naywoon niAugust 29, 20121min013
အဟင်း ….။ မရေးတော့ပါဘူးလေလို့ စဉ်းစားထားတာ သူရို့က လာလာ ဆွဆွ တော့လည်း စိတ်ကူးတွေက ကျိကျိ တက် ချမ်းသာသွားတာနဲ့ မနေနိုင်လို့ ရေးချလိုက်ပြီ…။ ဂွစာတို့က ပြောလိုက်ရင် အနှောင့်မလွတ် အသွားမလွတ်ဆိုတော့ မပြောဖြစ် မရေးဖြစ်အောင် ရွာထဲ မဝင်ပဲ လက်ရှောင်နေတာ…။ ငယ်ငယ်ကတည်းက တစ်ယောက်ယောက်ပြောလိုက်ရင် ဆန့်ကျင်ဘက် ပြန်ပြောလိုက်ရမှ ကျေနပ်တာ ဆိုတော့…….. ဗျာ…။ သတင်းစာ ဖတ်တတ်တဲ့ အရွယ်ကတဲက ကြော်ငြာ စာမျက်နှာမှာ ထည့်လိုက်ကြတဲ့ မွေးနေ့ တစ်ရက်လေးမှ မနားကြဘူး…။ ခုလည်း အင်တာနက် စာမျက်နှာပေါ်မှာတောင်မှ မွေးနေ့ပွဲကျင်းပနေလိုက်ကြသေး…..။ အဲဒိတော့ ကျုပ်လည်းပြောရဦးမယ်…။ ကျုပ်မွေးနေ့အကြောင်း…..။ ကျုပ်လည်း လူပဲဗျ…။ မွေးနေ့ ဆိုတာရှိပေါ့…။ ဒါပေမဲ့ ငယ်ငယ်လေးထဲက အစွဲတစ်ခု ခုထိ မကျွတ်သေးလို့ […]


SawAungAugust 29, 20121min08
 ကျွန်တော်တို့ကမ္ဘာကြီးမှာလည်း သာမာန်မျက်စိနဲ့ မြင်နိုင်စွမ်းမရှိတဲ့ အလွှာရှိတယ်။ ခရမ်းလွန်းရောင် ခြည်ဆိုတဲ့….. နေအလင်းရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ အပူတွေကိုကာကွယ်ပေးထားတဲ့ အိုဇုန်းလွှာပေါ့..။ ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်မှာ မမြင်ရတဲ့အလွှာတွေပိုများတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့မှ ကျွန်တော် သိခဲ့ရတယ်။                              *********************************************           ကျွန်တော့်ဘဝရဲ့ ပထမဆုံးသူများလက်အောက်ခံ အလုပ်လုပ်သောအချိန်ဖြစ်သည်။ အမေကျန်းမာရေး မကောင်းတာနဲ့ပဲ ဆယ်တန်းကိုကျွန်တော်တစ်နှစ်အောက်ခဲ့ရသည်။ နောက်တစ်နှစ်… တက္ကသိုလ်ဝင်တန်းကျူရှင်မတက်ခင်ပေါ့…..။ လူများတကာအဖေလို့ခေါ်နေချိန်တွင် ကျွန်တော့်တွင် အဖေဆိုသည့်ပုံရိပ်အား အရိပ်ငွေ့ငွေ့ဖမ်းနေရတုန်းပင်။ အဖေမိသားစုအပေါ်ခွဲခွာသွားသည့်အချိန်သည် ကျွန်တော်တို့အိမ်တွင် ပြက္ခဒိန်(၁၄)ခုလောက်ပင် ကုန်သွားပေပြီ။ မိသားစုဝင်ငွေကာမိရန် ကျွန်တော့်အား အဖေ့မိတ်ဆွေဆိုသည့် လူမျိုးခြားတစ်ယောက်ထံတွင် နေ့စားအလုပ်ဝင်လုပ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော့်ဘဝ၏ပတ်ဝန်းကျင်သည် အုံ့မှိုင်းမှိုင်းနှင့်သာအချိန်ကုန်ခဲ့ရသည်။ အလုပ်ခန်းဆိုသော တိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အားကစားပစ္စည်းအကြမ်းထည်များအား ကော်ပတ်များဖြင့် သံချေးများအားတိုက်ကာ လုပ်ရသောအလုပ်သည် ကျွန်တော့်ဘဝတွင် ကျွန်တော့်အတွက်ပထမဆုံးအလုပ်ဖြစ်ခဲ့ရသည်။ တစ်ရက်(၅၀၀) ဖြင့် တစ်ပတ်နေလျှင် ငွေ(၃၀၀၀)ရသော လူမျိုးခြားတစ်ယောက်၏အလုပ်တွင် […]


လွန်ခဲ့တဲ့(၁၅)နှစ်ကျော်ကပေါ့ဗျာ။အမေနဲ ့ကျွန်တော်တို ့ညီအကို(၃)ယောက်နေထိုင်ရာ တဲစုတ်လေးထဲမှာ ရှိုက်သံ အံကြိတ်သံ ဒေါသသံတွေနဲ ့ ကမာ္ဘပျက်နေတယ်ဗျာ။မှတ်မှတ်ရရကျွန်တော် ဆယ်တန်းကို(၃)ဘာသာဂုဏ်ထူးနဲ ့အောင်ပြီးကာစ (၂)နှစ်ကျော်အကြာ မှာပေါ့ဗျာ။အလတ်ကောင် ဟောလစ်ကရှစ်တန်း၊အငယ်ကောင် ငပေါက်က ငါးတန်းပဲရှိသေးတာ။ကျောင်းသားတွေချည်းမို ့ အထင်မကြီး နဲ ့ဗျ။ကျွန်တော်တို ့မိသားစု ဆင်းရဲချက်က ထမင်းတောင်နပ်မမှန်တာ ခဏခဏပဲ။နေတော့တဲစုတ် စားတော့ပဲပြုတ်ပေါ ့။တဲက ခေါင်မိုး မလုံတော့ မိုးရွာရင် မိုးနဲနဲလွတ်တဲ့ တဲထောင့်လေးမှာ သားအမိတတွေ ကုပ်နေရတာကို မိုးရွာတိုင်းသတိရမိတယ်။ အဖေကအငယ်ကောင် တစ်နှစ်သားကတည်းက ဆုံးသွားတာလေ။အမေက အိမ်တကာလည်ပြီး အဝတ်လျှော် သန့်ရှင်ရေးလုပ် စသဖြင့် ရရာအလုပ်ကိုလုပ်ရတာ ညမိုးချုပ်ချိန်မှပြန်လာနိုင်ရှာတယ်။ကျွန်တော်က ဆန်ရှိရင် ထမင်းချက်ပေါ့။ဒါပေမယ့် ဆန်မရှိတာအမြဲလို လိုမို ့အမေ့ကိုအလုပ်ရှင်အိမ်ကပေးလိုက်မယ့် အစားအစာလေးတွေကို မျှော်ရတာပေါ့ဗျာ။အခုမှသတိထားမိတာက အမေပြန်လာတိုင်း အစား ပါလာရင်ကျွန်တော်တို ့ညီအကိုတွေကိုအကုန်ကျွေးပြီးအမေကစားခဲ့ပြီဆိုပြီးရေတခွက်သောက်အိပ်တော့တာပဲ။အမေပင်ပန်းလွန်းလို ့ထင်ပါရဲ့ […]


marblecommetAugust 28, 20121min022
ထုံးစံအတိုင်း ခေါက်ရိုးကျိုးနေတဲ့ အိပ်မက်အသေတစ်ခုထဲက နိုးလာတယ်။ မနက် (၆)နာရီ။ ထုံးစံအတိုင်း တန်းလန်းကျန်နေသေးတဲ့ အိပ်မက်အသေကိုပဲ ဆယ့်ငါးမိနစ်လောက် ဆွဲဆန့်ထားကြည့်ပြန်တယ်။ ပြီးတော့ ထုံးစံအတိုင်းပါပဲ အဲဒီ အိပ်မက်ကို စိတ်ပျက်လက်ပျက်နဲ့ ခြင်ထောင်ကြိုးတန်းပေါ်ကို လုံးထွေး ပစ်တင်လိုက်တယ်။ လမ်းလှမ်းမီရာ အိပ်ရာဘေးက ရေဘူးကို လှမ်းဆွဲလိုက်တော့ ဆေးလိပ်ပြာခွက်ကို တိုက်မိပြီး မွကြေနေတဲ့ ဆေးလိပ်အတိုအစတွေနဲ့ ပြန်မှုန်တွေ အိပ်ရာဘေးမှာ ပြန့်ကြဲသွားတယ်။ ပြီးတော့မှ ရေဘူးကို ဖမ်းဆုပ်မိပြီး စိတ်အချဉ်ပေါက်ချင်နေတဲ့အတွေးတွေနဲ့ အားရပါးရရောသောက် ပစ်လိုက်တယ်။ ငါ တစ်နေ့ နိုုးထရပြန်ပြီ…..။ …………xxx……….. ထုံးစံအတိုင်း အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်တော့ ဝရန်ဒါလက်ရမ်းမှာ ခိုနားနေကြတဲ့ စာကလေးတွေကလည်း အမှတ်မရှိ ကြောက်လန့်တကြားနဲ့ ပျံပြေးသွားကြတယ်။ ပြီးတော့ ညက်ကနဲ တိုးဝင်လာတဲ့လေညှင်းတစ်အုပ်ကို အမှတ်မရှိ ကြက်သီးထစွာနဲ့ အငမ်းမရရှူရှိုက်မိပြန်ပါ […]


ကြောင်လေးAugust 27, 20121min07
တရံရောအခါ ငကြောင်သည် မခံနိုင်ရွေ့ ထွက်သွားပြီးလျှင် အမတ်မင်းထံ သွားရွေ့ခုံလှုံအိ၊ အမတ်မင်းလည်းသနားသဖြင့်ဒရိုင်ဘာခန့်လေအိ။ အမတ်မင်းသည်လည်း ကားဂိုထောင်သို့ မိန်းမအားမကြာခဏ ခေါ်လာပြီး မကြာခင်ကမှ ပါမစ်ရထားသော ချယ်ရီကားလေးအား ပြကာပြကာကြွားလေအိ။  တနေ့သနှိုက် အမတ်မင်းသည် ဒရိုင်ဘာငကြောင်ကိုခေါ်ကာ အီသို့ မိန့်အိ။ အီကားအား သန့်ရှင်းလေးနေ့စဉ်လုပ်ရွေ့ ဆီရေလေဝိုင်စစ်ဆေးထားရန်၊ မနက်မိုးလင်းတိုင်း ဘက်ထရီချာချင် ဝင်စေရန် စက်နှိုးပြီး နာရီဝက်တစ်နာရီထားရန်၊ကားအင်ဂျင်အား တောက်ဝူး အဆင့်ရောက်အောင် အမြဲ တမ်း ဆောင်ရွက်ထားရန်၊ဘရိတ်အားနေ့စဉ်စစ်ဆေးပြီး တိကနဲနင်းရင် တုံ့ကနဲ မိအောင် ဆောင်ရွက်ထားရမည်ဟု မိန့်တော်မူအိ။ ဒရိုင်ဘာလည်းအမတ်မင်းဆိုသည့်အတိုင်း ကလိ (အဲ)လုပ်အိ။ အခါတစ်ပါးနှိုက် အမတ်မင်း၊ဇနီးနှင့်ခယ်မတော် တို့သည် ရှော့ပင်းထွက်ရာ ဒရိုင်ဘာမှ မောင်းပို့ရအိ၊ လမ်းသို့ ရောက်သော် ကားမောင်းသင်ပြီးစဇနီးသည်က မောင်းလိုပါသည်ဟု တစာစာ ပူစာအိ။ အမတ်မင်းလည်း အလိုလိုက်အိ၊ […]


ကြောင်လေးAugust 27, 20121min09
ဆီးဖြူ ငကြောင် အိပ်မက် အကြောင်း။ ဇလုံပြည် ဇွန်းဂရာဇ်မင်း။ ဃ-စ- ပဌ္စာ-ကြိမ်း ငေါရာခရောက်ဆီ ကို ဖြို ကြွင်း ရခိုင်မုနိ ကြိမ်း သဂရာဇ်   နှစ်ရာခရောက်ဆီရွှတ်ခုနှစ်၊ ဇလုံပြည်မှာ မင်းဖြစ်တော်မူသော စလေငကြောင် အိပ်မက်အကြောင်းကား အနှီသို့တီး။ ဆီးဖြူအရပ်နှိုက် ၊ငကြောင်မိဘတို့သည် စားမကုန်သောက်မကုန်အလွန်ချမ်းသာသည့်အတွက် ငကြောင်ကို   ပေါက်ဖော်ထံသို့ရောင်းလေအိ။ ထိုငကြောင်ဝါသနာကား ကွမ်းစားသောဆေးရွက်ကြီးအနံ့မွှေးမွှေးကို  အလွန်ကြိုက်ရွေ့ငုံအိ။ နံငယ်ပိုင်းအစုတ်ကိုနှစ်သက်အိ။ တနေ့လုံး ပေါက်ဖော်ဘီအီးကိုခိုးသောက်ရွေ့မူးသောဟူအိ။ တရံရောအခါ ပေါက်ဖော်သည် တုတ်တစ်ချောင်းထိပ်တွင် သံချွန်တတ်ရွေ့ငကြောင်အား ပလပ်စတစ်ကောက်ရန် ဇလုံပြည်သို့လွှတ်လေအိ။ ဇလုံသို့သွားရင်း တညတွင်ငကြောင်သည်    ဘီအီးသောက်ပြီး  ဇလုံ ပြည် ကို တပတ်ပတ်ရွေ့ရှူရှူးပေါက်ရင်းလမ်းလျှောက်သည်ဟုအိပ်မက်မက်လေအိ။ မနက်မိုးလင်းသော် လမ်းတွင် ဈေးဝယ်ရင်းဘေးတွင်ချထားသောမနော ဦးထုပ်ကို သံချွန်ဖြင့် ထိုးယူလေ၏။  ဦးထုပ်ကိုကြည့်ရာ ဘီအီးတစ်လုံးဖိုးပင် […]


moonpoemAugust 25, 20121min024
ဒီနေ ့မနက်ဥပုသ်နေ ့ဆိုတော့ ကျွန်မတို ့လမ်းထဲကို ဝါတွင်းကာလဥပုသ်နေ ့တိုင်း ဆွမ်းခံကြွလေ့ရှိတဲ့ မဟာစည် သာသနာ့ရိပ်သာက ရဟန်းတော်တွေကို ကျွန်မဆွမ်းလောင်းပါတယ်။ ဆွမ်းခံကြွလာပါပြီဗျို ့ဆိုတဲ့ ကလေးတစ်ယောက်ကြေညာသံ ကြားတော့ ကျွန်မလည်း အိမ်ထဲကနေ ထွက်လာတယ်။ တခြားအိမ်တွေကလည်း အလျိူလျိူနဲ ့ထွက်လာကြတယ်။ ဆွမ်းခံကြွလာတဲ့ ကိုယ်တော်တွေကို အေးဆေးတည်ငြိမ်စွာကြွလှမ်းလာတာ ဖူးရင်း စိတ်ထဲကြည်နူးမိပါတယ်။ ဒီနေ ့တော့ မနက်လင်းကတည်းစိတ်ကလည်းအေးချမ်းနေတယ်။ဥပုသ်နေ ့မို့နဲ ့ တူပါရဲ ့လို ့ကိုယ့်ကိုယ်ကိုယ်ပြောနေမိတယ်။ခဏနေတော့ ဆူးလေမှတ်တိုင်သွားပြီးကားစောင့်နေတဲ့အချိန် အသက်၂၅လောက်ဥူးဇင်းတစ်ပါးရောက်လာပြီး ဒကာမလေး ဥူးဇင်းဖိနပ်ပြတ်သွားလို ့ငွေလှူပါဦးလို ့ဆိုတယ်။ ပုံမှန်စိတ်နဲ ့ဆိုရင် ဒါတွေအလိမ်အညာတွေပဲဆိုပြီး ငွေထည် ့လေ့မရှိပါဘူး။ ဒါပေမယ့် ဒီနေ ့တော့ အင်း ငါလှူတာကို လှူတာလို့ပဲ သဘောထားလိုက်ပါ့မယ်။ သူ ့ဟာသူ […]


kotun winlattAugust 25, 20122min09
  သူ့နာမည်က ပန်ပန်။ သူမက အရမ်းလှချင်သူ တစ်ယောက်ပေါ့။ မ-လှချင်လို့ ပြောရမှာပါပဲ။ အရမ်းလှချင်ပေမယ့် သူ့ရုပ်က မလှရှာပါဘူး။ အသားကညိုညို အဆီပိုသနဲ့ မျက်လုံးကမှေး နှုတ်ခမ်းသေးနဲ့။ သူမက ငယ်ငယ်ထဲက လှချင်ရှာတာ။ ငယ်ငယ်ကဆို သနပ်ခါးများ လူးလာပြီဆို မျက်စိပေါက် မမြင်နိုင်အောင်ပါပဲ။ မျက်နှာပေါ် ပဲဟင်းအိုး မှောက်ကျထားသလား မှတ်ရတယ်။         အသားကလည်း ဖြူချင်ရှာသေးတယ်။ လူကြီးတွေက အသားဖြူချင် ရေများများချိုးရတယ်လို့ ကျီစယ်တာကိုပဲ သူ့ခမျာ အဟုတ်အမှန် မှတ်နေပြီး အိမ်ဘေးနားချောင်းက ဆည်မှာ ငုတ်ငုတ်ပြီး ချိုးလိုက် ချမ်းလာပြီဆို ကုန်းပေါ်တက် နေလှမ်းလိုက်နဲ့က အသားတော့ ဖြူမလာတဲ့အပြင် ပိုလို့သာ မည်းလာတော့တယ်။ အဲ့ဒီအတွက် နာမည်သစ်တွေတော့ ရလာပါတယ်။ တစ်ခုက […]


ငွက္ကေလးAugust 24, 20121min04
စာဖတ်သူသည် ရန်ကုန်မြို့တွင် ဘတ်(စ်)ကားစီးဘူးမည် ထင်ပါသည်။ ရုံးသွားရုံးပြန်ချိန်ကြောင့် ဘတ်(စ်)ကားပေါ်တွင် လူပြည့်နေချိန် တွင် ကျွန်ုပ် တို့ထိုင်ခုံနေရာမရ တက်ကြ။ ဤနေရာတွင် ကြားဖြတ်ပြောလိုသည်မှာ လူတို့သည်မိမိတို့ လက်ရှိပိုင်ဆိုင် ထားကြသော ရာထူး၊ စည်းစိမ်၊ စသဖြင့်၎င်းတို့ မက်မောလောက်သည့် အရာရာတိုင်းကို မလွှတ်တန်း ပိုင်ဆိုင်ထားလိုကြသည်။ မည်မျှပင်သေးငယ် သည်ဖြစ်စေ ၎င်းတို့မက်မောသည့် အရာများကိုစွန့်လွှတ်ရန် အလွန်ပင်နှမြောတွန့်တိုတက်ကြသည်။ ဤနေရာတွင် ၎င်းပိုင်ဆိုင်မူ့များကို စုပေါင်း၍ ထိုင်ခုံများဟု တစ်စုတစ်စည်း တည်းခေါ်ဆိုပါမည်။ စကားပြန်ဆက်ရလျှင် လူအများစုမှ လူတိုင်းလိုလိုသည် ဘတ်(စ်)ကားပေါ်မှ ခဏတာထိုင်ရသော နေရာလေးကိုပင် တွန့်တိုပြီး မထတမ်း ထိုင်နေချင်ကြသည်။ ရဟန်းသံဃာ၊ ကိုယ်ဝန်သည်၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အို၊ များကိုပင် နေရာဖယ်ပေးရန် ဝန်လေးတက်ကြသည်။ နေ့ခင်းအချိန် လူရှင်း၍ထိုင်စရာ နေရာပေါချိန်ကြတော့ မိမိတို့ရသည့်နေရာနှင့် မကျေနပ်ကြပြန်၊ […]


  (၁)   ကျွန်တော်ဟာ ငယ်ငယ်က ကျားကစားခြင်းကို ဝါသနာကြီးခဲ့ဖူးသည်။ ကျားကစားခြင်းအလေ့အထကို ကျွန်တော့် အဘိုးဆီက ရခဲ့ခြင်းဖြစ်သည်။ အဘိုးသည် ကျွန်တော့်ကို ကျားကစားနည်းသင်ပေးပါသည်။ ကျွန်တော် ခြောက်နှစ်သားလောက်ကတည်းက ကျားကစားရသည်ကို ဝါသနာပါခဲ့ပါသည်။ အဘိုးကို အနိုင်ရဖို့ ကျွန်တော် အပြင်းအထန် လေ့ကျင့်ခဲ့သည်။ သို့သော် မနိုင်ခဲ့ပါ။ အဘိုးက ကျား သုံးကောင်ကျ အသာစီးပေးကစားသည်ကိုပင် ကျွန်တော် မနိုင်ခဲ့ပါ။ ရှုံးခဲ့ပါသည်။ ထို အရှုံးကို ကျွန်တော် လက်မခံချင်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော်ရှုံးခါနီးတိုင်းတွင် ကျားကုန်ပြောင်းဆော့ပါသည်။ (ကျားကုန်ဆိုသည်မှာ အရင်ကုန်တဲ့သူ နိုင်ပါသည်။) တစ်ခါ တစ်ခါကျတော့လည်း အဘိုးဘက်က ကျားကို ကျွန်တော် ခိုးပါသည်။ အဘိုးက မျက်စိမကောင်းပါ။ မြင်သည့်အခါ မြင်သော်လည်း မမြင်သည်က များပါသည်။ ထိုသို့ဖြင့် […]


kotun winlattAugust 23, 20121min09
ကျနော်ဒီရက်ပိုင်းများအတွင်း ပျင်းရိငြီးငွေ့နေမိချေသည်။ အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း ပျင်းရိနေမိသည်မှာ အမှန်ပင်…။ ပျင်းရိခြင်းသည် ကောင်းပါသလား ? ငယ်ငယ်က ကြားဘူးတာလေးကတော့ “ပျင်းတယ်ဆိုတာ ကြားရတာသာ မကောင်းတာ အလွန်သက်သာတယ်” ဆိုပဲ နောက်တစ်ခုက လူတွေပျင်းလို့ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာရတာတဲ့လေ…။ ဟုတ်ပါပြီ… ကျနော့်ပျင်းရိခြင်းက သက်သာပါသလား..သို့တည်းမဟုတ် ရုပ်ဝတ္ထုပစ္စည်းတစ်ခုခုကို တီထွင်လိုက်နိုင်ပါသလား..။ အတွေးနှင့်ပင် ပြုံးမိချေ၏။ အလုပ်လုပ်ရမှာ ပျင်းနေပေမယ့် တွေးရမည်ကိုကား  အဘယ်ကြောင့် မပျင်းပါသနည်း။ ပျင်းသည်ဆိုလျှင် စိတ်ရောကိုယ်ပါ အနားယူရမည် မဟုတ်ပါလား။ စိတ်တွေကတော့ မပျင်းပဲ အဘယ်ကြောင့် ပြေးလွှားနေရပါသနည်း။ အင်းးးး ဒါဟာ တစ်ယောက်တည်းနေပြီး တစ်စိတ်တည်းထဲ မထားနိုင်သေးတဲ့ ဘဝမဟုတ်လား။ လူတွေဟာ အိပ်နေချိန်ကလွဲပြီး ကုသိုလ် ဒါမှမဟုတ် အကုသိုလ် တစ်ခုခုဖြစ်နေကြသည်တဲ့..။ ပျင်းနေလျှင် စိတ်တွေက […]


si toneAugust 23, 20122min038
Si Tone အထင် အက က လူတွေအတွက် မရှိမဖြစ် လိုအပ်တယ်လိုထင်တယ်….. Si Tone က အက ဝါသနာ ပါတဲ့သူတစ်ယောက်ပါ… Si Toneက အကနဲ့ ပက်သက်ရင် အကုန်ဝါသနာပါ ပါတယ်… အော်…….. မေ့နေလို့…… အက မှာ အမျိုးအစားတွေ အများကြီးရှိပါတယ်……. အဲဒါတွေက… ( ရုးိရာအက ၊ ဘဲလေးအက ၊ b-boy အက ၊ b-girl အက ၊ sexy အက ၊ street အက ၊ rapper အက ၊ k-pop အက ၊ Cha cha အက ၊ Robot […]


si toneAugust 22, 20122min043
Si tone က စာရေးဆရာလဲမဟုတ်ပါဘူး……………………………… ဒီရွာထဲက သူငယ်ချင်းတွေအတွက် ရေမွှေးနဲ့ ပက်သတ်တဲ့အကြောင်းအရာလေးတွေ Si Tone ပြောပြပါ့မယ် အရင်ဦးဆုံး ရေမွှေး ရွေးချယ်နည်းကိုပြောပြမယ်……… ရေမွှေး ကိုဘယ်လိုရွေးချယ်ရမလဲဆိုတော့ ယောင်္ကျားလေးတွေဆိုရင် အနံ့ပြင်းပြင်းတွေ အနံ့သင်းသင်းတွေ မရွေးပဲ အနံ့မပြင်းတပြင်း အနံ့မသင်းတသင်းကို ရွေးချယ်သင့်တယ်………… Si Tone အထင် ကမာ္ဘပေါ်မှာ ရှိတဲ့ ယောကျင်္ားလေးတွေ အားလုံးက ရေမွှေးကို ၁၀၀% မှာ ၅၀% လောက်ပဲ အသုံးပြုတယ်ထင်တယ်……. တချို့ယောကျင်္ားလေးတွေ ရေမွှေးကိုတော့ သိပ်မသုံးကြဘူး…. ဂျိုင်းလိမ်တဲ့ ( Roll on) ကိုပဲအသုံးပြုကြတာများတယ်…… တကယ်လို့ ယောကျင်္ားလေးတွေ အသုံးပြုမယ်ဆိုရင် ကိုယ့်ကို ကိုယုံကြည် လောက်တဲ့အထိရေမွှေးကိုတော့ အသုံးပြုသင့်တယ်……… Si Tone အထင် ယောကျင်္ားလေးတွေလဲ […]