တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ…   ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်… ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…       “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့ မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ  အကိုတော့ ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်.. သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့ […]


ေမာင္ရိုးFebruary 29, 20121min014
ရွှေစက်တော်သို.ခရီးလမ်းတလျေက် တနေကုန်တညလုံးကားစီး၍ပင်ပန်းခဲ.သမျှမန်းချောင်းရေတွင်စိမ်လိုက်လျှင်ချက်ချင်းပင်လန်း ဆန်းပြီးအပန်းပြေစေခဲ.ပါသည် ။စက်တော်ရာနှစ်ဆူဖူးမြင်ပြီး၍ အထက်စက်တော်ရာတည်ထားသော တောင်တော်ထက်ဆီမှ တောင်ချေသို.လှမ်းအကြည်.တွင်ညရှုခင်းသည်ကား အထူးလှပနေပေသည် ။ရစ်ခွေ၍စီးဆင်းနေသောမန်းချောင်းဘေးတွင် စီတန်း၍ဆောက်လုပ်ထားသောတဲတန်းများနှင်. လျှပ်စစ်မီးများ ထိန်ထိန်ညီးနေသည်. ဈေးတန်းများကိုကြည်.ရင်း တောင်ပေါ် သို.ဖြတ်သန်းတိုက်ခတ်လာသောလေနုအေး၏ အထိအတွေ.မှာအထူးပင်အေးချမ်းလှပေစွ ။ဘဝအမော တခဏအမောတို.သည် ဘယ်ဆီလွင်.လေသည်မသိ ….မပြန်ချင်လောက်အောင်ပင် ဖြစ်မိနေတော.သည် ။ ထိုသို.သော ရွှေစက်တော်ဘုရားပွဲသို. ကျွန်တော်သည်လွန်ခဲ.သော (၁၀)နှစ်ကျော်ခန်.က ဘုရားဖူးယဉ်၏ဒရိုင်ဘာတစ်ဦး အဖြစ် အကြိမ်ဖန်များစွာရောက်ခဲ.ဘူးပါသည် ။ရောက်ခဲ.သည်.အခေါက်တိုင်းလဲမန်းချောင်းရေတွင်စိမ်လျှက် စက်တော်ရာနှစ်ဆူသို.တက်ရောက်ဖူးမျှော်ခဲ.သည် ။နှစ်တွေကြာခဲ.ပါပြီ။ ဆယ်စုနှစ်တခုမကကြာခဲ.သော်လည်း ထိုနေ.တစ်နေ.၏ ညတစ်ညကိုမူ မမေ.နိုင်သေးပါ ။အထူးပင်ပန်း၍အိပ်မောကျခဲ.ရသော ထိုတစ်ညတွင်ထတ်လန်.ခဲ.ရ သည် ၊ အံ.ဩခဲ.ရသည် ပြီးနောက် …တညလုံးအိပ်ရေးပျက်ခဲ.ရပါသည် ။ထိုညတွင်ကြုံခဲ.ရသောမထင်မှတ်ခဲ.သည်.အဖြစ်အပျက်တို.သည်ကား …………….။ ကျွန်တော်တာဝန်ယူမောင်းနှင်သော အမြန်ယဉ်ဘတ်စ်ကားကြီးသည် ရွှေစက်တော်နှစ်ညအိပ်ခရီးအဖြစ် ရန်ကုန် ပန်းဆိုးတန်းဂုံးကျော်အောက်မှည(၉)နာရီခန်.တွင်စတင်၍ထွက်ခွာလာခဲ.ပါသည်။ကျောင်းစစ်စာမေးပွဲများပြီးချိန်ဖြစ်၍လည်း၊ သောကြာနေ.ဖြစ်၍ရုံးသူရုံးသားများလိုက်ပါနိုင်ကြ၍လည်းကောင်းယနေ.ညသည် ကားပေါ်တွင်လူအပြည်.နှင်.ဖြစ်သည် ။ လမ်းကြိုတက်မည်.သူနှစ်ဦးခန်.သာပါသဖြင်. ခရီးစဉ်သည်မနှေင်.နှေး […]


အတိတ်ဟောင်းကိုပြန်ပီးတူးဆွခွင့်ပြုကြပါအုန်းအရပ်ကတို့….. တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ… ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်… ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…   “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့ မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ  အကိုတော့ ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်.. သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့ ပုဆိုးအနက်ကွက်ကလေးနဲ့ သတ္တုထမင်းချိုင့်လေးဆွဲလို့ […]


တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်အားနေတာနဲ့ မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာ ကွမ်းတစ်ယာကို တစ်မြုံ့မြုံ့ဝါးရင်း..အကြောင်းမဲ့ ဟိုငေး ဒီငေး ထိုင်နေတုန်း…တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ…ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…   “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခ


ကျွန်တော်စာအုပ်ဟောင်းတွေရှင်းရင်းနဲ့ ကျွန်တော့ရဲ့ရှေးဟောင်းလက်ရာလေးတစ်ခုသွားတွေ့မိပါတယ်…ကျွန်တော်အသက် ၂ဝကျော်ကျော်လောက်က ခံစားမှု့စာစုလေးဆိုပါတော့ဗျာ..အဲဒီအချိန် အဲဒီအသက်အရွယ်က ကျွန်တော် စာရေးဆရာရူး ရူးခဲ့ဘူးသေးတယ်…အဲဒီတုံးကရူးကြောင်ကြောင်နဲ့.. ဟိုဂျာနယ် ဒီဂျာနယ်တွေပို့ခဲ့သေးတယ်…ဘယ်ကမှလက်မခံခဲ့ပါဘူး..သိပ်မြင့်လွန်းနေလို့တဲ့..ဟဲဟဲဟဲ..ဒီနေ့ဒီအချိန်ကျတော့..အလွန်အင်မတန်သဘောကောင်းတော်မူသော ကျုပ်တို့ရဲ့ သဂျီးကျေးဇူးကြောင့် ဒီ..အင်မတန်မှညံ့ဖြင်းနုံချာလှသော စာစုလေးကို ဂေဇက်ပရိပ်သတ် ကံကောင်းလှစွာဖတ်ရပေတော့မယ်…(ငယ်မူ ငယ်တွေးမပျက်စေရန်အတွက် လုံးဝပြန်လည်တည်းဖြတိမထားပါဂျောင်း)…ရှု့စာဖတ်ရှု့တော်မူကြပါကုန်…. “ကြမ္မာ”.. ဆိုတာလူသားတွေကိုပေါင်းစည်းပေးတယ်..တခါတခါတော့သိပ်ချစ်ကြတဲ့ သူတွေကို ကွေကွင်းအောင်ခွဲပစ်တယ်..“ကြမ္မာ”ခွဲလို့ဘယ်လောက်ကွဲကွဲ..အချစ်ကို လျော့သွားအောင် မချစ်အောင်တော့မလုပ်နိုင်ရှာပါဘူး..ချစ်တာဟာချစ်တာပေါ့.. ဘယ်တတ်နိုင်မလဲ..နောင်ဘာဖြစ်မယ်ဆိုတာကြိုမတွေးဘူး..ဒါပေမဲ့သိနေတယ် နောင်အကြောင်းစဉ်းစားရင်စိတ်ညစ်မှာမို့မစဉ်းစားချင်ဘူး..ဒါပေမဲ့စိတ်ထဲမှာ အမြဲတွေးနေမိပြန်တာဘဲ..တွေးမိတိုင်းလဲ အဆင်ပြေတာဘာတခုမှမတွေ့ရဘူး အနှောင့်အယှက်အခက်အခဲအတိပြီးတဲ့ ကျုပ်လမ်းကိုကျုပ်မြင်ပါတယ်.. ကျုပ်ထင်တယ် ကျုပ်အတွက်တော့ အဆင်ပြေမှု့ဆိုတာ အပြင်လက်တွေ့ဘဝမှာမပြောနဲ့ တွေးချင်တိုင်းအတွေးနယ်ချဲ့လို့ရတဲ့ အစိုးမရတဲ့ အတွေးလောကမှာတောင် ပျောက်ကွယ်နေတယ်..ဒါပေမဲ့လေ..“ချစ်တယ်” “မြတ်နိုးတယ်” “သံယောဇဉ်ဖြစ်တယ် ်ဆိုတာတွေက နှလုံးသားကဖန်တီးတာ နှလုံးသားကဖြစ်ပေါ်တာ..နှလုံးသားအလုပ်.. “အဆင်မပြေဘူး”ပြေတယ် ခက်တယ် လွယ်တယ် ဆိုတာတွေက ဦးနှောက်နဲ့ စိတ်က ဆုံးဖြတ်တာ..ဦးနှောက်အလုပ် စိတ်အလုပ်….တခုတော့ရှိတယ်… ဦးနှောက်နဲ့စိတ်ကဘယ်လောက်ဘဲ အခက်အခဲတွေ့တွေ့… နှလုံးသားကိုဩဇာမညောင်းနိုင်ပြန်ဘူး..တနည်းပြောရရင် နှလုံးသားကိုတားမရဘူး […]


“ချစ်စထုံးနှောင် အပိုင်းလေး………ဇာတ်သိမ်း”   အချစ်ဆိုတာ ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ ဆန့်ကျင်ဘက် သဘောဆောင်လို့ပေါ့။ တစ်ချို့ကတော့ပေးဆပ်ခြင်းသက်သက်တဲ့၊ တစ်ချို့ကတော့ ပိုင်ဆိုင်ရမှတဲ့၊ တစ်ချို့ကတော့ အချစ်ဆိုတာ ဘဝမှာ တစ်ခါထဲဘဲပွင့်တဲ့ပန်းတဲ့။ တစ်ချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်ပေါက်ဖွားခွင့်ရှိပါသတဲ့။ တစ်ချုို့ကတော့ အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့၊ သူ့အလိုလို တိုက်ဆို်င်မှ ပေါက်ဖွားလာတာပါတယ်။ အချို့ကလဲ အချစ်ဆိုတာ ပြုစုပျုးိထောင်ယူလို့ရပါသတဲ့။ အချစ်ဆိုတာပူလောင်ခြင်းတဲ့ အချစ်ဆိုတာအေးငြိမ်းခြင်းတဲ့ အချစ်ဆိုတာ နာကျင်ကြေကွဲစရာတဲ့ အချစ်ဆိုတာပျော်ရွှင်ကြည်နူးစရာတဲ့ အချစ်ဆိုတာ……………………………… အချစ်ဆိုတာ…………………………………… ပြောလို့ရေးဖွဲ့လို့ မဆုံးသလို။ အချစ်နဲ့ပါတ်သက်လို့ အနက်အမျိုးမျိုးဖွင့်ကြတာ ပြန်တွေးကြည့်တော့ မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလိုပါဘဲ.။ ကိုယ်လက်နဲ့ထိမိသလောက်လေးအပေါ်မှာ အကဲဖြတ်ကြတယ်လို့ထင်ပါရဲ့။ တွေးရင်းတွေးရင်း အဖြေမရနိုင်ဘဲလည်ထွက်နေတာလဲ ဒီအချစ်ပါဘဲ။ အချစ်ကြောင့်ပျော်ရွှင် အချစ်ကြောင့်တက်ကြွ အချစ်ကြောင့်စိတ်အားတက် အချစ်ကြောင့် စိတ်ဆင်းရဲ အချစ်ကြောင့် မိန်းမော အချစ်ကြောင့် […]


ムラカミFebruary 24, 20122min030
သူမ နာမည်ဟာ Marie Colvin ဖြစ်ပါတယ် … အမေရိကန်နိုင်ငံသူ သူမဟာ တချိန်က ကိုယ့်ကိုကိုယ် ကမာ္ဘမြေအတွက် မီးသတ်သမား အဖြစ် ကင်ပွန်းတပ်ခဲ့တဲ့ သတင်းထောက်တယောက် ဖြစ်ပါတယ်..။ နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ မကြောက်မရွံ့့သော ရဲရင့်သော သတင်းထောက် အဖြစ် လက်ရှိမျိုးဆက် တခုလုံးက လေးစားရတဲ့သူပါ..။ ၂၀၀၁ခုနှစ် သီလိလင်္ကာ နို်င်ငံမှာ ဗုံးဆန်ထိမှန်ပြီး ကတည်းက ဆုံးရှုံးခဲ့ရတဲ့ ဘယ်ဘက် မျက်လုံး မှာ မျက်လုံး အကာတပ်ဆင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် ခဲ့သူ ကမာ္ဘတဝှမ်းက မီဒီယာတွေ ပေါ်မှာ မကြာခန တွေ့မြင်ရတတ်သူလည်း ဖြစ်ပါတယ်…။     ၁၉၈၅ ခုနှစ်ကတည်းက ဗြိတိသျှ သတင်းစာ the Sunday Times အတွက် […]


ေမာင္ရိုးFebruary 23, 20121min032
ဟိုတလောကပဲ ဧရာဝတီရဲ.အကြောင်းတွေဆူဆူညံညံကြားလိုက်ရတော.မေ.ထားတာမဟုတ်ပေမဲ. မေ.တေ.တေ.ဖြစ် နေတဲ.ဧရာဝတီနဲ.ပတ်သက်တာလေးတခုသွားသတိယမိတယ်—ကြာတော.ကြာခဲ.ပါပြီလေ လွန်ခဲ.တဲ.အနှစ် ၂ဝ ကျော် တုန်းကပါ ။။တိတိကျကျပြောရရင် ၁၉၈၉-၉ဝ လောက်ကပါ။။။ ဆာမိရဲ.ကျောင်းနေဘက်တယောက်ကမြောင်းမြကပါ—-အခုတော.လဲ တစ်မိသားစုလုံး နာဂစ်ခေါ်ရာ ပါသွားခဲ.ပါပြီ။ သူ.မိဘတွေက မြောင်းမြ ၊ လပွတ္တာ ၊တို.ကနေဆားတွေကိုစက်လှေနဲ.တင်ပြီး ဧရာဝတီမြစ်ရိုးတလျောက် တရွာဝင် တမြို.ထွက်နဲ.ဆားရောင်းကြပါတယ်–အညာကသင်.တော်ရာကုန်တွေကိုပြန်တင်ပြီးမြစ်ဝကျွန်းပေါ်ကိုစုန်ဆင်းကြတယ်။ ကိုယ်ပိုင်စက်လှေဆိုတော.တွက်ချေကိုက်တာပေါ.။ဆာမိလည်းလူငယ်ဘာသာ ဘာဝ စိတ်လေလွင်.နေတဲ.အချိန်မှာ မြောင်းမြကနေ သူတို.ရဲ.အညာဆန်စက်လှေကြီးနဲ.အတူလိုက်သွားခဲ.ပါတယ်—။ အတွေ.အကြုံလည်းရ ဗဟုသုတလည်းတိုး ဆိုတဲ.သဘောပေါ. ။ဒီလိုနဲ.တခုသောသာယာတဲ.နေ.လည်မှာဆာမီနဲ. သူငယ်ချင်းတို.ဟာ အညာခရီးစတင်ခဲ.ကြပါတော.တယ်—စက်လှေပေါ်မှာက လှေသူကြီးနဲ.အလုပ်သမားကသုံးယောက်၊ ဆာမီတို.ကနှစ်ယောက် ၊ပေါင်းခြောက်ယောက်ပေါ. ၊လှေသူကြီးကရခိုင်လူမျိုး —စကားလဲဝဲတယ် အသားလဲမဲတယ်– ငရုပ်သီးနဲ.ငပိကတော.ထမင်းပွဲတိုင်းပါတယ်—သူ.မိန်းမသာမေ.ချင်မေ.မယ် ငပိတော.မေ.မယ်မထင်ဘူး— ခရီးအစကတော.ပျော်စရာပဲဗျို.—သွေးကြောတွေလိုရှုတ်ရှက်ခတ်နေတဲ.မြစ်ဝကျွန်းပေါ်ရဲ.မြစ်ချောင်းတွေကို လှေသဂျီးက ကျွမ်းကျင်စွာဖြတ်ကျော်ရင်း မြစ်ဧရာပေါ်ကို ဆန်တက်ခဲ.ပါတယ်—-ကုန်ချိန် ၂၀၀၀ဝ ကျော်တင်ထားတဲ.စက်လှေဆို တော.လဲ တအိအိနဲ.ပေါ.–။ဆာမိတို.လည်း အိပ်လိုက် စားလိုက် ငေးလိုက် တွေးလိုက်နဲ.ပေါ.။ပြဿနာကတော. […]


ငွက္ကေလးFebruary 22, 20121min017
အချစ်ဆိုတာ ကမာ္ဘ့ပြဿနာတွေထဲ မှာတစ်ခုအပါအဝင်ဖြစ်မယ်ထင်တယ်။ ချစ်လိုက်ကြတာ သဲသဲတုန်ဆိုတဲ့ လူ့ဘဝဇာတ်လမ်းတွေလည်း အများကြီးပဲ။ ပုံပြင်၊ ဝတ္ထု၊ ရုပ်ရှင်၊ သီချင်း တွေမှာလည်း ချစ်ခန်း ကြိုက်ခန်း တွေက ခေတ်အစားဆုံးပဲ၊ ဒါကြောင့် လောကမှာ လူစိတ်အဝင်စားဆုံး အရာတွေထဲမှာ အချစ်ဆိုတာ ထိပ်ဆုံးကပါနေမယ်ထင်တယ်။ ရှင်မဟာရဋ္ဌသာရတောင်မှ အချစ်အကြောင်းဖွဲ့ဆိုတဲ့ ကဗျာတွေ ရေးခဲ့သေးသည်။ အချစ်ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသလို၊ အချစ်ဒဿနအမျိုးမျိုးကိုလည်း ကဗျာဆရာတွေ၊ ဒဿနသမားတွေ ဖော်ထုတ်ခဲ့ကြသည်။ ဒါပေမယ့် ဘယ်တော့မှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိခဲ့ဘူး။ ဒီလိုနဲ့ အချစ်ပြဿနာဟာ ခေတ်အဆက်ဆက်မှ ယနေ့ထက်တိုင် အသက်အရွယ်အမျိုးမျိုးကြားမှာ ရှင်သန်လွှမ်းမိုးနေဆဲဖြစ်သည်။ ကျွန်တော့်အနေနဲ့ ပြဇာတ်တွေ၊ ပုံပြင်တွေထဲကလိုဂန္တဝင်ဆန်ဆန်အချစ်မျိုးကို ဒီခေတ်ဒီအခါမှာ မယုံကြည့်မိတာတော့ အမှန်ပဲ။ အချစ်ဟာ အသက်အရွယ်အလိုက် ခံစားမှု့အနိမ့်အမြင့် ကွာခြားသလားလို့ တော့ သေချာမပြောတက်ဖူး။ အသက်အရွယ်အနည်းငယ် […]


Wai PhyoeFebruary 21, 20121min02
အမေရိကန် ကွန်ဂရက် လွှတ်တော် (Capitol) ကို အသေခံ ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် မော်ရိုကန် လူမျိုး အမိုင်း အယ်(လ) ခါလီဖာ (Amine El Khalifi ) FBI တန်ပြန် အကြမ်းဖက် အဖွဲ ့ က ဖမ်းဆီး နိုင်ခဲ့ သည်။ ကနဦး တရား ရုံး တွင် စစ်ဆေး မှု အရ ၎င်း သည် လူ အသေအပျောက် များ စေနိုင် သည့် ပေါက် ကွဲ စေတတ် သော လက်နက် ခဲယမ်း များ သယ်ဆောင် လာ သည် […]


unclegyi1974February 20, 20121min05
၁၉၇ဝကျော်နှစ်မှာမန်းလေးရောက်တော့ မန်းလေးဆိုတာစက်ဘီးမြို့ဆိုတာလက်ခံလိုက်ရပါပြီ တမြို့လုံးဘယ်သွားသွားစက်ဘီးနဲ့ ရန်ကုန်လိုလိုင်းကားကလည်းမပေါ ရာလေး ဟမ်းမား မောင်ဗမာ ခေတ် နောက်ယိုးဒယား ဖီးဆင့် မိကျောင်း စတန်းဒတ် ခေတ် နောက်တရုပ်ကစက်ဘီးတွေ ခေတ် ၁၉၈ဝကျော်လာတော့ဂျပန်ဆု်ိင်ကယ်တွေတဖြည်းဖြည်းနေရာယူလာပြီ လူတိုင်းမသုံးနိုင်ကြသေးဖူး ရွှေရောင် ခေတ် ဘဲခေါင်းစိမ်းခေတ် စီဂျိီ၁၂၅ ခေတ် ၂၀၀ဝခုနှစ်ကျော်လာတော့တရုပ်ဆိုင်ကယ်တွေဝင်လာပြီ ဝင်လာသမှတနေ့တနေ့ဘယ်နှစ်စီးဝင်နေတယ်ကိုပြောလို့မရအောင်ဝင်လာတာ လူတော်တော်များများလည်းဆိုင်ကယ်ဝယ်စီးနိုင်ကြပြီ ကားတွေလည်းတဖြည်းဖြည်းများလာ ဘီးတွေဆိုင်ကယ်တွေလည်းတဖြည်းဖြည်းများလာ လမ်းတွေလည်းတဖြည်းဖြည်းကြပ်လာ တာဝန်ရှိတဲ့မြို့တော်စည်ပင်ကလည်းမန်းလေးကိုကမ္ဘာ့အဆင့်မှီအောင်ယာဉ်အန္တရာယ် လည်းကင်းအောင်၂၀၁၁ခုနှစ်ရောက်တော့မန်းလေးမြို့ယာဉ်အသွားအလာများတဲ့ နေရာတွေမှာစက်ဘီးလမ်းစဖောက်ပေးခဲ့ပါတယ် တလမ်းကမန်းလေးရန်ကုန်လမ်းမကြီးတလျှောက် ရန်ကုန်ဘက်မှမန်းလေးမြို့ထဲအဝင်လမ်း လမ်းစတာကကျွဲဆည်ကန်ဈေးအဆုံးမေမြို့သံလမ်းအနေစလို့ သိပ္ပံလမ်းအထိ နောက်တလမ်းက၆၂လမ်းပေါ်မှာ ၃၅လမ်းကနေစလို့သိပ္ပံလမ်းအထိကတလမ်း ကွန်ကရစ်လမ်းတွေခင်းပေးထားပါတယ် ဆိုင်ကယ်စက်ဘီးတွေဘီးလမ်းရှိရင်ဘီးလမ်းကစီးကြ ဘီးလမ်းဆုံးရင်ကားလမ်းပေါ်ပြန်စီးခွင့်ရှိပါတယ် ဘီးတွေဆိုင်ကယ်တွေလည်းယာဉ်ကြောရှုပ်တဲ့နေရာတွေမှာကိုယ့်လမ်းနဲ့ကိုယ်သွားရတော့ သူတို့လည်းအန္တရာယ်ကင်း ကားသမားတွေလည်းအိပ်ရာအောက်ရေမဝင်အားလုံးကောင်း ပါသည်ခင်ဗျာပေါ့ ဒါပေမဲ့ဗျာခက်တာကဆို်င်ကယ်ကလည်းဆို်င်ကယ်လမ်းထဲဝင်စီးဖို့ကိုမြွေကိုက်မှာလို မစီးချင်ကြဖူးဖမ်းမယ်ဆီးမယ်နဲ့ယာဉ်ထိန်နဲ့ကြပ်မတ်မှဆို်င်ကယ်လမ်းကိုဝင်စီးကြတယ် ဆို်င်ကယ်တွေကဆို်င်ကယ်လမ်းပေါ်သွားကြတော့တခါမော်တော်ယာဉ်တွေကဆို်င်ကယ် လမ်းတွေပေါ်တက်မောင်ကြတက်ရပ်ကြနဲ့ ယာဉ်ထိန်းတွေကလည်းမော်တော်ကားဆိုတော့ကောင်ကြီးကြီးအမြီးရှည်ရှည်တွေပါမှာ စိုးလို့ထင်ပါတယ်ဆို်င်ကယ်လမ်းပေါ်တက်ရပ်တက်မောင်တဲ့ကားတွေကြဘာမှမပြော မဖမ်းနဲ့ စည်းကမ်းထိမ်းတယ်ဆို်လည်းသူ့လမ်းကို်ယ့်လမ်းမဝင်စေနဲ့ပေါ့ဗျာ အခုတော့စည်းဖောက်တယ်ဆိုပြီးမျက်နှာမွဲဆို်င်ကယ်ကိုတော့ဖမ်းတယ် စည်းဖောက်တာချင်းအတူတူမော်တော်ကားကျတော့မဖမ်းပဲကြည့်နေတယ်ဆိုတော့ ဘယ်သူကများ..


“ချစ်စထုံးနှောင်……………..အပိုင်းသုံး”      “ စိမ်းမြ…………သစ်ရွက်တို့ ကြွေနေဆဲ………. ငါ့မျက်ရည်စိုနေတုန်းပေါ့………… တစ်ချို့တွေနေနိုင်လွန်းတယ်။ တိတ်ဆိတ်တဲ့ညမှာခပ်ဆွေးဆွေးဆိုနေတဲ့ သီချင်းသံရယ် ခပ်ပြင်းပြင်းတီးနေတဲ့ ဟော်လိုဂစ်တာသံလေးရယ်နှစ်ခုပေါင်းစပ် နံရံအတားအဆီးတွေကိုဖြတ်လို့ ကျမအခန်းထဲကို ခွင့်မတောင်းဘဲရောက်လာပါတယ်။ မျက်ရည်ကျောက်ခက်တို့ ပြိုနေဆဲ………………..  ငါ့အတွှက်အဖြေရှာနေတုန်းပေါ့………….. တစ်ချို့တွေနေနိုင်လွန်းတယ်”   နဂိုရ်က မှ အိပ်မပျော်ရတဲ့အထဲကွယ်။ “အိပ်မပျော်တဲ့ညမှောင်လွန်းနေဆဲ…………… တစ်ယောက်ထဲငါ ငိုနေတုန်း…………………. ရင်ထဲမှာ မကျေနပ်ဆုံး………… ကိုယ့်အသဲမှာဒါနောက်ဆုံး………………………………. …………………………………………………………….. စိမ်းမြသစ်ရွက်တို့ကြွေနေဆဲ………………………… တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်……………………..   ကျမသိပ်မှတ်မိတာပေါ့။ ဒါမောင့်အသံ ………..အစစ်ပါ။ နေနိုင်လွန်းသူ မဟုတ်ရပါဘူးမောင်ရယ်။ နေနိုင်အောင်ကြိုးစားလို့ နေရသူပါ။   အဆောင်ပြူတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ ဗန်ဒါပင်အောက်မှာ မောင်ဂစ်တာတီးနေတာကိုမသဲမကွဲလှမ်းတွေ့ရပါတယ်။ မမြင်ရပေ့မယ့် အသံကြားတာအရိပ်တွေ့တာနဲ့ မောင်မှန်းကျမသိပါတယ်နော်။ အဲ့ဒီသီချင်းဆုံးတော့  မောင့်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကိုဆိုပါတယ်။   “မထင်မှတ်ဘဲ […]