မြန်မာတွေရဲ့ ရွှေတိဂုံ လား

kokoSeptember 5, 20111min014

ဖြစ်နေတွေ့နေတာတော့ကြာပါပြီ။ ဒါပေမယ့်အခုမှ  ပြောဖြစ်တာပါ။ ပြီခဲ့တဲ့ စနေက နယ်က အမျိူးတွေ

ရောက်လို့ ဘုရားတွေလိုက်ပို့ပါတယ်။  နေ့လယ်၂ နာရီလောက် တော့မြန်မာပြည်ရဲ့ အထင်ရှားဆုံးရွှေတိ

ဂုံ ဘုရားကိုသွားဖူးပါတယ်။ အမျိူးတွေ ကလေးတွေနဲ့တပျော်တပါကြီးပေါ့ ။တောက်ဘက်မုဒ် ကဝင်ဖြစ်

ပါတယ်။ ဓါတ်လှေခါး စီးမယ်ပေါ့။ကျွန်တော်က ကားပါကင်ထု်ိးနေလို့ကျန်ခဲ့ပါတယ်။  သူတို့ကရှေ့က

သွားကြပါတယ်။တောင်ဘက်မုဒ်က  ဝင်ပေါက်နှစ်ခုရှိပါတယ။် တော်တော်များများသိကြမှာပါ။ ကျွန်

တော်တ်ို့ကတော့ဘေးပေါက်ဝင်နေကြပါ။ အရှေ့ပေါက်ကနိုင်ငံခြားသား နဲ့vip တွေပဲ ဝင်လို့ ရတယ် ထင်လို့ပါတယ်။ ကျွန်တော် အမျိုးတွေက ခတ်တည်တည်နဲ့  ရှေ့ပေါက်ကဝင်သွားပါတယ်။

ဒါနဲ့ကျွန်တော်လဲ အလယ်ပေါက်လိုက်ဝင်သွားပါတယ်။ အဝင်ဝ ကြတော့ ဝန်ထမ်းတစ်ယောက်က

လှမ်းမေးပါတယ် နိုင်ငံခြားသားပါလားတဲ့။ ကျွန်တောလဲမပါဘူးပေါ့ ။သူလဲဘာမှမပြောတော့ပါဘူး။

ဒါနဲ့အထဲဝင်သွားပါတယ်။ ဟိုဘက်ဘေးပေါက်မှာတော့ ကျွန်တော်တ်ို့ မြန်မာတွေ တိုးဝေ့ တန်းစီပြ်ီး

ဓာတ်လှေခါးထဲ ဝင်ဖို့ကြိုးစားနေပါတယ်။မြန်မာပြည်ကရွှေတ်ိဂုံ  ဘုရားကို မြန်မာတွေ လာဖူးတာ

ဒီလိုပဲဖြစ်ရသလားဗျာ။အလယ်ပေါက်ကတော့ကျယ်ကျယ်ဝန်းဝန်း ပေါ့ ကြမ်းတွေဘာတွေလဲပြောင်

လို့ပေါ့။ ကျွန်တော်ကတော့န်ိုင်ငံခြားသိပ် မရောက်ဖူးတော့ သူများနိုင်ငံတွေ လဲ ဒီလို ပဲလား။

သိတဲ့လူများပြောပါလားနော်။

14 comments

  • ကြောင်ကြီး

    September 6, 2011 at 11:04 am

    သယ်….နင်ရော ဒေါ်လှ မလိုချင်ဘူးလား…..။

    Reply

    • kai

      September 6, 2011 at 11:21 am

      ကြည့်ရတာ.. ဂေါပကတွေလည်း.. “မစ္စတာမောင်ကျပ်” မကြိုက်ကြဖူးထင်တယ်..။
      ပြောရရင်.. လူတွေလည်း.. ဘုရားပြလုပ်စားနေကြတာများလှပြီ..။
      အဲ..
      ဘုန်းကြီးတွေရောပေါ့..။ 🙂

      Reply

  • char too lan

    September 6, 2011 at 11:30 am

    သေချာတာပေါ့ တော်တော်ကိုများနေပီ ကျိုက်ထိရိုးဆို သာလွန်ဆိုးပဲ ………..
    တကယ်စိတ်မကောင်းဖြစ်ရတယ် 🙁

    Reply

    • etone

      September 6, 2011 at 2:47 pm

      ကျိုက်ထီးရိုးဆိုလို့ … ဘုရားလှူ ၊ လှေခါးလှူ၊ ရေအိုးတွေ ၊ ခေါင်းလောင်းတွေ ၊ ကျောက်ပြားတွေ … လှူ ထားတာတွေ ရှိသေးတယ်… ဟုတ်မဟုတ်သွားပြန်ကြည့်ရဦးမယ် … မဟုတ်လို့ကတော့ .. အင်ဗွိုက်ကိုင်ပြီး ကွိုင်သွားရှာလိုက်ဦးမယ် …ပြီးရင် ရွာထဲမှာ ပြန်ဖွမယ်.. 🙄

      Reply

  • မီးမီး သော်

    September 6, 2011 at 12:26 pm

    ဟုတ်တယ်နော် နိုင်ငံခြားသားမှာခေါင်းဘယ်နှစ်လုံးများအပိုပါသလဲ မသိဘူး။ဘီလူးအနွယ်ဝင်တွေရှိပါတယ် ရွာထဲမှာ မေးကြည့်ဦးမှာပါ။

    Reply

  • mgmglusoe

    September 6, 2011 at 12:43 pm

    နေရာ အနှံ့ အဆင့်အတန်း ခွဲခြား နေကြလေတော့… မြင်နေတွေ့နေရတာ
    ကျက်သရေ တုန်းပဗျာ…။ တန်းတူ အခွင့်အရေး က ဟိုး အဝေးကြီးမှာ.*…။ 😳

    Reply

  • pan pan

    September 6, 2011 at 12:56 pm

    ကိုယ့်နိုင်ငံက ထွက်သမျှပစ္စည်း
    ခုကျတော့ ကိုယ့်နိုင်ငံက စေတီတောင် တန်းတူမဖူးရပါကလားနော်
    နိုင်ငံခြားသားဆို အက်ဖ်အီးစီနဲ့ပေးရတယ်ဆိုပဲ
    အက်ဖ်အီးစီမပါရင် မြန်မာငွေနဲ့ အလိုက်ပေးရတယ်
    အရင်တလောကတော့ ၁၀၀ဝနဲ့ဖြတ်တာပဲ

    Reply

  • lusoegyikoko

    September 6, 2011 at 2:59 pm

    အိတုန်ရေ လှူ ပြီးရင်တော့ ရေစက်သာချလိုက်တော့ သူတို့ အပြစ်သူတို့ ခံလိမ်မယ်။တကယ် လှူ တာမလှူ
    သူတို့အပိုင်း ပဲပေါ့နော်။ နို့မို့ဆို ကိုယ့် ပိုက်ဆံနဲ့ ကိုယ် အကုသိုလ် ရနေဦးမယ်။

    Reply

    • etone

      September 6, 2011 at 3:44 pm

      အင်း .. ဟုတ်တော့ဟုတ်ပါတယ် … သို့သော် မတရားတာကို ဒီအတိုင်း ငြိမ်မခံချင်တဲ့ စိတ်နဲ့ မို့ သိချင်မိတာ .. ။ သူတို့က ကျွန်မတို့ကိုလည်း အလှူခံတခြား လူတွေကိုလည်း အလှူခံဆိုလျှင် .. ဒါအလှူကိုဗန်းပြပြီး .. စီးပွားရှာသလို ဖြစ်နေတော့တာပေါ့ … ။ ပြောမဲ့သာ ပြောတာပါ … ကျိုက်ထီးရိုးတောင်ပေါ်တက်ရတဲ့ ကား လုတတ်ရတဲ့ ဒဏ်မုန်းလွန်းလို့ … မသွားဖြစ်ဘူး .. တနှစ်ကျော်ပြီ 🙄

      Reply

      • MaMa

        September 7, 2011 at 6:49 am

        ထောက်ခံတယ် အီတုံးရေ။ ကျိုက်ထီးရိုးတော့ သွားချင်ပါရဲ့။ ကားလုတက်ရတာ၊ တည်းခိုခန်းတွေ ဈေးအရမ်းကြီးတာနဲ့ ဒီနှစ်တောင် မသွားဖြစ်ဘူး။ ကိုယ်ကလည်း ပိတ်ရက်တွေချည်းပဲ သွားတာကိုး။
        အဲ ဒါပေမယ့် မတူတဲ့အတွေးနဲ့ ရေးရမယ်ဆိုရင် ထိုင်းမှာလည်း မြဘုရားကို နိုင်ငံခြားသားတွေအတွက် ဝင်ပေါက်သပ်သပ် သူ့နိုင်ငံသားတွေအတွက် သပ်သပ်ထားတာပဲ။ ဒါမျိုးတွေက ရှိတတ်ပါတယ်။

        Reply

        • etone

          September 7, 2011 at 11:11 am

          မမရေ .. ကျိုက်ထီးရိုးကတော့ ဟယ်ရီကော်ပလာနဲ့ သွားလို့ရလျှင် သွားလိုက်ချင်ပါရဲ့ … အဲ့ဒီတောင်တက်ကားပေါ်တက်ရဖို့အရေ း .. ကုတ်ဖဲ့ လုယှက်ပြီး တက်ရတာ .. အတော်ဆိုးတယ် … ။ ပြီးတော့လည်း … ထီးထိုးလျှင်သာ ပေါက်ချင်ပေါက်မယ် … ကားခေါင်းခန်းက စီးရဖို့ … နေရာမရဘူး …. နောက်ခန်းကလည်း .. သစ်သားတွေ တန်းထားတာ .. လူပိန်ပိန် တစ်ယောက်ထိုင်မယ်ဆိုလျှင်တောင် … ဒူးချိုးရတာ အဆင်မပြေဘူး.. သူများဖင်ကို ကိုယ့်ဒူးက သွားထိုးမိသလို ..ကိုယ့်ကိုလည်း နောက်ကလူက ဒူးနဲ့ ထိုးမိနေတယ် .. ဒီကြားထဲ ကားက ဟိုယိမ်း ဒီယိမ်း .. .နေကပူ .. အာ… တကယ့်ကို ဓါတ်ပေါက်တယ် … 🙄

  • manawphyulay

    September 7, 2011 at 11:14 am

    ဟုတ်ပါတယ်။ နိုင်ငံခြားသား သီးသန့်အပေါက်ဖြစ်ပါတယ်။ နိုင်ငံခြားသားက ပိုက်ဆံပေးရတယ်လေ…. မြန်မာတွေကတော့ ဖိနပ်တစ်ရံ ၅၀၊ ၁၀ဝ နဲ့ အပ်ခထားခဲ့ရတာပဲရှိပါတယ်။

    Reply

  • hmee

    September 7, 2011 at 1:42 pm

    ကျိုက်ထီးရိုးကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။ တချို့ဘုရားတွေဆို ဝင်ပြီးတောင် မဖူးရဲသလောက်။ အလှုခံမှ မဟုတ်ပဲ အေးဓမြတိုက်တာ။ ကျောက်ထပ်ကြီးဘက် သွားကြတော့ အငယ်မက မောလို့ ခဏဝင်ထိုင်တာ အမ ရော့ရော့ ရေကပ်လိုက်၊ ပုဝါဆက်လိုက်ဆိုပြီး လာပေးတော့ ဘုမသိဘမသိ ပြောတဲ့အတိုင်း လုပ်တယ်တဲ့။ ဘုရားဦးချပြီး ပြန်ထွက်မယ် လုပ်တော့မှ အမ (၇၀၀၀)ကျတယ် တောင်းလို့ ရန်ဖြစ်ရပြီး မကျေမနပ်နဲ့ ပေးခဲ့ရတယ်။ ဒေါသထွက်တာတော့ ပြောမနေပါနဲ့။ နောက် ဘုရားမှာ ဓါတ်ပုံရိုက်မလား အတင်းလိုက်မေးတာ၊ ကင်မရာခွံဆောင်ရတာတွေ မရှိသင့်တော့ဘူး။ ဒီမှာတော့ ဘယ်နေရာမှ ဝင်ကြေးမရှိဘူး။ နိုင်ငံသား ၊နိုင်ငံခြားသား အားလုံး အခွင့်အရေး အတူတူပဲ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 7, 2011 at 2:10 pm

    ဪ…………..လူဒွေလူဒွေ
    လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့
    ဘုရားကို သဒ္ဒါနဲ့ရွှေချပူဇော်ကြတော့လည်း
    အုပ်ခဲပုံရွှေချမယ့်အစား ဆေးရုံဆောက်မယ်ကျောင်းဆောက်မယ် လုပ်ဒယ်
    နောက်ပြီး ပုဂံဘုရားတွေကို
    ဒို့ ဗိုလ်ချုပ်မှူးကြီး ဘဘကြီး ဆင်ဖြူများရှင် ဘုရင့်နောင်အနော်ရထာ ရဲ့ မျိုးဆက်သစ်
    ဦးသန်းရွှေ သဒ္ဒါနဲ့ ပြုပြင်တဲ့အခါကြတုန်းကတော့
    ရှေးဟောင်းအဆောက်အဦးတွေကိုဘာမှနားမလည်ဘဲ ဖျက်ဆီးပြစ်တယ် ဦးနှောက်မရှိဘူး
    ဒါတွေက ရှေးဟောင်းယဉ်ကျေးမှု့အမွေအနှစ်တွေအဖြစ်ထားရင်
    နိုင်ငံခြားသားတွေကိုပြစားလို့ရတယ်ဆိုပြီးပြောကြတယ်
    ခက်ဒယ်ခက်ဒယ်
    သိပ်ခက်ဒယ်

    Reply

Leave a Reply

Your email address will not be published.