အိပ်မရတဲ့ ညတွေကို ♥မ♥ ကပဲ ပိုင်စိုးထားတယ် အိပ်ပျော်သွားလို့ အိပ်မက်ထဲလည်း ♥မ♥ အမြဲရှိနေတယ်…….. “♥ကို♥ ကျေနပ်မိပါတယ်… ♥မ♥ အကြောင်းတွေးလိုက်ရင် ♥ကို့♥ ရင်ထဲမှာ ခံစားမှုလေးတစ်ခု စီးမြောသွားခဲ့တယ် ….. ♥မ♥ ရဲ့အပြုံးလေးက အေးစက်နေတဲ့ ♥ကို့♥ ရဲ့ နှလုံးသားကို နွေးထွေးစေတယ်♥မ♥ ♥ကို့♥ ရဲ့အနားမှာ ♥မ♥ ရှိနေလျှင်ဆိုတဲ့ ခံစားချက်က ♥ကို့♥ ရဲ့ရင်ထဲမှာ ခိုဝင်နေခဲ့တယ်♥မ♥ ရယ် ♥ကို♥ တပ်မက်မိခဲ့တယ်လေ ဟိုး……..နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကပေါ့ အလိုအပ်ဆုံးသော….. ဆန္ဒတစ်စုံသာ ပြည့်စုံခွင့်ရှိမယ်ဆိုလျှင် ♥မ♥ ရဲ့ အနားမှာ သက်ဆုံးထိတိုင် နေသွားပါရစေ ♥မ♥ ရယ် ************** အမြဲတမ်းချစ်နေမယ့် အရင့်ရောင်


ကျွန်တော် မန်းလေး နဲ.ရန်ကုန်ကို အမြဲတမ်းသွားနေကြပါ.. ဒါပေမယ့် မရိုးနိုင်တဲ့ခံစားမှုလေးတွေကို ရေးပြပါမယ်.. အဝေးပြေးကားပေါ်က ဆင်း ဆိုင်ကယ်ပေါ်တက် ပြီး စက်နိုးလိုက်တဲ့အချိန်မှာ ပဲ အရမ်းလွတ်လပ်တဲ့ ခံစားမှုကို စတင်ခံစားလိုက်ရတော့တာပဲ… ဘာလို.လဲ ဆိုတော့ကိုယ်သွားချင်တဲ့ စီ ကို ကိုယ့်စိတ်တိုင်းကျ သွားနိုင်တဲ့ ခံစားမှုလေးလေ… ဆိုင်ကယ်လီဗာဆွဲရတာကို က အရသာတစ်မျိုးပါပဲ…. ရန်ကုန်မှာ ဘတ်စ်ကား၊ တက်ခ်စီ မောင်းပို.မှရောက် တဲ့နေရာတွေကို ကိုယ်တိုင် အချိန်မကုန်ပဲ ခဏလေးရောက်တာလေ….. နေ.ခင်းဘက် ရုံးတက် ထမင်းစားချိန်ရောက်ပြန်ရင်လဲ ဘယ်မှာသွားစားမလဲ ဆိုတဲ့အတွေးနဲ. ဆိုင်ကယ်လေး ပေါ်တက် သွားစားချင်တဲ့ ဘယ်နေရာမဆို သွားလိုက်နိုင်တာပါပဲ… မန်းလေးက လမ်းတွေကလဲ တော်တော်များများကိုကောင်းနေကြပါပြီး ဆိုင်ကယ်တွေက လဲ အရောင်အသွေးစုံ အမျိုးစုံနဲ.ဗျာ… ကောင်မလေးများကလဲ ဆိုင်ကယ်အရောင်တွေနဲ. လိုက်ဖက်ညီစွာ လှပနေကြတယ်လေ… […]


htet wayMarch 14, 20121min019
ညီမလေးရေ    အကို့ရင်ထဲနာကျင်ကြေကွဲခဲ့ရတဲ့ သတင်းလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။စင်ကပူမှာ  အလုပ်သွားလုပ်တဲ့ ကောင်မလေး မတင်ဝါဝါခိုင် တစ်ယောက်လူမဆန်အောင်နိပ်စက်ခံရတာကို ဖတ်ရပြီး တစ်နေ့လုံး စိတ်အစဉ်ညစ်နွမ်းသွားခဲ့ရတယ်။ ညီမလေးရေ  တို့တိုင်းပြည်မှာ ဆရာဇော်ဂျီက ရေချိုသောက်ရန်မြစ်ချောင်းကန်နဲ့ သီးနှံချိုပြားများလည်းများ၏လို့ ရေးထားတာညီမလေးတက္ကသိုလ်တုန်းက သင်ခဲ့ရမှာပေါ့။ကဗျာက တအားကောင်းလွန်းလို့ အလွတ်ရနေခဲ့ပါတယ်။များပါလေလည်း တမွဲမွဲနဲ့ ဆင်းရဲကာသာ ကာလကြာလျှင်……အကို့မြို့မှာတော့ လယ်သမားတွေပဲဈေးစပါးဈေးမကောင်းလို့ ညည်းညူနေကြပါတယ်။ဆိုက္ကားသမားကလည်း အဆင်မပြေ လက်လုပ်လက်စားကလည်း မပြေလည်နဲ့ ညီမလေးရယ် ဒုက္ခတွေအကြောင်းကို မပြေချင်တော့ပါဘူး။ သတင်းလည်းညီမလေးဖတ်ပြီးရောပေါ့   ကျောမှာရေနွေးနဲ့ ပက်ထားတာ ရဲရဲနီလို့ ရိုက်ထားတာလည်း ဓါဏ်ရာတွေ ဗရဗွနဲ့ စိတ်ခြောက်ခြားနေတဲ့ တိုင်းတပါးမှာအလုပ်သွားလုပ်ခဲ့ရတဲ့ မြန်မာမလေးကို အကို သနားလိုက်တာ။      တခါကပေါ့ညီမလေးရယ် ရန်ကုန် မြို့တော်ကြီးရဲ့တစ်နေရာမှာ  အကို သူဋ္ဌေးကြီးတစ်ဦးက ခေါ်လို့ ဆေးကုဖို့ သွားခဲ့ရဖူးပါတယ်။ ဦးဘောဂလို့ ဆိုကြပါဆို့ ။ ဦးဘောဂအိမ်မှာ နာဂစ်ဒါဏ်ကြောင့် […]


လေရူးမွှေနှောက် နွေဦးရောက်လည်း နေမင်းအပူ ရင်ကဆူသလောက် အပူချိန်မပြင်ခဲ့ပါဘူး နွေဦးကပျောက် မိုးဦးရောက်လည်း ရွာချမိုးရေ ငါ့အလွမ်းမျက်ရည်က အနိုင်ရခဲ့သေးတယ် မိုးရာသီကုန် ချမ်းခိုက်တုန်လို့ ဆောင်းဦးကိုရောက် မိုးကပျောက်တော့ နှင်းကျလေပြေ အေးလို့နေလည်း ရင်ကအပူချိန်ကြောင့် မအေးနိုင်ခဲ့ဘူး သုံးရာသီကုန် အလွမ်းအဖုံဖုံနှင့် ရာသီတွေပြောင်း အချိန်တွေနှောင်းလည်း မပြောင်းလဲတဲ့ လွမ်းဆွတ်မှု ဘယ်ရာသီဥတုမှ မကုစားနိုင်ခဲ့ဘူး နာရီလက်တံလေတွေ တချက်ချက်တုန် ငါ့ရင်တွေ တဆတ်ဆတ်ခုန်နေသရွေ့တော့ မင်းကိုလွမ်းတဲ့ ငါ ရဲ့အလွမ်းတွေ ပြေနိုင်ဦးမှာ မဟုတ်ဘူး လွမ်းမြဲသာ..လွမ်းနေမှာပါ ။


မြသဲ ( 17082011 )March 12, 20121min014
စနေနေ့က ကျွန်မအပြင်ထွက်ဖြစ်တယ်။ ရန်ကုန်ဆေးရုံကြီးအရေးပေါ်နားလောက်ကျတော့ကားတွေပိတ်နေတာနဲ့ ရှေ့ကိုလှမ်းကြည့်လိုက်တော့ Rescue ကားနဲ့မီးသတ် ရဲ ဘော်တွေ ဆေး ၁ ရှေ့မှာတွေ့လိုက်တာနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီး ဆက်သွားကြည့်လိုက်တော့ သံရုံးကားရယ်၊ Taxi ရယ်၊ ကုန်တင်ကားရယ် တိုက်ထား တာတွေ့ ရတယ်။ Taxi ကတော့တော်တော်ဆိုးဆိုးဝါးဝါး ရှေ့ပိုင်းတခုလုံးပျက်စီးသွားတာတွေ့ရတယ်။ ဒရိုင်ဘာကတော့အခြေအနေဆိုးတယ်ပြောတယ်။ Taxi ကကျော်တက်ပြီး သံရုံးကားကို မျက်နှာချင်းဆိုင်တိုက်ပြီး ဒိုင်နာကိုဆက်တိုက်တာတဲ့။ ဘာတွေအဲလောက်လောကြီးနေလဲမသိဘူး။ ကျွန်မလဲဆက်ထွက်လာခဲ့ တယ်။ နောက်တနေ့ တနင်္ဂနွေမှာအပြင်ထပ် ထွက်တော့ တာမွေလေး ရဲတန်လျားနားမှာ ခရီးသည်တင်ဘတ်စ် ကားတစ်စီးလမ်းဘေးထိုး ကျပြီးအုတ်တံတိုင်းကိုတိုက်ထားတာတွေ့ရပြန်ရော။ ကရိန်းတွေနဲ့ရှေ့နောက်ဆွဲ ပြီးလမ်းပေါ်ပြန်တင်နေရတာတွေ့ခဲ့ရတယ်။ ဒဏ်ရာရမှု့အခြေအနေတော့မသိခဲ့ရပါဘူး။ ဒီနေ့မနက် တနင်္လာနေ့မနက်စောစောမှာ ဝင်းထဲကဝန်ထမ်းတယောက်ကလာပြော တယ်။ ဝန်ထမ်းတယောက်ရဲ့သမီးမနေ့က ကားတိုက်ခံရတာပွဲချင်းပြီးဆုံးသွားတယ်တဲ့။ စံပြဈေးနားမှာ ကျူရှင်ကနေပြန် လာပြီးအိမ်ပြန်မလို့ မှတ်တိုင်မှာ ကားစောင့်နေတုန်း ၈၈ ဘတ်စ်ကားက […]


မြသဲ ( 17082011 )March 12, 20121699min00
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ့အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇဝင် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝမှတ်တမ်း။ ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။ ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊ ေဩာ် …. ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ရက်) …. ငါ ဘာလုပ်ရင် ကောင်းမလဲ၊ ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊ ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) […]


naywoon niMarch 10, 20121min06
စကားပြောသံတွေကြားနေရတယ်….။ ဟုတ်တယ်…။ စကားပြောသံတွေကို ကျွန်တော်နားထောင်နေမိတယ်…။ အတင်းအဖျင်းတွေ ပြောနေကြတာ …။ အဲဒိအတင်းအဖျင်းစကားတွေကိုပဲ ကျွန်တော်နားထောင်နေမိတာ….။ အားလုံးကို ခြုံငုံပြီး ကျွန်တော် ခေါင်းစဉ်တစ်ခုပေးလိုက်ပါ့မယ် ။ ဘယ်နေရာ သွားသွားသူတို့ ပြောနေတဲ့ အကြောင်းအရာတွေကို နားမထောင်လည်းကြားနေရတာ…။ “ အသံတွေ ကြားနေရတယ်ပေါ့ ” အဲဒိအသံတွေထဲမှာ ကျွန်တော်ဘဝင်မကျတဲ့ စကားလုံးတစ်လုံး ထပ်ခါတစ်လဲလဲ ပါနေတယ်…။ “ အဟောင်း အသစ်နဲ့ ခေတ်မီတယ် နောက်ကျတယ် ” ဆိုတဲ့ စကားလုံးကိုပေါ့….။ လူတွေအားလုံး ခေတ်မီတယ်ဆိုတဲ့ အသစ်အသစ်တွေ နောက်ကို ပြေးလိုက်နေကြတယ်လေ…။ အဲဒိလူများအတွက် ကျွန်တော် ရေခဲရေ များများ စုဆောင်းထားပါတယ်..။ ပြေးရလွှားရလို့ မောရင်တိုက်ရအောင်လို့ …..။ စာအုပ်တစ်အုပ်ထဲမှာတွေ့ဖူးလိုက်တယ်…။ “ အသစ်/ခေတ်ပေါ်ဆိုတာ ဟာ အချိန်ကာလရဲ့ လှည့်စားချက်တွေပါ […]


“ဖြေသိမ့်ကောင်း၏ မကောင်း၏(မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း)”   အခုနောက်ပိုင်းမန်းလေးမှာကောင်းလာတာလေးတစ်ခုကတော့ လက်ဖက်ရည်ဆိုင် ဆံပင်ညှပ်ဆိုင်နဲ့ဘဏ်တော်တော်များများမှာ ကိုယ်ဆီလာတဲ့ဖောက်သည်များမပျင်းရအောင် ဂျာနယ်လေးတွေချပေးထားကြတာပါ။ ဂျာနယ်တွေကလဲ ဖတ်မနိုင်ဝယ်မနိုင်လောက်အောင်ထွက်ပါတယ်။ အဲလိုချပေးထားတော့ ဘာဘဲဖြစ်ဖြစ် ဖတ်ဖြစ်သွားတာပေါ့ဗျာ။ ဟိုတစ်ရက်က ဘဏ်မှာငွေသွားထုတ်တော့စောင့်နေရင်း ခုံပေါ်ရှိနေတယ်ဂျာနယ်တစ်စောင်ယူဖတ်ဖြစ်ပါတယ်။ အဲဒီထဲမှာ သတင်းတပုဒ်က လေးရက်အတွင်း လူသုံးယောက် ကိုယ့် ကိုကိုယ်သေကြောင်းကြံတဲ့သတင်းလေးပါလာပါတယ်။ တစ်ယောက်ကတော့ ဆေးလိပ်ခိုးသောက်တာကို အမေကဆူလို့ဆိုပြီး သတ်သေတာက အရွယ်မရောက်သေးတဲ့ယောက်ျားလေး။ ဘာကြောင့်လို့ ဖော်ပြမထားဘဲသတ်သေတယ်ဆိုတာလောက်ဘဲ ရေးထားတာက အရွယ်ရောက်ပြီးမိန်းကလေး၊ နောက်တစ်ယောက်ကတော့ အရက်ကြောင်ကြောင် ပြီးသတ်သေပါသတဲ့။ လူ့အသက်တစ်ချောင်း အလဟဿ ဆုံးပါးသွားတာ နှမျှောစရာကောင်းလှပါတယ်။ အဲဒါဖတ်မိတော့ ဟိုတစ်လောက နိုင်ငံခြားမှာ သတ်ေသေသွားတဲ့ကောင်မလေးကတော့ မသေခင် ဖေစ်ဘုတ်မှာစာတွေရေးသွားတော့ အင်တာနက်မှာရော ဂျာနယ်တွေမှာရော ဒီအကြောင်းကတော်တော်လေးကို ှ ပျံ့နှံ့လို့သွားခဲ့ပါတယ်။ ဒီလို ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ ဖတ်ရသိရတော့ ကိုယ့်မိတ်ဆွေအသိုင်းအဝို်င်းထဲမှာလဲ ဒီလိုဖြစ်ခဲ့ […]


htet wayMarch 7, 20121min011
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက သစ္စာနီ၏အလူနှင့်အိမ်ကို ကြိုက်ခဲ့သည်။အောင်ဝေး၏ဆင်းရဲတဲ့ အချစ်ကို ရွတ်တတ်ခဲ့သည်။ဘယ်သူပြောလဲတတောလုံး ကြွေဆိုသောစာသားကို မဆီမဆိုင် ပြောတတ်သေးသည်။ကျွန်တော်တေလေလိုလျှောက်သွားတုန်းကဂေဇက်ဆိုတာမသိပါ အင်တာနက်ဆိုတာ အင်္ဂလိပ်နာမည်လား ဟုတွေးခဲ့ထင်ခဲ့ပါသည်။ကျွန်တော်မြို့ကလေးက မီးမမှန်ပါ။ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ဒီမိုကရေစီဆိုသော စကားရပ် အသံတိတ်နေသေးသည်။ အကျယ်ချုပ်ဆိုသော စကား ၊တိုက်ပိတ်သည်ဆိုသော.. တိုးတိုးကွ ဆိုသော လက်ညိုးတစ်ချောင်းတွေခောတ်စားနေပါသည်။ ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ရဲ့ ဝံ့စွန့်စားခြင်းတေးးမှာ ရင်နင့်အောင်ဝေးရဖူးသည်။ငယ်စဉ်က သူငယ်ချင်းကောင်းကို စကားမပြောရဲခဲ့ပါ (ခင်ဇော်လင်း ခွင့်လွှတ်ပါ)။မကြာခဏခေါ်ယူခြင်းခံရ မေးခံရ ခြင်းကို ကျွန်တော်မုန်းပါသည်။ကျွန်တော်တေလေလိုလျှောက်သွားတုန်းကကောင်မလေးတွေ ဘောင်းဘီတို ဝတ်ပြီး ကဗျာမဆန်တတ်သေးပါ။ မိန်းကလေးက စလို့ ရည်းစားစကားပြောသောခောတ်မရှိသေးပါ။လေဘာတီမမြရင်ကို အင်္ဂလိပ်ကဇာတ်ပွဲ၌ ခြေသလုံးပေါ်အောင်ထမီဝတ်ပြလျှင် ရွှေဒင်္ဂ ါး ပေးမည်ဟုဆိုသောအခါ သီချင်းနှင့်တုံပြန်၍အမျိုးသမီးတို့၏အိန္ဒြေကို ရွှေပေးမရကြောင်းသီချင်းဆိုသောခောတ်ကို ကျွန်တော်မမှီလိုက်ပါ။ ကျွန်တော်တေလေလိုလျှောက်သွားတုန်းက မီးလောင်မူတွေ မဖြစ်ပါ။တယ်လီဖုန်းရောဂါတွေမရှိသေးပါ ။ပြည်သူ့ အသံဆိုတာ ကို နားထောင်သူမရှိပါ။ နာရေးကူညီမူ မဖွင့်ဖြိုးသေးပါ။ညီညွတ်ရေးနှင့် […]


(ခရီးရုတ်တရက်ထွက်သွားရသဖြင်.ယခုမှအဆုံးသပ်နိုင်ခြင်းကိုအားနာမိပါကြောင်း ) ဥသျှစ်ပင်ရောက်တော.နံနက်ငါးနာရီခွဲခန်. ၊ခရီးသည်များကိုနှိုး၍မျက်နှာသစ် နံနက်စာစားစေသည်။ ပြီးလျှင်ပုသိမ်မုံရွာလမ်းမှ ရွှေစက်တော်သို.နေ.လည်စာအမှီမောင်းရပေတော.မည်။ဥသျှစ်ပင်မှထွက်၍တစ်နာရီခန်.အကြာတွင် ပြဿနာစတော.သည် ထိုစဉ်ကပုသိမ်မုံရွှာလမ်းသည်သိပ်မကောင်း ၊ခဲလုံးများထိုးထိုးထောင်ထောင်နှင်.အတန်ငယ်ကြမ်းသည်။ထိုခဲချွန်များသည် ကျွန်တော်၏တကားနောက်ဘီးကိုထိုးခွဲလိုက်ပါပြီ …။ကျွန်တော်တို.ဆင်း၍ ကားဘီးလဲကြရသည်။ ပုသိမ်မုံရွာလမ်းသည် သိကြသည်.အတိုင်းပင် …ဥသျှစ်ပင်မှ ပဒါန်းလမ်းဆုံအထိ ကားနားရမည်.နေရာမရှိ၊ လေထိုးကျွတ် ဖာရမည်.နေရာမရှိ ။ထို.ကြောင်.နောက်တကြိမ်ဘီးမပေါက်စေရန်ဆုတောင်း၍ ဖြေးဖြေးမှန်မှန်သာမောင်းရပေတော.သည်။ သို.သော်..ဆုတောင်းကားမပြည်.ခဲ.။မိုင်(၃၀)ခန်.မောင်းပြီးသောအခါ ရှေညာဘက်ဘီးပေါက်ပြန်လေသည်။ကျွန်တော်တို. တွင်ကားဘီးအပိုမရှိတော….။ထို.ကြောင်. နောက်ဘီးတစ်လုံးဖြုတ်၍ ရှေ.ဘီးတွင်တတ်ဆင်ကာဘုရားရှိခိုးအမျိုးမျိုးရွတ်ပြီး ဖြေးဖြေးသာမောင်းရပါတော.သည်။ပင်ပန်းလိုက်သည်.ဖြစ်ခြင်း …လူပင်ပန်းသည်ထက်စိတ်ပင်ပန်းသည်ကပိုသည်။ ၄၆ ယောက်သောခရီးသည်တို.၏အသက်နှင်.ခရီးစဉ်ချောမောမှုသည်ယဉ်မောင်းတွင်တာဝန်အပြည်.အဝ ရှိလေသည်မို. အထူးသတိထား၍မောင်းရသည်။ခရီးသည်တချို.လည်းဗိုက်ဆာကြပြီ ၊ သံဃာတော်နှစ်ပါးလည်းပါသည်မို.မွန်းလွဲမှာစိုးရ သေးသည် …ကားသည်လည်းမြန်မြန်မောင်းလို.မရ ၊ ဒီကြားထဲ …ကားနှင်.ဒရိုင်ဘာကိုမေတ္တာပို.သံသဲ.သဲ.ကိုလည်း မကြားဟန်ဆောင်၍နေရပြန်သည် ။ ပဒါန်းလမ်းဆုံရောက်တော.ကံကောင်းသည် ၊ကျွန်တော.အသိဒရိုင်ဘာမောင်းသည်. ကားနှင်.တွေ.သည်မို.ဘီးမဖာတော. ဘဲသူ.ထံမှစပယ်ယာဘီးကိုငှား၍ ရွှေစက်တော်သို.အသော.နှင်ရပါတော.သည်။ကံဖေးမ၍သံဃာတော်တို.နေ.ဆွမ်းမှီခဲ. ပါ၏။ကျွန်တော်တို.လည်းထမင်းပင်မစားအားကားဘီးဖြုတ်၍ ဖာထေးရလေသည်။ကိစ္စပြီးတော. နေ.လည်နှစ်နာရီ…. မတ်လဆန်း၏နေသည်ထိုအရပ်တွင်တော.ပူပြင်းလှသည်။ ဘုရားဖူးယဉ်များထားရာစုရပ်သို.ကားကိုနေရာချပြီးလျှင်နေ.လည်စာအတွက်နီးရာဆိုင်သို.ပြေးရတော.သည်။အထက်စက် တော်ရာသို.မူမတက်နိုင်တော.။ထိုနေ.ညနေတွင်ပင်ပန်းသမျှကိုမန်းချောင်းရေတွင်စိမ်ရင်းအပန်းဖြေခဲ.ရပါသည်။စောစောအိပ်မည် ဟုစိတ်ကူးရင်းတည်းခိုဆောင်တခုခုရရန်ရှာဖွေရသည်။ကျွန်တော်သည်ရွှေစက်တော်သို.ရောက်တိုင်းကားပေါ်တွင်အိပ်လေ.မရှိ။ ကားတံခါးမျာအလုံပိတ်ထားရသဖြင်.ပူအိုက်သည်တစ်ကြောင်း၊ပြင်ပလေတဟူးဟူးတိုက်သည်.မန်းချောင်းဘေးမှဝါးတဲလေး […]


ဆ = နှိုင်းဆခြင်း ၊ ချင့်ချိန်ခြင်း ။ ရာ = လျှာထားခြင်း ၊ တိုင်းတာခြင်း ၊ အကဲဖြတ်ခြင်း ။ ဆရာ = ကိုယ်ကျိုးမငဲ့ဘဲ တစ်ပါးသူတို့ကို သင်ပြခြင်း ။ ဆာယာ= တပည့်များအပေါ် အမြဲတမ်းအေးမြမှု အရိပ်ပေးလေ့ ရှိခြင်း ဟူသော တင်စားမှု ၊ ဖွဲ့ဆိုမှုတို့ဖြင့် ဆရာတို့၏ ဂုဏ်အပေါင်းသည် ဝေဖြာဆဲ ၊ ပျံ့လွင့်ဆဲရှိ၏ ။ ယင်း ဂုဏ်ထူးဝိသေသနတို့သည် ထိုက်တန်သူတို့သာလျှင် ရရှိခြင်းဖြစ်၏ ။ လောက သဘောတရားသည် ချီးမြောက်ထိုက်သူတို့အား ချီးမြောက်လေ့ ရှိ၏ ။ မိမိ လုပ်နိုင်လျှင် လုပ်နိုင်သလောက် ရရှိစမြဲ ဖြစ်၏ ။ များများလုပ်နိုင်လျှင် များများရ၏ ။ […]


ကိုထီးရဲ့“ကိုယ့်အချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်”ဆိုတဲ့ သီချင်းလေးပြန်နားထောင်မိတော့ နမ်းရှိုက်ခဲ့ဖူးတဲ့…. အကြွေပန်းလေးကိုသတိရသွားမိ ပြန်ပါတယ်…   “အကြွေပန်း” ပန်းကလေးတစ်ပွင့်..ဟုတ်ပါတယ် ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး.ပွင့်ဖတ် ကလေးတစ်ချို့တောင်ကြေလို့..အိပ်ယာပေါ်ခြေပစ်လက်ပစ် လှဲလိုက်တုန်း အိပ်ယာနံဘေးမှာ တွေ့တာပါ..အံ့တော့လည်းမအံ့ဩမိပါဘူး..ခေါင်းရင်းရဲ့ခပ်လှမ်းလှမ်းလေးမှာက နှင်းဆီပန်း ပေါင်းစုံတဲ့ ပန်းခြံကြီးရှိတာကိုး..တစ်နည်းနည်းနဲ့ ဒီနေရာရောက်နေဖို့ မခက်ဘူးလေ.ဒါကြောင့် မအံ့ဩမိပါဘူး..ဒါပေမယ့်ဘာရယ်မဟုတ်ဘဲ အသာကောက်ယူပြီး အမှတ်မထင်နမ်းကြည့် လိုက်တယ်..အား..မွှေးလှချည်လားကွာ…. တော်တော်အံ့ဩသွားတယ်..စောစောကမအံ့ဩပေမယ့် ခုတော့တော်တော် အံ့ဩသွားတယ်. ရှုပ်သွားသလား..ဒီလို..ဒီလို.. ကျုပ်မှာက နှင်းဆီခြံကြီးရှိတယ်လေ..ကျုပ်ပဲရေလောင်းရတာ နေ့စဉ်ပေါ့..ပန်းတွေလည်းဝေ နေအောင်ပွင့်နေတာပဲ..အပင်လေးတွေ ရှင်သန်လာအောင် ပြုစုရတယ် အရွက်အကိုင်းလေး တွေ ပိုးမကိုက်အောင်စောင့်ရှောက်ရတယ်..အပွင့်လေးတွေ အင်အားရှိပြီး လှပအောင် မြေ တောင်မြှောက်ပေး..မနားမနေပြုစုပေးရတယ်..အချိန်တန်တော့လည်း..ပန်းလှလေးတွေအင် နဲ့ အားနဲ့ပွင့်လာကြတာပေါ့..ပန်းကလေးတွေ မွှေးမယ်ဆိုတာသိပါတယ်..နမ်းမကြည့်မိဘူး.. ခူးရင်လည်းရတာပေါ့..ခူးရကောင်းမှန်းကိုမသိခဲ့တာ..မစဉ်းစားခဲ့တာ..ခုတော့..ဘယ်သူခူး.. ဘယ်သူပန်..ဘယ်သူနွမ်းလို့ ပစ်ထားခဲ့မှန်းမသိဘူး..နှင်းဆီပန်းလေးတစ်ပွင့်ပါ..ဟုတ်ပါတယ် ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး…အို…သိပ်မွှေးပါလားကွယ်…… အားလုံးကိုလေးစားခင်မင်တဲ့.. ကြီးမိုက်။      


“ပေါက်ပန်းပွင့်ချိန်ခါမီ တပေါင်းမိန်ရာသီ”   ဒီနေ့မနက်အလုပ်သွားတော့ ဘုရားကြီးစာတိုက်ကွေ့ကို နည်းနည်းလေးအကျော် ကျောက်လမ်းမပေါ်မှာ ကြွေကျနေတဲ့ပေါက်ပန်းပွင့်တွေကို တွေ့တော့ အပေါ်မော့ကြည့်မိပါတယ်။ အုးိ………………တပင်လုံး ပုစွန်ဆီဖျော့ဖျော့အသွေးနဲ့ပေါက်ပန်းပွင့်တွေဝေလို့ပါကလား။ ဒါဆိုရင် တပေါင်းရောက်ခါနီးပြီပေါ့။ တပေါင်းဆိုတာနဲ့လွမ်းစရာအကြောင်းလေးတွေက ရင်ထဲမှအစီအရီပေါ်လို့လာပါလေရော။   သင်္ကြန်ရေကို အကြိုထောက်တဲ့ပန်းက ပိတောက်ဆိုရင် မိန်တပေါင်းကို ကြိုဆိုတဲ့ပန်းက ပေါက်ပန်းလို့သတ်မှတ်ချင်ပါတယ်။ ကျနော်ပေါက်ပန်းပွင့်ရဲရဲလေးတွေကို ငယ်စဉ်ဘဝကတည်းက နှစ်သက်ခဲ့တာပါ။ ဟိုခပ်ငယ်ငယ်မြစ်ငယ်ဘက်မှာနေကြတုံးကပါ။ အခုလို ရာသီမျိုးမှာပေါ့ ……… ပုလိပ်ချည်မျှင်စက်ထဲက အဖေ့သူငယ်ချင်းအိမ် ကိုသွားကြတဲ့အခါ မြစ်ငယ်တံတားကိုကျော်ပြီး တောင်ဘက်ကိုရောက်တာနဲ့ လမ်းတစ်ဖက်တစ်ချက် မှာပေါက်ပင်တွေတန်းစီနေတာကိုတွေ့ရပါတယ်။ အရွက်နည်းနည်းလေးဘဲကျန်အောင၊် တစ်ပင်လုံးဖုံးအောင်ဝေနေအောင် ၊ ပွင့်နေတဲ့ပေါက်ပန်းပွင့်တွေမြင်ရင်အရမ်းကိုသဘောကျခဲ့တာပေါ့။ တကယ်တော့ပေါက်ပန်းဆိုတာ လှသာလှတယ် စားလို့လဲမရ မွှေးလဲမမွှေး။ ဒါပေမယ့် ကျနော်ကတော့ဒီအပွင့်လေးတွေမြင်တာနဲ့သဘောတွေကျနေခဲ့တာအမှန်ပါဘဲ။ (နောင်ကြီးလာတော့ စာအုပ်ထဲမှာပါတဲ့ ပြည်နှင့်အရေး ပေါက်နဲ့ကျေး ဆိုတာ ဒီပေါက်ပင်တွေကို ညွှန်းထားတာကိုသိရပြန်ပါတယ်။ ပေါက်ပင်အပွင့်က […]