လမ်းရိုးလား၊ ထုံးစံလား

ကျွန်မအမျိုးသားဟာ သူ့အလုပ်ထဲမှာဝန်ထမ်းတွေထပ်ခန့်ဖို့လိုအပ်တိုင်း

ဘယ်ရာထူး၊ဘယ်တာဝန်အမျိုးအစားကိုခန့်အပ်ဖို့ခေါ်တယ် လျှောက်လွှာများလာရောက်ထုတ်ယူနိုင်တယ်ဆိုပြီး ကြေငြာလိုက်တယ်။

လက်ရှိမြို့ပေါ်ကကော၊နီးစပ်ရာရွာလေးတွေကပါလာလျှောက်ကြတယ်။

အင်တာဗျူးတယ်။(အင်တာဗျူးတဲ့အခါ ကလေးတွေရဲ့အပြင်ဗဟုသုတဟာ အကုန်အတူတူနီးပါးအားနည်းကြတယ်လို့လည်းသိရတယ်။

ဘာသင်တန်းမှတက်ထားတာမရှိကြလို့ အလုပ်ဝင်ပြီးမှ ကျွန်မဘက်ကတစ်တပ်တအားပရဟိတအနေနဲ့ကွန်ပျူတာ့သင်ပေးခဲ့ရတာမျိုးရှိတယ်။)

ဘယ်ဝန်ထမ်းကိုမှ ဘယ်နေရာအတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး

ဌာနဆိုင်ရာတွေရဲ့ထုံးစံတွေ၊ကြေးသတ်မှတ်တာတွေ၊မသမာမှုတွေ တစ်ခုမှလက်မခံပဲ အားလုံးတန်းတူလျှောက်လွှာတွေကိုူတင်ပေးတယ်။

အရည်အချင်းတွေတန်းတူနီးပါးထဲမှာမှ မရှိနွမ်းပါးပုံရပြီး တစ်ခြားဌာနတွေမှာဝင်ကပ်ဖို့မလွယ်လောက်သူတွေပိုငဲ့ပေးတယ်။

 

အခုနှစ်ကျွန်မညီမအငယ်ဆုံးလေးဘွဲ့ရတယ်။ကွန်ပျူတာလည်းတက်ထားတယ်။

အစိုးရအလုပ်အတွက်လိုက်စုံစမ်းတော့ ဘယ်နေရာဘယ်လောက်၊ဘယ်ဌာနဘယ်လိုအကပ်နဲ့မှ

ဆိုတာချည့်ဖြစ်နေတယ်။

ကျွန်မတို့ကိုယ်တိုင် တကယ်ဝမ်းကျောင်းဖို့အတွက်အလုပ်လိုချင်လွန်းလု့ိလာလျှောက်တဲ့သူတွေအပေါ်

ရေနစ်သူဝါးကူထိုးလိုစိတ်အလျဉ်းမရှိတာမု့ိ ကိုယ့်ဖက်လည်း ပေးကမ်းပြီးဝင်ရမယ်ဆိုတာမျိုးကိုမလုပ်စေချင်ပါ။

အဲ့လိုမလုပ်ပါဘူးဆိုပြီးလမ်းရိုးအတိုင်းအလုပ်လိုက်လျှောက် ထောက်ခံစာပေါင်းစုံ၊အင်တာဗျူးစာမေးပွဲစုံအတွက် အချိန်ကုန်၊ငွေကုန်၊လူပမ်းအဖက်တင် ကိုယ့်လျှောက်လွှာချောင်ထိုးခံရမှာသိသိကြီးနဲ့ပဲဆက်ကြိုးစားနေရမလား။

ကျွန်မညီမအတွက် ကျွန်မကိုယ်တိုင်လည်းလမ်းမညွှန်ပေးတတ်တော့ပါဘူး။

9 comments

  • ဦးကျောက်ခဲ

    March 5, 2017 at 9:03 pm

    အကော်အကပ်မရှိရင် အစိုးရ ဋ္ဌာနဆိုင်ရာမှာ အလုပ်ရဖို့မလွယ်…
    အထူးသဖြင့် အကောက်ခွန်တို့ ဆောက်လုပ်ရေးတို့ဆို ပိုဆိုး …
    အလုပ်ထဲမှာ ဆရာမွေး တပည့်မွေးတွေကလည်း ခုထိ မရိုးနိုင်သေး…
    မဆလ ရဲ့ စနစ်ဆိုးအမွေက အရိုးစွဲနေပြီ …

    Reply

    • •*¨နန်းတော်ရာသူ •*¨

      March 5, 2017 at 10:54 pm

      ဟုတ်ပါတယ်ဦးလေးရေ လူတိုင်းကိုယ်တွေလိုမဟုတ်တော့ ကိုယ့်စိတ်ရင်းတိုင်းတွေးယူလုပ်ဆောင်လို့မရတာတွေအများကြီးပါ။

      Reply

  • kai

    March 6, 2017 at 8:51 am

    လောလောဆယ်တော့.. ညီမအတွက် အကပ်ရှာ.. အလုပ်သွင်းပေးတာက.. သေချာတဲ့ရလဒ်ပဲ..။
    လုပ်ပေးလိုက်ပေါ့..။ မြန်မြန်…။

    Reply

  • ဇီဇီ

    March 6, 2017 at 1:03 pm

    ဘာပြောရပါ့ စံနစ်ဆိုးရယ်။

    :a:

    Reply

  • Thint Aye Yeik

    March 6, 2017 at 1:58 pm

    အစိုးရ အလုပ်ထက် စာရင်
    ရေရှည်မှာ ကိုယ်ပိုင်လုပ်ငန်း
    လုပ်လို့ရမယ့်အခြေအနေထိ အတွေ့အကြုံရနိုင်တဲ့
    ပုဂ္ဂလိက လုပ်ငန်းတွေထဲ ဝင်လုပ်နေလည်း
    အကျိုးများနိုင်သားပါပဲလေ ဆိုပြီး တွေးမိတယ်။
    အစိုးရအလုပ်လိုတော့ ပင်စင်တို့ ဘာညာတို့
    မရနိုင်ဘူးပေါ့။

    (စာကြွင်း)
    အစိုးရရုံးတွေထဲ သွားရင်
    သူတို့ အလုပ် လုပ်ပုံ ကြည့်ပြီး အိပ်ငိုက်တယ်

    :k:

    Reply

  • myat pearl phyu

    March 6, 2017 at 2:32 pm

    ကျွန်မကတော့ လမ်းရိုးအတိုင်းပဲ လိုက်ခဲ့တယ်။
    မနန်းတော်ရာသူ ပြောသလို ထောက်ခံစာပေါင်းစုံ၊အင်တာဗျူးစာမေးပွဲစုံအတွက် အချိန်ကုန်၊ငွေကုန်၊လူပမ်းခဲ့ဖူးတယ်။
    အလုပ်တစ်ခုရဖို့မလွယ်သလို
    ရတဲ့အလုပ် ရေရှည်လုပ်နိုင်ဖို့ မြဲဖို့လည်းမလွယ်ပါဘူး..။ လူသစ်တွေရဲ ့အစဆို အကုန်လုံးခက်ခဲတတ်ပါတယ်..။ လုပ်ငန်းအတွေ့အကြုံဆိုတာကြီးကလည်း ချုပ်သေးတယ်လေ…။ မပင်မပန်းပဲ ထုံးစံအတိုင်း ရေကမ်းပြီး ဖြစ်ဖြစ် ကော်ကပ်ပြီးဖြစ်ဖြစ် ရခဲ့ရင်လည်း ကိုယ်တိုင် တန်ဖိုးထား ရှာခဲ့ရတဲ့အလုပ်လောက် အပင်ပန်းခံနိုင်မယ်မထင်ပါဘူး…။
    ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ သူလည်း ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခုပေါ်ကိုတော့ ရွေးချယ်ပေးလိုက်စေချင်ပါတယ်..။
    ဥပမာ Banking လား IT လား customer service လား Sale & marketing လား သူဘာစိတ်ဝင်စားသလဲပေါ့..။ အစိုးရအလုပ်ကိုပဲ လုပ်ချင်တယ်ဆိုလည်း ပေးမှရမယ်ဆို ပေးရမှာပဲလေ..။ ကိုယ်က အလုပ်လိုချင်တဲ့သူကိုး…။ ဦးစီးစာမေးပွဲတွေဝင်ဖြေပြီး မှန်မှန်ကန်ကန်အလုပ်ကိုင်ရသွားတဲ့သူတွေလည်း ရှိကြပါတယ်လို့…။ စိတ်မပျက်ပဲ ဆက်လုပ်ဖို့ အားပေးလိုက်ပါတယ်။

    Reply

  • Kaung Kin Pyar

    March 6, 2017 at 3:08 pm

    စဝင်တဲ့ အသစ်လေးတွေအတွက် အလုပ်တစ်နေရာက အရမ်းခက်ခဲတာ မျက်မြင်ပဲ မွသော်…။ တချို့ ကုမ္ပဏီတွေက (ဆုတို့အပါ) အသင်လေးတွေကို Trainee ရာထူးမျိုးလဲ ကိုယ်က Training ပြန်ပေးပြီး ခေါ်တာတော့ ရှိတယ်…။ ဒါပေမယ့် အတော်များများကတော့ Working Experience နဲ့ သူတို့လာတဲ့ Field ကို အဓိကထားကြည့်ကြတယ်…။
    အဲ..မွသော်တို့ဘက်မှာတော့ မသိ….၊ City Mark မှာတော့ အဲ့လို အသင်ပုံစံလေးတွေကို Train ပြီး ခေါ်တယ်..။
    အစိုးရပိုင်းကတော့…. ကြုံလို့ပါ…။ ဟိုတလောက Taxi ငှားစီးတော့ Taxi မောင်းတဲ့ကောင်လေးနဲ့ စကားစပ်မိတာ..။ သူက နာမည်ကြီး ငါးပုဇွန်အတွက် စက်လှေဘာညာ ထွက်ဖို့ လက်မှတ်ထိုးပေးရတဲ့နေရာမှာ နေတဲ့ စာရေးတဲ့…။ သူ့လစာဟာ သူမထုတ်တာ ကြာပြီ။ ရုံးက သန့်ရှင်းရေးနဲ့ ညစောင့်တွေပဲ ထုတ်ပြီး ခွဲယူကြသတဲ့…။ သူ့ဝင်ငွေက တစ်လကို ဆယ်သိန်းနဲ့ အထက်မှာ ရှိတယ်..၊ ဒါတောင် ကောင်းကောင်းမခိုးရင် ဆိုပဲ…။ တစ်ပတ် တစ်ရက် ရုံးတက်ရင် ရပြီ…။ ခုကားကလဲ ရုံးကကား ပြင်ထားလို့ လာယူပေးရင်း လမ်းက တားလို့ တင်တာတဲ့…..။ အမလုပ်ချင်ရင် အမအဖေရဲ့ တံဆိပ်တုံးထုပြီး အလုပ်နေရာစီစဉ်ပေးဖို့ စာတစ်စောင်ရရင် ရပြီတဲ့….။ သူတို့ရုံးက တချို့ အမျိုးသမီးတွေ ဈေးသွားဝယ်ခြမ်းရသူတွေဆို တစ်လတစ်လ သိန်းသုံးလေးဆယ်အထက်ရတယ် ဆိုပဲ..(ဟုတ်မဟုတ်တော့ မသိ)…။
    ဆုတော့ ငြင်းလိုက်တယ်….။ အဲ့ဒါက သိပ်မကြာသေးတာမို့…ဒီအဖြစ်တွေ ခုထိ မပျောက်နေသေးဘူးဆိုတာ သိတော့ သက်ပြင်းပဲ ချမိတော့တယ်…

    Reply

  • hmee

    March 15, 2017 at 8:25 pm

    တတ်စရာမလိုဘူး။ ခန့်မဲ့သူရှိဖို့ပဲလိုတာ။ ခန့်မဲ့သူရှိရင် ဘယ်နေရာမဆိုဖြစ်နိုင်တယ်။ အပေါ်ကသာ ပြောင်းတာ ကျန်တာ ဒုံရင်းပါပဲလို့

    Reply

  • သျှားသက်မာန်

    March 18, 2017 at 4:48 pm

    နောက်ဆုံးကျရင်ကိုယ်ပိုင်စီးပွားရေးလောက် ကောင်းတာမရှိပါ stress တော့ရှိပေမဲ့ မြတ်ရင်လည်းကိုယ်ပဲရသလို ရှုံးရင်လည်း
    ကိုယ်ပါပဲ….

    Reply

Leave a Reply

Your email address will not be published.