naywoon niApril 19, 20121min04
အင်း ပြောရင်းနဲ့ စကားလမ်းကြောင်းက စောင်းသွားပြန်ပြီ…။ သောက်နေကျ ဆေးလေးသောက်ပြီး အသာပြန်မှိန်းနေလိုက်တယ်….။ ဗိုက်အောင့်တာက မသက်သာဘူး ဒါကြောင့် သက်သာလိုသက်သာငြား အိမ်မှာရှိတဲ့ မုန့်လေးတစ်ခုကောက်ဝါးလိုက်တယ်…။ ပြီးတော့ရေသောက် အဲ…. ရေသောက်ပြီးတော့ ရှူးရှူးပေါက်ပေါ့….။ အဲဒါက နေဝန်းနီရဲ့ အကျင့်ပဲ…။ ဘယ်အချိန်အပြင်ကပြန်လာလာ ရှူးရှူး တန်းပေါက်တာ …။ အဲ ည အိပ်ယာဝင်ချိန်ဖြစ်ဖြစ် တစ်ရေးနိုးဖြစ်ဖြစ် ရေထသောက်ပြီးရင်လည်း ပေါက်ရမှ ဆိုတော့ ထုံးစံလိုဖြစ်နေပါပြီ…..။ အဲဒိမှာပြဿနာက စတော့တာပဲ….။ ဗိုက်အောင့်နေရာက ဆီးပါအောင့်လာတယ်…။ ရေသောက်ပြီး ရေအိမ်ဘက်အသွား ကျင်ချောင်းထဲကို ဆီးကျသလိုခံစားရပြီး ထိပ်နားဆီက အောင့်လာတာပါ…။ အောင့်နေတဲ့ အထက်နားဆီက ဆီးပြည့်လျှံလာသလိုခံစားရပြီး အပြင်းအထန်းဆီးသွားချင်လာတယ်…။ အဲဒါနဲ့ ရေအိမ်ဘေးဘက်မှာ ဆီးသွားဖို့လုပ်တော့ အောင့်နေတဲ့နေရာက တစ်ဆို့ဆို့နဲ့ နာလာတယ်…။ အဲဒါနဲ့ ဆီးကို ဇွတ်အတင်းညှစ် […]


naywoon niApril 18, 20121min011
ခေါင်းစဉ်ကြည့်ပြီး တစ်လွဲတော့ မတွေးနဲ့ဗျာ…..။ ဒီရွာထဲမှာလည်း ယမကာချစ်သူကများတော့ တော်ကြာ သင်္ကြန်တွင်း ပါဆယ်ဆွဲပြီး ခွက်ပုန်းကစ်တဲ့ အကြောင်းပြောတာထင်နေမှာစိုးရသေးရဲ့….။ အဖြစ်က ဘယ်နှစ်ကနဲ့မှမတူ ပြောတောင်မပြောချင်ပါဘူး…..။ ဟီးးး ရှက်စရာကြီး …။ ဒါပေမဲ့ သိထားရအောင်တော့ ပြောရမှာပဲ ယမကာချစ်သူတို့ရေ…..။ ဖြစ်ပုံက ဒီလိုပါ……….။ အဲသည့်နေ့က ဧပြီ ၄ ရက်မှတ်တယ်….။ အင်တာနက်ဆိုင်ကနေ ညအိမ်ပြန်သွားတော့ ဗိုက်ကအောင့်လာတယ်…။ ဒါနဲ့ သောက်နေကျ ဆေးလေးသောက်လိုက်….။ သောက်နေကျဆေးဆိုတာက ဆေးရောင်းတဲ့သူငယ်ချင်းက ဗိုက်တယ်ပြောလွန်းလို့ ပေးထားတာပါ…..။ အရင်ကတော့ ဆေးသောက်ပြီး တစ်မိနစ်လောက်ဆိုရင် သက်သာတယ်….။ ဝါးစားရတဲ့ အစာကျေဆေးပြားလည်း ပါတော့ စားပြိးရင် လေချဉ်လေ ဂေ့ ဆိုတက်လာပြီး သက်သာသွားတာများပါတယ်…။ ပြီးတော့ ဆေးတောင့်လည်းပါသေးတယ်…။ အဖြူတစ်ခြမ်း ပန်းေရောင်းတစ်ခြမ်းနဲ့ အထဲက သကြားခဲလို အလုံးလေးတွေ […]


mandalarthuApril 17, 20122min03
မင်္ဂလာရှိတဲ ့ မြန်မာနှစ် သစ်ကူး အခါသမယမှာ ဂေဇက်ရွာသူရွာသားများအပေါင်း နှင် ့စာဖတ်သူအားလုံး မင်္ဂလာရှိရှိနဲ ့ နှစ်ကူးတဲ ့ယနေ ့လို နေ ထူးနေ ့မြတ်မှာ ပျော်ရွှင်နိုင်ကြပါစေလို ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာတို ့ရဲ ့ချစ်စရာ မြန်မာ ့ဓလေ ့လေးတွေကို မြန်မာ  နှစ်သစ်ကူး အခါမှာ ထူးထူးခြားခြားလေးတွေ ့မြင်နိုင်ပါတယ်။ ဒီလို နှစ်သစ်ကူးနေ ့မျိုုးမှာ မြန်မာလူမျိုုုးတော်တော်များများကတော ့ ဘုရားကျောင်းကန်သွားပြီး အလှူဒါနပြုလုပ်ကြပါတယ်။အချိုု ့ကတော ့ဘုရားဖူးရင်းပျော်ပွဲစားထွက်ကြပြီး အချို ့ကတော ့ဥပုသ်သီလများကို  ဆောက်တည်ပြီး တရားရိပ်သာများမှာ ဝိပသနာတရားများကို ပွားများအားထုတ်ပြီး နှစ်သစ်ကို ကြို ဆိုကြပါတယ်…..။ ယနေ ့မန ္တလေးမှာတော ့ဘုရားကြီးမှာလဲ ဘုရားကို ပန်းရေချမ်း […]


သို့ \\\ ချစ်လှစွာသော ပိန်တာရိုးမလေး ဂွိစိန်water………(water=ရေလို့ဖတ်ပါ) ကိုယ် ဂွိအတွက် စာရေးလိုက်ပါတယ်။ ခေါင်းက အိမ်မှာ ကျန်ခဲ့လို့ ကိုယ်ကပဲ ရေးရတာပါ…အဲ စစချင်းမှာပဲ ရှုပ်ကုန်ပြီ။ ကိုယ် ဂွိကို စွဲလမ်းရတဲ့ သမုဒယ ချစ်ခြင်းတွေအဖြစ် နှလုံးသားနဲ့ ရင်း ရေးထားတာပါ(အမှန်က ကီးဘုတ်နဲ့ လက်ကွက်ရိုက်ပြီ ရေးထားတာ အဟီး)။ ဒီစာကို ဂွိနှလုံးသားနဲ့ မဖတ်ပါနဲ့။ အင်..ဘယ်လိုကြီးလဲလို့ မတွေးနဲ့အုံး။ နှလုံးသားက မျက်စိမှ မရှိတာ ဘယ်လိုလို့ ဖတ်လို့ရမှာလဲ မဟုတ်ဘူးလား။ အဲ့ဒါကြောင့် ဂွိကို မျက်စိနဲ့ ဖတ်ပြီး နှလုံးသားနဲ့ ခံစားစေချင်တယ်။ ဂွိခံစားဖို့အတွက် ခွက်တစ်လုံး ပို့လိုက်မယ် အဲ ယောင်သွားလို့ အဟီး။ ဂွိရယ်(ရယ်ပါဆို မရယ်ဘူး ရိုက်လိုက်ရမလား)… ငါရဲ့ ရင်ထဲမှာ […]


ကျွန်တော် ၁ဝတန်းအောင်ပြီးလို့ တက္ကသိုလ် စတက်တဲ့အခါ အခက်အခဲတွေ ဆုံးရှုံးမှုတွေက အများကြီးပါပဲဗျာ ကျွန်တော်တက်ရတဲ့ တက္ကသိုလ်က အစိုးရနည်းပညာကောလိပ်တဲ့ဗျ ကျောင်းတွေကို မြို့ပြင်ထုတ်လိုက်တဲ့ စနစ်အရ မြို့ရဲ့တောင်ဘက်အစွန်အဖျားနားက ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုမှာ နေတဲ့ ကျွန်တော်ဟာ မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ အိုးဘိုဆိုတဲ့ ရွာကလေးအတွင်းတည်ရှိတဲ့ ကျွန်တော့်ရဲ့ကျောင်းကို နေ့စဉ်အသွားအပြန်လုပ်ရတာကိုက သိပ်တော့ မလွယ်လှပါဘူး မနက်ခင်း ၆နာရီလောက်ထ ဖြီးလိမ်းပြင်ဆင်ပြီး ၆နာရီခွဲလောက်မှာ ထမင်းချိုင့်လေးကို လက်မှာဆွဲကာ နုံချာချာစက်ဘီးစုတ်လေးတစ်စီးနဲ့ ကျောင်းကိုသွားတဲ့ဖယ်ရီကားဂိတ်ရှိရာကို ခပ်သုတ်သုတ် ခရီးနှင်ရပါတော့တယ် ကျွန်တော့်ရဲ့ ထမင်းချိုင့်လေးအတွက် ကျွန်တော့်အမေခင်ဗျာမှာတော့ နေ့စဉ် ၅ နာရီလောက်ထပြီး ချက်ပြုတ်ပေးရရှာတာပေါ့ဗျာ ရ နာရီ ၁၅ မိနစ်လောက် ဖယ်ရီကားဂိတ်ကိုရောက်တဲ့အခါမှာတော့ ခပ်စုတ်စုတ် ချက်ပလက်ကားကြီးတွေရဲ့ နောက်မှီးစွန်းမှာ ခြေတစ်ချောင်းချစာနေရာလေးတစ်ကွက်၊ လက်တစ်ဆွဲစာ သံတိုင်တစ်နေရာလေးက ကျွန်တော့်ကို ကျောင်းအရောက် […]


စုံထောက်ကိုအောင်တိုက်နှင့် ကျွန်ုပ်သည် အလုံရဲစခန်းတွင် အချုပ်ခံနေရသော ဦးဘလက်ချောထံသို့ ညပိုင်း (၉)နာရီခန့်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်… စုံထောက်ကိုအောင်တိုက်၏ မျက်နှာကြောင့်လည်းကောင်း၊ ကိုအောင်တိုက်ချီးမြှင့်သော ငွေစလေးများ၏တန်ခိုးကြောင့်သော်လည်းကောင်း ရဲစခန်းမှ အစောင့်ရဲဘော်များက ဦးဘလက်ချောနှင့် ကိုအောင်တိုက် အေးဆေးစွာစကားပြောနိုင်စေရန်အတွက် ဖန်တီးပေးလေးသည်…   ကိုအောင်တိုက်နှင့် ဦးဘလက်ချောတို့ စတင်တွေ့ဆုံရာ၌ ဦးဘလက်ချောမှာ ပကတိကြည် လင်နေပြီး မိမိအားဖမ်းခဲ့သော စုံထောက်ဟူ၍ ငြိုးမာန်မဖွဲ့လေပဲ သွေးသားရင်းချာကဲ့သို့ တစ်ဆွေးတစ်နွေး စကားလက်ခံပြောခဲ့ပါသည်…   ဘလက်ချော ။ ။ ကိုအောင်တိုက်နဲ့ ကိုသူရတို့ကျွန်တော့်ကို လာတွေ့တယ်ဆိုတော့ ဝမ်းသာလို့မဆုံးပေဘူးဗျာ… သတင်းနှိုက်ချင်လို့ပဲဖြစ်ဖြစ်၊ သဲလွန်စလိုချင်လို့ပဲဖြစ်ဖြစ်ပေါ့၊ ဘလက်ချောဆိုတဲ့ အမှောင်တစ်ဝက် အလင်းတစ်ဝက်ကလူကို အလင်းထဲဆွဲထည့်နိုင်တဲ့ စုံထောက်ကိုအောင်တိုက်ဆိုတာ နာမည်ကြီးလောက်တယ်လို့ လူတွေကတော့ ထပ်ပြောနေကြဦးမှာပဲဗျာ… ဒါပေမယ့် သူတို့ဝန်းကျင်မှာ အမှောင်ထဲတစ်ဝက်၊ အလင်းထဲတစ်ဝက်လှုပ်ရှားနေတဲ့ ကြောင်ဝတုတ်ဂိုဏ်းသားတွေအတွက်ကတော့ ကိုအောင်တိုက်လိုလူမျိုး […]


virusApril 12, 20121min05
ပိတောက်တွေရှိနေပေမယ် ့ ချစ်သူမရှိတဲ့နေ ့တွေ ချစ်သူနဲ့မဆုံတဲ့နေ ့တွေ အပေါင်းအသင်းတွေနဲ့တောင်မှ ဖြေစရာမရခဲ့တဲ့နောက် ငါ ့အတွက်တော ့ လောကငရဲဟာသင်္ကြန်ပဲပေါ့။ ။ အပြီးအပိုင်မဟုတ်ပေမယ် ့လည်း ခွဲသွားတဲ့ခဏတာဆိုတာ ငါ့အတွက်တော ့ ဘဝဘဝတွေမြောက်များစွာလိုပဲ ပျော်စရာတွေမဲ့နေတော ့တာ။။ ။။ ပြန်လာပါချစ်သူ မင်းမရှိတဲ့နေ့ရက်တွေမှာ ခြောက်ကပ်ကပ်နိုင်တဲ့ငါ ့နေ ့တွေက ဆိတ်သုန်းနေတဲ့မြို့ပျက်တစ်ခုလို အထီးကျန်ခြင်းနဲ့ အကျည်းတန်ခြင်းတွေပဲ ရှိနေခဲ့တာ ။ ။ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါချစ်သူရယ် ပြန်လာမယ် ့လမ်းအတွက် ကြိုဆိုခြင်းတွေက ဘယ်တော ့ပဲဖြစ်ဖြစ် ဘယ်အခြေအနေပဲဖြစ်ဖြစ် ငါ ့အတွက်တော ့ခမ်းနားနေမှာ။။ ။။ ဒီသင်္ကြန်ရက်တွေလည်း ဘယ်တော ့မှအတူပျော်ရမှာ ဆုံနိုင်ခွင် ့အတွက် ငါမျှော်နေပါရစေ ရင်ကိုတော ့စုံမကန်ပါနဲ့။ ။ ။


စဆရ ႀကီးApril 12, 20121min011
ကျွန်တော်သည်ကား ဘဝကားကြီးကို တအိအိဖြင့် မောင်းနှင်နေပါသည်။ လူအများတင်စားဆိုကြသော ဘဝရထားမဟုတ်ပဲ ဘဝကားဟုဆိုရခြင်းမှာ တစ်ဦးတည်းပိုင်ဟု ယူဆနိုင်သောကြောင့်ဖြစ်သည်။ ရထားဆိုသည်မှာ လူအများကြီးကို ပုံစံတူဘဝများ ဖန်တီးပေးနေသလိုဖြစ်သည်ဟုထင်သောကြောင့်ဖြစ်သည်။ အမှန်တော့ လူသားတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဘဝပုံစံတစ်ခုစီရှိလေသည်။ ကျွန်တော်သည်ကား ၁၉၈၃ မော်ဒယ်ကားတစ်စီးကို ပိုင်ဆိုင်ထားလေသည်။ ကားဂိုဒေါင်မှ ထုတ်ပြီးနောက် မပြည့်မစုံ ထိန်းသိ်မ်းစောင့်ရှောက်မှုများဖြင့် မောင်းနှင်လာရလေသည်။ သွားရမည့် နေရာသည်ကား ယမမင်းဆိုသည့်အရပ်သို့ဖြစ်သည်။ ထိုနေရာသည် ကျွန်တော်မောင်းနှင်နေရာဖြစ်သည်။ ဂိုဒေါင်အတွင်းမှ ထွက်လာပြီးနောက် ပါတ်ဝန်းကျင်တွင် မြင်မြင်သမျှ ဆိုင်းဘုတ်များ၊ အဖြစ်အပျက်များကို ငေးမောကြည့်ရင်း တစ်ရွေ့ရွေ့ဖြင့် ခရီးဆက်လာခဲ့သည်။ မိုင်တိုင်အမှတ် ၁၉၈၈ တွင် လူအများ သတ်ဖြတ်နေကြသည်ကို ယာဉ်လမ်းကြောပိတ်ဆို့နေသဖြင့် ရပ်ပြီးကြည့်ခဲ့ဖူးသည်။ ကားများပေါ်တွင် အနီရောင်ဝတ် ဦးရည်းပြောင်ပြောင်များမှ သေနတ်များမြှောက်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ မောင်းနှင်ထွက်ခွာသွားကြသည်ကို မြင်ခဲ့ရသည်။ သို့နှင့် […]


          တကယ်တော့ ကျွန်တော်တို့တွေဟာ လေထဲမှာ တိုက်ဆောက်နေ ကြတာပါပဲတဲ့။ စိတ်ကူး အိပ်မက်တွေနဲ့ မျောလွင့်နေကြပြီး အဲဒီအိပ်မက်ကနေ နိုးထဖို့ကိုတော့ ဘယ်သူမှ မကြိုးစားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရက်တွေ ၊ လတွေ၊ နှစ်တွေနဲ့အချိန်တွေ ကုန်လွန်ခဲ့ကြတယ်။ အိပ်မက်ဟာ အိပ်မက်အဆင့်တွေမှာသာရှိနေပြီး လက်တွေ့လောကမှာတော့ အကောင်အထည်မဖော်ဖြစ်ခဲ့ကြပါဘူး။ ဒါကြောင့် လူတိုင်းက ကျွန်တော်တို့ကို သတ်မှတ်ကြတယ်။ စိတ်ကူးနဲ့ရူးနေကြသူများတဲ့။ နောက်တစ်ခုက လေဖမ်းဒန်းစီးနေကြသူများတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်တောင် ဘာမှန်း ခွဲခွဲခြားခြား မသိနိုင်သေးခင်မှာပဲ  ပတ်ဝန်းကျင်က တပြေးညီသတ်မှတ်လိုက်ကြတာပါ။ ဒီလိုဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ဟာလည်း…။ (၁) ရည်မှန်းချက်တွေဟာ ကျွန်တော်တို့ရဲ့ အသက်လို့တင်စားကြတယ်။ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ရည်မှန်းချက်ဆိုတဲ့ လှေကားတစ်စင်းတော့ လိုအပ်တယ်။ ငယ်ရွယ်စဉ်ကလေးဘဝကနေ ကျွန်တော်တို့ ခုလက်ရှိအထိအောင် ထားခဲ့ကြတဲ့ ရည်မှန်းချက်တွေ ဘယ်နှစ်ခုရှိနေပြီလဲ။ သေချာတာကတော့ တစ်ခုထက်မက […]


လူတစ်ယောက်၏ ခံစားချက်အမှန်ကို သိရှိစေရန်မှာ ခက်လှပါသည်။ ဖြစ်ချင်ရာဖြစ်ဟု ရွက်လွင့်ပြီးခါမှ မဖြစ်နိုင်သော အခြေအနေကြောင့်နောက်ပြန်လှည့်ကြည့်ရခြင်းကို သူ မုန်းပါသည်။ မည်သို့သော ခံစားချက်မျိုးများ ဖြစ်ပေါ်သောကြောင့် သူ့ကို ဆင့်ခေါ်ရပါသနည်း။ သူ အပြေးအလွှား ပြန်လည်ရောက်ရှိချိန်တွင်မူ မြင်ကွင်းက မကောင်းလှ။ မနက်နေခြည်နုနု၏ အလင်းရောင်သည် ကုတင်ပေါ်၌ အရိုးပေါ်အရည်တင်လျှက် လဲလျောင်းနေသော လူမမာပေါ်တွင် ရေးရေးလေး ကျရောက်လျှက်ရှိသည်။ ထိုလူ့အတွက် အချိန်သည် သိပ်မရှိတော့။ အဝေးဆီကနေ ပြန်လာသော သူ့ကို စောင့်မျှော်နေဟန်ရှိသည်။ သူအခန်းတွင်သို့ ခြေတစ်လှမ်းစတင် ဝင်ရောက်လိုက်သည်နှင့် အားလုံး သော မျက်လုံးများသည် သူ့ထံသို့ စုပြုံကျရောက်လာသည်။ ထိုအကြည့်များကြောင့်ပင် သူ့ကိုယ်သူ သိမ်ငယ်သွားသယောင် ထင်လိုက်မိသေးသည်။ သို့သော် အပြစ်ရှိသူတစ်ယောက်၏ သိမ်ငယ်မှုမျိုးမဟုတ်ပေ။ လက်တလော ခံစားချက်ကြောင့် သူ့အား စောင့်မျှော်နေရလေခြင်းဟူသော စာနာစိတ်မျိုးမှ […]


ကျွန်ုုပ်သူရဇော်မှာ စုုံထောက်ကြီးကိုုအောင်တိုုက် ရဲရဲဝံ့ဝံ့အာမခံခဲ့သည့် နောက်တစ်နေ့ လေလံပွဲတွင် တရားခံအားဖမ်းပေးမည်ဆိုုသည့် အာမခံချက်ကြီးအတွက် စိတ်ပူပန်သည့် အတိုုင်း အိပ်ပျော်ရန်ပင် ကြိုးစားမရဖြစ်နေချေတော့သည်… ကိုုအောင်တိုုက်မှာမူ စိတ်ချလက်ချဖြင့် အိပ်မောကျလျက် နောက်တစ်နေ့နံနက်ကိုု ကြိုဆိုု နေလေတော့သည်…နောက်တစ်နေ့နံနက် အိပ်ယာနိုုးသည်နှင့် ကျွနုု်ပ်ကိုသုုံးပန်လှသိုု့ ခေါ်ဆောင်သွားရောက်ပြီး ဆိတ်သားဟင်း ချာပါတီကိုု ကော်ဖီနှင့် အားရပါးရမှာယူ စားသောက်လေတော့သည်…   သူရ ။         ။ ကိုုအောင်တိုုက်…ဒီနေ့တရားခံဖမ်းပေးမယ်လိုု့ပြောထားပေမယ့် ခင်ဗျားကြည့်ရတာဖြင့် အေးဆေးလွန်းနေလိုု့ တတ်လဲတတ်နိုုင်သူပဲဗျာ…ကျုပ်ဖြင့် ညကတောင်အိပ်မ ပျော်ဘူး…   အောင်တိုက် ။         ။ ကုိုသူရရေ…စုုံထောက်ဆိုုတာ တရားခံဖမ်းမယ့်အချိန်မှာ အင်အားပြည့် ဖိုု့နဲ့ အာရုုံတွေမထွေပြားဖိုု့လိုုတယ်ဗျ… အစားသောက်ကောင်းကောင်း ဝဝလင်လင် စားသောက်ခြင်းဟာ မိမိကိုုယ်ကိုုယုုံကြည်မှုတိုုးပွားစေတယ်ဗျ… ဒါ့ကြောင့် ထောက်လှမ်း ရေးများ စစ်ဆေးလိုု့ရှိရင် ထမင်းအငတ်ခံထားပြီးမှ စိတ်ဓာတ်လျော့ပါးအောင်ကြံပြီးမှ လိုုချင်ရာဆက်မေးတော့တာကိုုး…နောက်တစ်ခုုကတော့ဗျာ…မတော်လိုု့ […]


marblecommetApril 8, 20121min09
သူတို့ဟာ ကျိန်စာတစ်ခု မိနေခဲ့ပြီလား လို့ တွေးရမလို ဖြစ်နေခဲ့ပါပြီ။ မမြင်ကွယ်ရာက အကြောင်းတရားတစ်ခုခု သူတို့ကို ဒုက္ခပေးနေတယ်လို့ ယူဆရတော့မယ့် အဖြစ်ဆီကို ဦးတည်နေသလိုလိုပေါ့..။ အရင်ကတော့ သူတို့ ဟာ ဘယ်တော့မဆို ထိပ်တန်း အံ့ဩဖွယ်အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာနဲ့ ပရီးမီးယားလိဂ်မှာ ဖျော်ဖြေမှုရသ အပေးနိုင်ဆုံးအသင်းတစ်သင်းဆိုတာ တစ်လောကလုံးသိထားကြပါပေရဲ့….။ ဒါပေမဲ့ သူတို့ဟာ အကောင်းဆုံးအရှုံးသမား၊ အကောင်းဆုံး ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဘယ်တောင် ကြာခဲ့ပြီလဲ ။ ဒီတော့ ဘောလုံးပွဲတစ်ပွဲရဲ့ သာမန်အကြောင်းတရား ၊ သမားရိုးကျ ရှုထောင့်ကနေ ဖောက်ထွက်သွယ်ဖယ်ပြီးတော့ပဲ ကြည့်ရတော့မလို ဖြစ်နေခဲ့ပြီမဟုတ်လား …….။ တစ်ချိန်ကတော့ သူတို့ဟာ `ဟိုက်ဘူရီးတောင်ကုန်းမှာ ခြေကုတ်စခန်းယူပြီး အရပ်လေးမျက်နှာကို တစ်ချိန်လုံး ပစ်ခတ်ထိုးစစ်ဆင်နေခဲ့တဲ့ ကမ္ဘာကျော် အမြောက်တပ်ဖွဲ့ တစ်ဖွဲ့ပါပဲ။ ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ နှလုံးသားကို […]


စဆရ ႀကီးApril 7, 20121min017
ကျွန်တော် အိပ်ချင်နေပါသည်.. အတော်လေးကိုပင် လေးလံလှသော မျက်ခွံကြီးကို ထမ်းပိုးထားရသည့် အဖြစ်ဆိုးကို လူတော်တော်များများ ကြုံဖူးကြမည်ထင်ပါ၏။ ကျွန်တော်သည်ကား သံယောဇဉ်နည်းလွန်းလှသောသူဖြစ်သည့်အားလျော်စွာ ဝိုင်းပြီးဆော်ပလော်တီးခံလိုက်ရပြီးသည့်နောက် ငြိမ်သက်စွာပင် မိခင်ဆိုက်လေးကို တိတ်တခိုး ဝင်ရောက်ပိုးပန်းရုံသာရှိနေရာမှ ခုတစ်လော စိတ်ထပြီး ရေးလိုက်သည့်စာများ အတော်လေး အကောင်းမြင်ခြင်းခံရသည့်အတွက် အနည်းငယ်မျှ ထပ်မံရေးသားချင်စိတ် ပေါက်လာသည်ကတစ်ကြောင်း.. စိတ်ကူးလေးလဲ အတော်လေး ကွန့်မြူးနေသည့်အတွက်က တစ်ကြောင်း၊ ယခင်ပုံစံများနှင့်မတူသည့် ဒေသန္တရ ဗဟုသုတအကြောင်းလေးကို သိသမျှ ရေးသားလိုက်ရပေ၏။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အာရပ်စော်ဘွားများ ပြည်ထောင်စုသည်ကား ပြည်နယ်(၇)ခုကို ၁၉၇၁ ခုနှစ်တွင် စုပေါင်းပြီး နိုင်ငံတစ်ခု ထူထောင်ထားခြင်းဖြစ်သည်။ နိုင်ငံဟုဆိုသော်ငြား ပြည်ထောင်စုဟုခေါ်သည့် မြန်မာနိုင်ငံနှင့်မတူပေ၊ ပြည်နယ်တစ်ခုနှင့်တစ်ခု ဥပဒေ၊ စည်းမျဉ်းခြင်းမတူပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည်။ ကိုယ့်စိတ်ကြိုက် ဥပဒေထုတ်ပြီး အုပ်ချုပ်ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျင်မူ Abu Dabi […]