kotun winlattMay 23, 20122min08
အိမ်ဦးခန်းမှ အမေ၏ ဘုရားရှိခိုးသံကြောင့် ကျနော်အိပ်ရာမှ နိုးလာသည်။ ခေါင်းရင်းမှ နာရီကိုကြည့်မိတော့ နံနက်လေးနာရီထိုးချေပြီ။ ကျနော် အိပ်ရာမှ ကမန်းကတတန်းထလိုက် ၏။ ဒီနေ့ ကျနော်သွားစရာရှိနေသည် မဟုတ်လား။ မနေ့ကတည်းက အစီအစဉ်တွေကို အမြန်ရေးဆွဲခဲ့ရပြီး ဒီနေ့မှာ အားလုံးအဆင်ပြေစေရန် ကျနော်ရှိနေမှ ဖြစ်ပေမည်။ ဒီပွဲကို စီစဉ်သူ ဆရာတော် ဦးအာဒိစ္စဝံသက ကျနော်အား အလုံးစုံလွဲအပ်ထားခဲ့၏။ ဒီပွဲဖြစ်မြောက်အောင် အားထုတ်ခဲ့ရသည်များကို ကျနော်ပြန်တွေးနေမိချေသည်။ ပွဲဆိုလို့ ရှင်ပြုပွဲ မင်္ဂပွဲတော့ မဟုတ်ပါ။ ဆရာတော်နှင့် ကျနော်၏ ကြိုးပမ်းအားထုတ်မှု ကြောင့် ပြင်ဆင်ပြီးစီးသွားခဲ့သော စာသင်ဆောင်လေးအား ရပ်ရွာသို့ လွဲပြောင်းပေးအပ် ကြမည့်ပွဲလေးပင်..။ ဒီစာသင်ဆောင်လေးကို ရွာသူရွာသားတွေ စုပေါင်းဆောက်လုပ်ခဲ့ကြ ပေမယ့် ငွေရေးကြေးရေး မတတ်နိုင်သဖြင့် ဆောက်လက်စကို အပြီးမသတ်နိုင်ပဲ ပစ်ထားခဲ့ ရသည်မဟုတ်လား…။ ကျနော်တို့ […]


may flowersMay 21, 20121min011
မင်းတုန်းမင်းကြီးလက်ထက်က ထင်ရှားတော်မူခဲ့တဲ့ သင်္ဂဇာဆရာတော်နဲ့ အင်္ဂလိပ်သံ အရာရှိတို့ရဲ့ဘာသာရေးအမေးအဖြေလေးက မှတ်သားစရာ မို့ရွာသားတွေအတွက်ဝေမျှှ ပေးလိုက်ပါတယ်။  မသိသေးသူများအတွက်  ဝေမျှုခြင်းမို့ သိပြီးသူများသီးခံကြပါနော်။   ဒီလိုပါ  မင်းတုန်းမင်းကြီးလက်ထက်တော်အခါက အင်္ဂလိပ်သံအရာရှိ (ဖယ်ယာ) သည် မင်းတုန်းမင်းကြီးထံသို့ လာရောက်ပြီး မင်းကြီးကိုလျှောက်ထားပါတယ်တဲ့။ ”ကျွန်တော်မျိုး သည်…အရှင်မင်းကြီးတို့ ဗုဒ္ဓဘာသာတော်ကျမ်းမှာ ရှိတဲ့ဘဝင်မကျတဲ့ အကြောင်းအရာလေးတစ်ခုကို..စုံစမ်းမေးမြန်ချင်ပါတယ်လို့” လျှောက်ပါတယ်။ မင်းကြီးကလည်း  ဒီလိုဆိုရင်တော့စကားအရာမှာ ကြွယ်ဝပြီး ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ သင်္ဂဇာဆရာတော်ဘုရားကသာ ဒီလိုအဖြေမျိုးကိုဖြေဆိုဖို့သင့်တော်မယ်လို့ကြံပြီး ”ကောင်းပါပြီ..သံအမတ်ကြီး၊ မနက်ညီလာခံအချိန်မှာ နန်းတော်ကိုလာခဲ့ပါလို့” ဖိတ်လိုက်ပါတယ်။   ထို့နောက်မင်းကြီးလည်း သင်္ဂဇာဆရာကိုကိုပင့်လျှောက်စေဟု မင်းချင်းတွေကိုစေ လွှတ်တော်မူပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   မနက်ညီလာခံကို ဝင်ချိန်မှာတော့ အင်္ဂလိပ်သံတမန်တွေဟာ မင်းကြီးကိုဆက်သဖို့ မှန် ပြောင်းတစ်ခုကို ယူလာခဲ့ပါတယ်။  သင်္ဂဇာဆရာတော်လည်း   နန်းတော်ကိုကြွလာပါ တယ်။ ပြီးတော့မှာ အင်္ဂလိပ်သံတမန်ဘက်ကို […]


kotun winlattMay 21, 20122min06
ကျနော့်နာမည်က အောင်အောင်ပါ…။ဒီနှစ်ကျနော် ပဉ္စမတန်းအောင်လို့ ဆဋ္ဌမတန်း တက်ရမှာလေ…။ ဪ….ဟုတ်ကဲ့ ..ကျောင်းတွေဖွင့်တော့မယ်လေ..။ ကျနော်ကျောင်းတက်ရဖို့ မသေချာသေးပါဘူး။ ကျောင်းအပ်ခရှိပေမယ့်..စာအုပ်ဘိုးတွေ တခြားစရိတ်တွေကို အိမ်ကတတ်နိုင်ပါ့မလား မသိသေးဘူး။ အဖေလား..ရှိတယ်ဗျ..အလုပ်အကိုင်ကဝိုင်းဆရာပါ။ ဝိုင်းဆရာဆိုတာ စာသင်တဲ့ဆရာကို ပြောတာမဟုတ်ဘူးနော်.. သစ်စက်မှာ လွှဝိုင်းကြီးကို ကိုင်ရတဲ့ဆရာပါ။ ဟုတ်ကဲ့ … ဝင်ငွေကတော့ ပုံမှန်ဘယ်ရှိပါ့မလဲ။ သစ်စက်လည်ရရင်တော့ ငွေဝင်တာပေါ့..။ အမေကတော့ဆုံးသွားပါပြီ။ အခု အမေလေးနဲ့ နေရပါတယ်။ အမေလေးဆိုတာကတော့ အဖေ့ရဲ့ နောက်မိန်းမ ကျနော့်ရဲ့ မိထွေးလေ..။ အမေဆုံးတော့ ကျနော်တို့ မောင်နှမသုံးယောက်ကျန်ထားခဲ့တယ်။ ကျနော်က အကြီးဆုံးပေ့ါ။ အငယ်နှစ်ယောက်ကတော့ ညီမလေးတွေပါ။ သူတို့တွေကတော့ အမေဆုံးပြီး သိပ်မကြာခင်မှာ အဖေနောက်အိမ်ထောင်ပြုတော့ ကြီးကြီးက လာခေါ်သွားတယ်လေ။ ကြီးကြီးဆိုတာက အဖေ့ရဲ့ အစ်မကိုပြောတာပါ..။ အမေဆုံးတော့ ကျနော်ဒုတိယတန်းပါ။ ညီမလေးတွေကတော့ တော်တော်ငယ်သေးတယ်။ […]


Phaung PhaungMay 18, 20121min011
သီတဂူဆရာတော် အရှင်ဉာဏိဿရ ဟောကြားတဲ့တရားတော်ပါ။ အထိမိဆုံး စာကြောင်းလေးတွေပဲရေးပြပါ့မယ်။ 1။ နည်းမှားတွေကိုလုပ်တယ် 2။ သူတစ်ပါးကိုလည်း အဲဒီအမှားတွေကိုလုပ်ခိုင်းတယ်။ 3။ အဲဒီနည်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။ 4။ မှားနေပြီလို့ပြောရင် ပြောတဲ့သူကိုရန်ရှာတယ်။ အရမ်းကိုရင်ထဲမှာထိသွားတာပဲ။မှန်လိုက်လေခြင်းလို့။ အဟီး ………. ဆရာတော်ကြီးကတော့ ရိုးရိုးတရားဟောပေမယ့်လို့ တရားနာပရိသတ်ကတော့ ကွက်ကွက်ကွင်းကွင်းကြီးကို သဘောပေါက်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် တို့တိုင်းပြည်အုပ်ချုပ်သူတွေ လူမိုက်လက္ခဏာ(4)ပါးကို ရှောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ တော်သေးပြီ… မပိန်တဲ့ဖောင်းဖောင်း


နွေရာသီ ကျောင်းပိတ်ရက်တွေမှာ များသောအားဖြင့် အိမ်ကိုပြန်မနေပဲ အဆောင်မှာပဲ နေဖြစ်တယ်။ အဓိကတော့ အဆောင်မှာ နေရင် ကိုယ်နေချင်သလို နေလို့ရတယ်။ အရက်မူးပြီး ပြန်လာလဲ အဆင်ပြေတယ်။ မနက် အိပ်ယာက ထချင်တဲ့အချိန်ထလို့ရတယ်။ မနက်အိပ်ယာက စောစောထပြီး “ကမာ္ဘဦးက နေ့လိုပဲ နွေနံနက်ခင်းရဲ့ လှပုံထူး” တို့ဘာတို့ ထလုပ်ပြီး လမ်းထလျှောက် မုန့်သွားစား၊ ပြီးရင် အိပ်ယာထဲပြန်ဝင်အိပ် ။ ညဖက် စာဖတ်ချင်ရင် အေးအေးဆေးဆေးဖတ်ပေတော့။ သူငယ်ချင်းတွေနဲ့လည်း ညဖက်အထိ ထိုင်ပြီး စကားပြောချင်ပြော လဘက်ရည်ဆိုင်ထွက်ထိုင်ချင်ရင် ထိုင်လို့ရတယ်။ အဲဒီတုန်းက လှည်းတန်းမှာ ရွှေနှလုံးသား လက်ဖက်ရည်ဆိုင်ဆိုတာ တစ်ညလုံးဖွင့်တယ်။ ထမင်းကြော် အလွန်ကောင်း။ အသားမပါ ငြုပ်သီးကြော်နဲ့ဆိုရင် အာလူးဟင်းကလေးနဲ့မှ ၁၂ကျပ်ရယ်။ ဆိုင်နံရံမှာ ကဗျာလေးတွေ ရေးထားသေးတာ။ ဆာတိုရီ တို့ဘာတို့ […]


အစတော့ ပြော့ပြော့ လေး လူစုံ …။ သုံးဆယ် အစိတ် နှစ်ဆယ် ဆယ့်ငါးသိန်း တတိတိနဲ့ တနှုံ့နှုံ့ ခံစား ခဲ့ရတာ ဟော…ငါးသိန်းဖုန်း ရပြီလဲဆိုရော အုံးအုံးကြွက်ကြွက်နဲ့ ပျော်ပြီး ဝယ်ကြ သုံးကြလိုက်တာ ။ တချို့လဲ ရှိစုမဲ့စု ငွေလေး မပြည့်သေးလို့ အားခဲပြီး ကြိတ်စုစုနေကြတာ ။ ပြည့်ရင် အပြေးအလွှား ဝယ်သုံးကြမယ်ပေါ့လေ ။ အပြောင်းအလဲတွေဖြစ်လာပြီး နိုင်ငံတော်ရဲ့ စေတနာ လို့ ဆိုပြီး တနိုင်ငံလုံး ဖုန်းအလုံး သန်း၄ဝ စီမံကိန်းကြီးနဲ့ နှစ်သိန်းတန် ဖုန်း တွေ ရောင်းပေးလိုက်တယ် ။ အခြေခံ လူတန်းစားတွေက အစ အဆင်ပြေပြေ သုံးနိုင်တဲ့ သူတွေ မြို့ရော နယ်ပါ ပျော်တပြုံးပြုံး သုံးလိုက်ကြတာ […]


ဂျွမ်းပစ်လိုက်သောလေ နှင့် အတူသစ်ရွက်ခြောက်အချို့ လွင့်ပါသွားသည်။ ကောင်းကင်ယံတွင် ငှက်အချို့ပျံသန်း နေကြသည်။ သူ၏ဘေးဘီဝဲယာတွင်၊ လူအချို့က အလွန်အမင်းစိတ်ဝင်စားဟန်ဖြစ် သူ့ကိုထွေထွေကြီးကြည့်နေကြသည်။ ခပ်လှမ်းလှမ်းတွင် ဝတ်ရုံနက်ဝတ်ဆင် ထားသော၊လူနှင့် ခပ်ဆင်ဆင် တူသည့်သတ္တဝါတစ်ကောင် ကတစ်ခုခုကို သိသည့်ဟန်ဖြင့် ရပ်စောင့်နေသည်။ သိပ်မကြာခင် ဆရာဝန်ကသူ၏ မျက်လုံးအစုံကို လက်ဖြင့် သပ်ချလိုက်ပြီး ခေါင်းကိုတစ်ချက်ဝှေ့ယမ်းပြသည်။ သူနှင့်ဆွေမကင်း၊ မျိုးမကင်းများက ရုပ်ရှင်ထဲမှသရုပ်ဆောင် များ၏ငိုဟန်နှင့် ခပ်ဆင်ဆင်တူသော သဏ္ဍာန်များဖြင့် အော်ကြီးဟစ်ကျယ် ငိုကြွေးကြသည်။ သက်ကြီးရွယ်အိုအချို့ ကတရားရဟန်ဖြင့် ခေါင်းလေးညှိမ့်လိုက်၊ ခါလိုက်လုပ်ကြသည်။ သူနှင့်ဝတ်ရုံနက်သတ္တဝါတို့ ကဘေးနားတွင် ယှဉ်တွဲရပ်နေကြသည်။ သူ၏ မျက်လုံးအိမ်ထဲ တွင် လောကကြီး၏ အကြီးမားဆုံးလျှို့ဝှက်ချက် ကိုသိလိုက်ရသော အသိတရားက လွှမ်းမိုးနေသည်။ သေခြင်းတရားသည် လောကကြီး၏ အထွတ်အထိပ် လျှို့ဝှက်ချက်မဟုတ်ပါလား ? သူ၏မိခင်ဟုယူဆရသော မိန်းမဝဝတစ်ဦးက […]


koyin sithuMay 17, 20121min016
ကျွန်တော်သည် နွေဦး၏ သစ်ရွက်များကို ငေးကြည့်နေမိပါသည်။ ဥဩငှက်များ၏ အသံကိုတော့ မကြားရသေး။ ဧပြီလ၏ ပထမဆုံးအပတ်တွင် သင်္ကြန်အတွက်ပြင်ဆင်ထားသော သူငယ်ချင်းတစ်ယောက်၏ မဏ္ဍပ်သို့ ကျွန်တော်ရောက်လာခဲ့ခြင်းဖြစ်၏ ကျွန်တော်သည် သူငယ်ချင်း၏ ခြံဝင်းထဲမှာ လှည့်လည်ကြည့်ရှူ့ရင်း ခြံထောင့်အုတ်ခုံပေါ်တွင် အနွေးထည်ထူထူဝတ်ထားသော သူမကို အံ့ဩစွာ တွေ့လိုက်ရသည်။ ရာသီဥတုသည် အနွေးထည်ဝတ်ရလောက်အောင် ချမ်းစိမ့်နေတာမျိုးမဟုတ်။ ပြီးတော့ သူမဝတ်ထားသော အနွေးထည်က အတော်ထူပြီး ဆောင်းရာသီမှသာ ဝတ်သင့်သော အနွေးထည်မျိုးဖြစ်သည်။ ဒီကောင်မလေး မအိုက်ဘူးလား။ ကျွန်တော်သည် သူမကိုယ်စားတွေးကြည့်နေစဉ် သူမ၏မျက်လုံးတွေက ကျွန်တော့် အတွေးကို သိသွားသည့်အလား ဖျက်ခနဲ ကျွန်တော်ကို လှမ်းကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးနက်နက်လေးများသည် ကျွန်တော့် ရင်ခွင်ထဲကို တစ်ကြိမ်တစ်ခါတည်း ရောက်ရှိသွားလေသည်။ ကောင်မလေးသည် ချက်ချင်းများလုံးကို လွှဲသွားလေသည်။ ကျွန်တော်သည် ဘာမှမဟုတ်သော သူမ၏ […]


CrystallineMay 17, 20121min024
MG ရွာထဲကိုရောက်ရောက်ချင်းပဲ ကြိုဆိုကြတဲ့အတွက် အားလုံးကိုအထူး ကျေးဇူးတင်ပါတယ်နော်။ ညီမရဲ့ကံမကောင်းပုံကတော့ MG ထဲကို မှတ်ပုံတင်ပြီးဝင်တဲ့နေ့မှာ ပဲ connection ကတော်တော်လေးဆိုးနေတယ်။ မိတ်ဆက်စာတင်တော့ တင်နေရင်းနဲ့ network error ဆိုပြီးလိုင်းကျသွားတယ်။ အဲဒါညီမကလည်းဖြစ်နေကျပြသနာဆိုတော့ ပြန် refresh လုပ်ပြီးထပ်တင်တာပေါ့။ အဲဒါ ပို့စ်ကနှစ်ခါထပ်သွားတယ်။ ပြန်လည်းမဖျက်တတ်ဘူး။ G-mail သုံးရင်လည်းအဲဒီလိုလိုင်းကျတာမကြာခဏဖြစ်တယ်။ အရင်ကတော့စာတွေအများကြီးရိုက်ပြီးမှဖြစ်ရင်ဒေါသတွေထွက်တာပေါ့။ နောက်ပိုင်းကျတော့ စာတွေရိုက်ပြီးပြီဆိုရင် ကော်ပီလုပ်ပြီး အရင်သိမ်းထားရတယ်။ နောက်ပြီးအကုန် select မှတ် Ctrl+C အဆင်သင့်ပြင်ထားတယ်။ “Your message have been sent” ဆိုတဲ့စာကြောင်းပေါ် မလာမချင်းဆက်ပို့ပဲ။ ညီမက အင်တာနက်ကိုပုံမှန်သုံးဖြစ်ပေမယ့် website တွေကို တော်ရုံဝင်မကြည့်ဖြစ်ခဲ့ဘူး။ တချို့ site တွေကို ဝင်ကြည့်ပြီးနောက် ဒေါသချောင်းချောင်း ထွက်ပြီးပြန်ထွက်လာရတာတွေလည်းရှိတယ်။ ဥပမာ […]


“မီးရေရှား…………………..”   ဒီမြို့ကြီးအနှစ်တစ်ရာတင်းတင်းပြည့်တဲ့နှစ်မှာ ကျုပ် ဒီမြို့ကြီးရဲ့ရင်ခွင်ထဲကိုရောက်လာခဲ့တာပေါ့။ ကျုပ်မွေးတဲ့နှစ်မှာဘဲငလျင်တွေတစ်နေ့ထဲအကြိမ်အများကြီးလှူပ်တာတဲ့။ ဒါပေမယ့် ကျုပ်ကတော့ သူလိုငါလို မထူးတဲ့သာမန်လူပါဘဲ။ ကျုပ်တို့မြို့က မင်းနေပြည်ဆိုတော့ ကျုံးတွေလဲရှိသပေါ့။ အဲတော့ကျုံးရေကို လဲသုံးလို့ရတာပေါ့။ ကျုပ်တို့ခပ်ငယ်ကတော့ကျုံးပါတ်ပါတ်လည်မှာရှိတဲ့လမ်းအပြတိုင်း အပြတိုင်းမှာ အများပြည်သူသုံးဘို့ ကျုံးရေကန်လေးတွေလုပ်ပေးထားပါတယ်။ အဲဒီတုန်းက အခုလို မီတာရေတွေ ဘာတွေလဲရှိပါဘူး။ ကျုံးနားနီးသူက ကျုံးရေသုံး။ မြစ်နားနီးသူက မြစ်ရေသုံး။ ဘာနဲ့မှ မနီးတဲ့လူတွေက အဝီစိရေသုံးပေါ့။ ဟိုးရှေးရှေးကလူဦးရေနည်းလို့လားတော့ မသိပါဘူး နွေတောင်မှရေအခက်အခဲဖြစ်တယ်ဆိုတာ မကြားဘူးပါဘူး။ ဒီမြို့သား မှန်ရင် တစ်နေ့နှစ်ခါတော့ ရေဝဝ ချုးိနိုင်ပါတယ်။ ဆောင်းတွင်းတော့ မချိုးဘူးပေါ့ဗျာ။ ဘာရေသန့် ဟုတ်လား။ ကျုပ်တို့ငယ်ငယ်ကတော့ ရေသန့်တွေဘာတွေကြားဘူးပေါင်ဗျာ။ ကြည်နေရင်သန့်တာဘဲ။ မြစ်ရေကတော့ နီတီတီ နောက်ချင်ချင်ရှိတော့ ရေအိုးထဲကျောက်ချဉ်လေးထည့်ထားလိုက် သူ့ဖာသာသူ အနယ်ထိုင်သွားတာပါဘဲ။ အဝီစိရေကတော့ ပေါ့ရွှတ်ရွှတ်။ ကျုပ်တို့လို […]


virusMay 15, 20121min07
မသိများမသိလို ့လား စွပ်စွဲစရာမရှိလောက်အောင် မင်းကိုချစ်တဲ့ငါ ့အချစ်က မေ ့နေပြီလားလို ့မေးနေရလားချစ်သူရယ် ။ ။ မင်းမရှိတဲ့နေတွေကို ကြိုးစားဖြတ်နေရတဲ့ငါ ့မှာ အဲ့လိုပြသနာတွေတွေ့တိုင်း စိတ်ဆင်းရဲရတာထက် ငါ ့အပေါ်မကြည် ့တတ်တဲ့မင်းကို ငါပိုချစ်ပြနိုင်အောင် ငါ ့အချစ်တွေမင်းသိအောင် အရင်နေ ့တွေထက်ပို ချစ်ပြပါ့မယ်ချစ်သူ ။။ ။။ သူများတွေဘာပြောပြော သူများတွေဘာတွေဝေဖန်ဝေဖန် ချစ်တဲ့အချစ်ကဘယ်တော ့မှမလျော ့ဘူး သိနေတာပဲဖြစ်ဖြစ် မသိတာပဲဖြစ်ဖြစ် မင်းကိုငါချစ်နေတာ ထာဝရမကတဲ့အချစ်မျိူးတွေပဲ ။။ ။ ထားခဲ့ဖို ့ဝေးလို ့ မင်းမချစ်တော ့မှာတောင်မှကြောက်နေတာ တစ်ရက်ထက်တစ်ရက် ဘယ်လိုတွေပဲဖြစ်နေနေ တွေ့ရတဲ့နေတွေရောက်ရင် ဘယ်တော ့မှမလျော ့ခဲ့တဲ့ ငါ ့အချစ်တွေကို ငါ ့နဲ့အတူတွေ့ရမှာပါ။။ ။။ ချစ်သူ ငါ […]


မောင်အာဂ ထွက်သွားသည်နှင့် ဘိန်းစားပေါက်ဖော် အရက်ဆိုင်အတွင်းသို့ ပြန်လည်ဝင် ရောက်လာပြီး   “ ကဲ… အခုအလှည့်ကျတဲ့လူကတော့ ချာတူးလန်ပဲ… မင်းက ရန်ကုန်လေဆိပ်ကိုသွား အဲဒီမှာ လူတစ်ယောက်ကိုသွားကြို သွားရမယ့်ပုံစံက ခေါင်းမှာကောက်ရိုးဦးထုပ်ဆောင်း ပြီးတော့ လေဆိပ်ကားရပ်တဲ့နေရာမှာ ညနေ၅ခွဲအရောက်သွား စောင့်ရမယ်… လက်ထဲမှာတော့ ယပ်တောင်တစ်ချောင်းရှာပြီး ကိုင်သွားကွာ… မင်းဆီကို တရုတ်ပြည်က နှူးဘာဂိုဏ်းလက်ရွေးစင်တစ်ယောက်လာဆက်သွယ်လိမ့်မယ်…”   “ကိုပေါက်ဖော်…ခင်ဗျားတို့ ချိန်းထားတဲ့ကိစ္စတွေကအားလုံး အူကြောင်ကြောင်ချည်းပဲ”   “ဒီလိုတော့ရှိမပေါ့ ချာတူးရယ်… အချိန်းအချက်လုပ်ပါတယ်ဆိုမှ ကိုယ့်လုံခြုံရေးဂရုစိုက် ရသလိုပဲ လူမြင်သာထင်သာအောင်လဲလုပ်ရသေးသကိုး”   ချာတူးလန်မှာ အူကြောင်ကြောင်အချိန်းအချက်များကို စိတ်ပျက်ဟန်ဖြင့် ညနေပိုင်း လေဆိပ်သွားရန်အလို့ငှာ ကောက်ရိုးဦးထုပ်နှင့် ယပ်တောင်တစ်ချောင်းဝယ်ဖို့ အနီးဆုံးဈေး သု့ိထွက်ခွာသွားလေသည်…   ချာတူးလန်ထွက်ခွာသွားသည်နှင့် ဘိန်းစားပေါက်ဖော်က…   “အကုန်လုံး လူနှစ်ယောက်ကြိုဖို့တော့ ကျုပ်စီစဉ်ပြီးပြီ… […]


marblecommetMay 15, 20121min015
လူလည်ကြီး မောင်ကမ်း အဆက်လို့ ဆိုရမလားမသိ…။ ဘာပဲဖြစ်ဖြစ်ပေါ့ ခင်ဗျာ။ အလုပ်ကလေး စုပ်စမြုပ်စကလေး အားတုန်း ရေးချင်စိတ်ကလေးဖြစ်မိတာနဲ့……..။ …….. လူဆိုတာက …အဆင်မပြေတာလေး တစ်ခုခု ဖြစ်ရင် .ရှေ့ကြောင်း နောက်ကြောင်း ပြန်တွေးတတ်ကြသလားလို့..။ နေမကောင်းဖြစ်လို့ ကို်ယ်လက် မအီမသာ ဖြစ်နေတဲ့အခါ မိခင်ကိုတောင့်တသလိုမျိုး.။ ရှေ့ဖြစ်ဟောင်းလေးတွေကို စမြုံ့ပြန်မိတာမျိုး။ အဲဒီအခါ ဖြစ်ခဲ့တာလေးတွေ ကြုံခဲ့တာလေးတွေထဲက (စိတ်ညစ်တဲ့ကြားက) ခစ်ကနဲ ပြုံးမိတာလေးတွေ ကြုံဖူးကြမှာပေါ့။ …ပြောရင်း ဆရာသော်တာဆွေ ရဲ့ ပါးချိုင့်ကလေး အကြောင်း သတိရတယ်ဗျ။ သိတယ်မလား။ ဆရာသော်တာဆွေ ဆိုတာက မြန်မာစာပေလောကမှာ မင်းသားရှုံးလောက်တဲ့ စာရေးဆရာ။ ဆော်ကြည်ဘဲလေ။ ပျိုတိုင်းကြိုက်တဲ့ ပါးချိုင့်ကလေးနဲ့.။ အစုံရတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ သူ့ပါးချိုင့်ကလေး ကလည်း မွေးရာပါ မိဘနှစ်ပါးရဲ့ အမွေမဟုတ်ဘူးတဲ့ခင်ဗျ။ …….. […]