kotun winlattAugust 5, 20121min026
ဒီနေ့ မော်နီတာဂျာနယ်မှာ ရေးထားတဲ့ စာလေးတစ်ပုဒ်ကို ဖတ်မိပြီး ဒီစာလေးကို ရေးချင်စိတ်ပေါ်လာတာပါ… ၂၉.၇.၂၀၁၂ ရက်နေ့ထုတ် မော်နီတာ ဂျာနယ်မှာ အွန်လိုင်း ဖွန်လိုင်းဆိုပြီး စာလေးတစ်ပုဒ်ပါလာပါတယ်။ ရေးသူအမည်ကတော့ Zan ထင်တာပါပဲ ။ ဘယ်နေရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါ ။ မကောင်းတာလေးတစ်ခုတည်းနဲ့ အားလုံးကိုသိမ်းကျုံးပြီး မကောင်းဘူးလို့ပြောတာ လွန်တယ်လို့ ထင်မိလို့ပါ ။ ဒီလိုပြောကြကြေးဆိုရင် ဂျာနယ်လစ်တွေရဲ့ အကြောင်း အများကြီး ပြောစရာရှိပါတယ် ။ ဒါပေမယ့် ကျနော် သူများမကောင်းကြောင်း မပြောချင်ပါဘူး။ ဒီအတွက်ကြောင့် အွန်လိုင်းသုံးတဲ့ သူတိုင်း ဖွန်လိုင်းမဟုတ်ဘူးဆိုတဲ့ အကြောင်းလေးကို ကျနော် စာလေးရေးလိုက်မိခြင်းပါ..။ @@@@@@@@@@@@@@@@@@@@@@@@@             ကျနော်တောသား အင်တာနက်ဆိုတာကြီးကို သုံးလာတာ သုံးနှစ်ကျော်ပါပြီ။ ကွန်ပျူတာလေးတစ်လုံးဝယ် (ဒါကလည်း သေသေချာချာ တတ်ကျွမ်းလို့ […]


mamanoyarAugust 1, 20121min012
အေးစက်တဲ့လေနဲ့တွေ့ထိလိုက်တော့မှ……သူ့တစ်ကိုယ်လုံးလန်းဆန်းသွားသလိုထင်လိုက်ရ၏ ..အရင်ရက်ပေါင်းများစွာကသူကအိပ်မောကျနေသည့်နှယ်….ယခုတော့ကမ္ဘာမြေကြီးပေါ်သူ ဆင်းသက်ခွင့်ရပြီဖြစ်၏….ကမ္ဘာမြေပေါ်ရောက်ရောက်ခြင်းသူအငမ်းမရတောင့်တမိသည်ကသူ့ မိခင်၏နို့ရည်ပင်…သူ့မိဘတွေကဒီအိမ်ကြီးမှာအခိုင်းအစေတွေဖြစ်၏….သခင်နှစ်ပါးကတော့ဒီ အိမ်ကြီးမှာဩဇာအာဏာအရှိဆုံးပင်…..တိုက်တိုက်ဆိုင်ဆိုင်သူမွေးသည့်နေ့မှ…သခင်မကြီးမှာ လဲသားယောက်ျားလေးမွေးသတဲ့….သခင်ကြီးရဲ့မျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝမ်းသာမှုတွေက.. ဘာနဲ့မှဖုံးဖိလို့မရပါဘူး…..သခင်ကြီးကတော့သူနှင့်သားလေးတစ်ပြိုင်တည်းတစ်ချိန်တည်းမွေး သည့်အတွက်…အလုပ်သမားအားလုံးကိုခွင့်ပေးပြီး…အစားအသောက်များကျွေးမွေး၏….ဒီလိုနဲ့ သခင်တို့တစ်အိမ်လုံးအပျော်ကြီးပျော်နေကြလေ၏…. ဒီလိုနဲ့သူသိတတ်စအရွယ်ကစပြီး မိဘများနှင့်ညနေပိုင်းတွင်သာတွေ့ရ၏..မိဘများသည်သခင် များအတွက်မနက်နှင့်နေ့လည်ပိုင်းတွင်အလုပ်လုပ်ပေးရသည်…..ညနေစောင်းမှနားခွင့်ရ၏…. သူလမ်းလျှောက်နိင်သောအရွယ်သို့ရောက်သောအခါ မိဘများအလုပ်လုပ်သောနေရာသို့လိုက် ခွင့်ရ၏…မျက်စိတဆုံးကျယ်ပြန့်သောလွင်ပြင်ကြီး….စိုက်ပျိုးခင်းတွေနှင့်မိုးကောင်းကင်ကြီးကို ကြည့်ကာ..သူအပျော်ကြီးပျော်နေမိ၏….မိဘများသည်သခင်တို့အတွက်အားကြိုးမာန်တက်အ လုပ်လုပ်ပေးကြသည်ကိုလည်းတွေ့မြင်ရ၏…သူရဲ့စိတထဲမှာတော့ သူလည်းအလုပ်လုပ်နိင် သောအရွယ်ရောက်လျှင် သခင်တို့အတွက်အလုပ်လုပ်ပေးရမည်ဟု စွဲမှတတ်ယူထား၏…… ဒီလိုနဲ့တစ်နေ့မှာတော့သူ့ကိုနားဖားကြိုးထိုးမည်ဟုဆိုကာတစ်နေရာသို့ခေါ်ဆောင်သွား၏….. နာကျင်တဲ့ဝေဒနာကိုကျိတ်မှိတ်ခံစားရင်း သခင်တို့ပြုသမျှသူနုခဲ့ရသည်…..အဲဒီနေ့နောက်ပိုင်း မှာတော့သူမိဘများနှင့်အတူ သခင်တိ့ိုအတွက်တစ်နိင်တစ်ပိုင်အလုပ်ဝင်လုပ်ပေးရ၏….ဒီ တော့မှဆင်းရဲပင်ပန်းခြင်းဆိုသည်ကိုသူစတင်ခံစားမိလာ၏……ဒါပေမယ့်မိဘတွေတောင်လုပ် ပေးသေးတာဘဲသူလဲလုပ်ပေးရမည်ဟုခံယူကာ မငြီးမညူလုပ်ဆောင်ပေးခဲ့၏………. လတွေနှစ်တွေကုန်ဆုံးပြီးတစ်နေ့သောညနေနေဝင်ရီတရောအချိန်မှာပေါ့….သခင်တို့၏စကား သံကိုသူအတိုင်းသားကြားနေရ၏…. ” ရှင်မရယ်…ဒီနွားမကြီးကအိုနေပါပြီကွာ…ကိုသောင်းတို့ ပြောတဲ့ဈေးနဲ့ဘဲရောင်းလိုက်ရအောင်ကွာ….” “ အိုတော်…သူတို့ကဈေးနှိမ်လွန်းအားကြီးပါတယ် ကိုယ့်ဘာသာ ဖျက်ပြီး..ရောင်းရင်တောင်ဒီ ထက်မြက်တယ်” “ တော်ပြီကွာမင်းနဲ့မပြောတော့ဘူး..ပြောလိုက်ရင်ဒီအတိုင်းကြီးဘဲ …” အမှန်တော့ဒီစကားတွေကအတိအကျဘာကိုဆိုလိုမှန်းသူသိပ်မသိခဲ့….အဲဒီညမှာတော့မိခင် မျက်ရည်ကျတာကိုတော့မြင်လိုက်မိ၏…..နောက်တစ်နေ့မှာတော့မိခင်ကိုမနက်စောစောလူ နှစ်ယောက်ကလာရောက်ခေါ်ဆောင်သွားခဲ့သည်..အဲဒီတုန်းကမိခင်ကသူ့ကိုကြည့်ခဲ့သော အကြည့်ကိုသူမေ့မရနိုင်ခဲ့…..ထိုအကြည့်ကလဲ ..သူနဲ့မိခင်နောက်ဆုံးခွဲခွာရမည့်အထိမ်းအမှတ် မှန်းသူမသိခဲ့ပေ… ဒီလိုနဲ့ဘဲနောက်ရက်တွေမှာမိခင်ကိုသူမတွေရတော့ပေ…သူယူကြုံးမရခံစားခဲ့ရသည်….ပျင်းရိ ငြီးငွေ့ဖွယ်နေ့ရက်များအား..သခင်တို့အတွက်လုပ်ဆောင်ပေးရင်းနှင့်သူလုပ်ဆောင်ပေးရင်း ကုန်ဆုံးစေခဲ့သည်…ဒီလိုနဲ့…ဒီလိုနဲ့ဘဲ……………….. သူ့အသက်အရွယ်လည်းတစ်ဖြည်းဖြည်းကြီးရင့်လာခဲ့သည်……သူနဲအတူကြီးပြင်းခဲ့သော…ဒီ လောကကြီးထဲသို့တစ်ရက်တည်းရောက်ရှိခဲ့သော…သခင်၏သားလေးသည်ပင်..လူပျိုပေါက် အရွယ်ရောက်ခဲ့၏…တစ်နေ့တော့သူ..အလုပ်ခွင်ထဲတွင်ခြေချောင်းဒါဏ်ရာရခဲ့၏….သူထိုနေ့ မှစတင်ပြီး […]


naywoon niJuly 29, 20121min018
“ ကဲ စားလိုက်ဦး နင်မသောက်တော့ဘူးမဟုတ်လား သောက်ချင်လည်း ငါ့ဆီမှာ ရေပဲတိုက်စရာရှိတယ်…။” ကိုကြိးကျော်က ထမင်း ပန်းကန်နှစ်ချပ်နဲ့ ဟင်းခွက် တစ်ခွက် ကိုင်လာပြီး ဘေးနားက သေတ္တာပေါ်တင်လိုက်ပါတယ်…။ ပြီတော့ “ တို့ မန္တလေး ကအဆောင်မှာ စားသလို စားပေါ့ကွာ…။ တမ်းတခြင်းပေါ့..။ လက်ဆေးချင်နောက်ထဲ ဝင်ဆေးခဲ့” နေဝန်းနီတို့ ကဟန်တွေ ဘာတွေ မလုပ်ပါ..။ စားစရာရှိတာ စားရဖို့ အဓိက ပဲ မဟုတ်လား…..။ “ ဒါနဲ့ နေစမ်းပါဦး နင်တို့ ရခိုင်မှာ ဒီလောက် ဘင်ဂါလီ ဆိုတာတွေ များနေတာ ခု လတ်တစ်လော ဖြစ်တာလား အရင်ကတည်းကလား” နေဝန်းနီ မသိချင်ယောင်ဆောင်ပြီး ဝင်မေးခြင်းပါ…။ “ နင်ကလည်း အ, ချင်ယောင်ဆောင်နေပြန်ပြီ…။ အရင်ကလည်း […]


naywoon niJuly 28, 20121min08
လိုင်းပေါ်မှာ ဝက်ဆိုဒ်တွေမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ပွစိလန် ဆဲကြ ဆိုကြနဲ့… ဖွာလဖွာ ကျနေတဲ့ အချိန်မှာ ဒီပို့စ်ကိုမတင်သင့်သေးဘူးဆိုပြီး စောင့်နေခဲ့တာ………..။ ဒါပေမဲ့ သူတို့ တွေကမရပ် သေးပေမဲ့ အတော်လေး တည်ငြိမ်လာပြီ စဉ်းစားချင့်ချိန်နိုင်လာပြီလို့ ယူဆလို့ ဒီပို့လေးကိုကောက်ရေးလိုက်တာပါ…။ ဒီပို့စ်ကိုရေးတဲ့သူကိုယ်တိုင် ရခိုင်ပြည်ဆိုတာ မရောက်ဖူးခဲ့ပါ…။ ဒါပေမဲ့ တစ်ချို့တွေ ဝက်ဆိုဒ်လင့်တွေ ပေးပြီးတင်နေကြတဲ့ အချိန်မှာ ကိုယ်က နှစ်ပေါင်းနှစ်ဆယ်ကျော် ပေါင်းသင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမြင်.. သူ့ရဲ့ အယူအဆကို ဘာကြောင့် မရေးရဲ မတင်ရဲရမှာလဲ ဆိုပြီး အားယူရေးလိုက်ရပါတော့တယ်…။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပျဉ်းမနားကို ကိစ္စတစ်ခုနဲ့ရောက်သွားတုန်း ကားဂိတ်တစ်ခုမှာ………. “ ဟေးးး တောပုန်းကြီး ဘာလာလုပ်တာလဲကွ” ဆိုတဲ့ အသံပြဲကြီးကြားလိုက်ရလို့ နောက်ကိုလှည့်ကြည့်လိုက်မိတဲ့ အချိန်မှာ ရုံး […]


marblecommetJuly 28, 20121min032
တစ်နေ့သောအခါ . . . ကောင်းကင်အမိုးပြာကြီးရဲ့ ကြယ်တာရာတွေ ကြားမှာ ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေး တစ်စင်း ခုတ်မောင်းနေပါတယ် . . .။ တစ်နေ့သောအခါ . . . တံတားအောက်က စီးဆင်းသွားတဲ့ မြစ်ရေတွေမှာ ပျိုမြစ်ခြင်းကို မောက်မာထားကြတယ် . . .။ တစ်နေ့သောအခါ . . . ကံတရားရဲ့ စစ်သည်တော်တွေဟာ အချစ်နဲ့ မူးမိုက်သမ်းဝေနေတဲ့ ကောင်လေး တစ်ယောက်ကို လောက ကမ်းပါးပေါ်က ပြစ်ဒဏ်ချမှတ်လိုက်တယ် . . . ။ တစ်နေ့သောအခါ . . . ခြောက်ကပ်နေတဲ့ မျက်နှာစုံညီ မိသားစု ထမင်းဝိုင်းပေါ်က မြော့မြော့လေး လွတ်ကျသွားတဲ့ […]


လူူလိမ္မာ ငှက်ကလေးကိုစကားသင် စကားတတ်ယင် ငှက်လိမ္မာပေါ့၊ ခွေးကလေးကို လက်ပေးသင် လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊ မျောက်ကလေးကို အကသင် အကတတ်ယင် မျောက်လိမ္မာပေါ့၊ လူကလေးကို ခေါင်းညှိမ့်သင် ခေါင်းညှိမ့်တတ်ယင် လူလိမ္မာပေါ့။ ။ လူူလိမ္မာ ငှက်ကလေးကိုစကားသင် စကားတတ်ယင် ငှက်လိမ္မာပေါ့၊ ခွေးကလေးကို လက်ပေးသင် လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊ မျောက်ကလေးကို အကသင် အကတတ်ယင် မျောက်လိမ္မာပေါ့၊ လူကလေးကိုပညာသင် ပညာတတ်ယင် လူလိမ္မာပေါ့။ ။ အထက်ပါကဗျာနှစ်ပုဒ်ကိုယှဉ်ဖတ်ကြည့်ပါ။အပေါ်ကဆရာအောင်ပြည့်ရဲ.မူရင်းဖြစ်ပြီး လေးနက်မှုတွေ.ရပါသည်။အောက်က အယ်ဒီတာမင်းများ၏ ပြင်ဆင်ပြီး ထွက်လာသော အကြောက်တရားပြည့်နေသော ကလေးကဗျာဖြစ်ပါသည်။ ဪ…..မီဒီယာဆိုတာ ဒါပါလား။


naywoon niJuly 23, 20121min017
တစ်နေ့သ၌ ပျင်းပျင်းရှိသည်နှင့် ထိုင်နေကျ လ္ဘက်ရည်ဆိုင်ကလေးမှာပဲ ကျောက်ချထားပြီး လမ်းသွားလမ်းလာ ကောင်မလေးများကိုငေးရင်း မျက်စေ့ စားပွဲထိုင်နေလိုက်မိသည်…။ တောင်တောင် မြောက်မြောက် သွားနေကြတဲ့ ကောင်မလေးတွေကိုကြည့်ရင်း ………. မျက်စေ့ရှေ့ ရောက်လာတဲ့ ကောင်မလေးတစ်ယောက်ကို သတိ ထားဖြစ်သွားသည်….။ ကြည့်ပါဦး ဆိုင်ကယ်နောက်က ထိုင်လိုက်သွားတာ ရိုးရိုး မထိုင်…။ ဖင်လျောပြီး ရှေ့က စီးတဲ့ ကောင်မလေးခါးဖက်လိုက်သွားတာ …။ ဝတ်ထားတာက ဘောင်းဘီတို… ဆိုတော့ကာ သူ့ပေါင်တံစင်းစင်းလေး…. အင်း…. ခဲတန်လုပ်ပြီး စာရေးလိုက်ရ ဘယ်လောက်ကောင်းလေစွ…။ စဉ်းစားနေစဉ်ခဏ အတွေးကို လာရောက်ဖျက်စီးသူကား….. ရွာ့ အသည်းကျော် ဗိုက်ကလေး ဖြစ်ပေတော့ သည်…။ စွပ်ကျယ် အကျီ ပွပွ နဲ့ ပုဆိုး ကပိုကရို ဝတ်ထားပြီး ခြေလှမ်းကျဲကျဲ လှမ်းကာ နေဝန်းနီ […]


သူငယ်ချင်းတွေတစ်ယောက်နဲ ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ခင်တွယ်ခဲ ့ကြသည်…..။ ကျောင်းသွားတူတူ..ကစားတူူတူပင်ရှိခဲ ့ကြသည်။သူငယ်ချင်း၅ယောက်ရဲ ့ဘယ်အိမ်မဆို..ဝင်ထွက်သွားလာခဲ ့ရာ တံခါးမရှိ…ဓါးမရှိပေ…. ယောကျင်္ားလေးတွေမို ့ပြောမနာဆိုမနာ…အားလုံးကပွင် ့ပွင် ့လင်းလင်း….တပါတ်တခါသူငယ်ချင်းတစ်ယောက်ရဲ ့အိမ်မှာအိပ်ကြသည်။ တက္ကသိုလ်တတ်ကြတဲ ့အခါမှာလည်း…မေဂျာတွေသာပြောင်းခဲ ့ကြတယ်လက်တွဲမဖြုတ်တမ်းလေ…. ၅ယောက်ထဲမှာတစ်ယောက်ကဆင်းရဲနွမ်းပါးသည်… ဒါပေမဲ ့…မာနကတော ့မိုးထိအောင်ပင်…ဟုတ်သည်…. ချမ်းသာတဲ ့သူမှမာနရှိသည်မဟုတ်….ဆင်းရဲသည် ့သူလည်းရှိသင် ့သည် ့အရာမဟုတ်လား… ဒါပေမဲ ့..သူငယ်ချင်းတွေအပေါ်မှာတော ့….တော်တော်သည်းညည်းခံရှာပေသည်…. ဘယ်ကိစ္စမဆို..တော်ရုံဆိုမပြော…အားလုံးကတော ့ဘယ်သူကသာတယ်နာတယ်ဆိုတာမရှိပေ။….. ဘဝပေးအကိူးနည်းဆင်းရဲတာလေးကလွဲရင်…ကျွန်တော်တို ့အဖွဲ ့ထဲတွင်ရုပ်အချောဆုံး… မေဂျာမှာဆိုရင်လည်းသူက…ကင်းတယောက်ပါ…..ဘယ်မိန်းခေလေးကိုမှစတင်ပြီးစိတ်ဝင်စားတယ်မပြော…. မိန်းခလေးကဇါတ်လမ်းစလာရင်လည်း…တုပ်တုပ်မျှမလူပ်…တခါတလေကျတော ့လည်းကျွန်တော်တို ့ကအားမလိုအားမရဖြစ်ရတယ်….. မင်းနဲ ့ငါတို ့နေရာချင်းလဲလို ့ရရင်လဲချင်တယ်ကွာဆိုတော ့….ဘာအရောင်မှမပါတဲ ့မျက်လုံးနဲ ့ကျွန်တော်တို ့ကိုပြန်ကြည် ့တယ်။ မလုပ်ပါနဲ ့ကွာ…မင်းတို ့လိုပြည် ့စုံတဲ ့ဘဝမဟုတ်တော ့ငြိမ်ငြိမ်နေပါရစေ….တစ်နှစ်တစ်တန်းတတ်ဖို ့တောင်…. ကျောင်းစရိတ်ကအနိုင်နိုင်…ကျောင်ရောက်လို ့ကင်တင်န်းထိုင်ရင်တောင်…မင်းတို […]


TTNUJuly 18, 20121min047
မဖြေနိုင်မှန်းသိသော်လည်း သူငယ်ချင်း မင်းငါဆုံခိုက် ဘုရားလိုက်ဖို့ ငါတိုက်တွန်းငြား မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်။ ဥပုသ်နေ့၌ ကျောင်းကိုလိုက်ဖို့ ငါတိုက်တွန်းငြား မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်။ ဆိတ်ငြိမ်နေရာ အေးရိပ်သာ၌ အာနာပါန ရသမျှကို သွင်းပရှုရှိုက် အတူလိုက်ဖို့ ငါတိုက်တွန်းငြား မင်းပြောကြားခဲ့ မအားသေးဘူး နောက်မှကွယ်။ ဟိုတစ်နေ့က မအားနေရင်း သူငယ်ချင်းဟာ သေမင်းခေါ်ရာ မငြင်းသာပဲ လိုက်ပါသွားရရှာလေပြီ။ ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း ခုမှ မငြင်း လိုက်သွားခြင်းကြောင့် ရင်တွင်းစကား ဆိုမိငြားသည် အားသွားလို့လား..သူူငယ်ချင်း…။ ဒီသံဝေဂ ကဗျာလေးကို မြောက်ဦးဆရာတော် တရားဟောတုန်းက ထည့်ဟောသွားခဲ့ပါတယ်။ တရားနာနေတုန်းဆိုတော့ အကုန်မှီအောင်လိုက်ချမရေးဖြစ်ခဲ့ပါဘူး။ (မအားသေးဘူးနောက်မှ ကွယ်) ဆို်တဲ့နေရာလေးရယ်၊ (အားသွားလို့လား..သူူငယ်ချင်း) ဆိုတဲ့ နေရာလေးနှစ်ခုကိုတော့ မှတ်မိလိုက်တယ်။ မနေ့ကမှ သားယူလာပေးလို့ အစအဆုံးဖတ်ရတော့တယ်။ […]


marblecommetJuly 18, 20121min024
အခန်း။ ။ (ဝင်္ကပါ) ဦးနှောက်ကို ခဏအနားပေးပြီး ပကတိစိတ်နဲ့ တွေးကြည့်တယ်။ ဝင်္ကပါ ဆိုတာ ဘာလဲ ကိုကိုရဲ့..။ ဝင်္ကပါဆိုတာ သိပ်ကိုချွန်မြနေတဲ့ အဝန်းအဝိုင်းဖြစ်စဉ်ကြီးတစ်ခုပါကွာ။ အနားသပ်မျဉ်းလည်း သိပ်ကို ပိရိသပ်ရပ်တယ်။ ကိုဩဒနိတ်လည်း သိပ်ကို တိကျတယ်။ အလျှင်နှုန်း၊ အရွေ့လည်း သိပ်ကို စမတ်ကျတယ်။ အဲဒါ ဝင်္ကပါလို့ ခေါ်တာပေါ့ ပန်းဝါ။ ဒါက အဓိပါယ်ကောက်နုတ်ချက် တစ်ခုလား ကိုကို…။ ……. ကိုယ်တို့ဘဝမှာ ဗျူဟာတွေ ရှိကြတယ်။ ဘဝကို တည်ဆောက်ပြုပြင်ခြင်းဗျူဟာ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့ဗျူဟာ။ မိမိကိုယ်ကို သိတတ်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ဗျူဟာ။ စသည်ဖြင့်ပေါ့။ ဒါက သမားရိုးကျ ဗျူဟာတစ်ခု ဆိုပါစို့။ ဒါက ကောက်ကျစ်မှုမပါ။ စနစ်တကျ ကြံစည်ပြုမူခြင်းမပါတဲ့ ဗျူဟာပေ့ါ။ …. တချို့ […]


marblecommetJuly 18, 20121min024
အခန်း။ ။ (အိပ်မက်) အိပ်မက်တစ်ခုထဲ ရောက်နေသည်။ ရှေ့တူရူမှာ ပွဲတော်၏ အသံများ ဆူညံပျံ့လွင့်နေ၏။ ကိုယ်တို့နှစ်ယောက်လည်း ထိုနေရာသို့ တရွေ့ရွေ့ တလွင့်လွင့်။ စိမ်းမြမြ မြက်ခင်းဆီက နိမိတ်ပုံတစ်ခု သယ်ဆောင်လာတဲ့ လေညှင်းတစ်ချက်က သုတ်ခနဲ တိုက်ခတ်သွားတဲ့အခါ အရိုးထဲထိ အေးစက်တုန်ခါသွားသည်။ နွေးလျလျ လက်ကလေး တစ်ဖက် ကိုယ့်လက်ကိုလာထိကိုင်သည်။ ကိုယ် လှည့်ကြည့်လိုက်သောအခါ သူမနှင့် အကြည့်ချင်းဆုံကြသည်။ ကိုယ်တို့ တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ သူမ မျက်ဝန်းမှာ ပွင့်နေတဲ့ စံပါယ်တွေကို ကိုယ်ကလွဲလို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူတစ်ဦး တစ်ယောက်ကမှလည်း တွေ့ရှိရမှာ မဟုတ်ပါဘူး။ စကားပြောဖို့ အလျှင်းမလိုတဲ့ ကိုယ်တို့ ဘာသာစကားနဲ့ ကိုယ်တို့ဟာ ရှေ့သို့ တရွေ့ရွေ့ . . .။ […]


naywoon niJuly 15, 20121min022
တစ်ရက်က နေဝန်းနီ ထိုင်နေကျ လ္ဘက်ရည် ဆိုင်ထဲ ရောက်သွားတော့ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သွားတိုးတယ်….။ နေဝန်းနီ သာ ရောက်တဲ့ နေရာ ပြဿနာနဲ့ အလုပ်တွေက ထွက်လိုက်ရပေမဲ့…. သူတို့တွေက လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေ ဖြစ်တာကြောင့် အေးအေး ဆေးဆေး စကားမပြောဖြစ်ကြဘူး….။ ဘာလို့လဲ ဆို နေဝန်းနီကသာ အချိန်ပြည့် အားနေတာ …. သူတို့က မအားကြရှာဘူး…။ တစ်ခါတစ်လေ တွေ့ဖြစ်တာတောင် နေကောင်းလား ဘယ်သွားမလို့လဲ ဘယ်ကလာလဲ လောက်ပဲ နှုတ်ဆက်ဖြစ်တာ….။ အဲဒိနေ့ကတော့ သူတို့ ရုံးအားရက်နဲ့ တိုးလို့ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောဖြစ်တယ်…။ သူငယ်ချင်းနှစ်ယောက်ဆိုပေမဲ့ သူတို့ က နေရာတစ်ခုစီမှာ လုပ်ကြတဲ့သူတွေပါ…။ ရုံးချင်းမတူပါဘူး…။ ဒါကြောင့် သူတို့ ဖြတ်သန်းရာနေရာတွေက တူမလိုနဲ့ကွဲပြားနေပါတယ်…။ […]


San Hla GyiJuly 14, 20121min059
လူတိုင်းလိုလို မိဘမဲ့ကလေးများကို မြင်ဘူးကြားဘူး ကြမည်ဖြစ်ပါသည်။ ကြားလိုက်သည်နှင့် ဖြစ်ပေါ်တတ်သည့် ခံစားမှုက သနားခြင်း ဖြစ်ပါသည်။ မိဘမဲ့ ဖြစ်ရာတွင် အကြောင်းအမျိုးမျိုး ရှိပါသည်။ မိဘများ သေဆုံးသွား၍ မိဘများက စွန့်ပစ်သွား၍ မိဘများနှင့် ကွဲကွာသွား၍ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အလွန်ငယ်သည့် အရွယ်မှာ မိဘမဲ့ ဖြစ်ပြီဆိုလျှင်တော့ ကောက်ယူမွေးစားသူ မရှိပါက သေဖို့သာရှိပါသည်။ ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် အရွယ်ပေကိုး။ ဟုတ်ပါသည်။ ကျနော်လည်း တခါက မိဘမဲ့ကလေး တဦးကို ကောက်ယူမွေးစားခဲ့ဖူးပါသည်။ မမွေးစားလို့လည်း မရပါ။ ထိုမိဘမဲ့ကလေးက ကျနော့်ခြံထဲသို့ မိဘများနှင့် ကွဲကာဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရသဖြင့် ကျေနပ်မိပါသည်။ ထိုသို့ဆိုလျှင် ကျနော်ထိုစဉ်က နေသောအိမ်ကို အကျဉ်းမျှ ပြောပြရန် လိုပါသည်။ ထိုစဉ်ကဟု […]