မိုခ်ိဳMay 15, 20121min030
အံဇာတုံး က ဥစ္စစောင့် ဆိုလို့ အဖွားနဲ့ အမေပြန်ပြောပြတာတွေ သတိရမိတယ်။ ကျမ ငယ်ငယ်က စကားပြောတတ်ပြီး သိပ်မကြာခင်ပဲ ပေါက်ကရ တွေ လျောက်ပြောသတဲ့။ ဘယ်လို ပြောသလဲဆိုတော့ ကျမက အဖေတို့ တာဝန် ကျ တဲ့ ၊ ကျမ ကို ကိုယ်ဝန် စရှိ ခဲ့ တဲ့ ရွာနား က ဘုရားကြီး က လာတာ ဖြစ်ကြောင်း ၊ ကျမမှာ မောင်ကြီးတွေ၊ ညီမလေးတွ ရှိပြီး ကျမက အလတ်ဖြစ်ကြောင်း၊ ကျမတို့ ကိုအုပ်ချုပ်တဲ့ ဘိုးဘိုး ရှိကြောင်း ၊ လသာတဲ့ ညတွေဆို ပန်းတွေ စီထားတဲ့ နွယ်ဒန်းတွေ စီးကြကြောင်း ညီမတွေ ကို မောင်ကြီးတွေက […]


လင်းဝေMay 9, 20121min016
ဒီနေ့ နေ့လည် တက္ကသိုလ်ရိပ်သာလမ်းပေါ် တက္ကသိုလ်ဓမ္မာရုံရှေ့နဲ့ အဓိပတိအပေါက်နား မှာဖြတ်နေတုန်း အက်ဖ်အမ်ရေဒီယိုကနေပြီး ခိုင်ထူးနဲ့တွေ့ဆုံခန်းလုပ်နေတယ်။ ရုတ်တရက် ခိုင်ထူးက စစ်ကိုင်းလမ်းသီချင်းအကြောင်းပြောရင်း ကျောင်းသီချင်းတွေအကြောင်းဆက်ပြောနေတုန်း ကိုယ်လည်း သထုံလမ်းလေးကနေပြီး သထုံဆောင် ဘက်ကို လှမ်းငေးရင်း လွမ်းမိတယ်။ သထုံလမ်း ရဲ့အစ အဲဒီဘက်ခြမ်း လမ်းတိုလေး ဘေးတစ်ဘက်တစ်ချက်မှာတော့ သစ်တိုပင်ကြီးတွေ က အေးမြနေဆဲ။ ခိုင်ထူးက ကျောင်းသီချင်းတွေ အကြောင်းပြောတော့ တစ်ချိန်တုန်းက အဲဒီ သထုံလမ်းလေး ဘေးကွပ်လပ်မှာ သထုံဆောင် နှစ်လည်ညစာစားပွဲတွေလုပ်ခဲ့တာ။ အဆိုတော်ပေါက်စတွေ နဲ့ နာမည်ကြီးတွေ အလကား လာဆိုပေးကြတာ တွေက စလို့ တွေးမိရင်း တစ်ချိန်တုန်းက နွေရာသီကျောင်းပိတ်ရက်တောင် အိမ်မပြန်ဖြစ်ပဲ အဆောင်မှာ နေရင်း နွေညတွေကို ဖြတ်သန်းခဲ့ဖူးတာ ကို တမ်းတမ်းတတနဲ့ ဖြစ်လာမိတယ်။ လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများ […]


လွန်ခဲ ့သော(၂)နှစ်လောက်ကအကြောင်းလေးတစ်ခုကိုရွာသူရွာသားများဖတ်ဖို ့တကယ်ကြုံတွေ ့ခဲ ့ရတဲ ့…..ကိူက်ထီးရိုးခရီးသွားတောလားအကြောင်းရင်ဖွင် ့လိုက်ပါတယ်။ သူငယ်ချင်း၉၉)ယောက်နဲ ့ဘုရားပေါ်ကိုခြေလျှင်တတ်ခဲ ့ကြပါတယ်…အရင်ဆုံးကျားဆွဲဘိုးဘိုးကြီးနတ်နန်းဆိုတဲ ့(အလူှခံနေရာကိုဖြတ်မိပါတယ်….)အလူှခံနေတဲ ့သးများကထိုင်ပြီးကန်တော ့ခိုင်းပါတယ်..အလှူငွေကိုတတ်နိုင်သလောက်လှူဒန်းပါဆိုပြီးဆော်ဩပါတယ်…တကယ်လို ့မလှူခဲ ့ရင်…ထိုင်မကန်တော ့ရင်….. “သူတို ့ပြောပုံအရ….ကျားပဲထွက်ဆွဲတော ့မလိုလို….(အခုပဲ…..)။ အဲဒီလို..တောင်ပေါ်ကိုလမ်းလျှောက်တတ်ရင်းရင်ပြင်တော်ပေါ်ရောက်လာခဲ ့ပါတယ်…။ရင်ပြင်တော်ပေါ်ရောက်တာနဲ ့ကိူက်ထီးရိုဘုရားကြီးကိုဖူးလိုက်ရတော ့ရင်ထဲကအမောတွေပြေပျောက်သွားပါတယ်…။ဒီလိုနဲ ့ကျီးပါးစပ်နဲ ့မုဆိုးတောင်ကိုခရီးဆက်ခဲ ့ပါတယ်..(မမောနိုင်မပန်းနိုင်ပါပဲ)….ကျီးပါးစပ်ရောက်တော ့ဂူထဲမှာရှိတဲ ့ ဘုရားကိုဖူးကြပါတယ်….အော်…ဒါနဲ ့…စကားမစပ်အခုကျီးပါးစပ်ထဲဝင်ဖို ့ကိုယ် ့အဖွဲ ့လူအရေအတွက်နဲ ့တုံကင်(တန်းစီဝင်)စနစ်နဲ ့ဝင်ရပါတယ်…. တုံကင်ယူတဲ ့အခါမှာလည်းအလှူငွေထည် ့ရပါတယ်….ဂူထဲမှာရှိတဲ ့ဘုရားကိုဖူးပြီးဂူပြင်ကိုထွက်ဖို ့လုပ်တဲ ့အခါအထဲကအလှူခံတဲ ့လူက…ကိုယ်ဝင်လာတဲ ့ဂူကဘာဂူလည်းဆိုတာ..သတိထားဦးလို ့ဆိုပါတယ်…ဘာကိုပြောချင်တာလည်း…..အလှူခံချင်တာလား…ခြိမ်းခြောက်ချင်တာလား….. ဘယ်လိုတွေးရမလဲတောင်မသိတော ့ဘူး..(ကြောက်စရာကောင်းလှပါဘိ….) ဒီလိုနဲ ့ဈေးတန်တလျှောက်ဟိုငေးဒီကြည် ့လုပ်ရင်းမုဆိုးတောင်ဘုရားကိုရောက်ခဲ ့ပါတယ်…(ဟိုနေရာနား..ဒီနေရာနားကိုတော ့ထည် ့မရေးတော ့ပါဘူး…… မောလို ့ရေအိုးကရေတစ်ခွက်သောက်မိပါတယ်….ရေတော […]


marblecommetMay 5, 20121min027
စိတ်ထောင်းလို့ ကိုယ်ကျေတယ် ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ ကျွန်တော်ဟာ အကြိမ်ကြိမ်စိတ်ထောင်းပြီး အကြိမ်ကြိမ်ကိုယ်ကျေခဲ့ဘူးပါတယ်။ လူ့ဘဝရဲ့ တောပြောတောင်ပြော နှစ်ကာလမှာ ကျွန်တော်ဟာ အလဲလဲအပြိုအပြိုနဲ့ မိသားစု သံယောဇဉ်ဘဝက ခွဲထွက်ပြီး တစ်ကိုယ်ကျင်လည် လျှောက်လှမ်းခဲ့ရတဲ့ သက်တမ်းမှာ ထိထိခိုက်ခိုက် ခံခဲ့ရ ဖြစ်ခဲ့ရတာလေးကို အခုရေးချင်စိတ်တွေ ပေါက်လာမိပါတယ်။ ရန်ကုန်ဟာ စစ်မြေပြင်လို့ ကဗျာဆရာ တစ်ယေက်က ညွှန်းပါတယ်။ ဟုတ်ကဲ့ . . .ရန်ကုန်ဟာလည်း စစ်မြေပြင်ပါပဲ။ ဘဝဟာလည်း စစ်မြေပြင်ပါပဲ။ ကျွန်တော်တို့ဟာ လူ့ဘဝရဲ့စစ်မြေပြင်မှာ ကောင်းမြတ်သောဗျူဟာများကိုကျင့်ကြံအားထုတ်ရင်း တိုက်ခိုက်နေရသလို့၊ တစ်ချို့များလည်း ယုတ်ညံ့တဲ့ဗျူဟာကျမ်းကြီးများကို အားကိုးပြီးဖြတ်သန်းသွားကြပါတယ်။ လူ့ဘဝရဲ့ အနိဌာရုံနဲ့ က္ကဌာရုံမှာ ကျွန်တော်ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ အနိဌာရုံများကို မှတ်မှတ်ဖြစ်လာ ပြောချင်လာပါတယ်။ အပေါ်က ကျွန်တော်ညွှန်းဆိုခဲ့တဲ့ ကဗျာဆရာကပဲ နောက်ထပ်ညွှန်းဆိုချက်တစ်ပုဒ်ကို […]


ムラカミMay 5, 20121min026
ကံများ ကောင်းချင်တော့…. ချစ်လှစွာသော ဘောဇိ က တိုကီယို အပြန် နိုဇိုးမိ လက်မှတ်နှင့်တကွ တညအိပ်ဖို့ ဟော်တယ်ပါ စီစဉ်ပေးရဲ့.. ကံများ ဆိုးချင်တော့ … သောကြာနေ့ထိ အလုပ်လုပ် ကျည်ဆံရထားစီး တိုကီယို သွားအိပ် မနက် အမြန်ရထားထစီး… ပင်ပန်းထှာအေ.. ကံများ ကောင်းချင်တော့ ဘူတာမှာ ဘော်ဒါဘော်ချက်တွေက ထမင်းလည်းကျွေး ဘီဘီလည်းတိုက် လိုက်လည်းပို့ပေး… ကံများ ဆိုးချင်တော့ တိုကီယို အဝင်နောက်ကျ .. တယောက်သောသူကလေးနဲ့ မဆုံနိုင်….. ဂယ်ပါ …အိသဒ္ဒါမိုးရယ်.. (အဲ့လေ.. အဲ့ဒါ ကိုရင်စည့် ရည်းစားဟောင်းကြီး ..) ဂယ်ပါ…တီတီချယ်ရယ်.. တွေ့ချင်မိပါ၏ ကံများ ကောင်းချင်တော့ ..ဖလိုက်ပေါ်မှာ ဟွန်းဒ က ဆြာသမား တယောက် ယပက်လက် တိုးဂိုက်တယောက်နဲ့ […]


ဒီအချိန်ဆို အမေရယ် အနေဝေးတဲ့သားကို မျော်နေရော့မယ် အိမ်အဝင် တံခါးဝက အချိန်ရှိတိုင်း သားကို ကြိုလင့်စောင့်နေတဲ့ အမေအို လွမ်းမျက်ရည်စိုနေပြီလား   အမေ……………အမေ……….အမေ     


ဒီနေ့ည ၉ နာရီခွဲလောက်ကန်ဘောင်ကိုသွားဖြစ်တယ်။ ဝင်ကြေးလဲပေးပြီးကားလဲဝင်လိုက်ကော ရဲတွေကောလူတွေကော ပြေးကြလွားကြနဲ့။ လိုက်လိုက်အဲဒီ Taxi ဖြစ်မယ် ဆိုပြီးလိုက်ကြတယ်။ အထဲမှာလဲရဲတွေ လူတွေရုတ်ရုတ် ရုတ်ရုတ်နဲ့။ အဲဒါနဲ့ဘာဖြစ်တာလဲလို့ စပ်စုလိုက်တော့ ဓါးထိုးမှု့ဖြစ်လို့တဲ့။ ဆင်းပြီးစပ်စုချင်ပေမဲ့ သားကပါလာတော့ ကားကိုချက်ချင်းပြန်ထွက်ခဲ့ရတယ်။ ပေါက်မှာတော့ လူတွေအများကြီးပဲ။ လွတ်သွားတယ်လို့ပြောတယ်။ အသေးစိတ်ကိုတော့သိတဲ့သူများ ဆက်တင်ပေးပါ။ စီဂျေ ဒေါ်ကြီးမိုက်တော့ပိုသိမယ်ထင်တယ်။


၁၉၉၉ လောက်ကကျွန်မတို့ကျောင်းတွေပိတ်ထားတုန်း သူငယ်ချင်းကျောင်းဆရာမလုပ်နေတဲ့ရွာကိုသွား လည်ဖို့ ကျွန်မတို့သူငယ်ချင်းတွေ တိုင်ပင်ပြီးသွားဖို့စီစဉ် ခဲ့ကြပါတယ်။ သွားမဲ့နေရာကတော့ မြန်မာနိုင်ငံရဲ့ ရထားလမ်းဆုံးသာရဝေါမြို့လေးနားက ရွာလေးတရွာကိုပေါ့။ သွားဖို့ကိုရထားနှစ်ဆင့်စီးရပါတယ်။ ကျွန်မ တို့မြို့ကနေ လက်ပန်တန်းမြို့ကိုတဆင့် အဲဒီကမှ သာရဝေါမြို့ကိုရထားဆက်စီးရပါတယ်။ လက်ပန်တန်း ရောက်တော့ ရထားပြောင်းစီးကြပါတယ်။ ဖြစ်ချင်တော့အဲဒီသာရဝေါ ရထားကလက်ပန်တန်း မှာပျက် ပါလေရော။ ကျွန်မတို့ကတော့စိတ်မပျက်ပဲပိုပျော်သွားပါတယ်။ လက်ပန် တန်းမြို့ထဲကိုလည်ရတော့မှာမို့ပါ။ အဲဒါနဲ့အစီအစဉ်ထဲ မပါတဲ့လက်ပန်တန်းမြို့ကိုလည်ကြတာပေါ့။ အဆိုတခုရှိတယ်လေ။ အဲမြို့အကြောင်းသိ ချင်ရင်အဲမြို့ကဈေးကိုသွားကြည့်ဆိုတော့ကျွန်မတို့လဲဈေးကိုချီ တက်ကြတာပေါ့။ စားချင်ရာစားပြီး ဝယ်ချင် တာ ဝယ်ရင်းအဲမြို့စီးပွားရေးလူမှု့ရေးတွေကိုလေ့လာခွင့် ရခဲ့ပါတယ်။ နောက်တော့ရန်ကုန်ကစက် ခေါင်း လာတော့ရထားဥဩဆွဲသံကြားမှ ရထားဆီကိုပြန်ပြေးရင်း သာရဝေါကိုချီတက်ခဲ့ပါတယ်။ လမ်းတလျောက် မှာတော့ ရထားလမ်းဘေးမှာဖြစ်သလိုတဲပေါက်ကလေးတွေ ထိုးပြီး အင်းတွေမှာလုပ်နေတဲ့ မိသားစုတွေ ကိုတွေ့ခဲ့ရပါတယ်။ ကလေးတွေကလဲအိမ်နဲ့တောင်မလိုက်အောင်ကို များနေတာလဲသတိထားခဲ့မိပါတယ်။ မိဘတွေကြည့်လိုက်တော့လဲ ဒီကလေးတွေ ရဲ့ […]


ムラカミMay 3, 20121min037
  ကျနော် ရွာတွင် ၂ပါတ်နေပါသည် … ၁ပါတ်တိတိ နေ့အလုပ်လုပ် ည သူရာသောက် နှင့် ကျန်၁ပါတ်သာ ဟုတ်တိပတ်တိ အချိန်အား ရခဲ့ပါသည်.. ခြုံငုံ၍ ဘိုလိုပြောရလျင်တော့ i had good times ပေါ့ …ကျနော် ပျော်ပါသည်.။ သို့သော် ကျနော် လုံးဝ စိတ်မကျေနပ်နိုင်သော (ဝါ) စိတ်မချမ်းသာနိုင်သော အကြောင်းချင်းရာ အချို့ ရှိနေပါသည်…။ ထိုအရာတို့ကို ခေါင်းစဉ်မျှဖော်ပြီး ရေးရပါသော်.. ၁။ အလွန်ပူသော နွေရာသီ ..(မတတ်နိုင် ..မောင်ဂီ့ စိတ်လျှော့ရုံမှတပါး အခြားမရှိ) ၂။ အလွန်နှေးသော ကော်နက်ရှင် (မတတ်နိုင် … မိမိ ဉာဏ်မီသော ကိစ္စမဟုတ်.. ) ၃။ အလွန် ရှုပ်သော လမ်းဘေးဈေးသည်များ […]


koyin sithuMay 2, 20121min018
ညနေခင်းဟာတိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေတဲ့ ကျွန်တော့်ဆီကို ရောက်လာခဲ့၏ ရုတ်တရက်လူတွေကို စေးစေးပိုင်ပိုင် နှုတ်ဆက်ချင်စိတ်ပေါ်လာလို့ ကျွန်တော်လေချွန်လိုက်မိသည်။ လေပြည်တွေက ဝေ့လိုက် ဝဲလိုက် အနည်းငယ်ရှည်စပြုနေတဲ့ ကျွန်တော်ဆံပင်တွေကို ထပ်ညှပ်လိုက်ရင် ပိုကောင်းသွားပါ့မလား။ စဉ်းစားနေလိုက်မိ၏ နောက်တော့လည်း ဒီလိုပဲပေါ့။ လူတွေကို ဖြောင့်ဖြောင့်လေးနေတတ်စေချင်သည်။ ဘေးနားကို ဘုတ်ခနဲပြုတ်ကျသွားတဲ့ စာအုပ်ကို ကျသွားတဲ့ အနေအထားအတိုင်း ကျွန်တော် ကြည့်လိုက်မိသည်။ ပြီးမှ တွေးလိုက်မိ၏။ “ဪ… ကမာ္ဘကြီးမှာ ချီဗွေဗားရားမှ မရှိတော့ပဲ” အင်တာနက်ထဲမှာ အမျိုးသမီးဟာ ကို်ယ်နေဟန်အမျိုးမျိုးနဲ့ လမ်းလျှောက်ပြနေ၏။ သူငယ်ချင်းတို့ ရင်ခုန်နေလား။ ဒါတွေဟာ သိင်္ဂါရတရားတွေပဲ မဟုတ်လား။ ရိုးဆွေးဟောင်းနွမ်းလှပြီဖြစ်တဲ့ အဲ့ဒီအာရုံတွေကို ကျွန်တော်တို့ စွန့်မပစ်နိုင်ကြဘူးလား။ ပရုတ်လုံးနံ့သင်းတဲ့ အဝတ်အစားဝတ်ရရင် ကျွန်တော် စိတ်ချမ်းသာ၏ ဒါပေမဲ့ နေရင်းထိုင်ရင်းအကုသိုလ်မဖြစ်အောင်တော့ ကျွန်တော် ကြိုးစားပါသည်။ ကြယ်တွေက […]


marblecommetMay 2, 20121min042
ဒီညက တစ်မှေးမှ မှေးစက်ရခြင်းမရှိသေးပေမဲ့ အခါတိုင်းလို  ခန္ဒာကိုယ်က မူးဝေဝေ၊ ယောင်နှမ်းနှမ်း၊ မျက်လုံးတွေကလည်း ကျိန်းစပ်စပ် ဖြစ်နေတာမျိုးမရှိဘူးဗျ။ စိတ်က အလိုလိုက လန်းဆန်းတက်ကြွလို့ နေပါတယ်။ စိတ်ဇောအဟုန်ကတော့ သီတဂူ သုမေဓါဆေးရုံ အလှူကို လိုက်ပါဖို့ ရည်သန်ထားတဲ့အတွက်ပါပဲ။ (ပထမတစ်ကြိမ် မန်းဂေဇက်အလှူတုန်းက မလိုက်နိုင်ခဲ့တဲ့အတွက်လည်း အခုတစ်ကြိမ်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ လိုက်ပါဖို့ ရည်သန်ထားတဲ့ စိတ်လည်း ပါတာပေါ့ဗျာ)။ အလုပ်ပြီးတဲ့အချိန်က နံနက် လေးနာရီခွဲ။ ဒါပေမဲ့ နံနက် ခြောက်နာရီ အချိန်ကို ရောက်ချင်လှပါပြီ။ ဒီအလှူကြီးတစ်ခု ဖြစ်မြောက်လာအောင်လို့ဦးစီးဦးဆောင်စီစဉ်ကြလေသူတွေရဲ့ စကားကိုလည်း ကြားယောင်မိတယ်။  အများသားနဲ့ သွားမယ့် လာမယ့် ခရီးစဉ်မျိုးမှာ သူ့ကိုယ်စောင့် ကိုယ့်သူစောင့်ဆိုတဲ့ အဖြစ်မျိုး မရှိရအောင်လို့ မနက်  ခြောက်နာရီထက် နောက်မကျဘဲ စုရပ်ကို လာကြဖို့လည်း အနှီဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေက […]


virusApril 30, 20121min01
မမြင်နိုင်ပေမယ် ့ ရှိနေတဲ့သံယောဇဉ်မှာ ဘယ်တော ့မှမပြတ်တောက်မယ် ့ ချစ်ခြင်းတွေ ဘယ်တော ့မှမေ ့မရမယ် ့ နေ ့ရက်တွေရယ် သေချာခြင်းတွေကပဲ ငါ ့ကိုကြီးစိုးနေတယ်။ ။ မေ ့မရတဲ့နောက်မှာတော ့ စွဲလန်းနေတဲ့ရူးသွပ်ခြင်းတွေဆိုတာ မင်းတစ်ယောက်အတွက်ပဲ နောက်နောက်နောက်ဘဝတွေတိုင် အဆုံးမဲ့ချစ်ခြင်းတွေပဲပေးချင်ခဲ့တာ။ ။ နောက်ထပ်လည်းမမျှော်ပါရစေနဲ့ ထပ်ချစ်စရာလည်းမရှိတော့ဘူး သေသည် ့တိုင်အောင် တစ်ယောက်ထဲပဲချစ်နေမှာပါ။ ။ ပြောင်းလဲခြင်းတွေဘယ်လောက်များများ ဘယ်တော ့မှမပြောင်းလဲမယ် ့ငါ ချစ်ခြင်းတွေပွေ့ပိုက်လို ့ ဘယ်ရောက်ရောက်ရှိနေမှာပါချစ်သူ ။ ။ မပြောပါရစေနဲ့ချစ်သူ လမ်းခွဲဖို ့ဆိုတဲ့စကားတွေ သေလောက်အောင်ကြောက်လို ့ မပေးပါနဲ့ချစ်သူ ငါကထားရာနေ စေရာသွားမယ် ့သူပါ။ ။


naywoon niApril 30, 20121min07
နာတာအောင့်ခံရင်း မျက်နှာသစ်…။ အိမ်နားက ညီလေးက လှမ်းမေးတယ်..။ ဒီလိုအောင့်နေတာလို့ ပြောလိုက်တော့ “ ဒေါက်တာကြီးဆီ သွားကြည့်ပါလား” တဲ့ ဒေါကတာကြီး ဆိုတာက တစ်ချိန်က ဆေးရုံမှာ ဆေးရုံ အုပ်လုပ်သွားခဲ့သူပေပဲ..။ သူလည်း မြို့တောင်စ မှာဆေးခန်းဖွင့်ထားတယ်…။ ခွေးတွေ မွေးထားပြီး အရမ်းဆိုးလို့ ညဘက် ဘယ်သူမှမသွားရဲကြဘူး…။ ဒါနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့ထွက် ဆိုက်ကား တစ်စီးတစ်လေ များဖြတ်သွားမလားကြည့်တယ်…။ ကုန်တွေ လူတင် ထားတဲ့ဆိုက်ကားတွေပဲတွေ့တယ်..။ အောင့်တာက တင်းတင်းကြီးဖြစ်နေတယ်..။ လမ်းလျှောက်လို့ မကောင်းဘူး…။ မြန်မြန် လျှောက်ရင် မီးစနဲ့ ထိုးထားသလားအောင့်မေ့ရအောင် ပူလာတယ်…။ ဒါပေမဲ့ ဆိုက်ကားမှမတွေ့တာ …။ ဆိုက်ကားတွေ့မဲ့လမ်းဆုံရောက်အောင်တော့ ဖြေးဖြေးချင်းလျျောက်သွားရမှာပဲ……။ လမ်းဆုံရောက်တော့လည်းမတွေ့ဘူး……။ ခပ်လှမ်းလှမ်းမှာ ဆိုက်ကားဂိတ် တစ်ခုရှိတယ်…။ တစ်ပြ နီးပါးလောက်သွားမှရောက်မှာ ဆိုတော့ […]