kotun winlattAugust 21, 20125min024
မိုးသည် လွန်ခဲ့သော လတွေက ကျစ်ကျစ်တောက်ပူခဲ့သော နေ့တွေကို ငြိုးမာန်ဖွဲကာ ရွာနေလေသလား မသိချေ..။ ဒီရက်တွေအတွင်း မိုးက သည်းသည်းမဲမဲ ရွာသွန်းနေချေ၏။ ဝါဆို ဝါခေါင် နွေခေါင်ခေါင်ဟု ပြောင်းလဲရမည် ကဲ့သို့ ဖြစ်နေသော အခြေအနေမှ ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဟူသော စကားပုံမှာ တည်မြဲလျက်ပင်…။ မိုးတွေရွာနေသဖြင့် ကျနော် အခန်းအောင်းကာ စာအုပ်ဖတ်နေခဲ့သည်။ ဒီနေ့မနက်မှာတော့ မိုးနည်းနည်း စဲသွားချေပြီ။ မိုးရွာနေသည်မှာလည်း တစ်ပတ်ပင်ပြည့်တော့မည် မဟုတ်ပါလား။ ကျနော် အခန်းအတွင်း စာဖတ်နေရာမှ အပြင်ဘက်သို့ လှမ်းကြည့်မိသည်။ လမ်းမပေါ်တွင် မိုးရေတို့က ဟိုနားတစ်ကွက် ဒီနားတစ်ကွက်နှင့်  အခန်းတံစက်မြိတ်မှ မိုးရေတို့သည် တွဲလွဲခိုကာ တစ်စက်ချင်း မြေပေါ်သို့ ခုန်ဆင်းနေကြပေသည်။ ခမ်းလှမ်းလှမ်းမှ ကုက္ကိုပင်ကြီးမှာလည်း အရွက်စိမ်းစိမ်းလေးများနှင့် အုပ်အုပ်ဆိုင်းဆိုင်း ပြီးတော့ သမဝါယမဆန်စက်ကြီးမှ မီးခိုးခေါင်းတိုင်းကြီးမှာလည်း […]


  ဘာမှ မဟုတ်တော့တဲ့ နေ့ရက်တွေထဲမှာ ဘာမှ မဟုတ်တော့တဲ့ အကြောင်းတွေ ပြောရင်း ကျွန်တော်က ထူးခြားလာတယ်။  သေးသိမ်လာတဲ့ ပုလင်းအဝတွေကို ချဲ့လိုက်ပါ။ အတ္တဟာ ခင်ဗျားတို့ပြောသလောက် အသံမကျယ်ဘူး။ အစွန်းရောက်ခြင်းရဲ့ နောက်ဆုံးမှာ ပီမိုနင်းစာအုပ်တွေ ဈေးပေါနေတာကို အပြစ်တင်နေလိုက်တယ်။ လူဖြစ်ခြင်းမှာ ငါတို့ဟာ လေးညှင်းတစ်ခုရဲ့ အနတ္တ။ လှန်ရင်း လန်းလာတာ လမ်းတွေက လှမ်းကြည့်နေကြတယ်။ ရူပါနဲ့ ဇရာ။ ဖြစ်ချင်တော့ အိပ်မက်တွေက ထပြီး ဈေးဝယ်တယ်၊ ထမင်းချက်တယ်၊ အဝတ်လျှော်နေကြတယ်။ ငါဟာ ပျူလူမျိုးမှ မဟုတ်ဘဲကွယ်။ သမိုင်းကို ငါငြင်းဆန်လိုက်တယ်။ သူစိမ်းတွေကို မသတ်ကြပါနဲ့။ အချင်းချင်းသာ သတ်ကြပါ။ အမျိုးရင်းတွေက သစ္စာတကယ် ဖောက်ကြသလား ကိုလေးဖြူ။ အရှင်းကြီးပဲ .. ခင်ဗျားပြောသလိုဆို အဓိက တရားခံဟာ […]


“ဘုံး….ဘုံး….ဘုံး…..ဘုံး” “အမရေ တံခါးလေး တချက်လောက်ဖွင့်ပေးစမ်းပါ” “ဒုံး…. ဒုံး….ဒုံး….ဒုံး….” “အကိုရေ အပြင်က တံခါးလေးဖွင့်ပေးစမ်းပါ…….” “ဂလုံး…. ဂလုံး….ဂလုံး….ဂလုံး….” “အဒေါ်ရေ တံခါးလေးဖွင့်ပေးပါခင်ဗျာ……..” ×××××××××××××××××××××××××××× မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့တရုပ်သင်္ဘောတွေဟာ အဲဒီအချိန်အဲဒီအခါက တော်တော်အဆင့်မြင့်ပါတယ်။ အရင်က စီးနေရတဲ့  ဗန္ဓုလ၊ဗန္နက၊ဗညးဒလ(ကျနော်တို့ အခေါ် ဗညားဒလိပ်)၊ဝေပုလ္လ၊ဝိဓူရ၊ဝိဇယ အစရှိတဲ့သင်္ဘောတွေလို သင်္ဘောကို လိုရာကွေ့ဖို့တက်မကိုင်တွေက ဘီးကြီးတွေကိုခြေနဲ့နင်း၊လက်နဲ့လှည့်လုပ်စရာမလိုပဲ ဗွီရှိပ် မောင်းတံလေးကိုလက်ကလေးနဲ့ ဘယ်ညာအသာအယာပုတ်လိုက်ရုံပါ၊ စက်တင်/ချ၊ ရှေ့နောက် ဂီယာကိုလည်း၊ ကလင်ကလောက်..ကလင်..ကလောက် ဆိုပြီးတယ်လီရိုက်စရာမလိုပဲ ဆလင်ခန်းထဲကနေ ခလုတ်နှိပ်ရုံပါပဲ၊ အရေးပေါ် အတွက် တော့ ဘီးကြီးတွေ၊တယ်လီတွေ ပါပါတယ်။ စက်ခန်းထဲမှာလဲ စက်ဆရာအဆင်သင့်ရှိနေပါတယ်။ သင်္ဘောအကွေ့မှာဒီဂရီဘယ်လောက်စောင်းသွားသလဲ သိနိုင်တဲ့ ကွန်ပတ်လည်းပါတယ်။ရေဒါစနစ်တောင် ပါတယ်လို့ထင်ပါတယ်။ မသေချာပါ။ ဒါတွေက အဘဖောတို့ ကိုရင်စည်သူ တို့လိုသင်္ဘောသားတွေအတွက် အထူးအဆန်းလို့ မဆိုနိုင်ပေမဲ့ အဲဒီအချိန်အခါတုန်းက […]


si toneAugust 18, 20121min014
“ခဏတာ” သူ ခြေချလာခဲ့ပါတယ် င့ါနှလုံးသားပေါ် ခွင့်မတောင်းပဲနဲ့ပေါ့ သူ ဝင်လာခဲ့ပါတယ် ငါ့ဘဝထဲ ဘာမှမပြောပဲနဲ့ပေါ့ သူ လှုပ်ခတ်ခဲ့ပါတယ် ငါ့ရင်ခုန်သံတို့ကို အထိအတွေ့တစ်ခုနဲ့ပေါ့ သူသိမ်းပိုက်ခဲ့ပါတယ် ငါ့လက်ဖဝါးတို့ကို သူ့လက်အစုံနဲ့ကိုင်ဆုပ်ရင်းပေါ့ သူ ခိုလှုံခဲ့ပါတယ် ငါ့ရင်ငွေ့တစ်ချို့နဲ့ နွေးထွေးလုံခြုံစွာပေါ့ သူအပန်းဖြေခဲ့ပါတယ် ငါ့နှလုံးသွေးတစ်ချို့နဲ့ ရီဝေယစ်မူးလာတဲ့အထိပေါ့ သူ မှေးစက်ခဲ့ပါတယ် ငါ့နှလုံးသားအခန်းငယ်လေးထဲမှာ ငါမသိလိုက်တဲ့အချိန်မှာပေါ့ သူစားသုံးခဲ့ပါတယ် ငါ့ကြင်နာယုယမှုတွေကို သူ့စိတ်အဆာပြေတဲ့အထိပေါ့ သူ နမ်းရှိုတ်ခဲ့ပါတယ် ငါ့နှုတ်ခမ်းတစ်စုံကို ရင်ခုန်နှစ်သက်စွာနဲ့ပေါ့ သူ ရက်စက်လာတတ်ခဲ့ပါတယ် ငါ့အပေါ်မှာ ပျက်ကွက်မှုအချို့နဲ့ပေါ့ သူ အေးစက်လာခဲ့ပါတယ် ငါ့နွေးထွေးမှုတွေအပေါ်မှာ ခံစားချက်မရှိတော့သလိုပေါ့ သူနင်းခြေခဲ့ပါတယ် ငါ့ဘဝကြီးကို မဲ့ပြုံးတစ်ချို့နဲ့ပေါ့ သူကျောခိုင်းခဲ့ပါတယ် ငါ့ရင်ခွင်ငယ်ကနေ ငါ့နာကျင်မှုတွေကို ဥပက္ခာပြုရင်းပေါ့ သူ လှမ်းထွက်သွားခဲ့ပါတယ် လွတ်လပ်တဲ့ခြေလှမ်းတွေနဲ့ သူ့ ခိုလှု့ရာနေရာတစ်ခုခုကိုပေါ့ အဲဒီနောက်… […]


၈၈၈၈ အရေးတော်ပုံကြီးမှာ ခေါင်းဆောင်များက အနိုင်ဂိုးမသွင်းနိုင်လေတော့ ၁၉၈၈ စက်တင်ဘာ ၁၈ရက်နေ့မှာ စစ်တပ်က ဒိုင်ပွဲရပ်နဲ့ အာဏာသိမ်းပါတယ်။ ကျောင်းတွေလဲ အကန့်အသတ်မရှိပိတ်၊ တစ်နိုင်ငံလုံးလဲ ကာဖျူးထုတ်၊ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်းတွေကိုလဲဖြုတ်၊ ထောက်လှမ်းရေးက လူဖမ်းပွဲကြီး စပါတော့တယ်။ ဒီကြားထဲ မိုင်းယန်း နဲ့ မဲသဝေါ တိုက်ပွဲကြီးတွေ ဖြစ်တော့ ညဘက် ကာဖျူးဖောက်တဲ့ လူတွေ၊ ထောင်သားတွေကို ပေါ်တာဆွဲပါတော့တယ်။ နယ်မပြောနဲ့ ရန်ကုန်မှာတောင် ပေါ်တာဆွဲပါတယ်။ စီးကမ်းဖောက်တဲ့လူတွေကို စစ်သားတွေက တွေ့ရာနေရာမှာ နဘန်ကျင်း၊ ဒိုက်ထိုးခိုင်းနဲ့ ဗျောင်းသတ်နေတာပေါ့ဗျာ။ အဲဒီတုန်းက လူတိုင်းနားထဲမှာ ညဆို “ဒို့အရေး” အသံတွေ ကြားယောင်နေတာ တော်တော်နဲ့ မပျောက်ဘူးဗျာ။  ကျောင်းသားတွေလဲ နီးစပ်ရာလက်တို့ပြီး တောခိုကြတာပေါ့။ ဘာရမလဲ မောင်ကျောက်လဲ တက်ကြွတဲ့ကြက်ဖ ဆိုတော့ လှုပ်စိလှုပ်စိ […]


သန့်စင်ခန်းဒုက္ခ (၂) အထူးခန်းထဲရေလျှံပြီးနောက်ပိုင်းကြောင်လေး ဗော်လန်တီယာအလုပ်တစ်ခုလုပ်ခဲ့ပါတယ်။ ဒုတိယတန်းအိပ်ခန်းတွေအတွက် ရေချိုးခန်း၊အိမ်သာခန်းတွေ အပြင်မှာပါ။ ရေလွှတ်တဲ့အချိန်ဆို အများအားဖြင့် အဲဒီအခန်းတွေမှာ ဘားတွေပွင့်နေပြီး ရေတွေတဝေါဝေါထွက်နေတာထုံးစံပါပဲ။ ကြောင်လေးသိတဲ့အချိန်ဆိုရင်        မနေနိုင်တော့ တခန်းပြီးတခန်းလိုက်ပိတ်တာပေါ့။ သင်္ဘေားသားတွေကလည်းရေလွှတ်ပြီးရင် လိုက်ပိတ်ပါတယ်။ ကျနော်ပိတ်ပြီးသွားတဲ့အခါဆိုရင် သူတို့သက်သာသွားတာပေါ့။ တပတ်ကျတော့  ကျနော်အခန်းတွေရေလိုက်ပိတ်ရင်း အိမ်သာခန်းတစ်ခန်းရဲ့ ဘားကကျိုးနေပြီး ပိတ်လို့မရတော့ပါဘူး၊   ရေတွေကတဝေါဝေါထွက်နေတာပေါ့။ကျနော်လည်းတံခါးလေးပြန်ပိတ်၊ အောက်ထပ်ဆင်းပြီးတာဝန်ကျသင်္ဘောသား ရှာရတာပေါ့။   တွေ့တော့အကျိုးအကြောင်းပြောပြတဲ့အခါ၊ သူကလည်းသူးအထက်အရာရှိကိုသတင်းပို့ပါတယ်။ အရာရှိက လောလောဆယ်တော့ တစ်ခုခုနဲ့ ဆို့ထားလိုက်ကွာ၊ မြို့ရောက်မှ ဘားအသစ်တစ်ခု ဝယ်လဲမယ်လို့ပြောလိုက်တော့ သင်္ဘောသားလည်း ပုဆိုးစတစ်ခုဖြဲ၊တုတ်တစ်ချောင်းရှာပြီးယူလာပါတယ်။ ကျနော်က အဲဒီအခန်းထဲအမှတ်တမဲ့ ဝင်သုံးပြီးတော့မှ ရေမရှိရင်ဘယ်လိုလုပ်မလဲ ဆိုပြီး ခရီးသည်ဘက်ကစဉ်းစားပြီးပြောပြတော့၊ သင်္ဘောသားက ဟုတ်တယ် သော့တစ်ခါတည်း ခတ်ထားလိုက်မယ်ဆိုပြီးသော့တွဲပါယူပြီးအပေါ်ထပ်ကိုတက်လာခဲ့ကြပါတယ်။ အပေါ်ထပ်ရောက်တော့ ရေထွက်နေတဲ့အခန်းလိုက်ပြ၊ သင်္ဘောသားလဲတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါကြတော့  အခန်းထဲက “အောင်မလေး…..ကုလားငုတ်တုတ်၊ […]


ကြောင်လေး ဆယ်တန်းအောင်ပြီးကတည်းက အလုပ်ထဲဝင်၊ အဝေးသင်နဲ့ဘွဲ့ရခဲ့တာပေါ့။ ယူထားတဲ့ဘာသာတွဲက သိပ္ပံ ဘာသာတွဲဆိုတော့ တစ်ပတ်တစ်ခါ ပလာတီကယ် သွားသွားလုပ်ရပါတယ် ။သောကြာနေ့ည(စနေနေ့မနက်စောစောပေါ့)သင်္ဘောစီးသွား၊ တနင်္ဂနွေ ညနေသင်္ဘောပြန်စီးလာပေါ့၊ အဲဒီအချိန်တုန်းက တရုပ်ကဝယ်လာတဲ့ နှစ်ထပ်ခွဲ၊ သုံးထပ် သင်္ဘောသစ်ကြီးတွေ စဆွဲတဲ့အချိန်ပေါ့။ မနက်စောစောနဲ့ ညနေစောင်းဆို သီချင်းတွေဖွင့်ထားပေးတယ်၊သင်္ဘောတစ်စီးလုံးက ကြားနေရတယ်လေ။ ခေါက်ဆွဲကြော်မှာစားချင်လား၊ မန္တလေးဘီယာသောက်ချင်လား၊ ကြက်ဥပေါင်မုန့်ကြော်စားချင်သလား အကုန်ရတဲ့ အဆင့်မြင့် အထပ်မြင့်သင်္ဘောကြီးတွေပေါ့။ ကြောင်လေးတို့မြို့ကို သင်္ဘောက မနက်တစ်နာရီခွဲနဲ့ နှစ်နာရီကြားဆိုရောက်လာတယ်။ အဲဒီကာလတုန်းက သောကြာနဲ့ တနင်္ဂနွေခရီးသွားသူတွေဟာ ကျောင်းသားတွေကြောင့်တော်တော်စိ်တ်ညစ်ခဲ့ကြပါတယ်။ လွတ်တဲ့နေရာကို အတင်း အလုအယက်တိုးကြိတ်ပြီးဝင်ထိုင်ကြတာ၊ ကြပ်ညပ်နေတာပဲ။ ကျောင်းသား/သူတွေဆိုတော့ အထူးအခွင့်အရေး ရပါတယ်။ အထက်တန်းထဲလဲဝင်တာပဲ၊ အိပ်ခန်းဘေးတွေလဲဝင်ခင်းထိုင်ကြတာပဲ၊ ဆလွန်းထဲလဲဝင်တာပဲလေ။ အဲလိုမှ မလိုက်ရင် လဲ မဖြစ်ဘူးလေ။ ကြောင်လေးတို့ကျောင်းသားတွေက အပတ်စဉ်သွားနေတာဆိုတော့ သင်္ဘောသားအကိုကြီးတွေနဲ့ ရင်းနှီးနေတာပေါ့။ […]


  (ခ) ဇာတ်လမ်းနဲ့ ဇာတ်ကွက်ဆိုတာ ရှိတယ်။ ဇာတ်လမ်းက Story။ ဇာတ်ကွက်က Plot ။ What Happen ဆိုတာ ဇာတ်လမ်း (Story)၊ How Happen ဆိုတာ ဇာတ်ကွက် (Plot) တဲ့။ ဘုရင်ကြီး နတ်ရွာစံသည်။ ဘုရင်မကြီး နတ်ရွာစံသည်။ (ဇာတ်လမ်း) ဘုရင်ကြီး  နတ်ရွာစံပြီးနောက် ဘုရင်မကြီးလည်း ရင်ကွဲနာကျကာ နတ်ရွာစံရှာသည်။ (ဇာတ်ကွက်) ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်ရောက်နေတယ်။ ကြောင်က အဝါရောင် ဝင်းဝင်းမို့ အများခေါ်ဝေါ်သလို မိရွှေဝါလို့ ကျွန်တော်က ခေါ်လိုက်တယ်။ “မိရွှေဝါ .. မိရွှေဝါ ..” “ညောင်” ဟု သူထူးတယ်။ မိရွှေဝါဟာ ကျွန်တော့်ကြောင်ကလေး။   (လ) ကြောင်ကလေးက အမလေး။ အထီးမဟုတ်ပါ။ […]


  ပြီးခဲ့တဲ့ ရက်တွေက ရုံးမှာ နဲနဲအလုပ်များနေလို့ ခုမှ အပိုင်း( ၂ )ကို ဆက်ပါရစေ   (မောင်ကျောက် ကြုံခဲ့ရတာကိုပဲ အကျဉ်းချုံး ရေးမှာမို့ လူတိုင်းသိပြီးသားတွေ ချန်ခဲ့ပါရစေ)     တကယ်တော့ ၈၈၈၈ နေ့ ဟာ ကျောင်းသားများက BBC VOA တို့ကတဆင့် Mandate ပေးပြီးသားမို့ ပြည်သူများက တစ်နေ့လုံး နားတစွင့်စွင့် မျော်တလင့်လင့် နဲ့ပါ။ လက်နက် အပြည့်အစုံနဲ့ စစ်ကားတွေကလဲ ရန်ကုန်မြို့ကိုပါတ် အင်အားပြ၊ လုံထိန်းတွေကလဲ အရေးကြီးတဲ့နေရာတွေမှာ စောင့်ကြပ်လို့ပေါ့ဗျာ…… စစ်သားတွေက တော်လှန်ရေး ပန်းခြံ နဲ့ မြို့တော်ခန်းမ၊ လုံထိန်းတွေက ရန်ကုန်တက္ကသိုလ် ဓမ္မာရုံဝင်းထဲမှာ စခန်းထိုင်ကြပါတယ်။     ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတော့ အဖြူအစိမ်းနဲ့ […]


ငွေရတုအကြို ၂၄ နှစ် (အပိုင်း ၁)   ဆိုးရွား ရက်စက်လှတဲ့ ဦးနေဝင်း ရဲ့ မဆလ တစ်ပါတီ စံနစ်ဆိုးကို ရဟန်းရှင်လူ ပြည်သူပြည်သား ကျောင်းသားများရဲ့ သွေးနဲ့ ရိုက်ချိုးဖြိုချ ခဲ့တာ ငွေရတုအကြို ၂၄ နှစ် ပြည့်ခဲ့ပါပြီ!   ယခု အသက် ၂၅ – ၃ဝ ဝန်းကျင်နဲ့အောက် ညီငယ်ညီမငယ်များရဲ့ မှုံရီဝေ ဝိုးတဝါး ” မဆလ ” ခေတ်ကို မှတ်မိသလောက်လေး အကျဉ်းချုံးပြီး ဖောက်သည်ချပါရစေ   “သန္ဓေတည်စ မဆလ”   တကယ်တော့ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ပါတီ ဆိုတဲ့ ” မဆလ ” ဟာ အာဏာရှင် ဦးနေဝင်း ရဲ့ […]


ကျွန်တော်ပြောချင်တာက မော်တော်ပီကယ် ကိုကိုမမဦးဦးဒေါ်ဒေါ်ညီငယ်ညီမငယ် တို့ကိုပါ။ 69 လမ်း 35 လမ်းမှာ အလုပ်ဆင်းချိန် 5နာရီ 20 မီနစ်လောက်ဆို လမ်းမှာ ယဉ်တွေပိတ်နေပြီး ဟိုဘက်ကမောင်း ဒီဘက်ကမောင်းနဲ့ လုမောင်းနေကျတော့ ပိတ်ပြီးပေါ့။ သူတို့ကိုလဲ အပစ်ပြောလို့မဖြစ်ဘူး မီးပွိုင့်မရှိဘူး၊ ပီကယ် လဲမရှိဘူးလေ။ အမြဲတမ်းတော့မဟုတ်ပါဘူး တစ်ပတ်ကို 5 ရက်လောက်။ နောက်တစ်နေရာကတော့ နန်းရှေ့ ရေနီမြောင်း တံတားမှာ ဖြစ်ပါတယ်။ အဲနေရာ လမ်းခြောက်ခုဆုံတဲ့နေရာဆိုတော့ ပိုဆိုးတာပေါ့။ ဆိုင်ကယ်၊ ကား ၊စက်ဘီးတင်မဟုတ်ဘူး ထော်လာဂျီ နဲ့ ဆယ်ဘီးကားကြီးတွေပါတယ်။ နံနက် 8 နာရီ 30 လောက်ဆို သွားပြီ။ အလုပ်သွားသူ၊ကျောင်းပို့သူ ထော်လာဂျီတွေ နဲ့ လမ်းကို ပိတ်ညက်နေတာပဲ။ ဟိုဘက်ကမောင်း ဒီဘက်ကမောင်းနဲ့ လုမောင်းနေကျတော့ […]


naywoon niAugust 5, 20121min011
ကျွန်တော် ငှားကြည့်ဖြစ်ခဲ့တဲ့ နောက်ကြည့်မှန် တစ်ချပ်………… ဝါဆိုလပြည့် နေ့က တစ်နေကုန်အားနေတာနဲ့ ပျင်းပျင်းရှိ အငတာနက်ဆိုင်မှာပဲ အချိန်ကုန်သွားတယ်…။ ဟာ…ဗျာ ချက်တင်ထိုင်ဖို့ နေနေသာသာ ဂျီတော့ တောင်မပွင့်လို့ရယ်…..။ မေးလ်တော့ ဟိုလှည့်ဒီလှည့်နဲ့ ဖွင့်လို့ရတယ်…။ ဒါနဲ့ သစ်ထူးလွင်ထဲ သွားပြီးစာဖတ်…။ အဲဒိကနေ လင့် တစ်ချိုကိုထောက်ပြီး ဟိုမွှေ ဒီနှောက်နဲ့ ဒီမိုဝေယံ ထဲ ရောက်သွားပါရောလား…။ အဲဒိမှာ စာအုပ်တွေ တင်ထားတဲ့ နေရာကို ဖွင့်ကြည့်လိုက်တော့ လားလား………။ နယ်မှာ ဝယ်ဖို့ မပြောနဲ့ ရန်ကုန်မှာတောင်တောင်မှ နာရီပိုင်းအတွင်းကုန်သွားတယ်ဆိုတဲ့ ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ကို သွားတွေ့တယ်…။ ဒါနဲ့ ဒေါင်းလောဒ် ဆွဲယူလိုက်တယ်…။ ဒီပြင် ကောင်းနိုးရာရာ တွေ ကိုပါ တစ်လက် စထဲ ဆွဲပစ်လိုက်မိတယ်…။ ပြိးတော့မှ […]


“သားရေ..သားကို အန်တီပြောစရာလေး ရှိလို ့” ဆိုပြီး ထမင်းဆိုင်က အန်တီကြီးမှ စကား အတင်းစပ်လာသဖြင့် အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်မိသွားသည်။ အကြွေးယူပြီး ပြန်ဆပ်ဖို ့မေ ့တတ်သော အကျင့်ကြောင့် အားနာပါးနာနှင့် သတိပေး အကြွေးတောင်းမလို ့လေလားပေါ့။ မျက်နှာပူပူနဲ ့ပဲ “ ဟိုနေ ့က အကြွေးစားသွားတာ ပြန်ဆပ်ပြီပြီနော်..ဘယ်အကြွေး ကျန်သေးလို ့လဲ..ဟဲ..ဟဲ..ဟဲ..” ဆိုပြီးမလုံမလဲ ပြန်မေးမိတော့ “ဟုတ်ပါဘူးကွယ်…အန်တီ အကူအညီလေး တောင်းချင်လို ့ပါ” ဆိုပြီး ပြန်ပြောတော့မှ ဟူး..တော်ပါသေးရဲ့ ဆိုပြီး နီနီရဲရဲမျက်နှာမှ ပုံမှန် အရောင် ပြန်ဖြစ်သွားပါတော့တယ်။ အဲဒီ ထမင်းဆိုင်မှာ မကြာခဏ သွားဝယ်စားဖြစ်ပေမဲ့ ရောင်းတဲ့ အဒေါ်ကြီးနာမည်တော့ မသိ၊ ဆိုင်နာမည်လဲ မရှိတဲ့ ခလေး လေးယောက် အမေ […]