သူကြီးနှင့်တကွရွာသူရွာသားအားလုံးကိုခင်မင်လေးစားစွာဖြင့်စာရေး လိုက်ပါတယ်။ ရွာသူရွာသားအားလုံးကျန်းမာကြတယ်မဟုတ်လား။ကျွန် တော်ရွာမှာတုန်းကသိခဲ့တာက အများအကျိုးဆောင်ရွက်ရမယ်အများ ကောင်းစားရေးကိုလုပ်ရမယ်လို့နားလည်ခဲ့ပါတယ်။ ခုတော့အဲလိုမဟုတ်ပဲ ကိုယ်ကောင်းစားရေးကိုလုပ်ရမယ်ဆိုတဲ့အသိအမြင်တွေရလာခဲ့ပါတယ်။ ဒါလေးကိုရွာသူရွာသားတွေကိုစာရေးပြီးအသိပေးတာပါ။ ကိုယ်ကောင်းစားရေးမလုပ်ပဲ အများကောင်းစားရေးဆိုတာ လုပ်လို့မရပါဘူး။ကိုယ်ကောင်း စားရေးမလုပ်ပဲအများကောင်းစားရေးလုပ်ခဲ့မယ်ဆိုရင်…အဲဒီအများ ကောင်းစားကောင်းစားရေး ကောင်းတဲ့ အကျိုးဖြစ်ထွန်းမှုတွေနည်းမှာပါ။ ကျွန်တော်တို့ ရွာမှာ သီးနှံတွေစိုက်တာဟာ..ကိုယ်ကောင်းစားဖို့… ကိုယ့်မိသားစုကောင်းစားဖို့စိုက်တာဆိုပေမယ့်…. အဲဒီသီးနှံကထွက်တာ တွေကို..မြို့ပို့ပြီး တနိုင်ငံလုံး …ကောင်းစားဖို့ဆောင်ရွက်လိုက်တာပဲ မဟုတ်လား။ လမ်းဘေးမှာ ကိုယ့်စားဝတ်နေရေးအတွက် ဓာတ်ဆီလေးရောင်းနေတာ လဲ ကိုယ့်အတွက်ရောင်းတာလို့ဆိုရပေမယ့် အနားကဖြတ်သွားသူတွေ ဆီပြတ်ရင် အဆင်ပြေအောင်ဆောင်ရွက်ပြီးသားဖြစ်မနေဘူးလား။ တကယ်တော့ ကိုယ်ကောင်းစားရေးလုပ်လိုက်တာနဲ့ အများကောင်းစား ရေးဆိုတာ အလိုလိုလုပ်ပြီးသားဖြစ်သွားပါတယ်။ ကျွန်တော်တို့ရွာထဲက ကိုကြီးကြောင်ဆိုရင်…အမြဲတမ်းသောက်စားမူးရူး နေတယ်။ ညညဆိုဆူညံနေလို့တရွားလုံးစိတ်ညစ်ကြရတယ်။ တခါတလေ ရဲစခန်းပါ အလုပ်ရှုပ်တယ်။ ဒါဟာ ကိုကြီးကြောင်က သူကောင်းစားရေးပါ မလုပ်တော့ အများကောင်းစားရေးလဲမလုပ်သလိုဖြစ်နေတာပေါ့။ ဟော ခုတော့ ကိုကြီးကြောင် အရက်ဖြတ်သွားပြီ။ သူ့ဘဝကောင်းစားဖို့ […]


naywoon niApril 28, 20121min06
တီဗွီကြည့်နေရင်းနဲ့ ဆီးသွားချင်လာလို့ ထပြေးရတယ်…။ အိုး…… နာလာပြန်ပြီ…။အောင့်တာအရမ်း… ဟင်းးးး ဆီးသွားပြီးတော့ ဆေးယူသောက်ကြည့်လိုက်တယ်…။ ဆေးဖြူဖြူအမှုန့်လေးတွေ ဇွန်းနဲ့ ခပ်ကော်ပြီးလက်ဖဝါးပေါ်တင် ဆေးကနှစ်မျိုးဆိုတော့နှစ်ဇွန်း ပါးစက်ထဲပက်ထည့်လိုက်…။ ဟိုက်………… အတော်ခါးတဲ့ဆေး…။ အဟုတ်..။ ဗမာဆေးထဲမှာ ချိုတဲ့ဆေးမတွေ့ဖူးသေး…။ စောစောက သကြားနဲ့ လ္ဘက်ခြောက်ရေစိမ်ထားတာ ယူမော့ချလိုက်တယ်…။ သူ့ကျတော့ ဖန်ချိုချိုလေး…။ သကြားတွေ စွတ်ထည့်ထားတာကိုး….။ ပြီးတော့ ရေပြန်စွက်ထားလိုက်ရသေးတယ်….။ နောက်တစ်ခါပြန်သောက်ရင် အဆင်သင့် ဖြစ်အောင်လို့လေ…။ ဆေးက တစ်နာရီ ကြားတစ်ခါသောက်ရမယ်ဆိုတော့……….။ ဆေးခါးတာလေးသက်သာအောင် သကြားတစ်ဇွန်းလောက်ထပ်ထည့်ပြီးမွှေထားလိုက်တယ်လေ….။ မှတ်ကရော…….။ ဆေးသောက်ပြီး သိပ်မကြာပြန်ဘူး…။ ထပ်ပြီးဆီးသွားချင်ပြန်ပြီ…။ ဆီးသွားချင်ရင်အောင့်ထားလို့မရဘူး…။ ချက်ချင်းသွားရမှ….။ အောင့်နေတဲ့နေရာရဲ့ အထက်နားမှာ ဆီးကျလာတာ ခံစားမိပြီး ယားလာသလို မနေနိုင်ဘူး…။ ဒီတစ်ခါ ဗိုက်ထဲကပါ သရိုးသရီ ဖြစ်လာတယ်…။ အိမ်သာတက်ရမှာကြောက်ပါတယ်ဆိုကာမှ… ။ ကဲပါလေ…။ […]


virusApril 28, 20121min02
မြတ်နိုးတယ်ဆိုတဲ့တစ်ခုနဲ့ ဖြစ်ခဲ့သမျှတွေအကုန် ရင်ဘတ်ထဲကနေ တစ်စက်ကလေးမှမကျန်အောင် အရာရာအတွက် ငါကျေနပ်ခဲ့တယ်ချစ်သူ ။ ။ ။ အသည်းကွဲရုံနဲ့ အလွမ်းကဗျာတွေရေးရုံနဲ့ အသွေးအသားထဲက ချစ်တာမဟုတ်ဘူး ခွင် ့လွှတ်ခြင်းတွေနဲ့ ဂရုဏာတွေအထပ်ထပ်နဲ့ မဖေါက်မပြန်နဲ့ချစ်နေတာ။။ ။။ နောက်ထပ်နောက်ထပ်တွေ ဘယ်တော ့ဘာတွေပဲလုပ်လုပ် ငါ ့ချစ်ခြင်းရဲ့နေ ့တွေမှာ ဘာအကြောင်းနဲ့မှနင်မပါလို ့မရတာကို သိလျှက်နဲ့ယူနေတဲ့အနိုင်တွေလည်း ရူးသွပ်အောင်ချစ်နေတဲ့ငါ ့အတွက် ငါ ့ကိုရူးသွပ်အောင်လုပ်နေလည်း မပြောင်းလဲတဲ့အချစ်က အချစ်ကိုပဲမပြောင်းလဲပဲ ထာဝရမကတဲ့ချစ်ခြင်းတွေနဲ့ အဆုံးသက်ထိအောင်ချစ်နေမှာပါ။။ ။။


အငှားကားလေးတစ်စီး ကန်တော်ကြီးပတ်လမ်းကို မောင်းနှင်လာသည်… ထို့နောက် White Rice စားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်သည်… အပေါက်ဝတွင် စောင့်နေသောကောင်လေးတစ်ဦးမှ ကားတံခါးကို ပြေးဖွင့်သည်… ကားပေါ်မှဆင်းလာသော ဘိန်းစားတစ်ဦး နှင့် ရသေ့တစ်ဦးကို တအံ့တဩကြည့်လိုက် သည်… သူတို့နှစ်ဦးလည်း စားသောက်ဆိုင်အတွင်းသို့ ခပ်တည်တည်ဝင်ရောက်ပြီး စားပွဲတွင် ဈေးကြီးသောအစားအစာများကို မှာယူစားသောက်သည်… ဘိန်းစားပေါက်ဖော်မှာယူစားသောက်နေသလောက် ဘေးနားမှရသေ့ကြီးမှာ အအေးသံဗူး တစ်ခွက်ဖြင့် ဥပုဉ်တည်ပြီး ဘိန်းစားပေါက်ဖော်နဲ့ စကားပြောနေတော့သည်… ထိုစဉ် ရသေ့ကြီး၏ အတွင်းခံအကျီ င်္ထဲမှ တယ်လီဖုန်းမြည်လာလေတော့သည်…   “ဟုတ်ပြီ… ဟုတ်ပြီ… ဟုတ်ပြီ…”   သုံးခွန်းပြောပြီး ဖုန်းချလိုက်သည်… ဘိန်းစားပေါက်ဖော်ခေါင်းမဖော်တမ်းစားနေရာမှ မော့ကြည့်လိုက်ပြီး…   “အရှေ့ကျွန်း” ဟုပြောရင်း မျက်လုံးကိုပင့်မေးလိုက်သည်….   “ အရှေ့ကျွန်းမဟုတ်တော့ဘူး… ဘူမိနက်သံကိုရောက်နေပြီ…”   ဘိန်းစားပေါက်ဖော်သည် မထိတထိဖြင့် […]


မောင်အာဂ အပြေးအလွှားဖြင့် ဦးဘလက်ချောရှိရာသို့ ဖုန်းလှမ်းဆက်သည်။ ဦးဘလက်ချောမှာ ညက အလုပ်များသောကြောင့် အိပ်ရာမှပင်မထနိုင်သေး…   “ ဦးဘလက်ရေ၊ ကိုဝတုတ်ကို ကြောင်ကြီးအဖွဲ့က ဖမ်းထားလိုက်တယ်လို့သတင်းကြား တယ်… ကိစ္စကတော့ ဘာမှသေချာမသိသေးဘူး…”   “ မောင်အာဂ၊ ဦးဘလက်လဲ အဲဒါပဲစဉ်းစားနေတာ… မင်းတစ်ခုတော့ပြောမယ်… အခု အိမ်ပြန် နွယ်ပင်ကိုခေါ်…ပြီးရင် ရန်ကုန်ကိုသွား၊ ရှာရမယ့်လူနာမည်က…ကိုရင်စည်သူ”   ဦးဘလက်ချောသည်… ပစ္စတိုသေနတ်တစ်လက်နှင့် အမေရိကန်ဒေါ်လာတစ်သိန်းကို ထုတ်ပေးလိုက်လေသည်…ထို့နောက် တရုတ်ဘုံကျောင်းများတွင် စာချသောစာရွက်လေး တစ်ရွက်ထုတ်ပေးပြီး၊ ထိုစာရွက်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့လသာလမ်းရှိ တရုတ်ဘုံကျောင်းသို့ သွားရောက်ရန် ဖြစ်ပေသည်… မောင်အာဂလဲ ပိုက်ဆံနှင့်သေနတ်ကို ဆွဲယူပြီး ချစ်သူနွယ်ပင်ရှိရာသို့ အပြေးအလွှား ထွက်လာခဲ့သည်… နောက်ပိုင်းတွင် ဦးဘလက်ချောနှင့် ဦးကမ်းကြီးလဲ အဖမ်းခံခဲ့ရ ကြောင်းကြားသိခဲ့သည်…သို့သော် ဦးမင်းမတ်မှာ ပျောက်ဆုံးလျက်ရှိနေပေတော့သည်… […]


virusApril 25, 20121min07
ကောင်းကင်တစ်ခုရဲ့အနားသတ် ဘယ်မှာဆုံးနေလို ့လည်း အဲ့လိုအဆုံမရှိတဲ့ချစ်ခြင်းမျိုး ငါ ့မှာရှိတယ်ဆိုတာ ဘာလို ့သံသယတွေဝင်နေရတာလည်းချစ်သူ ။ ။ ။ နင်မရှိတဲ့ငါ ့ဘဝဆိုတာ ငါမတွေးရဲပေမယ် ့ ငါမရှိတဲ့ဘဝအတွက် ကြိုရင်ခုန်နေတာလားချစ်သူ ငါကအပြစ်မမြင်လောက်အောင်ချစ်လို ့ နင်လုပ်ချင်ရာတွေနဲ့ နင်ထားခဲ့တဲ့ဝေဒနာတွေကြားမှာ ငါ ငါ ငါ ဆိုတဲ့လူတစ်ယောက်က အခါခါနာကျင်နေလည်း ငါ ကိုကကျေနပ်နေတာပါချစ်သူ ။ ။ ။ ပြောပါရစေ ချစ်နေပါတယ်ဆိုတဲ့စကားလုံးမှာ မာယာတွေမပါသလို ညာတာတွေလည်းငါမသ်ပါဘူး ချစ်နေတာတွေပဲငါသိတယ် ပြောကြည် ့စမ်းပါဦး ချစ်သူ ထားခဲ့ရင်လည်းနေခဲ့မှာပါ အဆက်တော ့မဖြတ်ပါနဲ့။။။ ။။။


naywoon niApril 24, 20121min05
ဆေးခန်းရှေ့ ပြန်ရောက်တော့ ဆရာဝန်က ကျောက်ကပ် ကျောက်တည်တာ ဖြစ်ကြောင်း ဆီလမ်းကြောင်းမှာ ကျောက်က ခံနေတာဖြစ်နိုင်ကြောင်း ဆီးကြိတ်ရောင်နေတာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်…။ ဒါနဲ့ နေဝန်းနီကလည်း ဆီးသွားမှနာနေတာ ကျန်တဲ့ အချိန်တွေ မှာ မနာကြောင်းပြောတော့ ဆရာဝန်က ကျင်ချောင်း ကိုပြခိုင်းပါတယ်…။ ဟုတ်တယ်..။ ခုမှရှက်နေလို့ကော ဘာထူးမှာလည်း …။ ဆီသွားတိုင်းမခံ မရပ်နိုင်အောင်နာကျင်မှုက အရှက်အကြောက်ဆိုတာကို ဖုံးလွှမ်းသွားခဲ့ပြီပဲ…။ မနက်ကလိုပဲ လက်အိတ်ပြန်စွပ်တယ်…။ ဘယ်နေရာလောက်က အောင့် တာလဲတဲ့…။ လက်နဲ့ ထောက်ပြတော့…… နံရံမှာ ချိတ်ထားတဲ့ ကပ်ကျေးလိုလို သံချောင်းလိုလို တစ်ခုကို ဆွဲယူလိုက်ပါတယ်…။ ဆေးဗူးတစ်ခုထဲက ဆေးရည်ပျစ်ချွဲချွဲ တစ်ချို့ကို ညှစ်ယူလိုက်ပြီး စောစောက တုတ်တန်ပေါ်ကို သုတ်လိမ်းလိုက်ပါတယ်…။ ပြီးတော့ ကျင်ချောင်းထဲက ပူကနဲခဲစားလိုက်ရပါတယ်…။ နာတော့ သိပ်မနာပါဘူး…။ […]


ဘလက်ချော ။   ။ ဂိုဏ်းတွေမှာလဲ ဂိုဏ်းပြသနာတွေရှိပြန်တယ် ကိုအောင်တိုက် ကြောင်ဝတုတ်ဂိုဏ်းက ဟိုးနှစ်ပေါင်း (၄၀၀)ကျော်ကတည်းက တည်ထောင်ပြီး ဂိုဏ်းချုပ် အဆက်ဆက်က ဂိုဏ်းအတွက် အကောင်းဆုံးကြိုးစားခဲ့လို့ ဂိုဏ်းကြီးသာယာပေမယ့် စုန်းပြူးဆိုတာရှိစမြဲမဟုတ်လားဗျာ… ကြောင်ဝတုတ်ဂိုဏ်းအခုဂိုဏ်းချုပ်ရှေ့က ဂိုဏ်းချုပ်ဖြစ်ခဲ့တဲ့ ဂိုဏ်းချုပ်ကြောင်ကြီးနဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ကြောင်လတ်တို့ ကြေးမလောင်တို့က ဂိုဏ်းအင်အားတောင့် အောင်ကြိုးစားရမယ့်အစား အမေရိကဘက်က ကေအေအိုင်ဆိုတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ နယ်မြေကိုလုပြီး ကြီးပွားရာကြီးပွားကြောင်းရှာကြတယ်… အဲဒီလိုဆိုရင် ကြောင်ဝတုတ် ဂိုဏ်းဟာ နာမည်ကောင်းနဲ့ ကျော်ကြားနေရာကနေ ဒုစရိုက်ဆန်ဆန်ဂိုဏ်းဖြစ်လာမှာကို မလိုလားတဲ့အပေါင်းအပါတစ်စုရှိခဲ့တယ်… အဲဒီအပေါင်းအပါတစ်စုကို ခေါင်းဆောင်သူက ကိုဝတုတ် အခုတော့ခေါင်းဆောင်ကြီး ကြောင်ဝတုတ်ပေါ့ဗျာ… သူ့အတွက် အသက်ပင်သေသေကိုယ်ကျိုးမဖက်ပဲဆောင်ရွက်ပေး တဲ့သူနှစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးမင်းမတ်နဲ့ ဦးကမ်းဝေးပါ…   အောင်တိုက် ။  ။ ကြောင်ဝတုတ်ဂိုဏ်းခေါင်းဆောင်ဖြစ်တာနဲ့ မင်းသမီးဆူးခက်ကို ခင်ဗျား သတ်လိုက်တာနဲ့ […]


naywoon niApril 21, 20121min04
အဲဒါနဲ့ပဲ နေဝန်းနီလည်း စက်ဘီးစီးပြီး အိမ်ဘက်ပြန်လာခဲ့တယ်….။ သောက်နေကျ လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ခံတွင်းက ချဉ်လာတယ်…။ လ္ဘက်ရည်ဆိုင်ထဲ ဝင်ခဲ့မိတယ်…။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တာနဲ့ သူနဲ့ဝင်ထိုင်ဖြစ်တယ်…။ သူငယ်ချင်းသာပြောတာပါ အသက်က နေဝန်းနီထက်ငယ်ပါတယ်…။ ဒါပေမယ့် အတွေးအခေါ် အယူအဆချင်းကျတော့ နီးစပ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ……….။ လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့တွေ့တော့ စကားပြောရင်းနောက်သလိုလို ပြောင်သလိုလိုနဲ့ …… “ ဒေါက်တာမောင်မောင်တို့ သဘောကောင်းလိုက်ချက်ကတော့ ဆီးအောင့်လို့နာတယ်ဆိုတာနဲ့ ဆေးနှစ်လုံးထိုးပေးလိုက်တယ်…။ ဆေးကတ်နှစ်ကတ်လည်းပေးလိုက်သေးတယ်…။ သုံးထောင့်ငါးရာပဲကျတယ်…။ မင်းတို့ အထူးကုဆေးခန်းမှာဆို စမ်းသပ်ခပဲရှိသးတယ်…။ ဆေးဖိုးမပါသေးဘူး…။ သိလား ပြီးတော့ မသက်သာရင်ပြန်လာခဲ့လို့လည်းမှာလိုက်သေးတယ်…။” လို့ပြောတော့ “ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းကျော်မကုန်တော့ ပြောချင်တိုင်းပြော သိလား…။ နောက်တစ်ခေါက်ပြန်သွားတာနဲ့ မသက်သာဘူးဆိုတာ ပေါ်လွင်နေပြီ….။ ခု […]


virusApril 20, 20121min06
အပျက်စကားတွေအတွက် ခြေပစရာမရှိတဲ့နောက် မျက်စိမှိတ်လို့နေခဲ့တာတွေအတွက် အပြစ်တွေမင်းမှာမရှိပါဘူးချစ်သူ။။။ အရာရာမှာငဲ့ညှာခဲ့တဲ့အတွက် တစ်နေ ့နေ ့မင်းထွက်သွားရင်တောင်မှ ငါ ့အချစ်တွေအတွက် မင်းနောင်တတွေမရစေချင်သလို ငါ့အချစ်တွေအတွက် ငါလည်းနောင်တမရချင်ဘူး။။။။ မပြယ်လွင် ့စေချင်တဲ့အတွက် ရင်ထဲကစကားတွေမှာတောင် ကြောက်နေခဲ့တဲ့အသွင်တွေနဲ့ ကြေကွဲမလားကြောက်နေခဲ့တာ။။။။။ နောက်ထပ်မပြောပါနဲ့ ဘယ်တော ့မှလည်းမပြောပါနဲ့ ဘာတွေပဲဖြစ်နေနေပါ အရာရာခွင် ့လွှတ် မင်းနေချင်တဲ့အထိစောင် ့မယ် နောက်တစ်ယောက်ထပ်ရှာဖို ့တော ့မပြောပါနဲ့ ငါ ့အချစ်က တစ်ယောက်ထဲမို ့ပါ။။။ ။။။


naywoon niApril 20, 20121min03
ဆေးခန်းသွားမယ်ဆိုတော့ ဆေးရုံဆေးခန်းနဲ့ အထိအတွေ့နည်းတဲ့ နေဝန်းနီ ဘယ်ကိုသွားရမယ်မသိဘူး….။ တစ်ညလုံး အိပ်ရေးပျက်ထားတာကြောင့် ဘယ်သူနဲ့မှလည်းမတွေ့ချင် စကားလည်းမပြောချင်လောက်အောင်နှုံးချိနေတယ်…။ နေဝန်းနီ သိထားသလောက်ဆေးခန်းတွေအကြောင်းကတော့ နေပြည်တော် ဆေးရုံကြီးကအထူးကုတွေလာထိုင်တဲ့ အထူးကုဆေးခန်းကြီး က နေရာသုံးခုခွဲပြီး ရှိနေပါတယ်…။ မိန်းလမ်းပေါ်မှာပဲ မြို့တောင်စမှာတစ်ခု မြို့လယ်ခေါင်မှာတစ်ခု မြောက်ဘက်ပိုင်းမှာတစ်ခု ဆေးခန်းပိုင်ရှင်ကတော့ တစ်ဦးထဲပါ…။ လူနာတွေ သွားရလာရလွယ်ကူအောင်နေရာ တွေ ခွဲပေးထားတယ်နဲ့တူရဲ့…။ ဆေးေတွေကလည်း ပါရဂူ ကိုင်တဲ့ဆေးတွေဆိုတော့ ပြင်းလည်းပြင်း ဈေးလည်းကြီးပါတယ်…။ အထူးပြောစရာကတော့ စမ်းသပ်ခပါပဲ…။ သူတို့ဆီကတောင်းတဲ့စမ်းသပ်ခက သာမာန် အထွေထွေ ရောဂါကု ဆေးခန်းမှာဆိုရင် ထိုးဆေးကောသောက်ဆေးကောအတွက် ပြီးပါတယ်….။ ဆိုတော့ကာ ကိုယ်တတ်နိုင်ရာကိုပဲ ကိုယ်သွားရပေမပေါ့….။ ဒီတော့ ဘယ်ဆေးခန်းသွားမလဲ…။ ဒါမှမဟုတ် တိုင်းရင်းဆေးခန်းပဲသွားပြမလား ….။ နေဝန်းနီနဲ့ အတော်ရင်းနှီးနေတဲ့ တိုင်းရင်းဆေးခန်းတစ်ခုရှိတယ်…။ နေဝန်းနီ ပြန်လာကာစက ငှက်ဖျားရောဂါကို […]


naywoon niApril 19, 20121min021
ဒီစာကိုရေးနေတာကြာပြီ……။ စိတ်တိုင်းမကျတာနဲ့ထားထားတာ….။ ဒါပေမဲ့ ကိုယ်က ပရိုမဟုတ်ဘူးလေ…။ ပြီးပြည့်စုံတဲ့ စာတစ်ပုဒ်ဖြစ်မှတင်ရမယ်ဆို ပြောဖို့က နောက်ကျသွားမယ်ထင်တယ်…။ ကိုယ့်စာဖတ်မိတဲ့သူတွေ ပြင်ဆင်ဖြည့်စွက်ခွင့် ဝေဖန်ခွင့်ပေးလိုက်ချင်တယ်….။ ခေတ်အလွဲများနဲ့ ဆက်စပ်နေတယ်…။ ဒီတော့ကာ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် အဆင်ပြေပြေ နေနိုင်ဖို့ ဘာတွေ ပြုပြင်ထားနိုင်ခဲ့သလဲ….။ ပြန်တွေးကြည့်ရအောင် ….။ လက်ဆင့်ကမ်း ယူကြရမဲ့ မျိုးဆက်ကကော သူတို့ ရောက်ရှိနေတဲ့ အချိန်နဲ့ ကိုက်ညှိပြီး ဘာတွေ ပြင်ဆင် လက်ခံကြမလဲ…။ ဘာမှမပြင်ဆင်ပဲ အစဉ်အလာ အဟောင်း အတိုင်းသာ ဆက်လက် သုံးမယ်ဆိုရင် အစဉ်အလာ ဓလေ့ ထုံးစံရဲ့ ခြံခတ်ထားခြင်း ခံနေရမှာပဲ…။ တွေးကြည့်ပါ…။ တွေးကြည့်ကြပါ…။ ဘာမှအတွေးပဲ အချိန်တွေ ကုန်လာခဲ့တာ… . နေဝန်းနီတို့ တစ်တွေ နှစ်ပေါင်းထောင်ချီနေပါပြီ…။ အစဉ်အလာ ဓလေ့ […]


  မနေ့က သူ့ဆီကို မိန်းမ တစ်ယောက်လာတယ်။ ဒါပေမယ့် အဲဒီမိန်းမကို သူမသိပါဘူး။ အဲဒီမိန်းမကတော့ သူ့ကို ရင်းနှီးလွန်းနေတယ်။ စကားတွေပြောလိုက်တာများ ရေပက်လို့မဝင်ဘူး။ တစ်ခွန်းပြောလိုက် ရယ်လိုက်။ သူမရဲ့ဟန်က လွင့်နေတယ်။ နောက် သစ်လွင်တောက်ပလို့။ သူက သူစိမ်းမိန်းမတစ်ယောက်က သူ့ထံ အိမ်မှားပြီးလာရောက် စကားပြောတယ်လို့ထင်နေတယ်။ ဒါလည်း မဟုတ်ပြန်ဘူး။ သူမက သူ့ကို တော်တော်ကြီးကို သိနေသလိုမျိုး။ လွန်ခဲ့တဲ့ နှစ်အတော်များများဆီက ခင်မင်ခဲ့သလိုမျိုး။ ခုမှ ပြန်လည်တွေ့ဆုံရလို့ ဝမ်းသာ အဲလည်း ဖြစ်နေပုံမျိုး။ သူက မအီမလယ်ကြီးနဲ့ သူမပြောသမျှ အင်းလုပ်လိုက် အဲလုပ်လိုက်။ နောက် ကိုယ့်ကိုကိုယ်  လိပ်ပြာမလုံသလို ခံစားရပြန်ရော။ ခက်တယ်..။ သူမကို သူ မသိကြောင်းဘယ်လိုပြောရမလဲ။ သူမပြောတဲ့ သူ့အကြောင်းတွေကလည်း အတော်များများ မှန်နေတယ်။ […]