ဝင်စပြုနေပြီဖြစ်သည့် နေမင်းကို ကျောခိုင်းပြီး သမီးပြန်အလာကို မျှော်နေမည့် အမေရှိရာ တဲအိုလေးဆီကို ခပ်သွပ်သွပ် လျှောက်လာနေမိသည်။ ရလာသည့် အဝတ်လျှော်ခ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ခါ အမေအစားချင်ဆုံး မုန့်ဟင်းခါးလေး တစ်ပွဲဝယ်ကျွေးချင်မိသည်။ သို့သော်….. သားအမိစားဖို့ မနက်ဖြန်စာ ဆန်မရှိသည့်အဖြစ် .. မုန့်ဟင်းခါးဆိုင်ရှေ့ ဖြတ်အလျှောက် တစ်ခါတစ်လေတော့လည်း မုန့်ဟင်းခါးလေး တစ်ပွဲလောက်တော့ စားချင်မိတယ် ဆိုသည့် အမေ့မျက်နှာကို မြင်ယောင်မိသော်လည်း…….. မျက်စိမှတ်ဖြတ်လျှောက်ခဲ့ရသည့်အဖြစ်။ ဆန်ဝယ်ဖို့ ဆိုင်ထဲဝင် သားအမိနှစ်ယောက်စာ ဆန်လေးဝယ် တုန်ရီနေသော လက်အစုံက ခပ်နွမ်းနွမ်းပိုက်ဆံလေးတွေအတွက် လုပ်ရသည်နှင့်မကာ အပြောခံလိုက်ရသည်က မိမိဘဝနှစ်ပြားမတန်ဖြစ်ခဲ့ရသည့် အဖြစ်ကိုမျက်ရည်ဝဲမိသည်။ ဖျက်ခနဲသတိအဝင် မိမိခြေလှမ်းတွေ လေးလံနေလို့မဖြစ် ထမင်းဆာ၍ မိမိပြန်အလာ မျှော်နေရှာမည့် အမေ။ ကျန်းမာရေးချုချာသောအမေ့ကို မိမိတတ်နိုင်သောလုပ်အားနှင့် ဆေးများဝယ်တိုက်ခဲ့၍ အခုရက်ပိုင်း အမေ့ကျန်းမာရေး နလန်ထူလာနိုင်ခဲ့ပြီ […]
