The Angry ManSeptember 2, 20111min025
ပြောရမယ် ဆိုရင်လဲကြားလို့မှကောင်းပေါ့မလားဗျာ။ရပ်ကွက်ထဲမှာ ကိုယ်ကဘဲမနေတတ်လို့လား၊အမြင်ဘဲကျဉ်းနေလို့လား ကိုယ့်ဖာသာပြန်ပြန်မေးမိတယ်။ပြောစရာရှိနေတော့လဲပြောရမှာပေါ့။မပြောရင်လဲမနေတတ်လေတော့ ငါတို့မြို့ကဆရာတွေကိုအားကျသဗျ။ရင်ဖွင့်စရာမန်းကဇက်ရှိလေတော့မြို့ထဲရွာထဲမရောက်မပေါက်သူနည်းသကိုး။အဲဘယ်ရမလဲခေသူမဟုတ်လေတော့ ရက်နှစ်ဆယ်အတွင်းမတတ်,တတ်အောင်လုပ်ရအောင်ဝင်လာရပေတော့တာပေါ့။ဟဲဟဲပြောစရာလေးရှိပါတယ်ဆိုမှ. ပြောမယ်ပြောမယ်။ ဒီလိုဗျို့. ဒီလို. ငါတို့ သံတွဲကတော့မိတ်ဆက်စရာမလို အားလုံးသိပြီးကြရောပေါ့။ခုလဲဒီပုပ်ထဲက ဘဲ။ပုပ်နေတာတော့ကြာပီ။ပုပ်နေတာကိုအကောင်းမှတ်လို့များလားတော့မသိဘူး။ဘယ်သူကမှအရေးတယူမလုပ်။ဒီတိုင်းလေး ငွေယူပြီးမှိန်းနေရော့သလား။ အရင်ကလဲပျက်၊ခုသမ္မတအစိုးရလက်ထက်လဲဆက်ပျက်နေကြဦးမှာလား။ေ မးစရာရှိလေတော့မေးရပေအုံးမှပေါ့။ ငါတို့ရပ်ကွက်မှာ ဘုရင့်နောင်လမ်းမကြီးပေါ်၊မာဃလမ်းနဲ့လမ်းဆုံမနီးမဝေး၊မှာပြည့်တန်ဆာအိမ်တလုံးရှိနေတာကြာပီဗျ။အရပ်ခေါ်–ာခေါင်းအိမ်ပေါ့ဗျာ။သီးခံကြပါဗျို့ ရိုင်းပျသွားရင်။ငါလဲဒီရပ်ကွက်မှာနေလာတာ နှစ်သုံးဆယ်ကျော်ပီ။ဒါမျိုးအိမ်ကွာမြို့လယ်ခေါင်ကွာ ရှိစရာလား။ပြည့်တန်ဆာ ဆိုတာမရှိသင့်ဘူးမပြောလိုပါဘူး။ခုက,ကွာမြို့လယ်မှာဗျ။ အားလုံးသိကြတဲ့အတိုင်း. ယောကျာ်းသားများအရက်လေးတမြမြဝင်လာရင် ဒီအိမ်ရှေ့တဝဲဝဲဗျာ။မြင်မကောင်းကြားမကောင်း ရှုပ်ယှပ်ခတ်နေတာ။ရပ်ကွက်ထဲကသားပျိုသမီးပျိုတွေ နေဝင်လာရင်မသွားရဲမလာရဲတော့ဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလဲ ဘာမှကိုဝင်ရောက်ပြောဆိုခြင်းမရှိဘူး။သူ့ရပ်ကွက်အပိုင်မှာဗျာ နည်းနည်းတော့ လူနေမှုဝန်းကျင်လေးအတွက်စဉ်းစားပေးသင့်ပါတယ်။ အရင် အစိုးရလက်ထက်မှာတော့ လောင်းကစားဒိုင်တွေရော၊ပြည့်တန်ဆာတွေပါ လိုင်းကြေးပေးအလုပ်လုပ်ကြရတာ။ခုတော့ လောင်းကစားတွေငြိမ်ချက်သားကောင်းနေပေမယ့်။ ဒီပြည့်တန်ဆာအိမ်က ဗျာခုထိအေးဆေးဘဲ။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုး၊ နယ်ထိန်းများ၊ တာဝန်ရှိပြည်သူ့ရဲဝန်ထမ်းဆိုသူများမည်သည့် အတွက်ကြောင့်ငြိမ်ကြည့်နေကြပါသလဲ။ကောင်းနိုးရာေ နရာတခုသို ့ပြောင်းရွှေ့ပေးဖို့မရှိဘူးလားမေးချင်တယ်ဗျာ။ သက်ဆိုင်ရာလူကြီးမင်းများကိုလည်း မျက်စိကန်းနားပင်းနေကြလေသလားမေးချင်တယ်ဗျ။ အဂတိလိုက်စားမှုပပျောက်ရေး၊လာဘ်ပေးလာဘ်ယူတို့ရန်သူအော်နေမယ့်တက်စား အများပြည်သူလုံခြုံရေး၊ပြည်သူ အများက ယုံကြည်ရသောပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်လိုပါကဆီလျော်သလိုစီမံပေးစေချင်တယ်ဗျာ။ အရင်ကလဲ လိုင်းကြေးယူ၊ခုလဲလိုင်းကြေးယူ ဖမ်းမယ်ဆီးမယ်ဟေ့ဆိုရင် ရှောင်ခိုင်းထား။အဲလိုလုပ်ဖို ့မသင့်တော့ပါဘူး။တလောကငြိမ်သွားပီထင်တာဗျာ […]


loneSeptember 2, 20111min024
(ကိုရီးယားမှ girl generation အဖွဲ့အားpostအတွက် ငှားရမ်းအသုံးပြုထားသည်) မိန်းကလေးတွေ ဘာကြောင့်အလုပ်နေရာတော်တော်များမှာနေရာရလာကြတာ လဲ။ အခုခေတ်ယောက်ျားလေးတော်တော်များဟာ အလုပ်မလုပ်ပဲ ရေသာခိုအပျော်လိုက်ချင်နေတဲ့ ယောက်ျားတွေများလာသလိုလိုပါပဲ နောက်ပြီးခေါ်သမျှအလုပ်တွေကလည်း မိန်းကလေးဆိုတာတွေချည်းဖြစ်သည်။ အခုဆိုရင်ပဲကြည့်  မကြာသေးခင်ကပေါ်လာတဲ့ ပုဂ္ဂလိကဓါတ်ဆီဆိုင်တွေမှာ မိန်းကလေးတွေ ဆီဖြည့်နေတာတွေ့လာရတယ်။ နောက်ပြီးဘီယာဆိုင်အချို့မှာမိန်းကလေးတွေကို waiter အဖြစ်သုံးလာတယ်။ ဘိလယက်ဆိုင်အချို့မှာလည်း မိန်းကလေးတွေပဲထိုင်တာများလာတယ် ။ အဆိုးဆုံးကတော့ စီးကရက်promotion girl တွေပါပဲ ။သူတို့ခမျာလစာကောင်း မကောင်းတော့မသိ  သူတို့ကိုမြင်ရသည်ကတော့တော်တော့်ကို စိတ်မချမ်းသာစရာပါပဲ။ စားသောက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ထိုင်နေတဲ့ယောက်ျားတွေကို သူတို့ စီးကရက်ဘယ်လောက် ကောင်းကြောင်းပြောပြီး “သောက်ကြည့်ပါဦး ဘာလေးတော့လက်ဆောင်ရတယ်နော်”စသည်ဖြင့် နည်းအမျိုးမျိုးစွယ်ကာ ရောင်း ကြသည် ။တစ်ချို့ယောက်ျားတွေကျတော့လည်း ယဉ်ကျေးပါသည် ။မဝယ်ချင်ရင် မဝယ်ကြဘူး။ ဘာမှရိသဲ့သဲ့မလုပ်တတ်ကြဘူး။ တစ်ချို့ကျတော့လည်း စီးကရက်ဘူး ကိုင်သလိုလိုနဲ့ လက်ကိုမထိတထိ ကိုင်ကြအခြစ်ရှိလားတို့ဘာတို့နဲ့နောက်ကျ သည်။ဝယ်ချင်ဝယ်မဝယ်ချင်နေကြပေါ့ […]


CharTooLanSeptember 1, 20111min025
“ကျော်ကြီး သားမှာပိုက်ဆံဘယ်လောက်ရှိသေးလဲ” အလုပ်မှအပြန်နားမည်လုပ်နေစဉ် အမေအခန်းထဲသို့ ဝင်လာပြီးမေးခြင်းဖြစ်သည်။ “မရှိတော့ဘူးလေ လစာထုတ်ပြီး အမေ့ကိုအကုန်ပေးလိုက်တာ သားမှာနှစ်ထောင်လောက်ပဲကျန်တော့တယ်” (၃၁)ရက်နေ့ရတဲ့လစာ အိမ်ရောက်တာနဲ့အမေ့လက်ထဲအပ်လိုက်တာ အခုလကုန်ပြီး (၁)ရက်နေ့ ပိုက်ဆံလိုနေပြန်ပြီဆိုတော့ သုံးလုံးထီ(ချဲ)အကြွေး အရေးတကြီးပေးရတော့မယ်ဟု တွေးထင်လိုက်မိသည်။ ကြာကြာမတွေးလိုက်ရပါ ချဲလုပ်ငန်းရှင်အဒေါ်ကြီး အိမ်ရှေ့သို့ဝုန်းခနဲကျလာတော့သည်။ “ဒေါ်ကြည်ဒီနေ့ ရှင်းပေးအုံးနော် အရင် ၂လုံးဖိုးလဲကျန်သေးတယ် ဒီနေ့သုံးလုံးမှာ ဦးမြက ၃၀၀၀ဝကျော် ပြန်တင်တယ်ဆိုတော့ ၅၀၀၀ဝကျော်ရှိပြီ ကျမလဲလျှော်စရာတွေရှိနေလို့ ညကျရင်တင်ပေးပါအုံးနော်” ဒီလိုအသံတွေကို အချိန်မရွေးကြားရတတ်သည်မှာ ကျနော့်အတွက်သည်းမခံနိုင်ဆုံး ပြဿနာပင်ဖြစ်သည်။ “အမေတို့ကလဲဗျာ….. ရှက်ဖို့ကောင်းလိုက်တာ မလုပ်ပါနဲ့ပြောလဲမရဘူး” ပြောမယ့်သာ ပြောလိုက်ရတာ အဲ့ဒီစကားက ပထဆုံးအကြိမ် မဟုတ်တော့ပါဘူး။ “အောင်မယ် ဘာရှက်စရာရှိလဲ နင်တိုဒါနဲ့ပဲစားသောက်နေတာ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့” ဒါကတော့ အမေပြန်ပြောနေကျ စကားများထဲမှ ခံရအခက်ဆုံးစကားပင်ဖြစ်သည်။ ကျနော်တိုမောင်နှမသုံးယောက်ရှိသည်။ ကျနော်ကစပြီး အငယ်ဆုံးညီမလေးအထိ အလုပ်လုပ်ပီး […]


လင်းဝေSeptember 1, 20111min019
ဒီနေ့ ထွက်လာတဲ့ သတင်းထူးကတော့ export earning ဖြင့် ကားသွင့်ခွင့်ပြုမယ်ဆိုတာပါပဲ။ သတင်းက သေချာသလားမမေးနဲ့ ကားသွင်းပြီး ပြန်ရောင်းဖို့အတွက် ဂျပန်ကားကုမ္ပဏီကြီးတွေကိုတောင် ဆက်သွယ်တဲ့သူက ဆက်သွယ်နေပါပြီ။ လူစီးကားတွေ ကို ပို့ကုန်ရငွေနဲ့ သွင်းခွင့်ပြုလိုက်တယ် လို့ ဆိုပါတယ်။ ဒီသတင်းကြောင့် ငွေဈေးစမာလာပါပြီ။ တကယ်သာ သွင်းခွင့်ပြုမယ်ဆိုရင်တော့ ငွေဈေးက အနည်းဆုံး တစ်ထောင်အပေါ်မှာ နေမှာပါပဲ။ ဒါပေမယ့် ဘယ်လောက်ကြာကြာပေးသွင်းခွင့်ပြုမယ်ဆိုတာလည်း မသိတဲ့အတွက် အလုအယက်စသွင်းကြမှာပါ။ အဲဒီတော့ နောက်တစ်ပါတ် သတင်းအတည်ဖြစ်တာနဲ့ ပို့ကုန်ရငွေဈေး အလွန်ထိုးတက်ဖွယ်ရှိပါတယ်။ ကားအသစ်ကို ဈေးသက်သက်သာသာနဲ့ စီးချင်သူများ ဝယ်ဖို့ငွေကို ပြင်သာထားပေတော့။ အိမ်ဈေးမြေဈေးတွေလည်း တန့်သွားမယ်လို့ထင်မြင်ယူဆပါကြောင်း။


moegyothwarSeptember 1, 20111min019
ကျွန်တော်သိတဲ့ မလောက်လေးမလောက်စား အတွေ့အကြုံလေးနဲ့ ဒီနေ့ ကားထုတ်လုပ်မှု အပေါ် နဲနဲလေး သုံးသပ်ကြည့်ချင်ပါတယ်။ အခုတလော ကားလောကမှာ ဖြစ်နေတာတွေ မြင်ရ၊ ကြားရ နားဝမှာ မချမ်းသာတာရယ်၊ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံပိစိလေးကို ကျွန်တော့်ထက်ပိုနားလည်တဲ့ ညီအစ်ကိုတွေ၊ ညီအမတွေ ပြန်လည်ဝေဖန်ဆွေးနွေးပေးကြနိုင်အောင်ပါ။ ကျွန်တော် သိရသလောက် MG ကို နိုင်ငံတော် က တာဝန်ရှိသူတွေ လာပြီးဖတ်တာတွေ့ဖူး၊ သိဖူးတာကြောင့် ဒီဆွေးနွေးမှု့လေးတွေကနေ တခုခု သိသွားမယ်ဆိုရင် နိုင်ငံအတွက် တစိတ်တဒေသ အထောက်အကူပြုနိုင်အောင်ရည်ရွယ်ပါတယ်…   မော်တော်ကားထုတ်တယ်ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်တဲ့ လုပ်ငန်းပါ။ မတည်ရင်းနှီးငွေ များသလို၊ အသိပညာ အတတ်ပညာ တီထွင်ဖန်တီးနိုင်မှု အများကြီး လိုတဲ့လုပ်ငန်းပါ။ အဲဒီတော့ ငါတို့ ကားမထုတ်ရတော့ဘူးလား ဆိုရင်….. ထုတ်ပါ.. ထုတ်သင့်ပါတယ်.. ထုတ်လဲထုတ်ရပါမယ်.. […]


နွေဦးAugust 31, 20111min013
အရင် တင်လိုက် တဲ့ post  မှာဝိုင်းဝန်း အကြံ ပေး ဆွေးနွေးပေးကြတဲ့ သူတွေကို အထူးကျေးဇူးတင်ပါတယ်။ ဝိုင်းပေးကြတဲ့ အကြံဉာဏ်တွေနဲ့ စဉ်းစားကြည့်တော့ အသုံးဝင်နိုင် တဲ့ အကြံ နှစ်မျိုးထွက်လာပါတယ်။ ဒါပေမဲ့လောလောဆယ် ပိုကောင်းမယ်ထင်တဲ့ အစီစဉ်လေးကို ပြောကြည့်အုံးမယ်။ ရွာသူရွာသားများနဲ့ ပညာရှင်များ ဝေဖန် အကြံပေးကြပါအုံး။ ဈေးကွက် အနေအထားအရတော့ ကျွန်တော်တို့ဈေးကွက်ဟာ ဈေးနှုန်းယှဉ်ပြိုင်ရောင်းချတဲ့ price market ပါ။သူ့ထက်ငါ ဈေး လျှော့ရောင်းနေတော့ ပစ္စည်းတွေရဲ့ အရည်အသွေးက အများကြီး ကျသွားတယ်။နိုင်ငံတကာရဲ့ အရည်သွေးယှဉ်ပြိုင်နေတဲ့  quality market ကို မျှော်ကြည့်လို့ မရနိုင်တော့ဘူးဖြစ်နေတယ်။ဒီပေါ်မှာ မူတည်ပြီး စဉ်းစားထားတာပါ။ လက်ရှိ ကုန်ကြမ်းရောင်းတဲ့သူတွေ သူတို့ပစ္စည်း ရောင်းချင်ကြတယ်။အခြေအနေ အမျိုးမျိုးကြောင့်  ရောင်းသူက ဝယ်သူကို ဦးစားပေးပါတယ်။ဒီလိုအချိန်မှာ သူ့ပစ္စည်းကို […]


weiweiAugust 29, 20111min026
၃၈ ဖြာ မင်္ဂလာတရားတော်တွေထဲမှ နံပါတ် ၂၃ မြောက် မင်္ဂလာတရားတစ်ခုဖြစ်ပါတယ်။ ကျွန်မလက်ရှိ ကျင်လည်နေရတဲ့ လူ့အသိုင်းအဝိုင်းမှာ မာန်မာနထောင်လွှားတက်ကြွသူတွေ၊ ရာထူးမာန်၊ ဥစာမာန်၊ ပညာမာန်၊ သားသမီးမာန် စသဖြင့် မာန်မာနအမျိုးမျိုးရှိသူတွေကို မြင်နေတွေ့နေရတာများနေပါတယ်။ ယုတ်စွအဆုံး ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အွန်လိုင်းလိုနေရာမှာတောင်မှ မာန်မာနတွေတလူလူတက်နေကြတာကို မြင်မိတော့ ဘေးကနေ သံဝေဂယူမိတဲ့အချိန်တိုလေးမှာပဲ ဒီပို့စ်ကို အမြန်ရေးလိုက်ပါတယ်။ ဘယ်လိုလူမျိုးတွေက မာန်မာနထောင်လွှားလေ့ရှိပြီး ဘယ်လိုလူမျိုးတွေက နှိမ့်ချစိတ်ရှိသလဲဆိုတာ လေ့လာကြည့်မိတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတဲ့ စကားပုံလေးက သိပ်မှန်ပါလားလို့ တွေ့လိုက်ရပါတယ်။ ကျွန်မသူငယ်ချင်းရဲ့အစ်ကိုတစ်ယောက်က အလွန်ချမ်းသာသော သူဌေးတစ်ဦးဖြစ်ပါတယ်။ သူ့ကို အပြင်မှာ ဒီအတိုင်းတွေ့ရင် ချမ်းသာတယ်လို့ ထင်စရာအကြောင်းမရှိလောက်အောင် ရိုးရိုးသားသားနဲ့ နှိမ့်ချလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းရတဲ့ဘဝကနေ သူဌေးကြီးတစ်ယောက်ဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့ သူ့အရည်အချင်းတစ်ခုထဲမှာ ရိုးသားကြိုးစားမှုနှင့် နှိမ့်ချဆက်ဆံတတ်ခြင်းက […]


manawphyulayAugust 29, 20111min02
Contact Phone: 09 73050603 စင်္ကာပူနိုင်ငံတွင်လုပ်ကိုင်ရန်အတွက်အောက်ပါ (Spass) ဝန်ထမ်းများအလိုရှိသည်။ Sales lady salary S$ 1000 +200+commission Working day 10 hr Rest day 1 day off per week URGENT အင်တာဗျူး ရှိသည်။


နွေဦးAugust 29, 20111min019
တကယ်လို့ ကုန်ထုတ်လုပ်ငန်း တခုကို လုပ်နေတဲ့ သူတယောက်ဖြစ်နေမယ်ဆိုရင် ဒီအခြေအနေမှာ သင် ဘာတွေ လုပ်မလဲ….။ ကုန်ထုတ်လုပ်ငန်းဆိုလို့ ဘယ်လိုအတိုင်းအတာလဲဆိုတာထက် လုပ်ငန်းသဘာဝကို ဘဲ ယေဘူယျ ပြောချင်တာပါ။ကုန်ထုတ်လုပ်ငန်းဆိုတာ စားသောက်ကုန် လူသုံးကုန် တွေထုတ်လုပ်တာကို ပြောချင်တာပါ။ကုန်ကြမ်းတွေကို စက်ရုံမှာ ကုန်ချောဖြစ်အောင် ထုတ်လုပ်ရောင်းချ တဲ့လုပ်ငန်းပေါ့။လုပ်ငန်းကြီးတာသေးတာကွာပေမဲ့ ကြုံနေရတဲ့ အခြေအနေက သိပ် မကွာပါဘူး။လုပ်ငန်းရဲ့သဘာဝအတိုင်း စီစဉ်ပြောကြရအောင်…။ ပထမတွေ့ရတာက ကုန်ကြမ်းကိစ္စဘဲ။ အရင်က လုပ်ငန်းသုံးကုန်ကြမ်းကို သုံးလစာလောက် ကြိုတင် စုဆောင်းထားကြတယ်။ ဒါကလဲ လုပ်ငန်းတိုင်းပါဘဲ။ သုံးလို့ လျှော့သလောက် အဆင်ပြေ သလို ထပ်ထပ်ဖြည့်ကြတယ်။အဆင်ပြေဆိုတာ ကိုယ်သုံးတဲ့ပစ္စည်းက နိုင်ငံခြားကဆိုရင် ငွေဈေး အတက်အကျနဲ့ အဝင်အထွက်ပေါ် ကြည့်ဝယ်ရတာပါ။ပြည်တွင်းကထွက်တာဆို ပစ္စည်းထွက်တဲ့ ရာသီပေါ် ကြည့်ဝယ်ရတာပေါ့။ အခုတော့..ငွေဈေးကလည်းမငြိမ် အခွန်ကလည်းလျှော့မယ်ဆိုတော့ ကုန်ကြမ်းဈေးမမှန်တော့ဘူး။ လက်ထဲမှာလဲ […]


etoneAugust 26, 20111min08
ရွာသူရွာသားတို့ရေ… အလုပ်အကိုင် အခွင့်လမ်း ရှားပါးလာချိန် … ကြောငြာတဲ့ အလုပ်တွေကို ဝင်လျှောက်ရင်း အချိန်ကုန်လူပင်ပန်းဖြစ်ခဲ့ပြီး … နောက်ဆုံး လက်လှမ်းမှီရာ ၊ နီးစပ်ရာကိုပဲ ရွေးချယ်သွားခဲ့လို့ … အလုပ်မရှိပဲ .. စိတ်ညစ်နေတဲ့များရှိနေသလား … ? ဒီခေတ်မှာ လစာ တစ်သိန်းနဲ့ အထက်ရတဲ့အလုပ် .. .. ဝင်ဝင်ခြင်း မျက်နှာသစ်တွေကို သိပ်မပေးတတ်တာမို့ ကိုရီးယားဘာသာစကားလေးတစ်ခုတက်ထားရုံနဲ့ … ပထမဝင်ဝင်ခြင်း လစာ တစ်သိန်းကျော်ရမယ့်အခွင့်ရေး ရယူလိုပါသလား … ? နယ်ကလူတွေ ရန်ကုန်မှာ အလုပ်လုပ်ချင်သော်လည်း နေစရိတ် ထောင်းနေမှာ တွေးပူနေရပါသလား ။ ? ပင်ပင်ပန်းပန်း ဦးနှောက်မစားရတဲ့ သူဌေးရဲ့လက်စွဲတော် … ဘာသာပြန်အလုပ်မျိုး လုပ်ချင်တဲ့လူတွေ ရှိပါသလား … ? […]


etoneAugust 25, 20111min013
ဝူးးးးးးးးးးးးးးးးးး ပင်ပန်းနွမ်းနယ်မှူ ၊စိတ်ဖိစီးမှူတို့ကို …သက်ပြင်းတစ်ချက်ဖြင့် …ခပ်ကြမ်းကြမ်း …. မှုတ်ထုတ်လိုက်ပြီး ….. ထိုင်ခုံပေါ်တွင် ပစ်ထိုင်ချလိုက်သည် … ။ စက္ကန့်အနည်းငယ်ကြာအောင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေမိသည် … ။ စိတ်ဖိစီးမှူတို့ ခဏတွင်းဖြေလျှော့လိုက်သောအခါ …. အနည်းငယ်လန်းဆန်းလာသလို ခံစားရသည် … ။ ရည်ရွယ်ကြံစည်ထားသော ကိစ္စတစ်ခု အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်၍ ကျေနပ်အားရစွာ ပြုံးမိလိုက်သည ်…. ။ ကျေနပ်အားရစွာ ပြုံးလိုက်မိခြင်းသည ် ကျွန်မအတွက်တော့ နောက်ကိစ္စတစ်ခု စလုပ်ရန် အားအင်ပင်ဖြစ်ပေတော့သည်… ။ ထွက်ခွာသွားသော ကွန်တင်နာကားကြီးကို မျက်စိထဲ မြင်ယောက်ပြီး … ကျေနပ်မိပြန်သည် … ။ %%%%%%%%% အထည်ချုပ်စက်ရုံတစ်ခုတွင် TTMY ရာထူးဖြင့် အလုပ်ကျွေးပြုနေရသော ကျွန်မရဲ့ အခန်းကဏ္ဍက […]


နွေဦးAugust 25, 20111min053
တစ်ဒေါ်လာကို ကျပ် ခြောက်ရာကျော်လောက်ထိ ဖြစ်လာတော့ အတော် လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။အယူအဆအမျိုးမျိုးနဲ့ ပြောနေတာတွေကိုလဲ ကြားနေတာပေါ့။ခင်ဗျားတို့တော့ ဘယ်လိုဖြစ်စေချင်တယ် မသိဘူးပေါ့နော်။ကျွန်တော် စဉ်းစားမိတာ ပြောကြည့်အုံးမယ် ဝိုင်းဝန်းဝေဖန်ကြပါအုံး။ ၁။ လစာပုံမှန် ၅၀၀၀၀.ကျပ် ရတဲ့သူတယောက်ဟာ အရင်ငွေလဲနှုန်း(၁၀၀ဝကျပ်)နဲ့ဆိုရင် ဒေါ်လာ ၅၀  ဘဲရမယ် ။အခုငွေလဲနှုန်း (၆၇ဝကျပ်)နဲ့ဆို  ၇၄.၆ ဒေါ်လာလောက်ရသွားပါပြီ။ ၂။ ဒေါ်လာ ၅၀ဝတန်laptop ကွန်ပြူတာတလုံး ဝယ်မယ်ဆိုရင် အရင်ကငွေဈေး(၁၀၀ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၅၀၀၀၀ဝ ကျပ် ပေးရပါမယ်။အခုငွေဈေး(၆၇ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၃၃၅၀၀ဝ ကျပ်ဘဲပေးရတော့မယ်။ ၁၆၅၀ဝကျပ်တောင် သက်သာသွားပြီ။တကယ်လို့ ၁ဒေါ်လာ=၅၀ဝကျပ် ဖြစ်သွာမယ်ဆိုရင် ၂၅၀၀၀ဝကျပ် သက်သာသွားပြီ ။အရင်က တစ်လုံးရမဲ့ဟာ အခုဆို နှစ်လုံးရတော့မယ်လေ။ ၃။ဒေါ်လာဈေးကျလို့ ငါး ပုဇွန်တွေ နိုင်ငံခြား မပို့တော့ .ပဲတွေ အိတ်စပို့ မလုပ်တော့ […]


ဆူးAugust 24, 20111min025
အားလုံးတိတိကျကျမှန်မမှန်မသိေ ပမယ့် 75%လောက်က တော့ တိုက်ဆိုင်မှု ့ရှိတယ်လို ့ဆိုပါတယ်…ကဲ စလိုက်ကြရအောင်နော်…(1) တကယ်လို ့သင်ဟာတောနက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသွားရတော့မယ်ဆိုပါစို ့…အဲဒီတောကြီးကသားရဲတိရစာ္ဆန်တွေပေါပြီး အင်မ တန်မှလည်း အန ္တရာယ်လည်းပေါများလွန်းပါတယ်..အဲဒီအခါမှာ သင်ဟာ i. တစ်ယောက်တည်းသွားမလား? ii. အဖော်တစ်ယောက်ခေါ်သွားမလား? iii. အန ္တရာယ်တွေကို ရှင်းပေးနိုင်လောက်တဲ့ ဒုတ်(သို ့)ဓါး တစ်ခုခုယူသွားမလား? (2 ) ဒီတောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာတဲ့အခါမှာ သင့်ရဲ့ခေါင်းပေါ်မှာငှက်တွေပျံသန်းနေတာတွေ ့ရပါလိမ့်မယ်..အဲဒီငှက်ဟာ i. သိမ်းငှက် ii. စာကလေး iii. ခို iv.ကျီးကန်း (3 ) အရှ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာ သင့်ရဲ့ရှေ့ကနေ အကောင်တစ်ကောင်ကောင် ဖြတ်ပြေးသွားတာသင်တွေ ့ရပါလိမ့်မယ်… အဲဒီအကောင်ဟာ i. မြွေ ii. ကျား iii. ကြောင် iv.ယုန် […]