naywoon niMarch 24, 20121min013
အဆိုးဆုံး ငို၍ ရယ်၍ မရတဲ့အချိန်တွေဟာ နေဝန်းနီ ဒေါသတွေ ထွက်နေတဲ့ အချိန်ပါ…။ ရယ်ခြင်းငိုခြင်းရဲ့ အခြားတစ်ဘက်က အရာဟာ ဒေါသ လား ? ဒါမှမဟုတ် ရယ်ခြင်းနဲ့ငိုခြင်းကြားထဲမှာ ဒေါသ ရဗိနေသလား မတွေးတတ်တော့ပါ……..။ တစ်ခါတစ်ရံဒေါသတို့သည် အိတ်ကာလမှလာချေ၏။ တစ်ခါတစ်ခါလည်း လတ်တစ်လောအခြေအနေကြောင့်ဖြစ်ပေါ်လာတတ်ချေသေး၏…။ အတိတ်ကာလ မှလာသောဒေါသတို့ကား တစ်နည်းနည်းနှင့် ဖြေသိမ့်ခြင်းငှာ ရပေသောငြား ……လတ်တစ်လော ပေါ်ပေါက်လာသောဒေါသတိ်ု့ကား ဖြေသိမ့်စရာနည်လမ်းမရှိ ….။ တစ်ယောက်ထဲ ဒေါဖောင်းနေရသောအဖြစ်ကားဆိုးဝါးလှချေ၏….။ တစ် ရက်သား ကော်နက်ရှင်မကောင်း၍ အိမ်သို့စောစီးစွာပြန်ရောက်ချေ၏…။ အိမ်၌ကား မာတာမိခင်သည် MRTV ဖွင့်ချေ၏ ….။ ဒီအထိ ပြဿနာမရှိသေး…။ သတင်းပြီးလာလိုက်သည်က ဇာတ်လမ်းတွဲများ ….။ MRTV လူကြီးမင်းများသည် မြန်မာပြည်ရှိ အနုပညာရှင်များနှင့် ရန်ဖြစ်ထားသည်ထင်၏…။ သူတို့ အကြောင်းမလွင့်ပါချေ….။ […]


ကထူးဆန္းMarch 21, 20121min022
ပထမနေ့။ ဟဲ့ ဟဲ့ ရေမလောင်းခင် အရင်သေချာတိုက်ဦးလေ .. မတိုက်ဘဲ ရေလောင်းလိုက်ရင်ဘယ်လာပြောင်မှာလဲ။ မောင်သောင်းရယ် နင့် ပုလင်းတွေ ခွက်တွေ သေသေသပ်သပ်ထားပါ ပြောတာလည်း ဘယ်နှစ်ခါရှိပြီလဲ။ ဧည့်သည်တွေ ဝင်လာလို့တွေ့ရင် မီးဖိုချောင်ကလည်း ညစ်ပါတ်နေတာဘဲဆိုပြီး အပြောခံရဦးမယ်။ ပြောသွားရင်တော်သေး။ တော်ကြာနေ အင်တာနက်တက်ရေးမှ ငါ့ဆိုင်နံမည် အကြီးအကျယ်ပျက်နေပါ့မယ်အေ.. အောင်မလေး ကြည့်စမ်းပါဦး အသားတွေလာရင် တစ်ခါချက်စာလေးတွေ သေသေချာချာ ပလပ်စတစ်နဲ့ ့ထည့်ထုပ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ဆိုတာ။ ပြီးလွယ်စီးလွယ်ထိုးထည့်ထားတယ်။ လာစမ်းလာစမ်း အကြော်ဆရာ။ ဒါနောက်ဆုံးဖြစ်ပါစေ။ နောက်တစ်ခါဆိုရင် နင်တော့ မလွယ်ဘူး။ အခုခုတ် ပြီးပြန်လုပ်။ ဒေါ်မိုးသီ ၏ အသံကား မရပ်မနား အဆက်မပြတ်ထွက်နေသည်။သူနောက်ဖေး မီးဖိုဝင်ပြီဆိုလျှင် ကြားနေကျအသံဖြစ်သည်။ ဒေါ်မိုးသီ က သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနှင့် လုပ်ချင်သလောက် […]


April StarMarch 20, 20121min016
၁။ facebook password ကို သူမကို ပြောပြပါ… ၂။ သူမကို မရက်စက်ပါနဲ့… ၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့… ၄။ သူမကို အနိုင်မကျင့်ပါနဲ့… ၅။ မညာပါနဲ့… ၆။ မရိုက်ပါနဲ့… ၇။ တစ်ခုခုနဲ ့ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့.. . ၈။ သူမဖုန်းကို မချပစ်ပါနဲ့…. ၉။ အသံကျယ်နဲ ့ အော်ပြီး သူမကို စကားမပြောပါနဲ့… ၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့… ၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ ့အရာတွေ သူမနဲ ့အတူ မရှိပါစေနဲ့… ၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့… ၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ ့သူမကို နှိုင်းပြီး မပြောဆိုပါနဲ့… ၁၄။ မလုပ်တတ်တဲ ့အရာကို […]


ကထူးဆန္းMarch 20, 20121min017
ဂျာကြီးလည်းဟုတ် ၊ စာရင်းကိုင်လည်းဟုတ်၊တောက်တိုမယ်ရလည်းဟုတ်သည့် ကိုခင်အောင် ကောင်တာမှာထိုင်ရင်း ဒီမနက်ရောင်းရငွေကို ခန်းမှန်းကြည့်လိုက်သည်။ အတိအကျ ဘယ်လောက်ရလည်း ရေတွက်ကြည့်ချင်သော်လည်း မ ရေ ရဲ ။ရေလိုက်ရင် ထပ်မဝင်တော့ ဟု ပြောသံကြားဘူးသည်။ အင်း အလွန်ဆုံးရှိမှ ခြောက်သောင်းလောက်သာ ရှိဦးမည်။ ဒါဆို ဒီနေ့လည်းရောင်း မကောင်းသည့် နေ့တစ်နေ့ဖြစ်လာ ဦးမည်ဟုတွေးလိုက်မိသည်။ ဒီလို မနက်ခင်းမှာ အနည်းဆုံး တစ်သိန်းဘိုးလောက်ရောင်းထားမှ နေ့လည်ပိုင်းနှင့်ညပိုင်း ရောင်းအားထပ်ပေါင်း နှစ်သိန်းလောက်ဖြစ်မှ ပိုင်ရှင် ဦးမျိုးကြီးကို မျက်နှာလုပ်၍ ရမည်ဖြစ်သည်။ ဒီပုံအတိုင်းဆုံးမလွယ်။ ကိုခင်အောင် တို့ဆိုင်လေးမှာ တာမွေ သမိန်ဗရမ်းလမ်းမကြီးနှင့် လမ်းသွယ်လေးထောင့် တွင် ဖွင့်ထားသော လ္ဘက်ရည်ဆိုင်ဖြစ်သည်။ ရပ်ကွက်မှာ လူဦးရေ သိမ်မထူထပ်။ လမ်းထဲမှာ ဆောက်နေသော ကန်ထရိုက်တိုက်မှာလည်း ပြီးသွားပြီဖြစ်၍ သူ့ဆိုင်လာသောက်နေကျ အလုပ်သမား […]


April StarMarch 18, 20121min06
ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈ဝ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ  ကျွန်တော့ကို ပြောတယ်…. “ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..  အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …” ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုး ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို […]


  (၁) အခန်းထဲ၌ တိတ်ဆိတ်နေ၏။ ကုတင်ပေါ်၌ တစ်ဖက်စောင်းလျှက်အိပ်ပျော်နေသော အမေ့ကိုမနိုးရက်။ သားပြန်ရောက်လာပြီလေဟု ဝမ်းသာလုံးစို့နေသည့်အသံနှင့် ပြောမထွက်သေး။ ကိုယ်စိတ်နှလုံးပင်ပန်းလွန်းနေသည့် အမေ့ကို ဘယ်လိုမေးရမည်လည်းဟုသာ အတွေးထဲစိုးမိုးနေသည်။ ကြမ်းပြင်ပေါ်၌ ဖုန်တို့ခပ်ပါးပါးလေးတင်နေ၏။ သည်မနက်အဖို့ အမှိုက်မလှဲရသေးမှန်း ကျွန်တော် သိလိုက်သည်။ သည်လို မနက်စောစောအချိန်မှာတောင် အမေ့အနား တစ်ယောက်မှရှိမနေတာကိုတော့ ကျွန်တော့် စိတ်ထဲက ခံပြင်းမှု ဒေါသမီးတွေကို ဟုန်းဟုန်းတောက်စေသည်။ အခန်းထဲကို မျက်စိကစားကြည့်တော့ အံ့ဩရပြန်သည်။ အမေအမြတ်တနိုးရှိခဲ့သည့် အဝတ်ဗီဒိုကြီးနှင့် တစ်ချို့သော ပရိဘောဂတွေ ဘယ်ရောက်ကုန်ပါလိမ့်။ လွန်ခဲ့သည့် သုံးနှစ်ကနှင့်မတူ တိတ်ဆိတ်လွန်းနေသည့် အိမ်သည် ယခု ကျွန်တော်ရောက်နေသော နွေးထွေးသော အိမ်လေးမှ ဟုတ်ပါလေစဟု သံသယဖြစ်မိပြန်သည်။ ကျိုးကြောင်း ကုန်စင်ကို အမေဖုန်းဆက်တိုင်း ဘာကြောင့်မပြောရသည်လဲ ဟု သိချင်နေမိသည်။ အမေမပြောသည့်တိုင် သိနေနှင့်သည့် […]


(၁)             နဖူးပေါ် လက်တင်ပြီး သည်လိုနှင့်မိုးလင်းခဲ့ရတဲ့ ညပေါင်းများလှပြီ။ ညစဉ်ညတိုင်း တွေးလွန်လွန်းလို့လည်း ဦးနှောက်တွေခြောက်ရပြန်သေး။ နေ့စဉ်အမျှ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝလမ်းကိုပြန်တွေးရင် ရှေ့ဆက်ရမယ့်လမ်းတွေအတွက် ရင်လေးရပြန်သည်။ ဘာလိုလို်နဲ့ အိမ်ထောင်ဦးစီးနေရာကို ကျုပ်လက်လွဲခဲ့တာ ခုနှစ်နှစ်ကျော် ရှစ်နှစ်တွင်းရောက်လာခဲ့ပါပေါ့လား။ ဘဝကို အရက်နှင့်မျောနေတဲ့ ယောကျာ်းကို အပြစ်တွေတင်နေရုံနှင့် အိမ်ထောင်ရေးပြóနာတွေ ပြေလည်သွားမှာ မဟုတ်မှန်းသိလို့  ကျုပ်လွတ်ထားခဲ့တာပေါ့။ စိတ်သဘောထား ကြည်ဖြူလှတယ်ရယ်လို့ ဘယ်ဟုတ်ရမည်လဲ။ ပြောလို့မရလို့ လက်ပိုက်ကြည့်နေတာကို ဒင်းက “ အ ” တယ်များထင်နေလေရော့သလား။ ကျုပ်မှာတော့ ဒင်းအပြင်နောက်ထပ် ပါးစပ်ပေါက် သုံးပေါက်အတွက် တစ်နေ့ကုန် ခါးမဆန့်ရလေအောင် ရှာရ၊ ဖွေရ၊ လုပ်ရနှင့် အအားနေရသည်မရှိ။ ရှိတာလေးနှင့်စား တင်းတိမ်ရောင်ရဲနေရုံနှင့် ဘာမျှဖြစ်လာမှာမဟုတ်ဘူး။ သားသမီးတွေရဲ့ အလုံးစုံသော ဗာဟီရကိစ္စတွေနှင့်တင် မယားဝတရားဆိုတဲ့ ပညတ်ချက်တွေ […]


အပျိုကြီး အပျိုဖြန်း အပျိုစင်တို့၏ အကြောင်းကိုသိခဲ့ရပြီး အပျိုကြီးအကြောင်းကို ဆက်ရသော် အသက် ၂၃-နှစ် ကကျော်လျှင် အကောင်းနှင့်အဆိုးကို ခွဲခြား၍ သိသင့်သမျှ သိခဲ့ရသည်တကြောင်း၊ အပျိုရည် အပျို သွေး တိုးသော ဓာတ်အား ခပ်တန့်တန့် ခပ်ဆိုင်းဆိုင်း (ဝါ) ခပ်နှေးနှေး ဖြစ်၍လာခြင်းကြောင့် တ ကြောင်း၊ အပြောအဆို အနေအထိုင်မှစ၍ ဣန္ဒြေရရ သိက္ခာရှိရှိဖြစ်ပြီးလျှင် အပျိုစင်ဘဝကလောက် ကြောင့်ကြဖွယ် မဟုတ်ချေ။ အသက် ၂၃-နှစ်ကကျော်၍ ၄၀-တွင်း ခေါ်ရသော အချိန်အရွယ် စိတ်နု စိတ်ရင့်ကို၎င်း၊ ကျန်းမမှုကို မှီ၍၎င်း၊ အပျိုစင်ဘဝက ကိုယ်လုံးကိုယ်ထည် ကြီးထွားပြည့်တင်းခဲ့သော ကိုယ်ကာယသည် မူလက အတိုင်း မနေတော့ဘဲ သဘာဝအလျောက် တဖြည်းဖြည်း ကိုယ်ရည်စစ်ပြီး ခပ်ကျစ်ကျစ်ဖြစ်၍ လာ သူကများလေ၏၊ ယခုခေတ်သုံးအရ […]


htet wayMarch 15, 20121min023
ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ထိုလက်ဆွဲအိတ်ထဲတွင် ခံစားချက်တွေထည့်ပြီး ခရီးသွားနေပါသည်။ထိုလက်ဆွဲအိတ်ထဲတွင် အသည်းကွဲဝေဒနာရှိသည်။်  ပြန်ဆုံမည်ဆိုသောမျှော်လင့်ချက်တွေ အပြည့်သိပ်ထားခဲ့သည်။အလွမ်းသွေးစက်တွေလည်းရှိနေသည်။ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ ငယ်ငယ်က အိုင်းစတိုင်း၏ဉာဏ်ရည်ကို သဘောကျခဲ့ဖူးသည်။အေဗရာဟယ်လင်ကွန်းသည်သစ်ရွက်ခြောက်များမီးရှို့   ရသော အလင်းရောင်ဖြင့်စာဖတ်ခဲ့ရသောကြိုးစားမူကို အားကျခဲ့သည်။သို့သော်အမှားတွေချည်း သင်ခဲ့ရသော ကျွန်တော်ဘဝတွင်အမှန်ခြစ်ကိုလိုလားခဲ့သည်။ လမ်းဘေး၌အကြော်ရောင်းသောလင်မယားနှစ်ယောက်အနွေးအင်္ကျ ီ မဝတ်နိုင်ရှာသည်ကို သနားသော ဗိုလ်ချုပ်၏ စာနာစိတ်ကို လေးစားကြည်ညိုခဲ့သည် ထိုလက်ဆွဲအိတ်ထဲတွင်စုပြုံထည့်ထားသည်က များသည်။ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ကဗျာဆရာ ဆိုတာလူအထင်မကြီးတဲ့လူတွေပါကွာ လို့ပြောခဲ့သော ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၏စကားသံကို လည်း လက်ဆွဲအိတ်ထဲထည့်ထားမိသည်။ ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ ချစ်သူနှင့်ကွေကွင်းခဲ့ရသောကြောင့်နာကျင်ကြေကွဲ၍ကျသော မျက်ရည်တစ်စက် လက်ဆွဲ အိတ်ထဲ၌ရှိသည်။လေကဓံကို ကြံကြံခံနိုင်သောသတ္တိနှင့် ကြံခိုင်ခြင်းကြောင့် ကျရစ်သောသွေးတစ်စက် နှင့်တောက်ခေါက်သံတွေ တွေ ထိုအိတ်ထဲ၌ ရှိနေခဲ့သည်။ ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။အာဏာရှင်ကဒါဖီ ကျဆုံးသော သတင်း အိုစမာဘင်လာဒင်သေပြီ ဆိုသော သတင်းနှင့် အာဏါရူးတွေ၏ လူမဆန်မူတွေ လည်း […]


ပင်လယ်ကမ်းစပ်မှာရှိတဲ့ရွာလေး တစ်ရွာမှာပေါ့ အဲ့ဒိနေ့ကမုန်တိုင်းတွေတအားတိုက်နေတယ် မခင်နုယောကျင်္ားကိုမြင့်လှိုင်မှာတော့ ဝမ်းစာအတွက်ပင်လယ်ထဲငါးဖမ်းသွားနေရှာတယ် ကုန်းပေါ်မှာကျန်ခဲ့တဲ့မခင်နုကတော့ ကိုဝန်နေ့စေ့လစေ့ကြီးနဲ့ မခင်နုတစ်ယောက်မုန်တိုင်းပြင်းနေတဲ့လင်ယောကျင်္ားကို အရမ်းစိတ်ပူနေရှာတယ် သူလွယ်ထားတဲ့ဗိုက်ထဲကကလေးကလဲ လူ့လောကထဲကို လာချင်နေပြီဖြစ်မယ် အား အား နာလိုက်တာဒေါ်ပုမရယ် အားလေးတင်းပြီးညစ်ကြည့်ပါ ညဉ်းကလေးကဗိုက်ထဲမှာအနေအထားက မမှန်တော့ညဉ်းနဲနဲတော့ အခက်တွေ့မှာပေါ့လို့ ဒေါ်ပုမ ဆိုတဲ့လက်သယ်က ပြောလိုက်တယ် အားခင်နုတစ်ယောက်တော့ဇောချွေးတွေ ပြန်လို့ မုန်တိုင်းကလဲထန်လေတွေကလဲတိုက်မိုးတွေကလဲရွာ ခင်နု ညဉ်းအားတင်းထားပါအေ ကျွန်မလဲတင်းထားပါတယ် အားအား အား အင်း အင်းးးးးး မွေးပြီမွေးပြီ ခင်နုရေ ယောကျင်္ားလေးတော့ ညဉ်းလင်မောင်မြင့်လှိုင်နဲ့ တစ်ပုံစံထဲပဲ ခင်နုတစ်ယောက်တော့ လူ့လောကထဲကို ဝင်လာချင်တဲ့ကလေးကိုလူ့လောကထဲ ရောက်အောင်ပို့ပြီး ခင်နုမှာတော့ ခင်နု ခင်နု ညဉ်းရတယ်ပဲလား ခင်နု ခင်နု ဒေါ်ပုမရေ ကျွန်မသားလေးက ကျွန်မယောကျင်္ား ကိုမြင့်လှိုင်နဲ့တစ်ပုံစံထဲပဲနော် ကိုမြင့်လှိုင်ကို ပြောလိုက်ပါ သားလေးကိုသေချာလျာဂရုရုရု ဟဲ့ခင်နု […]


သမ်မတဂျီး ကယ်ပါ ဝန်ထမ်းလစာတွေ တိုးပေးဖို့ သူရရွှေမန်းကြီးက လွှတ်တော်မှာ တင်တယ်၊ အခြေခံဝန်ထမ်းလစား သုံးသိန်းဖြစ်မယ်လို့  ကောလဟလတွေကြားလိုက်တော့ … ဪ  ငါတော့ ခိုးဖွက် မစားရတော့ဘူး၊ သူများအထင်သေးမခံရတော့ဘူးရယ်လို့ ပျော်လို့မှ မဆုံးသေးခင်  သမ်မတဂျီးက လစာမတိုးနိုင်သေးကြောင်းကြေညာချက်ထုတ်လိုက်တော့ မျှော်လင့်ချက်တွေပျက်၊ ပက်လက်လန်တော့ တာပေါ့။ ဟောမနေ့က ညနေစောင်း ကွန်ပျူတာဖွင့် ဂေဇက်ကိုဝင်လိုက်တော့ NK  ရဲ့လစာတိုးပြီဆိုတာလေးတွေ့လိုက်တော့ ကျန်တာတွေ ဆက်မကြည့် အား၊ အပြင်ကိုထွက်သွားပြီး အပြင်မှာဈေးရောင်းနေတဲ့ မိန်းမကို  “လစာတွေ တိုးပြီတဲ့ဟေ့”  လို့ အားရဝမ်းသာပြောလိုက်တော့ သမီးကြီးက “ဖေကြီးက ခုမှ သိတယ် ၊ ရန်ကုန်က မကြီး သဉ္စာက နေ့ ခင်းကတဲက ဖုန်းဆက်ထားပြီးပြီ” တဲ့။ ဒီစကားက ကျနော်ကို ဘာမှ ဖြစ်မသွားစေပေမဲ့ […]


ဒမဆွေး(ဓါးမဆွေး) တစ်ချောင်းရဲ့ခံစားချက်   ကျနော်က ဒမဆွေးတစ်ချောင်းပါ။ တစ်ချိန်တုန်းကတော့ ကျနော်က နောက်ဖေးမီးဆိုဆောင်ထဲမှာ တာဝန်တွေ အများကြီးကို ထမ်းဆောင်ခဲ့ရတဲ့သူပေါ့။ ဝက်သားတုံးကြီးတွေနဲ့ ဝက်လက်တွေကို ဒိုင်းကနဲ မည်အောင်ပိုင်းခဲ့တာကျနော်ပေါ့။ ကြက်ပေါင်တွေကို ဒုတ်ကနဲ ခုတ်ခဲ့တာလည်းကျနော်ပါ။ ငါးတွေရဲ့ ရင်ကိုခွဲ အသဲကိုထုတ်လို့ အသားကို နုတ်နုတ်စဉ်းပေးရတဲ့ အခါတွေလည်းရှိရဲ့။ ဟင်းသီးဟင်းရွက်တွေကို ရွှပ်ကနဲရွှပ်ကနဲ ဖြတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ ဗူးသီးခရမ်းသီးတွေကို ဗျန်းကနဲ ထက်ခြမ်းခွဲ ခဲ့တဲ့အလုပ်ဆိုလည်းရှောင်မပြေးခဲ့ပါဘူး။ အာလူး၊ကြက်သွန် အခွံသင်ပေးရမယ်ဆိုလည်းလက်မနှေးခဲ့ပါဘူး။ ဒါတင်ဘယ်ကလိမ့်ဦးမလဲ။ ဖိုထဲ ထည့်လို့မရတဲ့ မီးသွေးခဲ အကြီးတွေကိုလည်း ခွမ်းကနဲ ခွဲပေးရတဲ့ အလုပ်ကိုလည်း ကျနော်ကိုပဲ ခိုင်းတာပဲ။ ဒါတွေကို မငြီးငြူခဲ့ပါဘူး။ ကျနော်ကို ဓါးသွေးဆရာဆီကိုပို့ ပြီးကျနော်အသွားကို ထက်မြစေခဲ့ရင် ကျနော် အတော်ကျေနပ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဓါးသွေးဆရာဆီကိုမပို့ တော့ပဲ အိမ်ရှင်မက […]


အနောက်တောင်ဆီမှာ မိုးတွေညို့နေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ သည်မြင်ကွင်းကိုကြည့်နေမိသည်မှာ နာရီဝက်လောက်တော့ အသာလေးရှိမည်။ တိမ်သား မည်းမည်းများသည် အလိပ်လိုက် အလိပ်လိုက်ဖြင့် ကောင်းကင်ကြီးတစ်ခုလုံးကို မည်းနက်သွားစေလေသည်။ နောက် လျှပ်ပန်း လျှပ်နွယ်များက ဟိုတစ်ချက် သည်တစ်ချက် ပြိုးခနဲ ပျက်ခနဲ လင်းလက်သွားကြသည်။ မိုးခြိမ်းသံများကလည်း ကြောက်မက်ဖွယ်ရာ မြည်ဟီးလာသည်။ မိုးစက်ကလေးများ တစ်ပေါက် နှစ်ပေါက်..။ ထို့နောက် မိုးစက်များ အိမ်ခေါင်မိုးပေါ်သို့ အဆက်မပြတ် ကျလာကြသည်။ သူမ နားတစ်ခုလုံး တဝေါဝေါဖြင့် ဆူညံ နေလေတော့သည်။ မိုးနှင့်အတူ လေပြင်းခပ်ကြမ်းကြမ်းပါ ဝှေ့ယမ်းတိုက်ခတ်လိုက်သောအခါ သစ်ပင်ကြီး ငယ်များ ဟိုယိမ်း သည်ယိမ်း..။ “မိုးတွေ ရွာလာပြီမောင်…” မျက်ရည် တစ်စက်..။ လေပြင်းပြင်းများကြောင့် သူမ၏ ရှည်လျားသော ဆံနွယ်များ ဖွာလန်ကျဲစွာလွင့်ပျံနေကြသည်။ ကောင်းကင်ပြင်ထက်တွင် လင်းခနဲတစ်ချက်…လျှပ်စီးလက်သွားပြန်သည်။ […]