သေချာခြင်း

virusApril 20, 20121min06

အပျက်စကားတွေအတွက်
ခြေပစရာမရှိတဲ့နောက်
မျက်စိမှိတ်လို့နေခဲ့တာတွေအတွက်
အပြစ်တွေမင်းမှာမရှိပါဘူးချစ်သူ။။။

အရာရာမှာငဲ့ညှာခဲ့တဲ့အတွက်
တစ်နေ ့နေ ့မင်းထွက်သွားရင်တောင်မှ
ငါ ့အချစ်တွေအတွက်
မင်းနောင်တတွေမရစေချင်သလို
ငါ့အချစ်တွေအတွက်
ငါလည်းနောင်တမရချင်ဘူး။။။။

မပြယ်လွင် ့စေချင်တဲ့အတွက်
ရင်ထဲကစကားတွေမှာတောင်
ကြောက်နေခဲ့တဲ့အသွင်တွေနဲ့
ကြေကွဲမလားကြောက်နေခဲ့တာ။။။။။

နောက်ထပ်မပြောပါနဲ့
ဘယ်တော ့မှလည်းမပြောပါနဲ့
ဘာတွေပဲဖြစ်နေနေပါ
အရာရာခွင် ့လွှတ်
မင်းနေချင်တဲ့အထိစောင် ့မယ်
နောက်တစ်ယောက်ထပ်ရှာဖို ့တော ့မပြောပါနဲ့
ငါ ့အချစ်က
တစ်ယောက်ထဲမို ့ပါ။။။ ။။။

6 comments

  • ဗိုက်ကလေး

    April 21, 2012 at 10:54 am

    ကျနော်တို ့ ကျောင်းဒဂါကို အားကျစမ်းပါဗျာ.
    သူ ့မှာဆို အချစ်တွေ အများကြီး
    လှည်းတန်းမှာ တစ်ယောက်၊ စီးတီးမတ်မှာတစ်ယောက်၊ အိုးရှန်းမှာတစ်ယောက်.
    ဟောတစ်ယောက် ဟောတစ်ယောက်နဲ ့ .အချစ်နဲ ့ပတ်သတ်ပြီး.ဘာစိုးရိမ်သောကမှမရှိဘူးဗျာ

    Reply

  • sugar sugar

    April 21, 2012 at 2:19 pm

    တစ်ယောက်ထဲဆို အင်း မလွယ်ဘူးနော်။အနည်းဆုံးတော့ 3 ယောက်လောက်ချိန်ကွာ

    Reply

  • Moe Z

    April 22, 2012 at 10:54 am

    ((နောက်တစ်ယောက်ထပ်ရှာဖို ့တော ့မပြောပါနဲ့
    ငါ ့အချစ်က
    တစ်ယောက်ထဲမို ့ပါ))
    မှတ်ချက်။ ။နောက်တစ်ယောက်ကို မတွေ့ခင်အထိသာ
    သီချင်းတစ်ပုဒ်ဆိုပြမယ် … အဟမ်း
    … ရည်းစားထားတာအရမ်းလောသွားပြီ … ဒုက္ခပါပဲ …
    အခုတော့ ငါ့မှာ .. သူ့ထက်လှတာ .. တွေ့တွေ့နေတယ် ..
    .. ဘာလုပ်ရမှာလဲ … ဘယ်လိုလုပ်ရမှာလဲ … ထပ်ပြီးချစ်ချင်တယ် … 😆

    Reply

  • aye.kk

    April 22, 2012 at 11:39 am

    အချစ်ဆိုတာ..
    သစ္စာမြေမှာ..
    မေတ္တာရေနှင့်..
    ပက်ဖျန်းမှသာ..
    နှစ်တရာတိုင်ကြာရှည်သည်။

    Reply

  • aye.kk

    April 22, 2012 at 5:10 pm

    ရင်ထဲက..
    ဒိုင်ယာယီ..
    ရေးဖြစ်နေတာကြာပါပြီ..
    နှစ်တရာ..
    ငါသာမနေရ..
    သေချာတာတခုက..
    ချစ်တယ်ဆိုတာ..
    ငါ့အတွက်တာတော့..
    ဒီကမ္ဘာမြေမှာ..
    မင်းတစ်ယောက်တည်းပါဘဲ။

    Reply

Leave a Reply

Your email address will not be published.