researcherApril 7, 20111min05
တကမ႓ာလုံးအတိုင်းအတာနဲ့ သာသနာတော်ပြန့်ပွားရေးဆောင်ရွက်မယ်ဆိုရင်တော့ စနစ်တကျစီစဉ် ဆောင်ရွက်တတ်ဖို့ လိုမယ်လို့ တပည့်တော်ထင်ပါတယ်ဘုရာ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ဆုံးဘာသာ အနေနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေက အသိအမှတ်ပြု ထားတောင် ဗုဒ္ဓဘာသာက တကမ႓ာလုံး အတိုင်းအတာနဲ့ မပြန့်နှံ့တာ ဘာဖြစ်လို့လဲတာ ပြန်ပြီး သုံးသပ်ကြည့်ရမှာပါ။ လောကီမှာတော့ လုပ်ငန်းတစ်ခု၊ စနစ်တခု မအောင်မြင်ရင် ဘာကြောင့်မအောင်မြင်တာလဲ၊ ဘာတွေလိုနေလို့လဲ ဆိုတာကို ပြန်ပြီး သုံးသပ် Review လုပြ်ပီး ပြုပြင်၊ ပြောင်းလဲမှုတွေ လုပ်ကြရပါတယ်။ ဒီလိုပဲ သာသနာတော် ပြန့်ပွားခြင်း လုပ်ငန်းကို တကမ႓လုံး အတိုင်းအတာနဲ့ ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် လက်ရှိအခြေအနေ အရပ်ရပ်ကို ပြန်သုံးသပ် ကြည့်ဖို့ လိုပါမယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ရှင်းလင်းဖေါ်ထုတ်ပြသတဲ့ နေရာမှာ ရှင်းပြတဲ့သူတွေ အနေနဲ့ နည်းပညာကျွမ်းကျင်မှု လို့ဆိုတဲ့ နည်းနိဿယတွေလို့ခေါ်တဲ့ Technique […]


weiweiApril 7, 20111min050
ကျွန်မလို သာမန်လူအတွက် နိဗ္ဗာန်အကြောင်းရေးရတာ မတန်မရာဖြစ်နေမယ်မလားလို့ တွေးမိပေမယ့် ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်ထားတာကို ပြန်လည်ပြောပြချင်တဲ့ ရိုးသားသည့်စေတနာအရင်းခံဖြင့် မည်သည့်စာအုပ်ကိုမှ မမှီငြမ်းပဲ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ရေးသားထားခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ? ဘယ်လိုအရသာရှိလဲ? ပုံသဏ္ဍာန်ဘယ်လိုရှိလဲ?စသဖြင့် မေးလိုက်ရင်တော့ သေသေချာချာဖြေနိုင်မယ့်သူ တော်တော်ရှားပါလိမ့်မယ်။ တစ်ချို့လူတွေကတော့ နိဗ္ဗာန်ဆိုတာကို နတ်ပြည်လို ဟိုးအမြင့်တစ်နေရာမှာ ရှိနေတယ်လို့လဲ ထင်ကြပါတယ်။ သိပ်ကောင်းတဲ့ခံစားမှုကိုလဲ နိဗ္ဗာန်နဲ့ တင်စားပြောဆိုလေ့ရှိပါတယ်။ အေးချမ်းတဲ့နေရာတစ်ခုဖြစ်မယ်လို့လဲ အထင်နဲ့ ပြောတတ်ကြပါတယ်။ ကျွန်မသိနားလည်သလောက် နိဗ္ဗာန်ဆိုတာ လွတ်မြောက်ရာနေရာဖြစ်ပါတယ်။ မည်သည့်ကိစ္စမှာမဆို လွတ်မြောက်ရာနေရာတစ်ခုတော့ အမြဲတမ်းရှိနေပါတယ်။ အိမ်ထဲမှာအရမ်းမွမ်းကြပ်နေရင် အိမ်အပြင်ထွက်တာနဲ့ အဲဒီဒုက္ခကနေ လွတ်မြောက်ပါတယ်။ အရမ်းပူနေချိန်မှာ အဲယားကွန်းနားနေလိုက်ရင် အပူကနေ လွတ်မြောက်သွားပါတယ်။ ထောင်ထဲကနေထွက်လိုက်ရင်လဲ အချုပ်အနှောင်ကနေ လွတ်မြောက်သွားပါတယ်။ အရမ်းအိပ်ချင်နေချိန်မှာ အိပ်ပျော်သွားတာကလဲ လွတ်မြောက်ခြင်းတစ်မျိုးပါပဲ။ […]


shanApril 4, 20111min06
ရှေးကအတတ်ပညာတွေအများကြီးရှိခဲ့ပါသည် သိုသော်စာအုပ်မှတ်တမ်းများ မတင်ခဲ့သောဓလေ့ကြောင့် နှင့်ခွံဲ ခြမ်းစိပ်ဖြာ သဘောတရားများ ကိုဖြေရှင်းမပြနှှိုင်သောကြောင ့်သမိုင်း မတင်ခဲ့သလို ဘာသာတရား ကိုအခြေ ခံသောကြောင့် နည်းပညာများ ပျောက်ဆုံးခဲ့ဟန်တူပေသည်။ သိုသော်လည်း အပြစ်မဟုတ်ပါ ဥပမာ သိပ္ပံဘာသာရပ်ကို သင်ထားသူအများစု သည်ဝိဇ္ဇာ အတတ်ပညာအား အထင်မကြီးပါအထူးသဖြင့်အနောက်နိုင်ငံမှလူများပင်ဖြစ်နေပါသည်..။ဆိုလိုခြင်သည်မှာသန့်စင်သောရေကို ရရှိရန် X2O ပေါင်းစပ်ထားသည်ဟုဓါတ်ခွဲပြနှိုင်င်သောလည်း ရောဂါတမျိုးကိုပျောက်စေသော အလိုငှာ နတ်ရေကန်မှရေခပ်တိုက်လိုက်ပါကပျောက်သည်ဟု ရှေးလူကြီးတယောက်ကပြောသည်နောက်လူများက ယုံကြည်စွာဖြင်သောက်သုံးသောကြောင့် ရောဂါတမျိုးပျောက်သွားသည် ရေထဲတွင်မြေအောက်မှ အမျိုးအမည်မသိဓါတ်များ ပါဝင်ခဲ့သောကြောင့် ရောဂါ ပျောက်ခဲ့ခြင်းဖြစ်တန်သည်ဟုတွေးတောနှိုင်သည်..။ဆိုလိုသည်မှာ ၎င်း အဖြစ်သည်သိပ္ပံပင်ဖြစ်သည်အ မည်ခေါ်ဆိုရာ နာမ သာဖြစ်ပြီး သဘောတရားအတူတူပင်ဖြစ်သည် လဆွဲငငင်အားကြောင့်ဒီရေတက်သည်ဂြိုလ် ၉လုံးကြောင့် ကမ္ဘာချိန် သားမျှနေခြင်းသာဖြစ်သည်..။ငယ်စဉ်က စမ်းသပ် ခဲ့မှူ့များက ယခုပြည်လည်သုံးသပ်ချိန်မှာ သိပ္ပံသဘောမှာ ဝိဇ္ဇာဟု နာမည်တပ်ခံထားရခြင်းသာ ဖြစ်သည်…။  အုန်းပင်က အုန်းသီးများကို […]


kaiApril 2, 20113min016
အကြိုက်ဆုံးပုံလေးတွေစုထားတာကနေ .. ခွဲထုတ်လိုက်တာပါ..။ ဟိုးအောက်ကသတင်းကို နားလည်သလို သုံးသပ် ပြန်ရေးပြမယ်ဆိုပါတော့..။ အဲဒါနဲ့ဆိုင်တဲ့ သငတ်း ၂ခုသုံးခုနဲ့ ဆိုင်တဲ့ကောမန့်ထားတာတွေဖတ်ပြီး ရေးမှာပါ..။ ဆိုတော့.. ဘာသာပြန်တာမဟုတ်ပါဘူးနော.။ ဇတ်လမ်းကဒီလို..။ ယူအက်စ် – အင်ဒီယားနာပူလစ်မြို ့မှာနေတဲ့ အသက် ၁၂နှစ် ချာတိတ်လေးတယောက်က .. အိုင်စတိုင်းရဲ့အကောင်းဆုံးသီအိုရီတခုဖြစ်တဲ့ နှိုင်းရသီအိုရီ(Theory of relativity)ကို မှားကြောင်းသက်သေပြမယ် ဆိုလိုက်ပါသတဲ့..၊ အဲဒီကလေးက..နယ်နယ်ရရတော့မဟုတ်ပါဘူး.. အသက်၁နှစ်ခွဲမှာ အေဘီစီဒီ-အယ်ဖာဘက် အစအဆုံးက ို ပြောင်းပြန်ရွတ်နိုင်ပြီး.. အသက်၃နှစ်မှာ ပူဇယ်(အရုပ်ကားဆက်)တာ အခု ၅၀၀ဝ ကိုအဖြေရှာပြနိုင်သူ ကားဆက်နိုင်သူဖြစ်ပါတယ်..။ အခုလောလောဆယ်မှာတေ့ာအိုင်ကျူအဆင့်အားဖြင့် အိုင်စတိုင်းထက်ပိုလို့.. အမှတ်၁၇ဝ ရထားသူပါတဲ့..။ အသက် ၈နှစ်မှာသချာင်္နဲ့ သိပ္ပံဘာသာရပ်မှာ  ကောလိပ်အဆင့်.( မြန်မာလို ၁၁တန်းအဆင့် ) ရှိခဲ့ပြီး အခုအသက် ၁၂နှစ်မှာတော့ […]


True AnswerApril 1, 20113min014
” အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား” ဟူသော ဩကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်….ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့ ကျွန်တော့် ခေါင်းထဲရောက်လာသည်။ ငလျင်ဘေးများ ဂျပန်မှာ သမိုင်းတစ်လျှောက် အပြင်းဆုံး ငလျင်ကြီး လှုပ်သွားခဲ့သည်။ အင်အားက ၉ ။ ဟုဆိုသည်။ လောလောလတ်လတ် နယူးဇီလန်မှာလည်း ငလျင်က လှုပ်ထားသေးသည်။ လွန်ခဲ့သောလအနည်းငယ်က ဟေတီမှာ ငလျှင်အကြီးအကျယ်လှုပ်ခဲ့ကာ အသေအပျောက်များခဲ့သည်။ စူပါမွန်းခြောက်လှန့်မှု စူပါမွန်း(လ သည် ကမ္ဘာနှင့်အနီးဆုံး အကွာအဝေးသို့ရောက်ရှိလာခြင်း) ကလည်း တစ်ခေတ် ဆန်းသွားသေးသည်။ သဘာဝဘေး […]

confidence.jpg

လွန်ခဲ့တဲ့ ၁နှစ်ခွဲအတွင်း ကျနော် ၁၅လနီးပါး အသတ်လွတ် စားဖြစ်တယ်။ တိတိကျကျ ပြောရရင်တော့ ဆက်တိုက် ၁၃လနဲ့တပတ်၊ သူ့မတိုင်ခင် ၂လမှာ ၃ရက်-၆ရက်အထိ တပတ်တရက် တိုးတိုးစမ်းကြည့်တယ်။ ကိုယ့်ခံနိုင်ရည်စွမ်းကို စမ်းချင်နေတုန်း သက်သတ်လွတ် ရက်ပိုင်းစားသူ အဖော်ကောင်းနဲ့တွေ့လို့ လမ်းကြုံစီး လိုက်ရင်းက အရင်က မစားဘူးပဲနဲ့ အချိန်တိုအတွင်း အပြောင်းအလဲတခုကို စမ်းသပ်မိတယ်။ စိတ်အစွဲအလန်း သိပ်မထားပေမဲ့ ဒီလိုစားနိုင်ဖို့ သာမန်ထက်ထူးကဲတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဝါယမအား စိုက်ရတာတော့ သိတယ်။ ရွာသားအချို့ ပြောသလို သက်သတ်လွတ်ကို အပြု၊ အပျက် နှစ်ခုစလုံးနဲ့ ဝေဖန်ဖူးတယ်။ ဒေဝဒတ်၊ ဟိန္ဒူဝါဒ၊ ဘိုးတော်လမ်းစဉ် ဆိုတာ စိမ်းနေတဲ့ စကားလုံးများ မဟုတ်ပါ။ ယခုဆိုရင် အာရှတိုက်သာမက တကမာ္ဘလုံး အထူးသဖြင့် အနောက်ကမာ္ဘမှာ […]


who whoMarch 27, 20111min00
ဒီနေ့တော့ ကျနော်နဲ့ ရန်သူ အာသဝတို့ ဆုံဆည်းလာရပုံလေးကို ပြန်လို့ အနှစ်ချုပ်တွေးမိနေပါတယ်။ ဘယ်လိုကစလို့ သူတို့ကို တွေ့ရှိသွားရပါ လိမ့်ဆိုတာကစ အတွေးနယ်ချဲ့မိတော့သည်။ အရင်ဆုံးကတော့ အလုပ်တွေမအားလွန်းရာကစတာပါပဲ။ အင်း…ငါ ဒီနေ့သာ အလုပ်တွေ ဒီလောက်များတာပါ။ နက်ဖြန်တော့ နားရချည်သေးရဲ့ လို့ မျှော်မှန်းလိုက်တိုင်း မအားရာ မအားကြောင်းတွေက အမှတ်မထင် ဝင်ဝင် လာပြန်တယ်လေ။ ဒါကို သတိထားမိတာက တော်တော့ကို ကြာနေပါပြီ။ အင်း တစ်ရက်လောက်များ ဘာလုပ်စရာမှ မရှိပဲ အေးအေးဆေးဆေးလေး နေရရင် ကောင်းမယ်လို့များ တွေးထားမိရင် ပိုတောင်ဆိုးသေးတယ်ဗျာ။ ဘယ်က ဘယ်လို ပေါ်လာမှန်းမသိတဲ့ အကြောင်းတွေလေ။ အင်း…ဒါတွေကြောင့်ပဲ ကျနော့်မှာ မသင်္ကာဖြစ်လာရတာပေါ့နော်။ တစ်စုံတစ်ယောက်ကများ ငါ့ကို မအားမနားရအောင် ဖန်တီးခိုင်းစေနေသလားလို့ ဆိုတဲ့ သံသယစိတ်ကလေး ဝင်လာရတယ်လေ။ ဇာတ်လမ်းက […]

saber-toothed.jpg

လက်တွေ့ရုပ်ဝါဒီဘီလူးများကို ဘယ်လိုချေချွတ်ရပါ့မလည်း အကြံထုတ်နေတုန်း ရာဟူးသတင်းမှာ သက်သတ်လွတ်နဲ့ဆိုင်တဲ့ သတင်းတပုဒ်တွေ့လို့ ဘာသာပြန်ပို့စ် တင်လိုက်ပါသည်။ ရေးထားတဲ့ပို့စ်ရှေ့မှာ ဘာသာပြန်သူ ကိုကြောင်ကြီးရဲ့ အာဘော်ကို မေတ္တာရှေ့ထားပြီး ၎င်းတို့အပ္ပါယ်လေးဘုံမှ လွတ်ကင်းစေရန် ရေးထားသည်။ မီညောင် မီညောင်…. ရွာသားအချို့ လက်တွေ့အားကိုးပြီ သိပ္ပံပညာကို ကိုးကွယ်ကြသည်။ ရုပ်ဝါဒီအစွန်း ရောက်ကုန်တာကို မှန်တယ်၊ အမြော်အမြင်နှင့် ပြည့်စုံတယ် ထင်ကြသည်။ သဒ္ဓါလွန်အစွန်းဝါဒကို ဆန့်ကျင်ရင်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး ပြောင်းလဲမှုသဘောတရားကနေ သွေဖီကုန်ကြသည်။ သက်သတ်လွတ်စားခြင်းသည် သတ္တဝါတွေရဲ့ မူလအကျင့်စရိုက် ဟုတ်မဟုတ်ကို ရုပ်ဝါဒီများက အစွယ်ရှိတဲ့ သတ္တဝါမှန်ရင် အသားစားသည်။ အသားစားနိုင်ဖို့ သဘာဝတရားက အစွယ်ထည့်ပေးထားသည်။ အစွယ်မရှိသော သတ္တဝါသာ အပင်သီးနှံများ စားကြသည်ဟု ဆိုကြသည်။ ၎င်းတို့နှင့် ဆန့်ကျင်ဖက်များကို သက်သေပြနိုင်သောအခါ […]


who whoMarch 25, 20111min04
ဒီနေ့တော့ စောစောစီးစီး ဘုရားရှိခိုးလို့ မြတ်ဘုရားရှေ့မှောက် ဆွမ်း တော်ကပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လို့ ဆန်းစစ်ကြည့်နေမိပါတယ်။ ဒီအလုပ် တွေကရော ဘယ်သူက စေခိုင်းလို့ လုပ်နေရတာပါလဲဆိုတာကိုလေ။ တစ်နေ့ တစ်နေ့လုပ်နေရတဲ့ လည်ပတ်နေရတဲ့ အလုပ်တိုင်းက အာသဝ လက်အောက် က လွတ်တယ်လို့မှ မရှိတာပဲမလား။ ခုလို ကုသိုလ်တွေ လုပ်နေရတာတွေ ကရော သူတို့လက်အောက်ကမှ လွတ်ရဲ့လားလို့ တွေးမိသွားပါတယ်။ ဒါဆိုရင်တော့ ဒီမေးခွန်းလေးကိုသာ အရင်ဖြေလိုက်ပါတော့လို့ ကိုယ့် ကိုယ်ကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ “နင်လုပ်နေတဲ့ ကုသိုလ် အလုပ်တွေ ဟာ သစ္စာသိပြီး လုပ်တဲ့ အလုပ်ဟုတ်ရဲ့လား”လို့ ပြန်မေးလိုက်ရပါတယ်။ “ဟင်..ဒါကတော့ ဘယ်သိဦးမှာလဲ။ သစ္စာသိအောင်လုပ်ဖို့ အချိန်မရအောင်မှ သူတို့က လုပ်ထားတာဥစ္စာကို ။ သစ္စာမသိပေမယ့် ကုသိုလ်လုပ်နေတာပဲ ကောင်းတာလုပ်နေတာပဲလေ။ ဘာများမှားနေလို့လဲ”ဆိုတဲ့ […]


သက်သတ်လွတ်ကိစ္စကို ဘာသာရေးရှုထောင့်က မကြည့်ဘဲ လူသားကျင့်ဝတ်ကနေကြည့်ပြီး ရေးချင်စရာတွေ ရင်ထဲမမျှအောင်ရှိနေခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အတိုင်းအတာနဲ့ရေးမှာ မဟုတ်ဘဲ မြန်မာပြည်အတိုင်းအတာကိုသာ ရေးမှာပါ။ အဓိက ခံစားရတဲ့အပိုင်းက တိရစာ္ဆန်ကို သတ်ပုံသတ်နည်းပါ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ဝက်သတ်နည်းဟာ ဝက်ရဲ့နံကြားထဲကို ဓားမြှောင်နဲ့ တစ်ချက်တည်းထိုးချပြီး သတ်တဲ့နည်းပါ။ နှစ်ချက်ထိုးစရာတောင် မလိုဘူး။ တကယ့်ကို တစ်ချက်တည်းမှ တစ်ချက်တည်း။ ဝက်က အိခနဲအော်ပြီး လဲသွားတာပဲတဲ့။ ဒါက ကျွန်တော် မမြင်ဖူးဘူး။ ဝက်သတ်တဲ့လူ ပြောပြလို့သိရတာပါ။ အဲဒီလို သတ်နည်းနဲ့ သတ်ပေးရတာ ဝက်တစ်ကောင်သတ်ခ ၅ဝကျပ်ပဲ ရပါတယ်တဲ့။ အခုခေတ် ဝက်သတ်နည်းကတော့ ဝက်ကို သေအောင်သတ်တာမဟုတ်ဘဲ မသေအောင် သတ်တဲ့နည်းပါတဲ့။ ဝက်သတ်ရုံထဲမှာ ပတ်ပြေးနေတဲ့ဝက်ရဲ့ ဦးခေါင်းကို တင်းပုတ်နဲ့ အားကုန် ရိုက်ထည့်၊ ဝက်က ဆန့်ငင်ဆန့်ငင်နဲ့ […]