ခေး……. သက်တန့်ကို လက်ညှိုးလေးနဲ့ ထိပြီး ကွေးဝိုင်းကြည့်တဲ့အခါ မင်းမျက်နှာကလေး ပေါ်လာတယ် . . .။ ကိုယ့် အိပ်မက်ထဲမှာ နှင်းဆီနက်တွေနဲ့ အသဲအသန် တိုက်ခိုက်ရလေ့ရှိတဲ့အခါ ကိုယ့်ကို လာရောက်ကယ်တင်သူဟာလည်း ခေးပါပဲ….။ ဟုတ်တယ်ခေး……။ ကိုယ်ဟာ အရာရာမှာ ခေးရဲ့စောင့်ရှောက်မှုကို ခံနေရတယ်ဆိုတာ မင်းလေး မင်းလေး နည်းနည်းမှ မရိပ်မိဘူးလား……။ ကိုယ်တို့ လေညှင်းတွေကို တန်ဖိုးထားရအောင်….။ ကိုယ်တို့ ဘဘာဝတရားကို တန်ဖိုးထားရအောင်…..။ ကိုယ်တို့ ပကတိ ရိုးဂုဏ်အလှကို တန်ဖိုးထားရအောင်ခေး…။ လေတဟူးဟူး တောင်ကုန်းပေါ်မှာ ကိုယ်တို့အငေး ပြိုင်ရအောင်….။ တောကြီး ဝင်္ကပါ ကမ္ဘာကြီးထဲက ကိုယ်တို့တွေ တိတ်တိတ်ကလေး ခိုးထွက်လာရအောင်ပါခေး…။ မရေရာမှု(၁)။ ။ ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေးဟာ အပြာရောင် မီးတောက်လေးကို […]
