koyin sithuSeptember 23, 20111min016
ကျွန်တော်သည် ပြာလွင့်နေသော မိုးတိမ်များကို ငေးကြည့်နေရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံ ကာကွယ်နေရလေ၏။ ဒုက္ခဆန်သော ကျွန်တော့် နံနက်ခင်းတွေကို အလင်းထွန်းညှိပေးဖို့ ဘာဘီအရုပ်မလေးနှင့် တူသော ချစ်စရာကောင်းသော သူမသည် ကျွန်တော့်ထံသို့ ရောက်လာခဲ့ပါသည်။ ရင်းနှီးခင်မင် ချစ်ခင်မှုများက ကျွန်တော့်တို့ နှစ်ယောက်အကြားကို အခိုင်အမာ ရစ်ပတ်ချည်နှောင်ခဲ့ပေမယ့် မသမာသူ ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို ဟိုလိုလို၊ ဒီလိုလို လုပ်ခဲ့တဲ့အတွက် ကျွန်တော့်တို့ရဲ့ ဆက်ဆံရေးဟာ ယခုအချိန် ပျက်စီးခဲ့ရပါပြီ။ အချိန်အတော်အတန် ကြာမြင့်ခဲ့ပေမဲ့ သူမအကြောင်း စဉ်းစားမိလျှင် ကျွန်တော်က ရင်ခုန်နေဆဲ..။ သူမဟာ ကျွန်တော့်ကို ငြင်းခွင့် မရလောက်အောင် ရူးသွပ်စေခဲ့ပါတယ်… နွေဦးရာသီရဲ့ ကြွေကျလာတဲ့ သစ်ရွက်ခြောက်ချွန်ချွန်လေးတွေက သူမနာမည်ကို ကျွန်တော့် နှလုံးသားမှာ ရေးထိုးသွားခဲ့ပြီ။ သဘာဝတရားရဲ့ ကျယ်ဝန်းနက်ရှိုင်းမှုထဲသို့ […]


Moe ZSeptember 22, 20111min024
မိုးစက် မန္တလေးကို ခဏခဏရောက်ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ရော အမျိုးတွေဆီအလည်သွားတာရောပေါ့။ ဒီတစ်ခေါက်တော့ အလုပ်ကလွှတ်လို့ workshop တစ်ခုသွားတက်ရတယ်။ အလုပ်ကစီစဉ်ပေးတဲ့ ဟိုတယ်မှာပဲ အဖော်တွေနဲ့အတူတည်းဖြစ်ခဲ့တယ်။ အလုပ်ကိစ္စမပါရင်တော့ အမျိုးတွေအိမ်မှာပဲတည်းတယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံကုန်မှာကိုး  🙂 ။ မိုးစက်က morning person မဟုတ်ပါ။ ကိုယ့်အိမ်မှာဆိုရင် မနက် ရးဝဝ နာရီမထိုးမချင်း ထလေ့မရှိပေမယ့် ခရီးသွားရင်တော့ ၆းဝဝ နာရီဆိုရင်အပြင်ထွက်ဖို့ အဆင်သင့်၊ နေရာဒေသအသစ်မှာ လေ့လာစူးစမ်း(စပ်စု)ရမယ့် အချိန်တွေကိုတော့ အိပ်ပစ်ဖို့နှမျောတယ်လေ။ အခုတစ်ခေါက်မန္တလေးခရီးမှာ တည်းရတဲ့ဟိုတယ်ကမြို့လည်ခေါင်မှာပါ။ ထုံးစံအတိုင်း ၅ နာရီခွဲမှာထ ရေချိုးအဝတ်အစားလဲပြီးတော့ ၆နာရီအတိ။ Breakfast စားဖို့ကစောသေးတော့ အတူလာတဲ့အဖော်တွေကိုစောင့်ရင်း Lobby မှာသတင်းစာထိုင်ဖတ်နေလိုက်ပါတယ်။ ၆နာရီဆိုပေမယ့် sightseeing ထွက်တဲ့ နိုင်ငံခြားသားဧည့်သည့်တွေ၊ check out လုပ်တဲ့သူတွေနဲ့ Reception […]


koyin sithuSeptember 21, 20111min03
ကောင်းကင်နှင့် မြေကြီးအကြားတွင် ရှိသော ဝိရောဓိလေညင်းများကို ကျွန်တော် အကြာကြီးစောင့်စားခဲ့သည်။ တိမ်မည်းမည်း တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွားကြသည်။ သော့ခတ်ထားခြင်းမရှိသော်လည်း တချို့တံခါးများမှာ ဖွင့်လို့မရ။ လေပြည်တွေ တသုန်သုန် တိုက်ခတ်နေ၏။ ဘဝမှန်ကို ထိုသူတို့အား မပြောလိုပါ။ ဖြည်းဖြည်းချင်တော့ ဖြစ်သွားမှာပဲပေါ့။ အချိန်တန်သည့် တိုင်အောင် နတ်ရုပ်ထုတွေ ကိုးကွယ်မှုက  ပျောက်မသွား။ သဘောက ဉာဏ်ကိစ္စအရာမှာ ချို့ယွင်းဆဲ။ ကျွန်တော် အချိန်တော်တော်များများမှာ လူပြိန်းဖြစ်ခဲ့ဖူးသည်။ လေအေးပေးစက် အခန်းထဲတွင် ထုံထိုင်းညံ့ဖျင်းခဲ့တာလည်း အမှန်ပင်ဖြစ်သည်။ ရာသီတစ်ပတ်နွမ်းလေးတွေ နောက်ပြန်လည်တုန်း ကိုငှက်ကြီး သီချင်းတွေ ကြိုက်တတ်ခဲ့၏။ မနက်ဖြန်တွေကို ဖုန်းတစ်လုံးထဲမှာ နှိုးစက်ပေးခဲ့၊ ဇယားကွက်ရေးဆွဲရင်း အကြာကြီး လူဖြစ်ဖို့ အားထုတ်နေမိ၏။ မရိုးသားဘူးဆိုလည်း ပြောတဲ့အတိုင်းရှိစေတော့။ ရိုးသားတယ်ဆိုရင်လည်း ဂုဏ်ယူတတ်ဖို့ ကျွန်တော် ပျင်းခဲ့ပါပြီ။ ဗို့စ်အား […]


ဗုဒ္ဓဘုရား မြန်မာလူမျိုးဟုတ်မဟုတ်နဲ့ ပတ်သက်လို့ ကျနော်လည်း ပြောချင်တယ်ဗျို့။ အမှန်တော့ ကမာ္ဘဦးအစ ဖိုမဒွိစုံကနေ အားလုံးပေါက်ဖွားလလို့ ဆွေမျိုးစပ်နီးစပ်တယ်ပြောတာ လက်မခံနိုင်စရာ မရှိပါဘူး။ ဗုဒ္ဓဘာသာအယူမှာ ကမာ္ဘဦးအစ ဗြဟ္မာကြီးလေးဦးက ဆင်းသက်တယ် ဆိုထားတော့ မတူတဲ့ မိဘတွေကနေ ပေါက်ဖွားတယ်လို့ ယူဆနိုင်ပြန်လို့ အားလုံးဆွေမျိုးတော်တယ် တထစ်ချယုံကြည်နိုင်ရန်လည်း ခက်ပါတယ်။ စေ့စေ့စပ်စပ် စဉ်းစားရင် မူလအစ တစုံတွဲပဲရှိရှိ၊ နှစ်စုံတွဲပဲရှိရှိ ဘယ်လိုစဖြစ်လာခဲ့သလဲ အဖြေမရှိ သေးပါဘူး။ ကနဦး ဖို၊မ နှစ်ယောက်ပဲရှိတယ်ဆိုရင် ဖိုမ နှစ်ယောက်စီရော အစကထဲက ဘာပြုလို့ မရှိနိုင်ရမှာလဲ။ ဒီတော့ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်လို့ ယူဆပါရစေ။ ပြောလေ့ရှိတဲ့ သာကီမျိုးဟေ့ ဒို့မြန်မာ ဆောင်ပုဒ်အရဆိုရင် ကျနော်တို့သည် ဂေါတမဘုရားနဲ့ ဆွေတော်မျိုးတော်စပ်လို့ ဂုဏ်ယူချင် ဂုဏ်ယူနိုင်ပါတယ်။ အနောက်တိုင်းအယူမှာလည်း ယေရှုသခင်သည် […]


phone_kyawSeptember 19, 20111min033
သူများတွေ ဘယ်နေရာကိုလှူကြသလဲ ဩစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့…မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို ့ ့ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ ့ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ ့အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့…ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ ့ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ ့အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို ့ရအောင်လုပ်ပေးတယ်။ တချို ့သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ ့ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို ့တွေက သူတို ့မြို ့တွေမှာ အပန်းဖြေစရာ […]


kyaw naynaySeptember 17, 20111min051
မြတ်စွာဘုရားသည် သာကီဝင်အနွယ်မှန်း ဗုဒဘာသာတိုင်းသိပါလိမ့်မည်။ သာကီဝင်မျိုးနွယ်တွေသည် သူတစ်ပါးသွေးအရောမခံ မိမိတို့အမျိုးအချင်းချင်းလက်ထပ်ကြသည်။ တစ်ခြားတိုင်းပြည်မှ ဘုရင်သည် သာကီဝင်နွယ်တွေနှင့် သွေးသားတော်စပ်လိုသဖြင့် သာကီဝင်မင်းသမီးကိုတောင်းသည် မပေးလျှင်စစ်ခင်းမည်ဟုဆိုသည်။ တစ်ခြားတိုင်းပြည်ကအင်အားကကြီးမားပါသည်။ စစ်ခင်းမှာကလည်းကြောက်သဖြင့် ကျွန်မတစ်ယောက်ကို မင်းသမီးအဖြစ်ဆင်ယင်ပေးပြီး ဆက်သလိုက်သည်။ ကျွန်မသည်သားတော်တစ်ပါးဖွားမြင်လေသည်။ မင်းသားအရွယ်ရောက်သော် သာကီဝင်တို့ရဲ့တိုင်းပြည်ကို လက်ဆောင်ပဏ္ဍာများဖြင့် အလည်သွားလေသည်။ မင်းသားပြန်သွားသောအခါ သာကီဝင်တွေသည် ကျွန်မရဲ့သားထိုင်သွားတဲ့နေရာဟုဆိုကာ နွားနို့နှင့်ဆေးချသည်။ ထိုအချင်းအရာကို ပစ္စည်းမေ့ကျန်သဖြင့် ပြန်လာယူသောမင်းသာက မြင်သွားလေသည်။ မိမိတိုင်းပြည်ပြန်ရောက်သော် မိခင်ကိုလည်းမေး ငိုလည်းငို သာကီဝင်တွေကိုလည်း စိတ်နာမုန်းတီးပြီး အမျက်ထွက်ကာ စစ်ခင်းမည်ပြု၏။ မြတ်စွာဘုရားက စစ်မပြုဖို့သုံးကြိမ်တားပေမယ့်မရသော် ဉာဏ်ဖြင့်ဆင်ခြင်ကြည့်ရ ဘဝတစ်ခုတုန်းက သာကီဝင်တွေက ငါးတွေကို ရေထဲမှာအဆိပ်ခတ်သတ်သော ဝဋ်ကြွေးပေးဆပ်ရဖို့အချိန်တန်သဖြင့် ဘုရားလည်းမတားတော့ပေ။ မင်းသားလည်းသာကီဝင်နွယ်တွေကို ချေမှုန်းလေရာသာကီဝင်တွေအများအပြားသေကုန်ပြီး ထွက်ပြေးသူကထွက်ပြေးရာ မြန်မာပြည်နယ်ဘက်ကိုရောက်လာပြီး မြန်မာလူမျိုးအဖြစ်တည်ထောင်နေထိုင်သည်။ ထို့ကြောင့်မြတ်စွာဘုရားသည် မြန်မာလူမျိုးဖြစ်နိုင်သည်။ မြန်မာတွေသည်လည်း သာကီဝင်နွယ်တွေဖြစ်ပေသည်။ […]


koyin sithuSeptember 16, 20111min05
ကြည်လင်နေသော မိုးသားများသည် ညိုမည်းလာသောအခါ ကျွန်တော် လှိုက်ခနဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေမိသည်။ သက်ပြင်းတစ်ချက်ကို သိသိသာသာပင် ချလိုက်မိသည်။ စောစောက ညိုမည်းနေသော ကောင်းကင်မှ မိုးသည် ရုတ်တရက် ဝေါခနဲ ရွာချလိုက်ပြီး ကျွန်တော့် အသားများ ချမ်းလွန်းလို့ တဆတ်ဆတ် တုန်လာလေသည်။ ထိုစဉ်မှာပဲ ဦးနှောက်ထဲသို့ ဝါကျတစ်ကြောင်း ပြိုဆင်းသွားသည်။ “ငါဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး”။ နားခိုဖို့ အနီးတစ်ဝိုက်ကို ကြည့်လိုက်တော့ လုံခြုံစေဖို့ အမိုးအကာတစ်ခုမှ မတွေ့ရသဖြင့် ကျွန်တော် စိတ်ပျက်စွာ ခေါင်းကိုတစ်ချက်ရမ်းပစ်လိုက်သည်။ အနီးအနားတွင် ဘာသာစကားနားမလည်သဖြင့် ရေးထားသော ကုမ္ပဏီဟုထင်ရသည့် အီလက်ထရောနစ် အဆောက်အဦးများ၊ လူနေသီးသန့်ခြံဝင်းကြီးများ၊ ထိုင်းရိုးရာ စားသောက်ဆိုင်၊ ကလပ်များ (စသည်ဖြင့်) ချည်းသာ ဖြစ်သောကြောင့် ကျွန်တော် ဝင်ရောက် နားခိုးရန်မဖြစ်နိုင်ပါ။ လေပြင်းနှင့် […]


ကထူးဆန္းSeptember 15, 20111min012
၁၆-၂၂ စက်တင်ဘာ သတင်းပါ ။အမြင်များဖလှယ်နိုင်မည်ဟုယူဆူပါသည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်မည်ဟု ပြည်ထောင်စုဝန်ကြီးပြော   ဒီလုပ်ငန်းနဲ့ပတ်သက်လို့ နောက်မဆုတ်ပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ ဆက်လုပ်မှာလားလို့ မေးတာတွေရှိပါတယ်။ ဆက်လုပ်ပါမယ်။ ကုလသမဂ္ဂက ကန့်ကွက်ရင်ရော ဆက်လုပ်မှာလားလို့လည်း မေးတာတွေရှိပါတယ်။ ကုလသမဂ္ဂနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ဦးဇော်မင်း (အမှတ်-၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)   ဆန့်ကျင်ဘက်ကပြောနေကြတာတွေရော၊ ပြည်တွင်းပြည်ပကပြောနေကြတာတွေရော၊ အစိုးရ ဘက်က ပြောနေကြတွေအပေါ် ဘာမှမသိတော့ ဘယ်သူမှန်လည်း ပြောလို့မရဘူး။ သိရရင်တော့ လွှတ်တော်မှာ ပြောသင့်တာပြောသွားမယ်။ မြန်မာနိုင်ငံသားတွေကတော့ ဧရာဝတီကို ချစ်ကြတာပဲ။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)   မြန်မာ့မီးရထားလမ်း ကွန်ရက်စီမံကိန်းများ ဘတ်ဂျက်အရ အရှိန်တစ်ဝက်လျော့ လုပ်ကိုင်သွားမည် အရင်တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်မှူးကြီးက ဒါတွေကို […]


realmanSeptember 14, 20111min022
သင်္ဂါယနာတင်တယ်ဆိုတာ – – – – – ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်ဟု ယုံကြည်လက်ခံလို့ရသော တရား ဓမ္မများကို ရဟန်းသံဃာမထေရ်အများက သဘောတူ အတည်ပြု မှတ်တမ်းတင်သော အစည်းအဝေးလုပ်ငန်းဖြစ်ပါတယ်။ ဒီနေရာမှာ သဘောတူရမည့်သံဃာသည် တစ်ပါး၊ နှစ်ပါးတည်း မဟုတ်ရသလို လုပ်ပိုင်ခွင့် ရနေသော အစုအဖွဲ့ တစ်ခုတည်းလည်းမဖြစ်သင့်ပါ။ သင်္ဂါယနာတင် (အစည်းအဝေး) ပြုနေတဲ့ အချိန်အခါမှာ ရှိနေကြသော သံဃာအများ (သို့မဟုတ်) ဒီသံဃာအများက သဘောတူရွေးချယ်ထားသော သံဃာကိုယ်စားလှယ်အများစုရဲ့ သဘောတူညီသော (ဗုဒ္ဓဘုရားဟောကြားခဲ့ပါသည်ဟု လက်ခံ ယုံကြည်ရသော) တရားဓမ္မများကိုသာ အတည်းပြု မှတ်တမ်းတင်မှသာ သမာသမတ်ကျသော အစည်းအဝေး(သင်္ဂါယနာ )ဟု ဆိုရမည် ဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာသင်္ဂါယနာကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါ ယနာနှင့် ဦးနု ( ဖဆပလ ) အစ်ိုးရလက်ထက်တွင် […]


“ပေလေးပင် ရှင်လေးပါး”သို ့မဟုတ် “သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ကဗျာမှာ ရှင်သီလဝံသတည်း”ဟူ၍တနည်း “တောင်းက်ုမဖေါက် တောင်ကိုဖေါက်သည်၊စိန်ကျောက်အသွင်သီလဝံ” လို ့ပြောလိုက်တာနဲ ့ကျွန်မပြောမယ့်သူက ရှင်မဟာသီလဝံသ ဆိုတာသိရောပေါ့။ ဆရာတော် ညွှန်ပြခဲ့တဲ့တိုင်းပြည်အကျိုးစီးပွားဖွံ ့ဖြိုးစေတဲ့ အချက်(၇)ချက်ကို ဝေမျှလိုက်ပါတယ်။ (၁)သဘင်ညီလာခံမပြတ်စည်းဝေးခြင်း (၂)အမှုခပ်သိမ်း၌ ညီညွတ်မျှတခြင်း (၃)ပညတ်ဟောင်းကို ကျင့်မြဲကျင့်ခြင်း (၄)အသက်အရွယ်ကြီး သူကိုအလေးအမြတ်ထားခြင်း (၅)ရွာသူသမီးကို အနိုင့်အထက်မယူခြင်း (၆)ပြည်တွင်းပြည်ပ၌ရှိသော နတ်ဌာန်အရပ်တို ့ကိုမေတ္တာပို ့သမြဲပို ့သခြင်း (၇)ရဟန်းသင်္ဃာတို ့ကို စောင့်ရှောက်ခြင်း တို ့ဖြစ်ပါတယ်။ ဒီနေရာမှာ လွတ်လပ်စွာဆွေးနွေးဖလှယ်ကြခွင့်ရှိမယ်ထင်ပါတယ်။ ဘာလို ့လဲဆိုတော့ သဘင်ညီလာခံ မပြတ်စည်ဝေးတော့မယ်ဆိုရင် ခုလက်ရှိဖြစ်ပျက်နေတာနဲ ့ကြည့်ပါဦး။အမှတ်(၁)ဝန်ကြီးက စွမ်းအင်တွေပိုလို ့ရောင်းတာပါတဲ့။အမှတ်(၂)ဝန်ကြီးကပြောတော့ မြန်မာပြည်မှာ ကျေးရွာပေါင်းနှစ်သောင်းကျော်မှာ နှစ်ထောင်ကျော်ဘဲ လျှပ်စစ်မီးရပါသေးတယ်တဲ့။ဘယ်လိုလုပ်ကြမလဲ။တစ်ယောက်တစ်ပေါက်နဲ ့လွဲနေကြပါပီ။တိုင်းပြည်စည်ပင်ရေးအတွက်အဲဒီလောက်ထိ အတိုင်အဖေါက်ညီကြပါပေတယ်။ အသက်အရွယ်ကြီးရင့်သူ၊ရဟန်းသင်္ဃာတွေအပေါ်မှာ စောင့်ရှောက်သလားလို […]


Minn ZinSeptember 14, 20111min05
ထိုနည်းတူ မိုးရာသီတွင်လည်းရေအားလျှပ်စစ်ထုတ်ယူမှုကြောင့် ပုံမှန်ရေထုထည် စီးနှုန်းထက် လျှော့နည်းသွားမည်ဖြစ်ရာ သဘာဝရေကြီးကွင်း၊ ရေနက်ကွင်း ဧရိယာ များလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်ပါသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်ဆုံရာ သဘာဝ ရေနက်ကွင်းများ၊ ငဝန်မြစ်အနောက်ခြမ်းရေနက် ကွင်းများ စသည့်ဧရိယာများတွင် သဘာဝရေမရောက်တော့သဖြင့် ဆောင်းသီးနှံများ စိုက်ပျိုး နိုင်ခြင်း မရှိတော့၍အလုပ်လက်မဲ့ဖြစ်ကြပေတော့မည်။ သို့သော်မြစ်ဆုံတမံကြောင့် မိုးရာသီရေကြီးမှုအမြင့် လျော့နည်းသွားသဖြင့် မြစ်ဝကျွန်းပေါ်ရေဘေး ကာကွယ် ရေးတာတမံများအတွက် အသက်ရှုပေါက်ချောင်သွားနိုင်၏။ ဒါပေမယ့် သိပ်စိတ်ချ ၍တော့မဖြစ်သေး။ မိုးရွာခြင်း၊ရေကြီးခြင်း စသည်တို့မှာ ကျဘမ်းကိန်းစဉ် (Random Phenomena) များဖြစ်ကြ၏။ စာရင်းအင်းပညာ (Statistics) ဖြင့် တွက်ချက်၍ သဘာဝရေကြီးခြင်းကိုခန့်မှန်းနိုင်၏။ ယခုဤသို့မ ဟုတ်နိုင်တော့။ သဘာဝရေကြီး ခြင်းမဟုတ်၊ လူကလုပ်သည့် (Man-made) ရေကြီးခြင်းဖြစ်ရာ ခန့်မှန်းရန် ခက်ခဲသွား၏။ ရေကြီးပါက ဆည်အကျိုးမခံဘဲ […]


JUDGEMENTSeptember 14, 20111min032
ကျွန်တော်တို့ အခုလက်ရှိအချိန်မှာ ဘာသာရောသာသနာရောခုတုံးလုပ်ပြီး     သီလကြောင်ဘုန်းကြီးတွေကအသုံးချနေကြပါတယ်။ ပြောတော့မပြောချင်ပေမဲ့ ပြောရဦးမယ်။လမ်း(၉၀)က ဘုန်းတော်ကြီးကျောင်းတွေမှာ တော်တော်များများက ဘုန်းကြီးချဲဒိုင်တွေလေ။ တစ်ချို့ကဒိုင်နဲ့ပေါင်းတယ်။တစ်ချို့က ဒိုင်အတွက် ဘိ လုပ်ပေးတယ်။ ကဲ မကောင်းလား။ အများကြီးပါ ။ ဥပမာပြောရရင် – ပုဂံတိုက်  ဗျာ။ ထီးလင်းတိုက်   ဗျာ။နောက်ပြီး  စကုတိုက် စသဖြင့် အများကြီးဗျာ။ရဲတွေကလည်းသိသိကြီးနဲ့ ကိုနေနေကြတာပါ။ ဒီကြားထဲ ဒိုင်တွေက သူတို့ဖမ်းခံရရင် ကလေးတွေကို သိန်း(၃၀) ၊ (၄၀) ပေးပြီးထောင်ထဲကိုဝင်ခိုင်းတယ်။သူတို့အခေါ်လူစားလဲတယ်ပေါ့။ ဒါတွေကို လွှတ်တော်ကရောသိကြရဲ့လား။လူကြားကောင်းယုံလောက်တော့ပြောတတ်တာပေါ့နော။ ကြက်တူရွေးတောင်စာအံသင်လို့ရသေးတာပဲနော။ ဟုတ်ပ ။  တို့အမျိုး    –  တို့ ဘာသာ –   တို့  သာသနာ့အရိပ်အောက်မှာ ကြီးပွားချမ်းသာနေသူတွေပါ။ နောက်ပြီးတော့  အရက်သောက်တဲ့ ဘုန်းကြီးတွေ ၊ ဖဲရိုက် ၊ ရည်းစားထားနဲ့ […]


    ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲမှာ ရခိုင်ပါတီကနေ အရွေးခံလိုက်ရတဲ့ ပေါက်တောမြို့နယ် လွှတ်တော်အမတ် ဦးအောင်ကျော်ဇံကို မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမတ်အဖြစ်ကနေ ပယ်လိုက်ပြီး ပြိုင်ဖက် ကြံဖွတ် လွှတ်တော်အမတ်နဲ့ အစားထိုးလိုက်ပါတယ်။ ဦးအောင်ကျော်ဇံသည် မဲပေါင်းသုံးသောင်းကျော်ရခဲ့ပြီး ကြံ့ဖွတ် အမတ်ကတော့ တသောင်းကျော်ပဲ ရခဲ့တာပါ။ ဘယ်သူလိမ်သလဲ ဒီတချက်ထဲနဲ့တင် သိနိုင်ပါပြီ။ ဟိုဖက်ကမဲ တသောင်းကျော် တကယ် ရခဲ့သလား ဆက်စဉ်းစားဖို့ မလိုတော့ပါဘူး။ အမှန်အတိုင်း ပြောရရင် လွှတ်တော် အမတ်ထိုင်ခုံပျောက်၊ နေရာအလုခံရတာ စိတ်မဝင်စားပါဘူး။ မလုပ်ပါနဲ့လို့ တားတဲ့ကြားက လုပ်ခဲ့တာကိုး။ ဟိုတုန်းက လွှတ်တော်တွင်း နိုင်ငံရေးလုပ်မယ်ဆိုသူ အတိုက်အခံများ ပြောခဲ့တာ ပေးထားတဲ့ ဘောင် အတွင်းက တိုက်ယူမယ်။ အချင်းချင်း ညီညီညွှတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမယ်၊ လေကြီးမိုးကြီး ပြောခဲ့တာ […]