ေမွာ္ဆရာSeptember 12, 20111min019
အရင်းအနှီး နည်းပါးစွာဖြင့် အောင်မြင်မှုလမ်းကြောင်းကို ရယူလိုသောသူများ အောက်ပါ အလုပ်အကိုင်များနှင့် ရင်းနှီးမြှုတ်နှံမှုများတွင် ဝင်ရောက် လုပ်ကိုင် ဆက်သွယ်ဆောင်ရွက်နှိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Mhaw Sayar Company နှင့် အောက်ပါလုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်လိုက်သည်။ 1. ပြက္ခဒိန် သိုလှောင်ခြင်းလုပ်ငန်း ယခုအခါ နှစ်လည်ပိုင်း ကျော်လွန်လာပြီဖြစ်သဖြင့် ပြက္ခဒိန်များ ဈေးကျသော ရာသီသို့ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် 2011ခုနစ်ထုတ်ပြက္ခဒိန်များအား လျှော့ဈေးဖြင့် လိုက်လံဝယ်ယူပြီးလျှင် 2012 ခုနှစ် ပြက္ခဒိန်ရာသီတွင် အမြတ်အစွန်းများများဖြင့် ပြန်လည်ရောင်းချမည့် အစီအစဉ်ဖြစ်သည်။၅လတာမျှ ရင်းနှီးမြှတ်နှံရုံ မျှဖြင့် အမြတ်အစွန်း ၂ဆကျော် မြတ်စွန်းမည် ဖြစ်ပါသဖြင့် စိတ်ကူးမလွဲသင့်သော လုပ်ငန်းဖြစ်သည်။ 2. အအေးခန်းကား အငှား ဝန်ဆောင်မှုလုပ်ငန်း တောင်ဝန်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ လေ့လာရန်အတွက်ဖြစ်စေ။အပျော်ခရီးဖြစ်စေ သွားရောက်လိုသောသူများ […]


ေမွာ္ဆရာSeptember 11, 20111min019
မှော်ဆရာ အွန်လိုင်းကမ္ဘာသို့ မရောက်ဖြစ်သည်မှာ ကြာပြီ။လိုင်းမကောင်းတာလဲ ပါသည်။ ဘာရေးရမှန်း မသိတာလဲ ပါသည်။ ထို့ကြောင့် မရောက်ဖြစ်သော နေ့တွေ များလာသည်။ ဘာရေးရင် ကောင်းမလဲ စဉ်းစားရသည်။ ရေးစရာ ရှာမတွေ့ ။သူများတွေရေးသွား၍ ကုန်ပြီ။ ကော်ပီတော့ မရေးချင်။ သိက္ခာကျသည်။ ဒေါ်လာဈေးကျတဲ့ အကြောင်းရေးရင် ကောင်းမလား..ဒါကလဲ ကိုယ်နဲ့ဘာမှမဆိုင် ။မှော်လောကနှင့် ဒေါ်လာ လားလားမှ အပ်စပ်သည် မဟုတ်။ကိုယ်မကိုင်နှိုင်သော ဒေါ်လာအတွက် အချိန်ကုန်ခံပြီး ရေးမနေချင်တော့။ကိုယ့်မှာ ရှိတဲ့ 200 တန်လေးတောင် မပြဲအောင် တိပ်နဲ့ ကပ်သုံးနေရသည့် ဘဝက မလွတ်သေး၍ ဒေါ်လာအကြောင်း ရေးရင်လဲ ရေးရုံသာရှိမည်။ဒါပေမယ့် မသိတာတစ်ခုတော့ မေးချင်မိသည်။ ဟိုးအရင် ဒေါ်လာရွှေခေတ်တုန်းက ကွန်ပျူတာ ပစ္စည်းတစ်ခုခု ဝယ်မယ်ဆိုလျှင် ဒိနေ့ ဒေါ်လာဈေးက ဘယ်လောက်ဆိုတော့ဟုဆိုကာ […]


စဆရ ႀကီးSeptember 11, 20111min014
ရန်ကုန်သို့ရောက်ပြီး ၂ နှစ်ခန့်အကြာတွင်ဖြစ်ပါ၏။ ထိုစဉ်က ကျွန်တော်သည် နေ့စဉ် ဘီယာရီဝေဝေဖြင့် ဘဝကို ပေလယက်ကန်ဖြတ်သန်းနေချိန်လဲဖြစ်၏။ ၁။ စက်ရုံသို့ ပုလင်းများသွင်းသော စော်ဘွားကြီးကုန်း ကုလားများ၏ လူယုံမှာ ကိုဝင်းဦးဆိုသော မြန်မာအမျိုးသားဖြစ်သည်။ ထိုသူမှာလည်း ဘီယာအတော်ကြိုက်တတ်သောသူ ဖြစ်သောကြောင့် ကျွန်တော်နှင့် အတော်ပင် ပလဲပနံသင့်လေသည်။ ပုလင်းကားတစ်စီးဆိုက်သည်နှင့် ပုလင်းများချနေချိန်တွင်လည်းကောင်း၊ ပုလင်းများ ရွေးချယ်စီစစ်နေစဉ်တွင်လည်းကောင်း ရောက်တတ်ရာရာ စကားများကို ပြောဆိုတတ်ကြလေသည်။ ထိုစဉ်က ကျွန်တော်သည်ကား အရွယ်အားဖြင့် ၁၉ နှစ်သာသာ ရှိသေးသော်လည်း ကိုဝင်းဦးမှာ အသက် ၂ရ အရွယ်တိုင်အောင် ရှိနေပြီဖြစ်သည့်အတွက် ၎င်းထံမှ အတွေ့အကြုံများကို နားထောင်ရုံသက်သက်သာဖြစ်သည်။ တစ်ရက်တွင်မတော့မူ ကျွန်တော်သည်လည်း ထိုစက်ရုံတွင် မဖြစ်စလောက်လစာလေးဖြင့် လုပ်ကိုင်နေရသည်ကို စိတ်ပျက်မိကြောင်းပြောရာမှ တစ်ဆင့် ကိုဝင်းဦးနှင့် အလုပ်အကြောင်းများ ဆက်စပ်မိလေသည်။ ဘော်တယ်ကုလားလောကသို့ […]


PareByokeSeptember 11, 201126min00
ANDREA IS CEO OF AVON,  A WORLDWIDE ORGANIZATION SHE IS AN INSPIRATION ESPECIALLY FOR WOMENFOLK ALL OVER THE WORLD.   Keys to success from Avon’s top boss on Shine http://shine.yahoo.com/event/poweryourfuture/keys-to-success-from-avons-top-boss-2523603   For Andrea Jung, the chairman and CEO of Avon Products (AVP), this moment happened right after college, when she was in the management training […]


padonmarSeptember 10, 20111min024
ဒီအချိန်မှာ ကိုမောင်မောင်နဲ့ ဆွေဆွေတို့ ခေါင်းချင်းရိုက်ရပါပြီ။ ကိုင်း ဒို့ဘာဆက်လုပ်ကြမလဲလို့ပေါ့ ။ ကိုမောင်မောင် မိတ်ဆွေ ကိုမြင့်သိန်းကတော့ သူလုပ်နေတဲ့ အသင့်စားဟင်းလျာတွေ ဖြန့်တဲ့အလုပ်ကို နာမည်ပါ သူများကို ရောင်းလိုက်ပြီး ရတဲ့ငွေနဲ့ ရွှေဝယ်ရောင်း(ရွှေကစားတဲ့ အလုပ်) သွားလုပ်နေပါတယ်။ သူ့အပြောကတော့ အပင်မှန်ရင် အေးဆေးဘဲ။ အရင်လို မီးခိုး မမွှန်ဘူး၊ လူမထိန်းရဘူး၊ ချွေးမထွက်ဘူးတဲ့။ ဆွေဆွေ့မောင်လေး ကိုမိုးကလည်း US sanction ပြီးကတည်းက အဆင်မပြေတော့တဲ့ အထည်ချုပ်စက်ရုံကိုပိတ် စက်ချုပ်သမလေးတွေ လျော်ကြေးပေး၊စက်တွေရရာဈေးနဲ့ရောင်းပြီး သူ့မိတ်ဆွေတွေနဲ့ ပဲကုန်စည်ဒိုင်မှာ အသင်းဝင်ပြီး ပဲဝယ်ရောင်း လုပ်ပါတယ်။ သူတို့အခေါ်တော့ ပလာတာရိုက်တယ်တဲ့။ ဈေးတက်မယ်ထင်ရင် ကြိုရောင်းထားပြီး ဈေးကျတော့မှ ပြန်ဝယ်ပေးတာလဲရှိ။ ကိုယ်ဝယ်ထားတုန်း ဈေးထက် နည်းနည်းသာရင် ပြန်ရောင်း၊ ပြန်ကျအောင် နောက်တစ်ပင်ထပ်စောင့် ဝယ်တာမျိုးလည်းရှိ။ […]


kaiSeptember 9, 20111min012
နေ့သစ် – စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ငွေလဲနှုန်းကိစ္စဆွေးနွေးကြတယ်။ ဦးမြင့်ရဲ စာတမ်း Myanmar Kyat Exchange Rate Issue by U Myint မှာ ငွေလဲနှုန်းပြင်ဖို့ကို တောက်လျောက်ဆွေးနွေးထားတာ တွေ့ရတယ်။ အိုင်အမ်အက်ဖ်ကလဲ ငွေလဲနှုန်းပြင်ဆင်ဖို့ အကြံပေးမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ထွက်ပေါ်လာနေပါတယ်။ ဘာဖြစ်လို့ ၆ ကျပ်ခွဲ လုပ်ထားတာ လဲ။ ဘာကြောင့်လဲ။ မိုးသီးဇွန် – ငွေလဲနှုန်းကတော့ ပြင်သင့်တာပေါ့။ သိက္ခာရှိတဲ့ငွေလဲနှုန်း ဖြစ်သင့်တာပေါ့။ မဆလခေတ်ကတည်းက သတ် မှတ်ထားတဲ့ တဒေါ်လာ ၆ ကျပ်ခွဲဆိုတဲ့ ငွေလဲနှုန်းက အေးဓပြတိုက်ထားတဲ့ ငွေလဲနှုန်းလို ဖြစ်နေတယ်။ ငွေလဲနှုန်းကိုလဲ အမျိုးသားရေးလိုလို ဘာလိုလို လုပ်ထားတာပေါ့ဗျာ။ မင်းတို့ တဒေါ်လာကို ငါတို့ဗမာကျပ် ၆ ကျပ်ခွဲပဲပေးမယ်။ လဲချင်လဲ […]


manawphyulaySeptember 9, 20111min02
စင်္ကာပူနိုင်ငံတွင်လုပ်ကိုင်ရန်အတွက်အောက်ပါဝန်ထမ်းများအလိုရှိသည်။ 1. Packing (Food) Female (S-pass) Salary (S$900+170+OT) Rest days 2 days off per month Age Under 38 years English speaking No need 2. Nurse (Work permit) Salary (S$450 to 500) Meals & Accommodation Provided by company Rest days 1 day off per week Needed Qualification Diploma 3. Waitress (S-pass) Salary (S$950) Accommodation Provided by […]


padonmarSeptember 7, 20111min018
ကိုမောင်မောင်နဲ့ ဆွေဆွေဟာ ငယ်ကျွမ်းဆွေဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ ဆွေဆွေက B.Sc အောင်ပြီး ရုံးတစ်ရုံးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုမောင်မောင်ကတော့ သင်္ဘောသားတွေ ခေတ်ကောင်းတဲ့အချိန်မှာ B.E(Mech) နဲ့ ဘွဲ့ရပြီး သင်္ဘောသား ဖြစ်ခဲ့ပါတယ်။ သင်္ဘောသားဘဝနဲ့ အတော်လေး စုမိဆောင်းမိချိန်မှာ နှစ်ဦးသားလက်ထပ်ပြီး အမိမြေပေါ်မှာ မိသားစုဘဝ တည်ဆောက်ဖို့ အခြေချဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၉ဝ ခုနှစ်ပတ်ဝန်းကျင်မှာ သူတို့ဟာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းလေးတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းကတော့ “ဆွေမွန်” ဆိုတဲ့ ရှောက်သီးဆေးပြား ထုတ်လုပ်တဲ့ လုပ်ငန်းပါဘဲ။ မိသားစု အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းလေးကို ထူထောင်ဖို့ ဆွေဆွေကလည်း ရုံးအလုပ်က ထွက်၊ ကိုမောင်မောင်လည်း သင်္ဘောမလိုက်တော့ဘဲ ဒီလုပ်ငန်းကိုပဲ ဖိဖိစီးစီးလုပ်ကိုင် ကြပါတယ်။ ရှောက်သီးစစ်စစ်၊ ငရုပ်သီးမှုန့်ကောင်းကောင်း(မှိုမတက်)၊ သကြားစစ်စစ်၊ နွယ်ချို ကောင်းကောင်း […]


မောင်ဆန်းSeptember 7, 20111min018
ကျွန်တော့်မိတ်ဆွေတစ်ယောက်မှာ အငှားကားလေး တစ်စီးရှိပါတယ် နေ့စဉ်ဝင်ငွေလေး ရနေတော့ ဘေးကကြည့်ပြီး သဘောလဲကျ အားလဲကျပေါ့ ကိုယ့်လဲ ဒါမျိုးလေးတစ်စီး ရှိရင် ကောင်းမှာလို့ တွေးမိတယ် ဒါပေမဲ့ သူရှင်းပြလို့ ယာဉ်မောင်းကို ထိန်းရတဲ့ကိစ္စ၊ပြင်ဆင်ရေးကိစ္စ၊ဟိုကိစ္စ ၊ဒီကိစ္စတွေ အကြောင်း ကြားရတော့လဲ အငှားကားပိုင်ချင်တဲ့ စိတ်လေး ပျောက်သွားရတယ် မိတ်ဆွေက အခု ကြုံနေရတဲ့ အခက်အခဲလေး ထပ်ပြောပြတာက…. သူက ဝန်ထမ်းပါ ရှိတဲ့ငွေလေးရယ်၊ လိုတာကို အတိုးနဲ့ချေးပြီး အငှားကားလေး ဝယ်လိုက်ပါတယ် အကြွေးမြန်မြန်ဆပ်ချင်တော့ နေ့စဉ်ရတဲ့ အုံနာခကို ရဲရဲတောင် မစားရဲပဲ စုနေရတဲ့ဘဝပါ သူကားလေးဝယ်ပြီး သိပ်မကြာဘူး အငှားကားတွေ မီတာတပ်  .. မတပ်ရင် ဖမ်းမယ်၊ဆီးမယ်၊နုတ်နုတ်လှီးမယ်ဆိုတော့ ကြောက်အားလန့်အားနဲ့ ခါတော်မီပေါ်လာတဲ့ ကုမ္မဏီတွေထဲက တစ်ခုမှာ မီတာ ပြေးတပ်လိုက်ရတယ် အဲဒီတုန်းက […]


manawphyulaySeptember 7, 20111min09
ပြည်တွင်းတွင် ခန့်အပ်ရန် 1-SuperVisor For Air Con M(2)Post အသက်-28 မှ 35 AGTI, B-Tech (Mechanical & Electrical Power) – AutoCAD, Excel, Work ကျွမ်းကျင်ရမည် လုပ်ငန်းအတွေ့အကြုံ (3-5)နှစ်ရှိရမည် 2-Service Manager -အသက် 35-45 -AGTI, B-Tech, B.E (Mechanical & Electrical Power) – Auto CAD, Excel, Work ကျွမ်းကျင်ရမည် – လုပ်ငန်းအတွေ့အကြုံ (10) နှစ် လုပ်ငန်းကျွမ်းကျင်မှုကိုကြည့်ပီး အတွေ့အကြုံကိုစဉ်စားပေးမည်။ စိတ်ဝင်စားသူများ ဝ၉၇၃၀၅၀၆၀၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


kaiSeptember 7, 20112min00
နိဒါန်း အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ THISDAY Newspaper Group ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့စဉ်မှာကတည်းက တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး နှောင်းပိုင်းကာလတွေမှာလဲ ဒီမိုကရေစီစနစ်ရဲ့ အသက် သွေးကြောဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် (သတင်း၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍ) မှာ အင်အားတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ရင်း (၂၀၀၁) ခုနှစ်မှာ Economic Intelligence Group ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ထိရောက်မှုများကို တိုင်းတာသတ်မှတ်ခြင်း၊ အားနည်းချက်ရှိနေသော ကဏ္ဍများကို ဖော်ထုတ်ခြင်း၊ နိုင်ငံတော်မှ ဖော်ဆောင်နေသော မူဝါဒများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်သဘောထားများကို လေ့လာတင်ပြခြင်း၊ ကမ္ဘာအရပ်ရပ်တွင် […]


minthakhinSeptember 5, 20111min012
Gtalk  အကောင့်တစ်ခုရှိရင် ရွှေဈေး၊ဒေါ်လာဈေး (ယနေ ့)ပေါက်ဈေးတွေကိုကြည့်လို ့ရပါပြီ။ အရင်ဆုံး myanmar.exchange.30 ကို အရင် add ရပါမယ်။ သူလက်ခံလို ့ ရပြီဆိုတာနဲ ့ help လို ့ရိုက်လိုက်ပါ။ အဲဒီမှာပေါ်လာတဲ့စာကို ဖတ်ကြည့်ပြီး ဆက်လုပ်သွားရုံပါဘဲ။ ဥပမာ။ ရွေဈေးသိချင်ရင် gold or GOLD လို ့ရိုက်၊ ဒေါ်လာဈေး (us) သိချင်ရင် usd or USD (စာလုံးကြီးကြီး၊သေးသေး ကြိုက်လလိုရိုက်ပါ) လို ့ရိုက် လိုက်ရုံပါဘဲ။လွယ်ပါတယ် သူရှင်းပြထားတာလဲ။ တင်ပြီးသားရှိရင်လဲ ဒီပို ့စ်ကိုပြန်ဖျက်လိုက်ပါ သဂျီးရေ။ ကျွန်တော်က မတင်ရသေးဘူးလို ့ထင်ပါတယ်။ အားလုံးသိစေချင်ရုံ စိတ်စေတနာနဲ ့မျှဝေပေးလိုက်ပါတယ်။ ပထမဆုံး ပို ့စ် စရေးတာဆိုတော့ […]


weiweiSeptember 4, 20111min033
အခုရက်ပိုင်း အလုပ်နဲနဲပါးနေတုန်း ရွာထဲကို အချိန်ပြည့်လည်နေမိတယ်။ ဦးစံရှားနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဌိတွေကိုမြင်တော့ ချက်ခြင်းဖတ် ချက်ခြင်းစဉ်းစား ချက်ခြင်းဖြေနဲ့ အဖြေမမှန်တာတွေကို ခပ်လောလောဖြေမိလိုက်ပါတယ်။ အဲဒီတော့ ကျွန်မတစ်ယောက်ထဲ ကြိတ်ရယ်နေမိရင်း ငယ်ငယ်တုန်းက အကြွားသန်ခဲ့ပုံလေးတွေကို ပြန်မြင်ယောင်လာပါတော့တယ် … ကျွန်မငယ်ငယ်က တော်တော်ဆိုးခဲ့တာ … အလယ်တန်းလောက်ကထဲက ဆရာ ဆရာမတွေရဲ့ အမြင်ကတ်ခြင်းကို ခံခဲ့ရတယ်။ အခု လူကြီးစိတ်နဲ့ပြန်တွေးလိုက်တော့မှ သူတို့အမြင်ကတ်လဲ ကတ်ချင်စရာပါပဲ။ ကျွန်မရဲ့ကလေးဘဝ ဉာဏ်ရည်ဉာဏ်သွေးက တော်တော်မြင့်ခဲ့ပါတယ် (ကြုံတုန်းကြွားတာ)။ ဘာကျူရှင်မှလဲ မတတ်ပဲနဲ့ စာတွေကို အလိုလိုရနေပါတယ်။ အရင်ဘဝကထဲကများ သင်ခဲ့ဖူးလားတောင်ထင်ရတယ်။ ပြသနာက စာတွေရနေတာကို ငြိမ်ငြိမ်မနေတဲ့ကိစ္စ။ ဆရာမက စာတိုင်ပေးပြီး ပြန်ဆိုခိုင်းလိုက်တာနဲ့ ကျွန်မက အလွတ်ရနေပြီ။ စာအုပ်ကိုပိတ်လိုက်ပြီး ခပ်ကြွားကြွားလေး အလွတ်ရွတ်ပြလိုက်တော့ ဆရာမအမြင်ကတ်ပြီ။ ဆရာမလဲ စဉ်းစားပြီလေ။ ဒီကလေးမ […]