pitiSeptember 13, 20111min014
အခု မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှုအရှိဆုံးထဲက တစ်ခုကတော့ ဧရာဝတီမြစ်ဆုံ ရေလှောင်တမံစီမံကိန်းဆိုရင် မှားမယ်မထင်ဘူးနော်။ လူစိတ်ဝင်စားမှုအရှိဆုံးအချိန် သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ပြည်သူတွေရဲ့ ဧရာဝတီသတင်းတွေကို နောက်ဆုံးဖွလိုက်တဲ့သူကတော့ အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ပါ။ သူက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားရင်း ဖွလိုက်တာပေါ့။ (သတင်းအကျယ်တော့ သူများတွေ ဖော်ပြထားပီးလို့ လင့်ပဲပေးလိုက်တော့မယ်… http://www.news-eleven.com/index.php?option=com_content&view=article&id=10124:2011-09-11-18-18-04&catid=42:2009-11-10-07-36-59&Itemid=112) မတော်တဆ ပျောက်ကွယ်သွားမှာစိုးနေရတဲ့ မြစ်ဆုံပုံလေးကို ဧရာဝတီသတင်းစာမျက်နှာကနေ ကူးယူဖော်ပြပေးထားတာပါ။ ခွင့်ပြုခွင့် ပေးမယ် ထင်ပါတယ်… ဝန်ကြီးပြောတာက အရပ်ထဲက အလုပ်ကြမ်းသမားတွေ ရန်ဖြစ်တဲ့အခါ စကားနိုင်လုသလိုပါပဲ။ ပညာသားမပါဘူး၊ လူယဉ်ကျေးမဆန်ဘူးလို့ ပြောရင် မလွန်ဘူးထင်တယ်။ ငါ့စကား နွားရ ဆိုသလို ငါဝန်ကြီး … ငါ့ထက်ပိုသိသူမရှိဘူး… ငါ့ကို ဆရာလာမလုပ်နဲ့ ဆိုသလို အခြောက်တိုက် ရမ်းနေတယ်ထင်တယ်။ […]


Minn ZinSeptember 13, 20111min02
ရေနှင့်ပတ်သတ်၍ ဖွံဖြိုးရေးကဏ္ဍများကို စဉ်းစားရာတွင်၊ Integrated Water Resources Management (IWRM) ဟုခေါ်သော “ရေအရင်းအမြစ် စီမံမှု နှင့် ဆက်စပ်နေသော ကဏ္ဍ အားလုံးကို တစုတရုံးတည်း ပေါင်းစပ် စဉ်းစားပေးခြင်း” ဖြင့်၊ နောင်သားစဉ်မြေးဆက် အဒွန့်ရှည်ခံစားနိုင်သည့်လုပ်ငန်းမျိုး ဖြစ်သင့်ပေသည်။ ကဏ္ဍ တစ်ခုတည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြားကဏ္ဍ များရှိပါက ထိခိုက်မှု မပြုလုပ်မိအောင် ပေါင်းစပ်စဉ်းစားတွေးခေါ်ခြင်း ဖြစ်ပါသည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းတွင် လုပ်ငန်း (၈)ခုပါဝင်ပြီး စုစုပေါင်း လျှပ်စစ်ထုတ်လုပ် မှုအင်အား ၁၈၄၉၉ MW ဖြစ်ရာ၊ လျှပ်စစ်ဦးစားပေးစီမံကိန်း (Power Oriented) ဖြစ်ပါသည်။ တိုးတက်နေသော ခေတ်ကြီးတွင် ဆောင်ရွက်နေသော ဘက်စုံစီမံကိန်း (Multi-purpose project) မျိုးမဟုတ်သည်ကိုတွေ့ရှိရပါသည်။ အဖိုးတန်သော ဘက်စုံစီမံကိန်းကြီးများတွင် လျှပ်စစ်သာမက၊ […]


Moe ZSeptember 13, 20111min039
အဖြစ်ကမနှစ်ကနဲ့မတူ တစ်ယောက်ယောက်ကိုပြောပြရင်လည်း ရူးနေလားလို့အမေးခံရမှာသေချာတာမို့ ရွာထဲကလူတွေ ကိုပဲဒုက္ခပေးတော့မယ်။ ဘုရားစူး ဒီအရွယ်အထိအချစ်ဆိုတာဘာမှန်းမသိခဲ့ရပါ။ ၁ဝတန်းအောင်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်လို့ကြွေးကြော်ကာ အလုပ်လုပ်ရင်း ဘွဲ့ရခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် up date ဖြစ်အောင်ပေါ်သမျှသင်တန်းတွေတက်ရင်းနဲ့ အားလပ်ချိန်ကိုမရှိခဲ့တာ။ သူငယ်ချင်းတွေဖိတ်စာလာပေးတော့လည်း အလှဆုံးပြင်ပြီးသွားလိုက်တာပဲ။ ကိုယ့်အလှည့်ဘယ်တော့လဲလို့မေးရင် ကိုယ့်ဒုက္ခကိုယ်မရှာဘူးလို့ ခပ်တည်တည်နဲ့ ပြန်ပြောပစ်ခဲ့တာချည်းပဲ။ တကယ်လဲ ကိုယ့်ကိုသဘောကျတဲ့သူတွေ ဝိုင်းနေခဲ့တာကိုး။ မင်းသမီးရှုံးအောင်လှနေတာတော့ မဟုတ်ပေမယ့် တော်တော်လေးကြည့်ကောင်းတာတော့ ကိုယ့်ဘာသာကိုယ် လက်ခံပါတယ်။ တွေ့တဲ့သူတိုင်းကလည်း အသားအရည်အရမ်းလှတာပဲလို့ မှတ်ချက်ပေးကြတယ်လေ။ ပြီးတော့ကိုယ်က ဖက်ရှင်ဒီဇိုင်းတွေကိုစိတ်ဝင်စားတယ်။ ခေတ်နဲ့အညီ လုံလုံခြုံခြုံနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေမယ့် ကိုယ့်ရဲ့ဒီဇိုင်းတွေကို သူငယ်ချင်းတွေကသဘောကျကြတော့ မအားတဲ့ကြားကသူတို့ကို ဒီဇိုင်းဆွဲပေးရသေးတယ်။ ကိုယ်က International ကျောင်းတစ်ကျောင်းမှာဆရာမလေ။ ချွေးမတော်ချင်သူတွေကလည်းပေါမှပေါ။ အိမ်ထောင်ရေးကိုစိတ်မဝင်စားဘူးလို့ ငြင်းရတာကိုပဲဂုဏ်ယူခဲ့တာ။ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့နည်းပညာနဲ့ ပညာရေးတွေနောက်ကိုအမှီလိုက်ရင်း အသက်တွေလည်းတဖြည်းဖြည်းကြီးလာခဲ့ပြီ။ အခုမှငါအရမ်းအထီးကျန်နေပါလားလို့ […]


padonmarSeptember 10, 20111min024
ဒီအချိန်မှာ ကိုမောင်မောင်နဲ့ ဆွေဆွေတို့ ခေါင်းချင်းရိုက်ရပါပြီ။ ကိုင်း ဒို့ဘာဆက်လုပ်ကြမလဲလို့ပေါ့ ။ ကိုမောင်မောင် မိတ်ဆွေ ကိုမြင့်သိန်းကတော့ သူလုပ်နေတဲ့ အသင့်စားဟင်းလျာတွေ ဖြန့်တဲ့အလုပ်ကို နာမည်ပါ သူများကို ရောင်းလိုက်ပြီး ရတဲ့ငွေနဲ့ ရွှေဝယ်ရောင်း(ရွှေကစားတဲ့ အလုပ်) သွားလုပ်နေပါတယ်။ သူ့အပြောကတော့ အပင်မှန်ရင် အေးဆေးဘဲ။ အရင်လို မီးခိုး မမွှန်ဘူး၊ လူမထိန်းရဘူး၊ ချွေးမထွက်ဘူးတဲ့။ ဆွေဆွေ့မောင်လေး ကိုမိုးကလည်း US sanction ပြီးကတည်းက အဆင်မပြေတော့တဲ့ အထည်ချုပ်စက်ရုံကိုပိတ် စက်ချုပ်သမလေးတွေ လျော်ကြေးပေး၊စက်တွေရရာဈေးနဲ့ရောင်းပြီး သူ့မိတ်ဆွေတွေနဲ့ ပဲကုန်စည်ဒိုင်မှာ အသင်းဝင်ပြီး ပဲဝယ်ရောင်း လုပ်ပါတယ်။ သူတို့အခေါ်တော့ ပလာတာရိုက်တယ်တဲ့။ ဈေးတက်မယ်ထင်ရင် ကြိုရောင်းထားပြီး ဈေးကျတော့မှ ပြန်ဝယ်ပေးတာလဲရှိ။ ကိုယ်ဝယ်ထားတုန်း ဈေးထက် နည်းနည်းသာရင် ပြန်ရောင်း၊ ပြန်ကျအောင် နောက်တစ်ပင်ထပ်စောင့် ဝယ်တာမျိုးလည်းရှိ။ […]


တညင္သားSeptember 10, 20111min010
ဒီအကြောင်းလေး ပြောခြင်နေတာကြာပြီ  အခုမှ တိုက်ဆိုင်လာလို့ … အတိုချုံ့ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကျွန်တော်တို့ အိမ်ကို တကိုယ်လုံးအသားမဲနေတဲ့ မြန်မာနိင်ငံသားတစ်ဦး ဆိတ်ကြီး တစ်ကောင်ဆွဲပြီးရောက်လာတယ် .. သူပြောတဲ့စကားတွေကလဲ မနဲ နားထောင်ရတာပေါ့ဗျာ.. ကျွန်တော်အဖေနဲ့ စကားတွေပြောပြီး ပြန်သွားတော့မှာ အဖေက အကြောင်းစုံပြောပြတယ် .. နံမည်က သံဂွန်း လယ်လုပ်ပါတယ် မပြေလည်ဘူးဆိုပါတော့ တစ်နေ့ ကျွန်တော်အဖေ အဲဒီ သံဂွန်းဆိုတဲ့ သူရဲ့ တဲကိုရောက်ခဲ့တယ်. .စားပင်လေးတွေစိုက်ဖို့  ဘဲလေး၊ ကြက်လေး မွေ ဖို့  စသဖြင့် အကြံဉာဏ်လေးနဲနဲပေးခဲ့တယ် ..အခု (၅)နှစ်လောက်ကြာတော့ သူပြေလည်နေပြီ ဆိုတဲ့အကြောင်း သီးပင် စားပင် အစုံရှိတယ် ၊ ဘ ဲ၊ကြက် အပြင် ဆိတ်မလေး တစ်ကောင်ကနေ အခုအများကြီးဖြစ်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောရင်းနဲ့ […]


kokothandarSeptember 9, 20111min00
ပိတ်ဆို ့မှုတွေပယ်ဖျက်ပေးဖို ့ လာ သမျှကိုယ်စားလည် တွေကိုဝန်ကြီးတွေကပြောနေတာတကယ်ဘဲလား အမှန်ကဘာမှမဖြစ်ပါဘူး ကိုင်း မြန်မာပြည်မှာ လေတပ်အတွက် ဂျက်တိုက်လေယာဉ်ပျံနဲ ့အမောင်းသင်ဂျက်လေယာဉ် ကြိတ်ထုတ်နေတာသိကြပါစ အဲဒီလေယာဉ်တွေထုတ်ဖို ့အ ဓိကလိုတဲ့ကွန်ပြူတာcontrol စံနစ်နဲ ့ထုတ်လုပ်ရေးစက်ကိရိယာတွေဒေါ်လာသန်းငါးရာဖီုးလောက် ဘယ်နိူင်ငံကဝယ်လဲ………..U.S.A.ဆိုတဲ့နိူင်ငံကပါခင်ဗျာ…ကြားနိူင်ငံက ဩစတေးလျပါ နောက်ပြီးသံချပ်ကာတိုက်ယာဉ်တွေမှာ သုံးတဲ့တိုက်ပွဲဝင်တာယာတွေကဂျာမဏီတပ်မတော်ရဲ ့တာယာတွေပါ သယ်ပေးသူက ယိုးဒယားလေတပ်ပါ အံ့ဩသွားပါစ ကိုင်း ..ဘာတွေပိတ်ဆို ့လို့ ့လဲ တကယ်တော့သူတို ့က သူတို ့စီမံခန် ့ခွဲမှုညံ့ဖျင်းလို ့ဖွံဖြိုးတိုးတက်မှု ့နဲခဲ့တာတွေကိုပိတ်ဆို ့မှု ့ကြောင့် လို ့ နိုင်ငံရေးအမြတ်ထုတ်တာပါ ပိတ်ဆို ့မှု ့ထိခိုက်တာက ပို ့ကုန်လုပ်ငန်းရှင်တွေပါ ကြားနိူင်ငံကတဆင့်ပို ့ရတော့ပွဲစားခပေးရသလိုပေါ့ တရုတ် India Thailand S’pore ရှိနေတော့ ပိတ်ဆို […]


padonmarSeptember 7, 20111min018
ကိုမောင်မောင်နဲ့ ဆွေဆွေဟာ ငယ်ကျွမ်းဆွေဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ ဆွေဆွေက B.Sc အောင်ပြီး ရုံးတစ်ရုံးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုမောင်မောင်ကတော့ သင်္ဘောသားတွေ ခေတ်ကောင်းတဲ့အချိန်မှာ B.E(Mech) နဲ့ ဘွဲ့ရပြီး သင်္ဘောသား ဖြစ်ခဲ့ပါတယ်။ သင်္ဘောသားဘဝနဲ့ အတော်လေး စုမိဆောင်းမိချိန်မှာ နှစ်ဦးသားလက်ထပ်ပြီး အမိမြေပေါ်မှာ မိသားစုဘဝ တည်ဆောက်ဖို့ အခြေချဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၉ဝ ခုနှစ်ပတ်ဝန်းကျင်မှာ သူတို့ဟာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းလေးတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းကတော့ “ဆွေမွန်” ဆိုတဲ့ ရှောက်သီးဆေးပြား ထုတ်လုပ်တဲ့ လုပ်ငန်းပါဘဲ။ မိသားစု အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းလေးကို ထူထောင်ဖို့ ဆွေဆွေကလည်း ရုံးအလုပ်က ထွက်၊ ကိုမောင်မောင်လည်း သင်္ဘောမလိုက်တော့ဘဲ ဒီလုပ်ငန်းကိုပဲ ဖိဖိစီးစီးလုပ်ကိုင် ကြပါတယ်။ ရှောက်သီးစစ်စစ်၊ ငရုပ်သီးမှုန့်ကောင်းကောင်း(မှိုမတက်)၊ သကြားစစ်စစ်၊ နွယ်ချို ကောင်းကောင်း […]


tunkhannSeptember 5, 20111min00
ခေါင်တိုင်းမှာ အိမ်ရှိတယ် အိမ်တိုင်မှာ ခေါင်မရှိဘူးတဲ့။တော်ရာနေ စေရာသွားရတဲ့ ဘဝခါးခါးတွေနဲ့ ရင်ကော့ ခေါင်းမော့နေပေမယ့် မျက်ရည်စက်တို့ ပင်လယ်ဝေနေတဲ့ မျက်ဝန်အိမ်နဲ့တစ်ဆက်တည်းသော နှလုံးသားမှာ ဘယ်လိုခံစားနေရလည်းဆိုတာ မသိနိုင်ကြဘူး။လူသားတိုင်းလိုချင်ကြတာ မျှတညီတူခြင်းပါ။နောက်ပြီး လူဆိုတာ အရမ်းနိမ့်ပါးလာရင် မကောင်းမှုတွေဆက်တိုက် ပြုတတ်ပါတယ်။ဒါဟာ ဆင်းရဲချမ်းသာ မညီမျှခြင်းပါပဲ။ခိုးတယ်၊အလစ်သုတ်တယ်၊လုယက်တယ်၊ဒီထက်ပိုဆိုးလို့ စိတ်ဓာတ်အောက်တန်းကျရင် ကိုယ့်ထက်သာတယ်ထင်တဲ့နေရာကို မီးရှို့တယ်။ဆိုကြပါစို့ ရာဇဝင်လေးတစ်ခုပေါ့။သူခိုးတစ်ယောက်အကြောင်းပေါ့။ငတက်ပြားလည်းမဟုတ်ပါဘူး၊မိုးမောင်လည်း မဟုတ်ပါဘူး။သူတို့ကတော့ ကောင်းမှုပြုတဲ့သူခိုးတွေလို့ ပြောလို့ရပါတယ်။အဆိုးထဲက အကောင်းပေါ့။ဒီလိုဗျ ရှေးတုန်းက သူခိုးတစ်ယောက်က ဘုရင့်ရွှေတွေကို ခိုးတယ် ခဏတိုင်းပေါ့။ခဏခဏဆိုတော့ တစ်ခါမဟုတ်တော့ မိတာပေါ့။ဘုရင်ကြီးကလည်း ဒေါသကြီးကလား။သူ့ဥစ္စာတွေခိုးရပါ့မလား ဒီလောက်လောဘကြီးရပါ့မလားဆိုပြီး သူ့ကိုအာခံတွင်း ရွှေရည်တစ်ပိဿာနဲ့လောင်းသတ်စေဆိုပြီး ဝန်ကြီးတစ်ပါးကို တာဝန်ပေးသတဲ့။နှမြောစရာပဲဗျ။အဲကျနော်မှ မဟုတ်ဘူး ဝန်ကြီးကလည်းနှမြောတတ်သား။သူခိုးနဲ့ ရွှေရည်နဲ့မတန်ဘူးတဲ့ ဒါကြောင့် သူ့အောက်က မှုးမတ်တစ်ယောက်ကို ကြေးရည်နဲ့လောင်းသတ်စေလို့ အမိန့်ပေးလိုက်တယ်။မှုးမတ်ကလည်း ဝန်ကြီးတပည့်ရင်းထင်ပါ့။သူ့လိုပဲ တွန့်တိုတတ်လိုက်တာ ပါးကွက်သားကို သံရည်နဲ့ လောင်းသတ်ခိုင်းတယ်တဲ့။ပါးကွက်သားကလည်း […]


kokoSeptember 5, 20111min014
ဖြစ်နေတွေ့နေတာတော့ကြာပါပြီ။ ဒါပေမယ့်အခုမှ  ပြောဖြစ်တာပါ။ ပြီခဲ့တဲ့ စနေက နယ်က အမျိူးတွေ ရောက်လို့ ဘုရားတွေလိုက်ပို့ပါတယ်။  နေ့လယ်၂ နာရီလောက် တော့မြန်မာပြည်ရဲ့ အထင်ရှားဆုံးရွှေတိ ဂုံ ဘုရားကိုသွားဖူးပါတယ်။ အမျိူးတွေ ကလေးတွေနဲ့တပျော်တပါကြီးပေါ့ ။တောက်ဘက်မုဒ် ကဝင်ဖြစ် ပါတယ်။ ဓါတ်လှေခါး စီးမယ်ပေါ့။ကျွန်တော်က ကားပါကင်ထု်ိးနေလို့ကျန်ခဲ့ပါတယ်။  သူတို့ကရှေ့က သွားကြပါတယ်။တောင်ဘက်မုဒ်က  ဝင်ပေါက်နှစ်ခုရှိပါတယ။် တော်တော်များများသိကြမှာပါ။ ကျွန် တော်တ်ို့ကတော့ဘေးပေါက်ဝင်နေကြပါ။ အရှေ့ပေါက်ကနိုင်ငံခြားသား နဲ့vip တွေပဲ ဝင်လို့ ရတယ် ထင်လို့ပါတယ်။ ကျွန်တော် အမျိုးတွေက ခတ်တည်တည်နဲ့  ရှေ့ပေါက်ကဝင်သွားပါတယ်။ ဒါနဲ့ကျွန်တော်လဲ အလယ်ပေါက်လိုက်ဝင်သွားပါတယ်။ အဝင်ဝ ကြတော့ ဝန်ထမ်းတစ်ယောက်က လှမ်းမေးပါတယ် နိုင်ငံခြားသားပါလားတဲ့။ ကျွန်တောလဲမပါဘူးပေါ့ ။သူလဲဘာမှမပြောတော့ပါဘူး။ ဒါနဲ့အထဲဝင်သွားပါတယ်။ ဟိုဘက်ဘေးပေါက်မှာတော့ ကျွန်တော်တ်ို့ မြန်မာတွေ တိုးဝေ့ တန်းစီပြ်ီး ဓာတ်လှေခါးထဲ […]


goldenhawkAugust 31, 20111min026
ကျွန်တော် ကိုယ့်နိုင်ငံအတွင်းရှိစဉ် (၁၉၅၂)ခုနှစ်ထုတ် ပြစ်မှုသို့မဟုတ်မှုခင်းမဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်ရီစရာ ဟာသတော့မဟုတ်ပေမဲ့ မှတ်သားစရာ ကောင်းတော့ကောင်းသောကြောင့် မှတ်မိသလောက်ထပ်ဆင့်တင်ပြချင်ပါတယ်၊ ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတစ်ပါးဟာငယ်စဉ်ကထဲက အကျင့်သီလနှင့်ပြည့်စုံပြီး ဘုန်းကြီးဝတ်လာခဲ့တာ ဝါ(၃၀)တောင် ရခဲ့လို့တန်ခိုးကြီး နာမည်ကျော်ကြားခဲ့လို့ ပတ်ဝန်းကျင်ကျေးရွာများကပင် လာရောက်ကြည်ညို ကိုယ်းကွယ်ကြရတယ်၊ ထိုဘုန်းကြီး ၏နေ့စဉ်ဆွမ်းဖုန်း အတွက်၎င်းရွာမှ ဘာသာတရားကိုအလွန်တရာ ကိုင်းရှိုင်းသော အပျိုကြီးတစ်ဦးသည် နေ့စဉ်ကုသိုလ်ယူ ဆွမ်းပို့လေ့ရှိပါတယ် တနေ့သောဥပုဒ်နေ့မှာ သူမဟာအာရုံဆွမ်းကပ်မည်ဆိုပြီး ဆွမ်းအမယ်စုံပြင်ဆင်ပြီး ခံတောင်းထဲထည့်ပြီး ဘုန်းကြီးကျောင်းကို အစောကြီးထခေါင်းရွက်သွားတယ်၊ ဘုန်းကြီးကျောင်းထဲရောက်တော့ ဘုန်းကြီးကလည်း အဆင်သင့်ဘဲ ခါတိုင်းလိုဘဲ ဘုရာစဉ်အောက်မှာ တင်ပလင်ထိုင်စောင့်နေတာပေါ့ ဘုန်းကြီးရှေ့ရောက်တော့ အပျိုကြီးဆွမ်းတောင်းကိုချမယ် ဆိုပြီးခေါင်းပေါ်မှ ဆွမ်းတောင်းလှန်းအကိုင် ဒူကလေးအသာညွန့်ပြီး အရှေ့တလှမ်းအလှန်းမှာ သူမရဲ့ထမီစကို နင်းမိပြီး ထမီကွင်းလုံးကို ကျွတ်သွားတော့သူမရဲ့လက်တစ်ဖက်နှင့် ထမီအပေါ်စကိုလှမ်းဆွဲရင်လဲ ဆွမ်းတောင်းမှောက်ကျသွားမည်စိုးသဖြင့် သူမ၏အတွင်းပစ္စည်းကို ဘုန်းကြီးကို လှစ်ပြသလိုဖြစ်သွားသည့် […]


Nan ShinAugust 30, 20111min03
ချစ်ပြီးမှတော့ ၁။ အနူးညံ့ဆုံး မိန်းမကြမ်း တယောက်ရဲ ့ရင်ခွင်ဟာ ငါ့အတွက် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာအလား။ တနေ ့မှာ ရော်ရွက်ဝါတို ့ရဲ ့ တမ်းချင်းကို ဖရုသဂီတဆန်ဆန့် ဝိုင်းဖွဲ ့သီဆိုကြလိမ့်မယ်။ ဒါပေမဲ့…..မင်းနဲ ့ငါ ကန္တာရ ဆူးချုံတွေလို ကျင့်သုံးခဲ့ကြ။ ဘာဘဲဖြစ်ဖြစ်လေ နောက်ဆုံးရဲ ့အဆုံးသတ်မှာ ဒို ့……………. ဂူတလုံးထဲမှာ အတူပုန်းဖို ့ ဆုံးဖြတ်ခဲ့ပြီပဲ။ ။ အထက်ပါကဗျာလေးကို ကျနော်ရေးခဲ့တာကြာပါပြီ။သုံးနှစ်လောက်ရှိခဲ့ပြီ။ဟိုလှန်ဒီလှောနဲ့ချောင်ကျ ကျကျတစ်နေရာကနေပြန်တွေ့လို့ ဖေ့စ်ဘွတ်မှာရော ကျနော့်ဘလော့မှာရော ကျနော်ဝင်ထားတဲ့ နင်းဆိုဒ်တွေမှာရော နေရာအတော်များများမှာ တင်ပြခဲ့ပါတယ်။နားလည်သဘောကျနှစ်ချိုက်သူအချို့ ရှိသလို နာမလည်သူများလည်းရှိပါတယ်။တချို့ကတော့နားမလည်တဲ့အပြင် ပဏ္ဍုကမ္ဗလာမြကျောက် ဖျာဆိုတာ ဘုရားရှင်ထိုင်တော်မူတဲ့ပလ္လင်ဖြစ်လို့ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီလိုမရေးသင့်ပါဘူးလို့ပြောသူ ကလည်း ပြောလာပါတယ်။အဲ့ဒိလိုပြောကတည်းက ကျနော့်စာကိုသူဖတ်တယ်ဆိုတာ သိတဲ့အတွက် ဝမ်းသာရပါတယ်။ဒါပေမဲ့ လွဲမှားစွာနားလည်မှုနဲ့ ခံစားမှုမျိုးကိုမဖြစ်စေချင်တာကတစ်ကြောင်းနဲ့ကျ နော့်ရဲ့ကဗျာပေါ်ခံစားပုံ […]


Moe ZAugust 30, 20111min032
“အကို အခန်းပြောင်းလို့ရပြီခင်ဗျ’’ “အေးကွာကျေးဇူးပဲညီလေး” စည်သူ့လက်ထဲ တစ်ထောင်တန်အချို့ ထည့်ပေးပြီးထွက်သွားသော ဧည့်သည် အားကြည့်ပြီး Norah နှင့် ကျွန်မပြိုင်တူမဲ့လိုက်မိပါသည်။ ပြီးမှသွားပြီ security camera ကိုမေ့သွားတယ်ဟု ညည်းမိတော့သည်။ ကျွန်မရဲ့အလုပ်က ဟိုတယ်တစ်ခုမှာ Receptionist ပါ။ နံနက် ၆ နာရီမှ နေ့လည် ၁ နာရီအထိ ကျွန်မနှင့် အတူ Norah နှင့် စည်သူက တာဝန်ကျပါသည်။ ကျွန်မတို့ဟိုတယ်က သန့်ရှင်းရေးကို အထူးဂရုစိုက်ပါသည်။ ယခုလိုပြောရခြင်းမှာ ကျွန်မတည်းဖူးသော ဟိုတယ်တစ်ချို့မှာ service ကောင်းသော်လည်း သန့်ရှင်းရေးကို သိပ်ဂရုမစိုက်ကြပါ။ ဥပမာ- စောင်တွေ ခေါင်းအုံးတွေမှာ အနံ့အသက်ရှိနေတာမျိုး။ ထို့ကြောင့် ကျွန်မတို့ဟိုတယ်တွင် တည်းဖူးသောဧည့်သည်များမှာ နောက်ထပ်ပြန်လာသူများပါသည်။ ကျွန်မတို့ ဟိုတယ်တွင် အခန်းပေါင်း ၅ဝ ကျော်ရှိပါသည်။ […]


Moe ZAugust 27, 20113min03
ဘဝမှာ မိတ်ဆွေကောင်းရှိဖို့ အရေးကြီးပါတယ်။ ကိုယ့်မှာ မိတ်ဆွေကောင်းရှိဖို့အတွက် ကိုယ်ကိုယ်တိုင်ကရော မိတ်ဆွေကောင်းတစ်ရောက်လား ဒီနည်းလေးနဲ့ စမ်းကြည့်ရအောင် Let’s see what kind of friend you are, Choose the answer ….. 1. If you are best friend phoned to say that he/she was depressed, would you: a) go to his/her house and cheer him/her up b) chat for a few minutes on the phone? c) […]