မြန်မာစာ စကား ရေးရာမှာ အထားအသို မတတ်ရင် သောက်တလွဲ ဖြစ်တတ်တာကြီးးး လူတိုင်း ရိပ်မိလောက်ရောပေါ့။ ပြော- မပြောချင်တော့ပေါင်။ . . . . . မပြောချင်ပေသိ ပြောပါအုန်းမယ်။ :k: သက်သေအနေနဲ့ ပြောစရာ တစ်ခု တွေ့ခဲ့လို့ ပြောပါရစေဦး။ ရန်ကုန်-မန္တလေး အမြန်လမ်းမအစ- အမှတ်၃လမ်းဆုံ(ထောက်ကြန့်မြို့အထွက်)နားမှာလည်း အောက်ပါ ဆိုင်းဘုတ်ကို မြင်နေရပါပြီ။ ပြထားတာ သိပ်တော့ မကြာသေး။ အခု ပုံက ပြည်မြို့ နဝဒေးတံတားခ- ကောက်ခံရေးစခန်းမှာ ထပ်တွေ့လို့ ရိုက်ယူခဲ့တာ။ ”ရှေ့မှယာဉ်သည် နောက်ယာဉ်အား ကျော်တက်ရန် အချက်ပြမီးဖြင့် မပြပါနှင့်” တဲ့။ ဆိုတော့. . . ရှေ့ကားက နောက်ကားကို ဘယ်လိုများ ကျော်တက်မှာပါလိမ့်ပေါ့။ ”ရှေ့မှ ယာဉ်သည် […]


Supercalifragilisticexpialidocious ဟူသော အင်္ဂလိပ်ဘာသာစကား၏ အရှည်လျားဆုံး ဝေါဟာရတွင် စာလုံးပေါင်း ၃၄ လုံးပါရှိသည်။ ယင်း ဝေါဟာရကို ၁၉၆၄ ခု၊  Mary Poppins ဒစ္စနေ ဂီတရုပ်ရှင်တွင် စတင်တီထွင် သုံးစွဲခဲ့ရာမှ ကမာ္ဘတစ်ဝှမ်း ရေပန်းစားလာခဲ့သည်။ ထိုသီချင်း၏ တေးရေးဆရာမှာ Sherman Brothers ဖြစ်ပြီး သီဆိုသူမှာ Julie Andrews နှင့်  Dick Van Dyke တို့ဖြစ်သည်။ တေးသွားလေးကား ချစ်စရာ။ Supercalifragilisticexpialidocious. Even though the sound of it is something quite atrocious, if you say it loud enough you’ll always sound […]


နိုင်ငံ့အကြီးအကဲတစ်ယောက်ရဲ့ပုံရိပ်ကို အသုံးပြုလျက် အလှူခံခြင်း အလှူပြုုခြင်း ထုတ်ကုန်ကြော်ငြာခြင်း ကုန်ပစ္စည်းများထုတ်လုပ်ခြင်း(ယပ်တောင် အကျႌ အစရှိ) စသည့်လုပ်ငန်းစဉ်များကို မိမိတို့သဘောဆန္ဒအလျောက် ပြုလုပ်ခွင့်ရှိပါသလား   (နိုင်ငံအသီးသီးရောက် ရွာသူ/သား များရဲ့ ဗဟုသုတကို သိမ်းဆည်းမှတ်သားချင်ယုံသက်သက်ပါ)


                        ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း ———————————- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က “ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ “ဘာသာပြန်သူဟာ အမှားပေါင်း […]


ကျွန်မအမျိုးသားဟာ သူ့အလုပ်ထဲမှာဝန်ထမ်းတွေထပ်ခန့်ဖို့လိုအပ်တိုင်း ဘယ်ရာထူး၊ဘယ်တာဝန်အမျိုးအစားကိုခန့်အပ်ဖို့ခေါ်တယ် လျှောက်လွှာများလာရောက်ထုတ်ယူနိုင်တယ်ဆိုပြီး ကြေငြာလိုက်တယ်။ လက်ရှိမြို့ပေါ်ကကော၊နီးစပ်ရာရွာလေးတွေကပါလာလျှောက်ကြတယ်။ အင်တာဗျူးတယ်။(အင်တာဗျူးတဲ့အခါ ကလေးတွေရဲ့အပြင်ဗဟုသုတဟာ အကုန်အတူတူနီးပါးအားနည်းကြတယ်လို့လည်းသိရတယ်။ ဘာသင်တန်းမှတက်ထားတာမရှိကြလို့ အလုပ်ဝင်ပြီးမှ ကျွန်မဘက်ကတစ်တပ်တအားပရဟိတအနေနဲ့ကွန်ပျူတာ့သင်ပေးခဲ့ရတာမျိုးရှိတယ်။) ဘယ်ဝန်ထမ်းကိုမှ ဘယ်နေရာအတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး ဌာနဆိုင်ရာတွေရဲ့ထုံးစံတွေ၊ကြေးသတ်မှတ်တာတွေ၊မသမာမှုတွေ တစ်ခုမှလက်မခံပဲ အားလုံးတန်းတူလျှောက်လွှာတွေကိုူတင်ပေးတယ်။ အရည်အချင်းတွေတန်းတူနီးပါးထဲမှာမှ မရှိနွမ်းပါးပုံရပြီး တစ်ခြားဌာနတွေမှာဝင်ကပ်ဖို့မလွယ်လောက်သူတွေပိုငဲ့ပေးတယ်။   အခုနှစ်ကျွန်မညီမအငယ်ဆုံးလေးဘွဲ့ရတယ်။ကွန်ပျူတာလည်းတက်ထားတယ်။ အစိုးရအလုပ်အတွက်လိုက်စုံစမ်းတော့ ဘယ်နေရာဘယ်လောက်၊ဘယ်ဌာနဘယ်လိုအကပ်နဲ့မှ ဆိုတာချည့်ဖြစ်နေတယ်။ ကျွန်မတို့ကိုယ်တိုင် တကယ်ဝမ်းကျောင်းဖို့အတွက်အလုပ်လိုချင်လွန်းလု့ိလာလျှောက်တဲ့သူတွေအပေါ် ရေနစ်သူဝါးကူထိုးလိုစိတ်အလျဉ်းမရှိတာမု့ိ ကိုယ့်ဖက်လည်း ပေးကမ်းပြီးဝင်ရမယ်ဆိုတာမျိုးကိုမလုပ်စေချင်ပါ။ အဲ့လိုမလုပ်ပါဘူးဆိုပြီးလမ်းရိုးအတိုင်းအလုပ်လိုက်လျှောက် ထောက်ခံစာပေါင်းစုံ၊အင်တာဗျူးစာမေးပွဲစုံအတွက် အချိန်ကုန်၊ငွေကုန်၊လူပမ်းအဖက်တင် ကိုယ့်လျှောက်လွှာချောင်ထိုးခံရမှာသိသိကြီးနဲ့ပဲဆက်ကြိုးစားနေရမလား။ ကျွန်မညီမအတွက် ကျွန်မကိုယ်တိုင်လည်းလမ်းမညွှန်ပေးတတ်တော့ပါဘူး။


alinsettFebruary 28, 20172min03
“ကျုပ်ဟာ လောကအတွက် အလင်းရောင်ကို နှစ်ပေါင်းများစွာ လိုက်ရှာရင်း ခုလို ခါးကုန်းခဲ့ရတာပါ” ဟု ခါးကုန်းနေသော အဘိုးအိုက ဆို၏။ “ဟော အခုတော့ အောင်မြင်ပါပြီ၊ လောကကြီးအတွက် ကျုပ် အလင်းထွန်းညှိပေးနိုင်တော့မယ်” သူ့လက်ထဲမှ ဖယောင်းတိုင်ကို ကိုင်မြှောက်ပြရင်း ပြောခြင်း ဖြစ်၏။ ဖယောင်းတိုင်မှာ အလင်းထွန်းညှိရန်လည်း ပြင်သည်။ ခက်သည်က သူ့ဖယောင်းတိုင်ကလည်း သူ့လိုပဲ ခါးကြီး ကုန်းနေလေပြီ။ (ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း၊ ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခါးကုန်းကြီး”အမည်ရှိ ဝတ္ထုတို) —————————————————— ထိုဝတ္ထုတိုကလေးထဲမှ ခါးကုန်းကြီးလိုပင်… ကျွန်တော်တို့ တိုင်းပြည်မှာလည်း တိုင်းပြည်အတွက် လင်းချင်းတောက်ပစေချင်စိတ်ဖြင့် အလင်းကို ရှာဖွေပေးနေသည့် ခါးကိုင်းလုလု အမယ်အိုကြီးတစ်ယောက် ရှိလေသည်။ အမယ်အိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဒုက္ခဆင်းရဲ အကျပ်အတည်းများစွာ… အချိန်များစွာ […]


alinsettFebruary 20, 20171min02
”ထောင့်ချိုး” __________ | | | | | ”ဒါ ဘာလဲ” ထိုမေးခွန်းကို တစ်ယောက်က ဖြေ၏။ ”အဲဒါ မျဉ်းကွေး၊ မျဉ်းကောက်တစ်ကြောင်းပေါ့” နောက်တစ်ယောက်က ထပ်ဖြေသည်။ ”အဲဒါ နိုင်းမြစ်ပဲ၊ သူ့နောက်ခံကားက ကမ႓ာ့မြေပုံ မဟုတ်လား” ဖြေဆိုသူ နှစ်ဦးစလုံး သူ့ထောင့်မှသူ မှန်ကြပါသည်။ သို့သော်. . . | | | | | | | | |___________________ တာရာမင်းဝေ *ကျွန်တော် တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ စာအုပ် (၁၉၉၇၊နိုဝင်ဘာ)မှ * | | | | | | | | | | […]


alinsettFebruary 15, 20173min09
ပေါ်တင်ပဲဟေ့ ဆိုတာ မဲဆွယ်မလို့ :k:   မဲ မဆွယ်ခင် ဝတ္ထုတိုလေးတစ်ပုဒ် အရင် ဖတ်ပေးပါခင်ဗျ   ———————————————-       “တောက်… မီး ဖို မရလို့ ချမ်းရတဲ့အထဲ ဒီကျောက်ခဲကြီးကလည်း အေးစက်စက်နဲ့… သွားကွာ… ” ထိုသူက သူ့နံဘေး မြေပြင်မှ ကျောက်ခဲကြီးကို ဆွဲယူ လွှင့်ပစ်ရန် ပြင်လိုက်သည်။ “ဟာ … မလုပ်နဲ့လေ” အဖော်ဖြစ်သူက တား၏။ ပြန်မေးလိုက်သည်။ “ဒီ ကျောက်ခဲ အေးအေးကြီးက မီးခတ်ကျောက် ဖြစ်မလာနိုင်ဘူးလို့ ခင်ဗျား ပြောမလား” တောချောက်သံများပင် ခေတ္တ ငြိမ်သက်သွားလေသည်။ (ဝတ္ထုတို အမည် – ခရီးသည်များ ဝတ္ထု ရေးသားဖန်တီးသူ – တာရာမင်းဝေ ၁၉၉၇၊ […]


kaiFebruary 4, 20179min013
Steve Bannon: ‘We’re going to war in the South China Sea … no doubt’ Wednesday 1 February 2017 22.55 EST The United States and China will fight a war within the next 10 years over islands in the South China Sea, and “there’s no doubt about that”. At the same time, the US will be in […]


alinsettJanuary 26, 20171min05
“ကိုယ်တွေက အပုပ်နံ့ ခံရလွန်းလို့ အသားကျနေပြီ” —————————————– အဟမ်းးးးး ပြောပြီဗျို့။ Dအစိုးရနှယ်, ကိုယ်တွေရဲ့ နေသားတကျ လူနေမှုဘဝကလေးကို ဖျက်လိုဖျက်ဆီး လုပ်ရက်တယ်ဗျာ။ ကိုယ်တွေက လမ်းဘေးမှာ တဲထိုးပြီး ကျူးကျော်အဖြစ်နဲ့ နေသားကျနေပြီ။ ဒါကို စာရင်းတွေကောက်ပြီး အိမ်တွေယာတွေ စီစဉ်ပေးဖို့လုပ်တယ်။ ဒီလို လမ်းဘေးမှာ အသားတကျနေ နေကြတာကို မကျေနပ်လည်း အရင်အစိုးရလို ဘော်ဒူဇာနဲ့လာထိုးပါတော့လား။ အခုတော့. . .ဗျာ။ သူတို့လုပ်တာနဲ့ပဲ လမ်းဘေးမှာ သာသာယာယာနေနေတဲ့ကျူးကျော်တွေ အိမ်နဲ့ယာနဲ့ ဖြစ်ကုန်တော့မယ်။ Dအစိုးရ မကောင်းဘူးဗျာ။ ———————————- ကိုယ်တွေက ကွမ်းတံတွေးတွေ တပျစ်ပျစ် ထွေးထားတဲ့လမ်းပေါ်မှာ လျှောက်ရတာ နေသားကျနေပြီ။ တစ်ခါတစ်ခါဆို ကားပေါ်ကနေ ဗျစ်ခနဲထွေးချသွားတဲ့ ကွမ်းတံတွေး- ထွေးသူတွေကြောင့် စိတ်တိုကြ ဒေါသထွက်ကြ ရန်တွေ ဖြစ်လိုက်ကြနဲ့ […]


alinsettJanuary 23, 20171min06
“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ‌အထက်ပါ link ကတော့ ”မပြန်လမ်းတဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…”ဆိုတဲ့ အမည်နဲ့ အမြန်လမ်းအကြောင်း ပွစိပွစိနည်းနည်း ပြောထားတဲ့ပိုစ့် ဖြစ်ပါတယ်။     အဲ့ဒီပိုစ့်ကို ရေးတုန်းက နိုဝင်ဘာ ၂၂/၂၀၁၆ ။ အဲဒီပိုစ့်ထဲမှာ အမြန်လမ်းရဲ့ အလယ်က လမ်းအလယ်ကျွန်းကြီးဟာ မလိုအပ်ဘဲ သိပ်ကြီးပြီး ကျယ်နေလွန်းတယ်လို့ ကျနော် ဝေဖန်ခဲ့ပါတယ်။                                               […]


အင်း သားက မန်းဘာအသစ်လေးပါခင်ည… ဘာရယ်ဟုတ်ဘူး.. အဟောင်းတွေကို မေ့ထားချင်ပေမယ့် စိတ်ထဲသတိရနေတယ်…. ဘာရယ်ဟုတ်ဘူး.. သတင်းအတိုအထွာတွေ ဂျာနယ်ဖိုးအကုန်ခံပြီးတင်တတ်တဲ့ ဟိုလူဂျီးကို သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. လစ်ဘရယ် လစ်ဘရယ်နဲ.အော်အော်နေတဲ့ ဝိတ်နဲ.ဖိတတ်တဲ့ ဟိုဖက်တီးကြီးကို သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. ဟာသပါကွာဆိုတဲ့ ဦးကျော်ဟိန်းကြီးကိုလဲ သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး… လည်ကတုံး နဲ. ပုဆိုးအမြဲတမ်းဝတ် သူကိုသူ လူပျိုကြီး ဆိုတဲ့ လူကြီးကို လဲ သတိရနေတယ်… ဘာရယ်ဟုတ်ဘူး… မျက်မှန်လေးပင့်ကာပင့်ကာနဲ. ယောင်္ကျားပဲယူတော့မယ့် လွှတ်တော်ထဲ သွားသွားအိပ်တဲ့ လူကြီးကို သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး.. ကင်မရာတွေ လွယ်လွယ်ပြီး ဟန်ရေးပြတတ်တဲ့ လူကြီးတွေကို သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး… ပွဲတိုင်း အုပ်ထိန်းသူပါပါလာလို. ဖွန်းမကြောင်လိုက်ရတဲ့ အချောအလှလေးဒွေဂိုလဲ သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. ပွဲတိုင်းကျော်တဲ့ ဟိုအိုကြီးအိုမ အရမ်းတက်ကြွတဲ့ […]


weiweiJanuary 19, 20171min014
ဒီနေ့ အဖျားသွေးနဲနဲရှိပြီး ခေါင်းကိုက်နေတာနဲ့ ရုံးအလုပ်တွေ ခဏဖယ်ပြီး ဖဘပေါ်လျှောက်ကြည့်ရင်း ရေးစရာတွေပေါ်လာတယ်။ ဦးဆာ အစပျိုးပေးလို့ YBS နဲ့ ပက်သက်တဲ့ အမြင်တစ်ချို့ပါ .. တစ်ချို့ဆိုတာ တကယ့်ကိုတစ်ချို့ပဲနော် .. အများအမြင်လို့ မယူဆစေလိုပါ ..   ကျွန်မတို့ရုံးမျာ YBS ပြောင်းလဲမှုကြောင့် အဆင်မပြေဖြစ်ရတဲ့သူတစ်ဦး ရှိလာချိန်မှာ ကြားရတဲ့ အမြင်တစ်ချို့ .. သူက အရင်က တစ်ဆင့်စီးရုံနဲ့ ရောက်ပါတယ် .. ဒါတောင် တစ်နာရီခွဲလောက် ကားပေါ်မှာနေရတယ် .. ဂိတ်စလိုနေရာကနေစီးတာမို့လို့ ထိုင်စီးလို့ရခဲ့တယ် … အခု ကားနှစ်ဆင့်ဖြစ်သွားတယ် .. ပထမအဆင့်ကားက ကားသေးတွေဖြစ်သွားလို့ နေရာမရတော့ပါဘူးတဲ့ .. မတ်တပ်ရပ်ပြီးစီးရတယ် .. နောက်တစ်ဆင့်ပြောင်းတော့လဲ အတင်းလုတက်ရပြီးနေရာမရလို့ မတ်တပ်ပဲဆိုတော့ တစ်နာရီခွဲအချိန်အားလုံးမတ်တပ်စီးရတယ် .. […]