောင်းကောင်းတော့ နားမလည်လှဘူး။ ဒါပေမယ့် နိုင်ငံသားတွေ အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်။ သူတို့တတွေ စားဝတ်နေရေးချောင်လည်ရင် သူ့အတိုင်းအတာနဲ့သူ မာနထားနိုင်လာမယ်။ အဲဒီအခါ အလုပ်ရှင်က ပေါက်စီဖော်အင်ကျီဝတ်ခိုင်းလည်း သူတို့ရဲ့ မိန်းမမာနကြောင့် ဘယ်ဝတ်တော့မလဲ။ ကျွန်တော်လည်း မြန်မာဆိုတဲ့ မာန်မာနကြောင့် မြန်မာဝတ်စုံကို ဝတ်တယ်။ နိုင်ငံခြားသွားရင်တော့ တစ်မျိုးပေါ့။ နိုင်ငံခြားသားက ကျွန်တော့်ကို ခင်ဗျား ”အင်္ဂလိပ်စာသိပ်ကောင်းပါလား” လို့ပြောရင် (ဒါသူတို့ရဲ့ပုံမှန်မြှောက်လုံးပါ) ကျွန်တော်က ”ဟာ ကျွန်တော်က မြန်မာစာအကောင်းဆုံးဗျ” လို့ပြန်ပြောပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ကိုယ့်မာနကြောင့် ကိုယ့်ဝတ်စုံကိုယ်ဝတ်တယ် ဒါပဲ။ အစွန်းသိပ်မရောက်ဖို့ပဲ အရေးကြီးတယ်လို့ယူဆထားပါတယ်။

    Reply

  • pan pan

    August 17, 2011 at 9:02 am

    မြန်မာ့ရိုးရာဝတ်စုံက ပုံတူကူးချထားတာဆိုတာတော့
    ဒီနှစ် ၅လပိုင်းက တောင်ငူမြို့စာပေဟောပြောပွဲမှာ နောက်ဆုံးဟောပြောသွားတဲ့ ဆရာချစ်ဦးညိုက သူဝတ်ထားတဲ့တိုုက်ပုုံကို ညွှန်းရင်း ဒီတိုက်ပုံက တကယ်တော့ တရုတ်အင်္ကျီပုံစံပါတဲ့
    တကယ့်မြန်မာ့တိုက်ပုံကတော့ ရင်ဖုံးပုံစံတဲ့
    လုံချည်ကလည်း အိနိ္ဒယပုံစံမျိုးပါတဲ့
    ကျွန်မလည်း ရှေးခေတ်ကနေ ခုထိ ဒါတွေကိုယ်တိုင်ကိုယ်ကျ မြင်တွေ့တာမဟုတ်တော့
    သေချာမသိပါဘူး
    ကိုယ့်ထက်သဘာရင့် ဝါရင့် ဆရာ့ဆရာကြီးများပြောတာသာ ဗဟုသုတအဖြစ်မှတ်သားရပါတယ်
    မြန်မာ့ရိုးရာဝတ်စုံဟာ ဘယ်ဟာအမှန်လဲ ဘာလဲဆိုတာ ဝတ်စုံဒီဇိုင်းတွေက တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာတော့ ခန့်မှန်းရလည်း ခက်လှပါတယ်
    တချို့စကားလုံးတွေမှာတော့ ဥပမာ-telephoneကို တယ်လီဖုန်း/ဖုန်း motor carကိုလည်း မော်တော်ကား/ကား လို့သုံးကြရင်း မြန်မာစကားလိုပဲ ဖြစ်သွားတာပါ

    Reply

  • True Answer

    August 17, 2011 at 9:54 am

    သတ်မှတ်ချက်တွေကို အဓိကထား ဆုပ်ကိုင်မှုက ….သူမှန်တယ်၊ ငါမှန်တယ်။ ဆိုတဲ့ ငြင်းခုန်ခြင်းကို ဖြစ်စေလေသတည်း။

    Reply

  • forever

    August 17, 2011 at 9:56 am

    နိင်ငံတိုင်းမှာ ရှိတဲ.လူငယ်တိုင်းဟာ
    အသစ်အဆန်းကိုအလိုရှိကြတယ်လမ်းသစ်
    စိတ်ကူးသစ် အမြင်သစ်တွေ ဖန်တီးရတာသဘောကြကြတယ်
    ဒါကိုရှေးရိုးစွဲတွေက မလိုလားကြတော. အတိုက်အခံတွေဖြစ်ကုန်ကြတယ်
    တကယ်ဆို ခေတ်ကတားလို.မရပါဘူး
    တခုပြောကြည်.မယ် အခုထိ ကျွန်တော်တို.နိင်ငံမှာ ရာမဇတ်တော်ကြီး ကတော.မယ်ဆိုပါတော.
    ဟိုးလွန်ခဲ.တဲ.အနှစ်၂ဝကလဲ ဒီတိုင်းဘဲ အခု ၂၀၁၁နှစ်မှာ ကမယ်ဆိုလဲဒီတိုင်းဘဲ ဘာမှမပြောင်းလဲတော.
    ခေတ်လူငယ်တွေမပြောနဲ. လူလတ်ပိုင်းတွေတောင် စိတ်မဝင်စားတော.ဘူး
    ဆိုလိုတာက ရှေးမူပျက်မှာစိုးလို. ဘာမှမတီထွင်တော. မျိုးဆက်သစ်တွေစိတ်မဝင်စားတော.ဘူး
    ထိုင်းမှာဆို ရာမဇတ်ကို လူငယ်တွေကို အမြင်သစ် နဲ.ဖန်တီးခိုင်းတော.ဆန်းသစ်တဲ.
    ခေတ်နဲ.လိုက်ဖက်တဲ.ရာမဇတ်မျိုးတွေ ပေါ်နေပြီလေ…
    ဒီလိုပါဘဲ ဟိုလိုဝတ်ရင်မယဉ်ကျေးဘူးဒီလိုဝတ်ရင် ရိုင်းတယ်လို.ပြောနေမယ်.အစား
    ဘယ်အဝတ်အစားဟာဖြင်.ဘယ်လိုနေရာမျိုးနဲ.သင်.တော်တယ်ဘယ်လိုဟာကဖြင်.ဘယ်နေရာမျိုး
    မှာဝတ်ဆင်သင်.တယ်စသဖြင်.လူငယ်တွေကို မီဒီယာကနေလမ်းညွန်ပေးတာမျိုးကပိုပြိး
    အဆင်ပြေနိင်သလိုလူငယ်တွေလဲလက်ခံလာနိင်ကြမယ်ထင်ကြောင်း….

    Reply

  • နိုင်ကြီး

    August 17, 2011 at 12:11 pm

    ကျွန်တော့် ကတော့ တိုက်ပုံဆိုတဲ ပုံမလာတဲဟာကြီးကို မကြိုက်ဘူး ဒါပေမဲ လိုအပ်ရင်ဝတ်တယ် အမျိုးသားရေး အမှတ်အသား အနေနဲဝတ်တာ ပါ
    လှတာ မလှတာ သူမျာဆီက အတုခိုးတာ မခိုးတာ ထက် လက်ရှိအချိန် လက်ရှိအခြေအနေ နဲ အဆင်ပြေပြီး အမျိုးသားအားလုံးက လက်ခံတဲ ဝတ်စုံဖြစ်သင့်ပါတယ် ခေတ်နဲလိုက်လျောညီအောင် မပြောင်းလဲ နိုင်ရင် အမျိုးသားရေး ဝတ်စုံကနေခေတ်ဟောင်းအဝတ်အစား အဖြစ်နဲကျန်ခဲ့မှာဘဲ အာရှမှာ နိုင်ငံတွေဟာအဲဒီလိုတွေဖြစ်ကုန်ကြပါပြီ အနောက်တိုင်းဝတ်စုံကို သူတိုရဲ့ အခမ်းအနား တက်ဝတ်စုံအဖြစ်သုံးနေရတာဟာ သူတိုရဲ့ အမျိုးသားရေး ဝတ်စုံဟာ ခေတ်နဲမဆီးလျော်တော့လို့ ဖြစ်ပါတယ်

    Reply

  • thit min

    August 17, 2011 at 1:35 pm

    In my experience, 14 years ago, I went and bought some Jeans from Bogyoke market.The (501 Jean)shop owners are young boys who are wearing like “Yankee” or hot style. But, they are very polite and very smooth. I was surprised and lost my “conservative thoght about wearing style”.

    Reply

  • etone

    August 17, 2011 at 2:32 pm

    Pooh ရေးထားတဲ့ ပို့စ်ကို သိပ်ကြိုက်တာပဲ … ကိုရှုံးလူကြီးက သူမဝတ်ချင်တိုင်း ဆင်ခြေဆင်လက် ဆင်နားရွက်တွေနဲ့ .. စကားတန်ဆာဆင်ပြီးပြောတယ် … 😛 😛 😛

    Reply

  • minthakhin

    August 17, 2011 at 2:32 pm

    ဒီနေရာမှာတော့ တစ်ယောက်နဲ ့တစ်ယောက်အမြင်ချင်း ကွဲပြားကျမှာပဲ။ ဘာဖြစ်လို ့လဲဆိုတော့ သဘောထားကွဲလွဲနိုင်စရာ၊ကွဲလွဲဖို ့ အများဆုံးအရာထဲက တစ်ခုပဲမဟုတ်လား။ ပြီးတော့ ဘယ်ဟာကမှန်တယ် ဘယ်ဟာကမှားတယ်ဆိုတာကလဲ ဘယ်လိုစံနဲ ့တိုင်းပြီးဆုံးဖြတ်မှာလဲ။
    အိုကေ ကျွန်တော့်အတွက်ဆိုရင်တော့ မြန်မာ့ပွဲလမ်းသဘင်တွေသွားရင်တောင်မှ အဲဒီတိုက်ပုံဆိုတာကြီး မဝတ်ချင်ဘူး။ အနောက်တိုင်းပွဲဆိုရင်လဲ ကြောင်လျှာသီးကို မဆွဲချင်ဘူး။ လွတ်လွတ်လပ်လပ် free style (သင့်တင့်လျှောက်ပတ်တဲ့အဝတ်အစား) နဲ ့ပဲသွားချင်ပါတယ်။ အမျိုးသားရေးအတွက် (လွတ်လပ်ရေးအတွက်) တစ်ချိန်ကဝတ်ခဲ့ဖူးကြတယ်။အဲဒါကိုတော့ ကျွန်တော်လုံးဝထောက်ခံပါတယ်။
    ဘာဖြစ်လို ့လဲဆိုတော့ ပေါင်းစည်းညီညွှတ်တဲ့စိတ်ဓါတ်ကို တူညီဝတ်စုံနဲ ့ထပ်မံနိုးကြွစေတယ်လို ့ခံယူလို ့ ပါ။ တကယ်တမ်းဆိုရင် ဘုရင်လက်ထက်က ဝတ်ခဲ့ကြတဲ့ မြန်မာဝတ်စုံဆိုတာတွေနဲ ့ သာပွဲလမ်းသဘင်တွေတက်ရင်ဘယ်လိုမှ လိုက်လျောညီထွေမှုဖြစ်မှာမဟုတ်ပါဘူး။ မျက်စိထဲမြင်ကြည့်ကြလေ။ ဟဲ ဟဲ ဟဲ။ ပြီးတော့ တစ်လင်တစ်မယားစနစ်က မြန်မာ့ယဉ်ကျေးမှု၊မြန်မာ့ဓလေ့၊မြန်မာ့အစဉ်အလာစစ် စစ်ဆိုတာ သေချာလို ့လား။ ဘုရင်တွေလက်ထက်မှာ မိန်းမဗျောက်သောက်ယူခဲ့ကြတယ်လေ။ မွေးလာတဲ့ခလေးက ဘုရင့်သွေးမှန်းမသိဘာမသိ (မိဖုရားတွေလည်း ကမြင်းကျော ထခဲ့လို ့)။ ပြီးတော့ လာသေးတယ်နန်းမျိုးနန်းနွယ်တဲ့ ။ သီပေါမျိုး ခပ်ညံ့ညံ့အမျိုးတွေ။ ကျန်စစ်သားဆိုရင်ကြည့်ဦး ဘာသူရဲကောင်းလဲ အလကားဖွန်ကြောင်။ ဇာတ်ကားရိုက်တော့လည်း မိန်းမတွေလျှောက်ယူနေတာရိုက်ပြီး အကယ်ဒမီတောင်ရလိုက်သေး။ ရိုက်ပါလား အလောင်းမင်းတရားတို ့၊ဘုရင့်နောင်ဖောင်ဖျက်တာတို ့တွေကို။ ဆွေဆွေချင်းထပ်ရင် မြတ်တယ်ဆိုတာကလည်းလာသေး။ ဆေးပညာသဘောတရားအရဆိုရင် သွေးသွေးချင်းပြန်နီးစပ်ရင် ချို ့ယွင်းချက်တွေ ဖြစ်နိုင်စရာ အကောင်းဆုံးလို ့ဆိုထားတယ်။အဲဒါလို ဆိုရင်တစ်လင်တစ်မယားစနစ်ဆိုတာ
    နောက်ပိုင်းမှ ကျင့်သုံးလာတဲ့ မြန်မာ့နောက်ပေါ် ဓလေ့ပေါ့ဗျာ။ အဲဒီအိမ်ထောင်ရေး ၊ living together အရေးတို ့နဲ ့ပါတ်သတ်ရင်တော်တော်ကျယ်ပြန် ့သွားမှာမို ့ ပို ့စ်အသစ်တစ်ခု တင်ပြီးဆွေးနွေးရင် ပိုကောင်းပါလိမ့်မယ်။ ကျွန်တော့်အမြင် အရဆိုရင် ပြောင်းလဲလာတဲ့ မြန်မာ့ lifestyle အရ ဒီliving together ကပိုမို ကျယ်ပြန် ့လာဖို ့ဘဲရှိတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာကတော့ ဒီထက်ပိုမိုပြီး သဘောထားကွဲလွဲကျလိမ့်ဦးမယ်လို ့ထင်ပါတယ်။

    Reply

  • pooch

    August 17, 2011 at 4:06 pm

    ဟုတ်ကဲ့ ဝင်ရောက်ဆွေးနွေးပေးတဲ့ လူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ လွတ်လွတ်လပ်လပ် ဝေဖန်နိုင်သလို လွတ်လပ်စွာ သဘောကွဲလွဲခွင့် လည်းရှိပါတယ်။ ဒါအခြေခံ လူ့အခွင့်အရေးပါ။ ဒီရွာက ဒီမိုကရေစီ ကျင့်သုံးတဲ့ရွာပါ။ သူကြီးက ရွာသားတွေကို လူ့အခွင့်အရေးကို အပြည့်အဝပေးထားတာပါ။

    ကျမက မျက်ကန်းမျိုးချစ်တယောက်မဟုတ်သလို ရှေးရိုးစွဲ ဝါဒီ တယောက်လည်း မဟုတ်ပါဘူး။ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်တဲ့ သူတယောက်ပါ။ အရာရာကို မြန်မာ့ ယဉ်ကျေးမှု အယူအဆတွေ နဲ့ ထိပ်တိုက်တွေ့ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ရှောင်သင့်တာ ရှောင်ပြီး ၊ ဆောင်သင့်တာ ဆောင်ကာ၊ ကိုယ့်အမျိုးဘာသာ သာသနာကို လည်း စောင့်ရှောက် ပြီး ခေတ်မှီသော ခေတ်နဲ့ လိုက်လျောညီထွေ ရှိသော အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ်များကို မြင်ချင်တာပါ။

    “လူမျိုးတမျိုးရဲ့ ကိုယ်ပိုင်စာပေ၊ ပေထက်အက္ခရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဆိုတာ လူမျိုးတိုင်းရှိကြတာ မဟုတ်ပါဘူး။ သမိုင်းအစဉ်အလာ ကြီးမားပြီး ယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ လူမျိုးတွေမှာသာ တီထွင်ဖန်တီးနို်င်တာပါ။ အဲ့ဒီလို မရှိတဲ့ လူမျိုးတွေကို ယဉ်ကျေးမှု အဆင့်အတန်းနိမ့်သော မဖွံ့ဖြိုးသော လူတန်းစားလို့ သတ်မှတ်ပါတယ်။ အဲ့ဒါကြောင့်မို့ ဒီနေ့ခတ်ရဲ့ နိုင်ငံ တချို့ ကို ကြည့်စေချင်ပါတယ်။ ”

    ကျမ အဓိက ပေးချင်တဲ့ သတင်းစကားလေးက အဲ့ဒါလေးပါ။ မမေ့စေချင်တာပါ။

    သမိုင်းကြောင်းကို ပြန်ပြောရင် ဒုတ်ဆွဲ ဓားထမ်းပြီး ပြောရတယ် ဆိုတဲ့ အဆို ရှိပါတယ်။(ငြင်းကြလွန်းလို့ပါ) အခုကျမ အဲ့ဒီစကားကို ထပ်ဆင့်ထောက်ခံပါတယ်။

    တလင်တမယားစနစ် က ရှေးမြန်မာ ဘုရင်တွေဆီက ပြသာနာပေါင်းစုံတွေကို ဥပမာ ကြည့်ပြီးနှောင်းလူတွေ ပြသာနာ ဖြစ်မှာစိုးလို့ လူကြီးများက ခေတ်စနစ်နဲ့ လျော်ညီအောင်ပြုပြင်ပေးခဲ့တာလေ။ မြန်မာ ဘုရင်များရဲ့ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ အကျင့်က အခုထိပဲလေ။ သိရဲ့သားနဲ့။

    living together က ကျမ မပြောချင်ဘူး။ ကျမတို့ ယဉ်ကျေးမှု မဟုတ်တာတော့ သေချာတယ်။ ဒါကို လက်ခံချင်တဲ့ သူရှိသလို လက်မခံချင်တဲ့ သူလည်း ကျမတို့ ဆီမှာ ရှိမှာပဲ။ minthakhin ဆွေးနွေးချင်တယ်ဆို ပို့စ်တင်လိုက်လေ ကျမ လည်းဝင်ပြီးဆွေးနွေးမယ်။ အကောင်းနဲ့ အဆိုး အကျိုးနဲ့ အပြစ် ဘယ်ဟာက ပိုများလည်းဆိုတာ ။ လက်ခံသင့် လက်မခံသင့်ဆိုတာ။

    Reply

  • Nan Naw Kham

    August 17, 2011 at 11:35 pm

    ကျနော်ထင်တာကတော့ .. ခုခေတ်လူတွေက ခေတ်မှီတာနဲ့ .. ခေတ်ဆန်တာကို .. လွဲနေကြတယ်ထင်တယ်.. ကျနော့်အယူအဆပေါ့
    ခေတ်မှီတာကို အဓိပ္ပာယ်နည်းနည်းဖွင့်ချင်ပါတယ်..
    သူ့ပြောင်းပြန်ခေတ်မမှီတာကို ဖွင့်ရင် ပိုပြီးသိသာမယ်ထင်ပါတယ်..
    ipad2 ထွက်ထားတယ်.. သူမသိဘူး. သူ့ကိုခေတ်မှီတယ်လို့ပြောလို့မရဘူး.. (တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်ပဲဟာ.. )
    အခု Internet ခေတ်ကြီးမှာ သူ့လို ဆယ်ကျော်သက်က .. gmail account လေးတစ်ခုတောင်မရှိဘူး.
    သူ့ကိုခေတ်မှီတယ်လို့ ပြောလို့မရဘူး..
    ဆိုလိုချင်တာက .. ခေတ်ရေစီးကြောင်းထဲမှာ မျှောဖို့မဟုတ်ဘူး.. သိဖို့ ပေါ့..

    ခေတ်ဆန်တယ်ဆိုတာကတော့ .. ရေစီးကြောင်းနဲ့ မျှော တာဖြစ်သွားပါပြီ..
    ဟုတ်တာကော..မဟုတ်တာကော.. သူများ club တက်တကယ်.. ကိုယ်ပါ လိုက်တက်တယ်..
    သူများ ဟိုဟာလေးဝတ်လို့ ကိုယ်ပါလိုက်ဝတ်တယ်.. Korea မှာ ဘယ်လိုဂါဝန်လေးက ခေတ်စားလို့ .. ကိုယ်ပါလိုက်ဝတ်တယ်.. ဘယ်လို အကောက်လေးက ပေါ်ပြူလာဖြစ်လို့ ..ကိုယ်ပါလိုက်ကောက်တယ်..
    အစရှိသဖြင့်ပေါ့.. ကျနော်ကတော့ .အဲဒါတွေကို ခေတ်ဆန်တယ်လို့ယူဆပါတယ်..
    လွဲကိုလွဲနေတာပါဗျာ .. (ပြောချင်တာ လိုရင်းတောင်ပျောက်သွားပြီ) 🙁 🙁

    Reply

  • BLK

    August 18, 2011 at 6:15 am

    မြန်မာတို့သည် တိဗက်တရုတ်ဘာသာစကားအနွယ်ဝင် လူမျိုးများဖြစ်ခြင်းကြောင့် ရှေးအခါက
    တိဗက် (သို့မဟုတ်) တရုတ်တို့နှင့်အဝတ် ဝတ်ပုံချင်း၊ တူရန် အကြောင်းရှိပါသည်။ ဆိုလို
    သည်မှာ ဆံပင်ရှည်ထားကာ ဆံပင်ကိုစည်းနှောင်ထားရန် အဝတ်တခုကိုသုံးမည်။ ကိုယ်ဝတ်
    အကျႌပွပွကို ဝတ်မည်။ ဘောင်းဘီကို အောက်ပိုင်း အတွက် သုံးမည်။ အမျိုးသား၊ အမျိုးသမီး
    ဝတ်ဆင် ပုံချင်း များစွာ ခြားနားလှမည် မဟုတ်ပါ။
    ခရစ် (၉) ရာစုနှစ် အကုန် လောက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်သို့ ဝင်ရောက်
    နေထိုင်ကြသော အခါ ရာသီဥတု အေးသော သမပိုင်း ဒေသမှ ရာသီဥတု ပူသော အပူပိုင်း
    ဒေသသို့ ပြောင်းရွှေ့ နေထိုင်ရပြီ ဖြစ်သောကြောင့် ယခင် အသုံးပြုသော ခန္ဓာကိုယ်
    အားလုံးကို ဖုံးအုပ်သည့် အဝတ်အထည်များ မလိုတော့ပါ။ ထို့ပြင် အိန္ဒိယ ယဉ်ကျေးမှုကို
    ကိုးကွယ် ယုံကြည်မှု အစပြု၍၊ အထင်ကြီးလျက် လက်ခံစ ပြုလာသော အခါ အိန္ဒိယ
    ဓလေ့နှင့် အကျုံးဝင်သော အဝတ် တန်ဆာ တို့ကို ယူငင် သုံးစွဲ လာကြသည်။ အထူးသဖြင့်
    အောက်ပိုင်း အဝတ် ဖြစ်သော ဘောင်းဘီကို စွန့်၍ အိန္ဒိယ၏ အဝတ် အချို့ကို အခြေခံလျက်
    ယောကျာ်းတို့အတွက် ပုဆိုး၊ မိန်းမတို့အတွက် ထဘီကို တီထွင်အသုံးပြုလာပါသည်။
    ယောကျာ်းတို့ အတွက် ပုဆိုး အပြင် လုံချည်ကိုလည်း တောင်ပိုင်း အိန္ဒိယ အမျိုးသား တို့ကို
    တုလျက် ယူငင် ဝတ်ဆင်ကြမည် ဖြစ်ပါသည်။
    သာမန်အရပ်သားများတွင် အဝတ်ဆင်ပြင်ရာ၌ တရုတ်ဓလေ့နှင့် အိန္ဒိယဓလေ့ ပေါင်းစပ်
    လျက်ရှိသလို နန်းဓလေ့တွင်လည်း ဓလေ့နှစ်မျိုး ပေါင်းစပ်လျက်ရှိခဲ့ရပါသည်။ ဥပမာ၊
    သဘင်ပွဲ တက်သောအခါ ဝတ်ရသည့်ဝတ်စုံတွင် ပေါင်းဝတ်လုံတို့မှာ တရုတ်ပုံစံ များသော်
    လည်း စလွယ်နှင့် ခြေနင်းတို့မှာ အိန္ဒိယပုံစံပင် ဖြစ်ပါသည်။

    ဒေါက်တာ သန်းထွန်းရဲ့ “မြန်မာ့ သမိုင်းပုံ” Myanmar History Told in Pictures
    စာအုပ်မှ”မြန်မာ အကြိုသမိုင်း”

    Reply

    • ကျေးဇူးတင်တယ်ဗျာ.. ကျွန်တော်က အဲလိုကိုးကားဖို့စာအုပ်မရှိတာကို ခုလို စာအုပ်ကိုးကားရေးသားပေးတဲ့အတွက်

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 18, 2011 at 11:05 am

    စာရင်းချုပ်လိုက်တော့
    မြန်မာ့ယဉ်ကျေးမှု့ဆိုတာက
    မြန်မာ့ယဉ်ကျေးမှု့မှမဟုတ်ပါဘူး နည်းနည်းကြီးကျယ်အောင် တစ်ကမ္ဘာလုံးပေါ့
    ဘယ်ကစဘို့ ဘယ်မှာ အဆုံးသတ်ထားတာတုံး
    ကဲဆိုကြပါစို့
    မြန်မာ့ယဉ်ကျေးမှု့ကို ဘယ်တုန်းသော ရာစုက စပြီးသတ်မှတ်မှာလဲ
    အနီးစပ်ဆုံးပြောရရင် ယနေ့ဝတ်နေကြတဲ့ ယောက်ျား မိန်းမ အောက်ပိုင်းအဝတ်တွေ
    ဒါက အပေါ်ပိုင်းပါထည့်လိုက်ရင် ရွာလည်ကုန်မှာမို့ပါ
    ထမီနဲ့ ပုဆိုးပေါ့ အဲ့ဒါကိုယဉ်ကျေးမှု့ဝတ်စုံလို့သတ်မှတ်မှာလား
    ဆိုတော့ကာ ထမီနဲ့ပုဆိုး ဆိုတာကို ယဉ်ကျေးမှု့လို့ သတ်မှတ်ရင်
    ဘောင်းဘီတွေ စကတ်တွေကို ဝတ်ရင်ယဉ်ကျေးမှု့ကို ဆန့်ကျင်သူဖြစ်လေမလား
    နောင်များအနာဂတ်တွက် ပုဆိုးနဲ့ထမီဘဲဝတ်ရမယ်ဒီလိုလား
    ခေတ်အလိုက် ပြောင်းလဲလာတဲ့ဝတ်စုံတွေကို ဝတ်ဆင်သူဟာ ယဉ်ကျေးမှု့ကို ဆန့်ကျင်သူဖြစ်မလား
    ခင်ဗျားတို့သေခြာလည်းစားစားဆင်းဆင်းလုပ်ကြဦး
    မြန်မာ့ယဉ်ကျေးမှု့ပါဆိုပြီး သျှောင်ထုံးကြီးနဲ့ နှုတ်ခမ်းမွှေးကြီးနဲ့ အသဲယားဘူးလား
    ရေစီးကြောင်းလေဗျာ
    ခင်ဗျားတို့ပြောတိုင်းသာ ယဉ်ကျေးမှု့တွေပါဆိုပြီးသိပ်လုပ်ခြင်ရင်တော့
    ဒီနေ့ စစ်တပ်ထဲက စစ်ဗိုလ်တွေကို ဗန္ဓုလဦးထုပ်တို့ ကျန်စစ်သားဦးထုပ်တို့ ဆောင်းခိုင်းရမယ်ထင်တယ်
    ဒီလိုဆိုရင်လည်း ခင်ဗျားတို့ရဲ့ ထိပ်ပြောင်သမ္မတကြီး ဦးသိန်းစိန်တွက်
    သန်လျှက် ကောင်းကောင်းတစ်လက်တော့ရှိဘို့လိုမယ်ထင်တယ်
    အဆုံးအနေနဲ့ပြောရရင်တော့
    သိပ်ပြီးတော့ အတွေးလွန်လွန်းကြရင်ဖြင့် ဥပါဒ်ဖြစ်နိုင်ကြပါကြောင်း

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 18, 2011 at 11:07 am

    ခပ်ရှင်းရှင်းပြောရရင်
    ဘယ်သူ့ဝတ်စုံဘဲဖြစ်ဖြစ်
    မြန်မာတွေဝတ်တဲ့ ဝတ်စုံက မိတ်အင်ဘားမားဖြစ်ဘို့က စောက်ကျိုးနည်းအောင်အရေးကြီးတယ်
    ဒါဘဲ 🙁 🙁 🙁

    Reply

  • nigimi77

    August 30, 2011 at 3:23 pm

    ဒါနဲ ့ မေးပရစေဦး။

    လက်တော်နဲ ့ ချက်တော်ကို ရစ်လို ့ ဗိုက်ကြီးပြီး ကလေးမွေးတာက မြန်မာ့ ယဉ်ကျေးမှုလား။

    ဒါမှ မဟုတ် ဟိုဒင်းထဲကို ဟိုဟာက ဟိုဥစ္စာ ဖြစ်သွားလို ့ ဗိုက်ကြီးပြီး ကလေးမွေးတာက တိုင်းတပါး

    ယဉ်ကျေးမှုလား။ ကျုပ် အဖေနဲ ့ ကျုပ် အမေက သိပ်ပြီး တိုင်းတပါး ယဉ်ကျေးမှုကို အထင်ကြီးတာဗျ။

    လှေထိုးကြီး ရိုးရိုးဆိုလား ဘာဆိုလားပဲ သူလှေလှော်ကောင်းလို ့ကျုပ်ကို မွေးလာသဗျ။

    ခေတ်သစ်မြန်မာနိုင်ငံသားတွေများ ကျုံးဝါးနေလိုက်ကြတာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဘာညာနဲ ့။

    တောင်းမှာ အကွပ် လူမှာ အဝတ်ဆိုတဲ့ စကား အတိုင်း ဒီ ဝတ်စားဆင်ယဉ်မှုကို ပဲ ကြည့်ပြီး ဆူညံနေတာ။

    အတွင်း စိတ်ဓါတ်ကတော့ ချီးဘရိမ်းတွေများတယ်။ ရရစားစား ဝါးဝါးမျိုမျို အမြီးရ အမြီးစား ခေါင်းရခေါင်း

    စား ကလေကဝ စိတ်ဓါတ်တွေနဲ ့ အခွံကိုပဲ အသံကောင်းဟစ်နေတယ်။ ကွမ်းစားတာလဲ မြန်မာ့ရိုးရာပဲ

    လား။ တနိုင်ငံလုံးကို ရဲရဲတောက်အောင် လူငယ်တွေ ကွမ်းဝါးလာကျတာ ဒင်းတို ့လို ရှေးရိုးစွဲ အတ္တသမား

    တွေကြောင့် ဆိုတာ ငြင်းဦးမလား။ တလွဲ ဆံပင်ကောင်း မဟုတ်တာကျရင် အသံကောင်းဟစ်နေတယ်။

    ဒါနဲ ့ နည်းနည်း စကားကပ်လိုက်ဦးမယ်။ အဆင့်အတန်းမရှိဘူးပဲပြောပြော။

    ၁။ …….ရှုံးလူ…မြန်မာအမျိုးသမီးတွေ မင်္ဂလာဆောင်ရင်ဝတ်တဲ့ ထိုင်မသိမ်းဝတ်စုံ ချိတ်ထမိန်ကို ရှင်ဘယ်နိုင်ငံက အမျိုးသမီးတွေဝတ်တာများ တွေ့ဖူးသလဲ..
    ===================================================
    ဟုတ်တယ် ။ မတွေ ့ဖူးဘူး။ ဒါပေမဲ့ အဲဒီ ဝတ်စုံတွေအောက်မှာ ဖုံးကွယ်ထားတဲ့ စက်စပန်ဒါ နဲ ့ ဘရာစီ

    ယာ ဟာ မြန်မာ့ ရိုးရာ ဝတ်စုံ မဟုတ်ဘူး။ မြန်မာ့ရိုးရာမှာ ဒါတွေ မရှိဘူး။ ဒါကြောင့် အသံကောင်းဟစ်

    ချင်တဲ့ မိန်းမတွေ အထဲမှာ အဲဒါတွေကို မဝတ်နဲ ့။

    ၂။ ……ဗုဒ္ဓဘာသာ ဆိုတာ အိနိ္ဒယက လာတာပါ။ ဒါပေမဲ့ မြန်မာ့ ဓလေ့ မြန်မာ့ဟန်အတိုင်း ကျန်ရစ်ခဲ့ပါတယ်။ အိနိ္ဒယပုံစံ မဟုတ်သလို တရုတ်ပုံစံ လည်းမဟုတ်ပါဘူး။ မြန်မာရဲ့ အစဉ်အလာ ယဉ်ကျေးမှု ၊ ဝတ်စုံ၊ ကိုးကွယ်မှု ၊ ဟာ ဘယ်နိုင်ငံရဲ့ လောင်းရိပ်မှ မမိပါပဲ သီးခြားလက္ခဏာများနဲ့ ရှင်သန်ရပ်တည်နေခဲ့တာပါ။
    ===================================================
    ဟုတ်ပဟုတ်ပ ။ မြန်မာ့ ဓလေ့ဟန် အတိုင်း ကုလားနဲ ့လဲ မတူ တရုပ်နဲ ့လဲ မတူအောင် မျိုးမစစ် အတုအယောင် ဟန်ဆောင် အကျိုးမျှော် လာဘ်ခေါ် ဘာသာတရားကို တီထွင်လိုက်တဲ့ အနေနဲ ့
    တရုပ်နဲ ့ကုလားရဲ ့ အရုပ်ပေါင်းများစွာကို ဘုရားစင်ပေါ်မှာ တင်လိုက်ပြီး ဘာသာရေးသွေးထိုး မဂ္ဂဇင်း
    စာစောင်တွေမှာလည်း ကုလားဇာတ်နဲ ့ တရုပ်ဇာတ်ကို မြန်မာဇာတ် အနေနဲ ့ပြောင်းလဲခဲ့တယ်။

    ဒါနဲ ့ မသိလို ့မေးပရစေ။ မြန်မာရဲ့ အစဉ်အလာ ယဉ်ကျေးမှု ၊ ဝတ်စုံ၊ ကိုးကွယ်မှု ၊ ဟာ
    ဘယ်နိုင်ငံရဲ့ လောင်းရိပ်မှ မမိပါပဲ သီးခြားလက္ခဏာများနဲ့ တစ်ထောင့်ကိုးရာ ဘယ်နှစ်ခုနှစ် လောက်က စပြီး ရှင်သန် ရပ်တည်ခဲ့ပါသလဲ ????
    ====================================================

    Reply

  • နီလေး

    August 30, 2011 at 4:08 pm

    ကိုယ်တိုင်တော့ဝင်မဆွေးနွေးတော့ပါဘူး သူများရေးထားတဲ့ကွန့်မန့်တွေကိုပဲ လိုက်ဖတ်နေပါကြောင်း

    Reply

Leave a Reply

Your email address will not be published.