asiamastersApril 27, 20111min03
  ၁။         ကျွန်ုပ်၏ အယူဝါဒ- ၃ မှာ လူသားများမှန်မှန်ကန်ကန် ရှင်သန်ရန်နိုင်အောင် ကြိုးစားရာတွင်လိုအပ်သည့် အခြေခံ လိုအပ်ချက်ကြီး ခြောက် ရပ် ဖြစ်သည့် ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု၊ လောကအမြင် တို့အနက်မှ ဝင်ငွေ ဖြစ်ပါတယ်။ ဝင်ငွေကို အင်္ဂလိပ်ဘာသာစကားဖြင့် (Income) လို့ခေါ်ပါတယ်။ အနက်မှာ မိမိ၏ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် တရားဥပဒေနှင့်အညီ မျှမျှတတရရှိသည့် လုပ်အားခဖြစ်သည်။ ဒီနေ့ခေတ်လူသားတစ်ဦးမှာ ဝင်ငွေလမ်းကြောင်း တစ်ခုမရှိခဲ့ရင် ဒီလူဟာ မကြာခင်မှာ အခက်အခဲများ၊ စိတ်ပင်ပန်းဆင်းရဲမှုများ၊ သူတစ်ပါး၏အထင်အမြင်သေးမှုများ၊ အဆင့် အတန်းခွဲခြားမှုများ၊ မိမိချစ်ခင်မြတ်နိုးသူများ၏ စွန့်ပယ်ခြင်းများ၊ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာက ဒီနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပါတယ်။ ဒီလူသားတွေကိုယ်တိုင်က […]


asiamastersApril 25, 20111min04
    ၁။         ကျွန်ုပ်၏ အယူဝါဒ-၂ မှာ လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း ဖြစ်ပါတယ်။ ရည်ရွယ်တဲ့အကြောင်းကို အင်္ဂလိပ် ဘာသာစကားဖြင့် (Purpose) ဟုခေါ်ပါတယ်။ “လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း” ဆိုတော့ အင်္ဂလိပ်စကားဖြင့် (Purpose of life) လို့ ဆိုရမှာဖြစ်ပါတယ်။ လူသားတွေဟာ လူ့အသုံးအဆောင်ပစ္စည်းတွေပြုလုပ်ရာမှာဖြစ်စေ၊ ပရိဘောဂများ ပြုလုပ်ရာ မှာ ဖြစ်စေ၊ နေထိုင်ရာအိမ်ယာများဆောက်လုပ်ရတွင်ဖြစ်စေ၊ တံတားများ၊ လမ်းများ ဆည်မြောင်းတာတမံများ တည်ဆောက်ရာ တွင်ဖြစ်စေ၊ ရည်ရွယ်တဲ့ အကြောင်းရင်းတွေရှိကြပါတယ်။ ရည်ရွယ်တဲ့ အကြောင်းရင်းကောင်းရင် များများပိုအသုံးဝင်မယ်၊ ရည်ရွယ် တဲ့ အကြောင်း မကောင်းရင်တော့ ကိုယ်လုပ်ခဲ့တဲ့ ပစ္စည်းတွေဟာ အသုံးမဝင်ပဲ အပိုဖြစ်ယုံမက၊ ရှားပါးတဲ့ ကိုယ့်ရဲ့ အရင်းအမြစ် တွေပါ အားလုံးဆုံးရှုံးသွားရမှာဖြစ်ပါတယ်။ နောင်လာနောင်သားအားလုံးအတွက် ဆပ်မကုန်နိုင်သော အကြွေးများ ကျန်နေမှာဖြစ် […]


asiamastersApril 25, 20111min04
  ၁။         ကျွန်ုပ်၏ အယူဝါဒ-၁ ဆိုတာက မှန်မှန်ကန်ကန်ရှင်သန်မယ် ဆိုတဲ့ အယူဝါဒဖြစ်ပါတယ်။ အယူဝါဒကို အင်္ဂလိပ် ဘာသာ စကားဖြင့် (Doctrine) လို့ခေါ်ပါတယ်။ Doctrine ဆိုတာက ကျွန်တော်ရဲ့ ယုံကြည်ချက်တစ်ခု (သို့) ယုံကြည်ချက်တွေ ကို စုစည်း ထားခြင်းဖြစ်ပါတယ်။ ဒီလို ယုံကြည်ချက်တွေပေါ်လာရတာကလည်း ကျွန်တော်ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ လူ့ဘဝပတ်ဝန်းကျင် တွေမှာ တွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့စမ်းသပ်နေထိုင်မှုတွေကနေရလာတဲ့ လောကအမြင် (Philosophy) က နေတစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လောကအမြင်ဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင် မှာရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ရှုမြင်ပုံ၊ လူသားတွေရဲ့ အခန်းကဏ္ဍ နဲ့ လူသားတွေရဲ့ မရှောင်လွှဲနိုင်တဲ့ အနာဂတ် အဖြစ်အပျက်များပဲ ဖြစ်ပါ တယ်။ “ မှန်မှန်ကန်ကန် ရှင်သန်မယ်” […]


True AnswerApril 24, 201111min00
Real Meditation Real meditation is neither doing nor doing nothing TAKING THEM AS REALITY. Real meditation is Neither action nor inaction taking them as reality. At the view of original truth, real meditation is just remembering the powers of original truth_real impermanent nature which is constant and forever. At first, real meditation is …Just believing(accepting) […]


ဆူးApril 23, 20111min041
ရဟနာ္တနဲ့ ပုဂ္ဂိုလ်ထူးများ စာအုပ်ကို အောက်ပါ လင့်တွင် ဒေါင်းလုပ်ပြီး ဖတ်ရှုနိုင်ပါသည်။ http://www.mediafire.com/?wzwojjj25ut# ဒီမှာတော့ အဲဒီလို မတင်တတ်တဲ့ အတွက် လင့်ပဲ ပေးလိုက်ပါသည်။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ရန် ရှာဖွေ တင်ပေးလိုက်ပါသည်။


who whoApril 21, 20111min05
ပွဲကတော့ ပွဲကြီးပွဲကောင်းပါပဲ။ သူများလိုတော့ အလှမယ်ရွေးချယ်ပွဲ တို့ ၊ မယ်စင်္ကြာဝဠါ ရွေးပွဲတို့တော့ မထင်လိုက်ပါနဲ့။ ခုလုပ်မယ့် ပြိုင်ပွဲကတော့ မယ်ဒုက္ခစစ်ရွေးချယ်ပွဲလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဒီမှာ လာပြိုင်ကြမယ့် ဒုက္ခ မယ်တွေကတော့ စာရင်းတွေပေးထားလိုက်ကြတာ အမျိုးမျိုးပါပဲ။ လုပ်မယ့် ရှိုးခန်းမကြီးကတော့ ကျနော့ ခန္ဓာအိမ်ဖြူတော် ခမ်းမကျယ်ထဲမှာပါပဲ။ ဒီထဲမှာ ဒုက္ခမယ်တွေက အလှည့်ကျ အစဉ်လိုက်ကိုပဲ ဝင်ရောက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ယှဉ်ပြိုင်တဲ့ထဲကမှ ဒုက္ခစစ်ကို ရွေးချယ်လို့ သရဖူ ပေးအပ်မှာ ဖြစ်ပါတယ်။ “ဉာဏ်”ကို ဒိုင်လူကြီးနေရာမှာထားလို့ သူကပဲ အမှတ်ပေးလို့ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ပွဲစဉ်မှာ အလှည့်ကျတဲ့ ဒုက္ခမယ်တွေ တစ်ဦးစီက ဒီခန္ဓာကြီးအပေါ် ဘယ်လောက်ထိ ဒုက္ခတွေ ပေးနိုင်တယ် ဆိုတာကို သူ့လက်စွမ်းတွေနဲ့ လက်တွေ့ပြသွားရမှာ ဖြစ်ပါတယ်။ […]

root-killer.jpg

လူတိုင်းတွင် အစွဲကိုယ်စီရှိကြသည်။ သူဌေးက စည်းစိမ်ဥစ္စာကို စွဲသလို ဆင်းရဲသားကလည်း ရှိသမျှလေးကိုစွဲသည်။ ငွေမရှိတောင် သားမယား၊ ချစ်သူ ခင်သူကိုစွဲသည်။ ဘုရား၊ ရဟနာ္တတို့မှလွဲ၍ ကျန်ဝေနေယျ သတ္တဝါများအားလုံးတွင် အနည်းနှင့်အများ အစွဲရှိသည်။ ယုတ်စွအဆုံး အထက်အရိယာ အနာဂါမ်ကြီးများပင် မလွတ်၊ သူ့အတိုင်းအတာနှင့်သူ ရှိကြသည်။ ကောင်းသောအစွဲ၊ ဆိုးသောအစွဲ၊ မှန်သောအစွဲ၊ မှားသောအစွဲဟူ၍ စွဲကြပြီး သုဂတိ၊ ဒုက္ခတိဘုံများတွင် ကျင်လည်ရသည်။ ဤအစွဲကပင် ဗုဒ္ဓဘာသာနှင့် အခြားဘာသာအယူဝါဒတို့၏ ကွာခြားချက်ဖြစ်သည်။ အစွဲသည် သံသရာလွတ် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြောင်းဖြစ်သည်၊ ငရဲ၊ ပြိတ္တာ အပ္ပါယ်လေးဘုံ ရောက်ကြောင်းဖြစ်သည်။ ဖခင်သတ်၍ ထီးနန်းယူသော အဇာတသတ်မင်းအား ပြုခဲ့သော အကုသိုလ် များကို စိတ်မစွဲရန် တရားချနိုင်မှ စိတ်တည်ငြိမ်ပြီး သရဏဂုံတည်သည်။ သဲအင်း ဓမ္မကထိက […]


True AnswerApril 18, 20111min07
၁) နှစ်သစ်တိုင်းအတွက် အလိုအပ်ဆုံး (သို့) ၁၃၇၃ နှစ်သစ်သန္နိဋ္ဌာန်(NEW YEAR RESOLUTION) ရာသီအလီလီ ၊ နှစ်တွေအလီလီပြောင်းခဲ့ပါပြီ။ ယခုဆိုလျှင် မြန်မာနှစ်သစ် ၁၃၇၂ မှ ၁၃၇၃ သို့ စတင် ချည်းနှင်းဝင်ရောက်လေပြီ။ အသက်တွေပြောင်း၊ နှစ်တွေပြောင်းလာပေမယ့် ကျွန်တော်တို့ရဲ့ ဘဝနဲ့ ပတ်သက်ပြီး နားလည်မှု၊ သဘောထား ကတော့ ပြောင်းလဲဖြစ်ပေါ်လာခြင်းမရှိသေးပါဘူး။ ကျိန်းသေသည်ကတော့ ကျွန်တော်တို့ မနှစ်ကတွေးနေခဲ့သည့်အတွေးများနှင့် ယင်းအတွေးများကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုများ သည် ယခုနှစ်သစ်မှာဖြစ်နေသည့် အတွေးများ ခံစားမှုများနှင့် သိပ်ပြီး ကွာဟမှုမရှိခြင်းပင်ဖြစ်သည်။ အရင်အတိုင်းပဲ ဟု ဆို၍ ရနိုင်ကောင်းသည်။ ဤအတိုင်းဆိုလျှင် မနှစ်ကထက် ထူးပြီး ပြောင်းလဲမှုမရှိ ဖြစ်နေပြီ ဆိုသည်မှာ ကျိန်းသေသလောက် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ဟောင်းတွင် တကယ်စိတ်အေးချမ်းသာ […]


True AnswerApril 16, 20111min04
2010-2011 ဒီနှစ်တွင်း ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ တရားစာအုပ်လေး(၃)အုပ် ကို အနည်းငယ်ထပ်မံ edition လုပ်လျှက် ဓမ္မဒါနပို့လိုက်ပါတယ်ခင်ဗျား- သစ္စာတရားတော်များကို နားလည်မှုလွယ်ကူစေရန် ရည်သန်လျှက် ကျွန်တော် ဉာဏ်မီသလောက် ကြိုးစားရေးသားထားခြင်းပါ။ အမှာစာ အချိန်ပေးပြီး ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ပါသည်။ လောကမှာ ဘာကို အဓိကထားရမလဲ တန်ဖိုးထား ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မှန်ကန်စွာ သိလိုကြသူများ ရှိသလို… ဘာကိုပဲ အဓိက ထားမည်ဆိုပြီး ဆုံးဖြတ် ပြီးသား လူတွေလည်း ရှိကြပါတယ်… ဘာကို အဓိက ထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဟာ ဘာသာရေး ကျမ်းစာအုပ်များ၊ တက်ကျမ်းများ၊ လောကနီတီ အကိုးအကား များနှင့် လည်းကောင်း- တချို့လည်း မိမိကိုယ်တွေ့ […]

dayandnight2.jpg

ငယ်စဉ်က တရားစခန်းဝင်ပြီး ပြန်ထွက်လာတော့ လူတွေဘာကြောင့် သစ္စာလေးပါးတရားကို တပြေးညီ လက်မခံနိုင်ကြသလဲကို အတ္တနဲ့ စူးစမ်းမိပါတယ်။ ဘာသာခြား မြန်မာသူငယ်ချင်း တဦးက ငါတို့လည်း ဘုရားရှိခိုးရင် မမြဲလို့ရွတ်တယ်၊ ဖြစ်ပျက်လို့ မင်းတို့ပြောတဲ့ ရုပ်ဝတ္ထုတွေ ကာလကြာလို့ ဟောင်းနွမ်းပျက်ဆီးသွားတာ ဘာဆန်းလည်းလို့ ရင်းရင်းနှီးနှီး ပြောပါတယ်။ ကိုယ်သိတဲ့ အသိကလဲ အပြင်မှာ မြင်တွေ့ကြားသိရတဲ့ အရာတွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားတာကို ဖြစ်ခြင်းပျက်ခြင်း ဆိုတော့ မကျေနပ်တာကလွဲလို့ ကြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါ။ ဖြစ်ပျက် (မမြဲ၊ ဆင်းရဲ၊ အစိုးမရ) တွေကို ရှိနေ၊ ဖြစ်နေတဲ့ အရာတွေ ပျက်သွားတဲ့အခါ ဥပမာ- ပစ္စည်းတခု ကျကွဲရင်၊ လူသေရင် ပြောလေ့ရှိတယ်။ တရားစခန်းဝင်တဲ့ မိတ်ဆွေများကို မေးရင်လည်း ပြောင်းလဲဖောက်ပြန်တဲ့ ရုပ်ကြီးကို စိတ်နဲ့ကြည့်ပြီး […]


bigbirdApril 10, 20111min07
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လာချ်စီမာမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ ဆီမန်းချက်ပွဲတစ်ခုကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါဆီမန်းချက်ပွဲကို ဘုန်းကြီး ၁၁ပါးအပြင် ရသေ့ ၅ပါးတက်ရောက်ခဲ့ကြပါတယ်။ ရသေ့ တစ်ပါးဟာ မီးဖိုပေါ်မှာရှိတဲ့ အုန်းဆီအပါအဝင် အမျိုးပေါင်း၁၀၈မျိုးပါဝင်ချက်ပြုတ်ထားတဲ့ ဆီပူပူဒယ်အိုးကြီးထဲမှာ နာရီဝက်ကြာ ထိုင်ပြီးဂါထာရွတ်ဖက်ခဲ့တယ်လို့ဆိုပါတယ်။ ဒယ်အိုးထဲကထွက်လာပြီးသည့်နောက်မှာလဲ လာရောက်သောပရိတ်သတ်ထဲမှ တစ်ယောက်ကိုခေါ်၍ ငှက်ကြီးတောင်ဓါးရှည်ဖြင့် နောက်ကျောကိုခုတ်ပြခဲ့ရာ ထိုသူမှာ မည်သည့်ဒဏ်ရာမှ မရရှိဘူးဟု ဆိုပါတယ်။ အဆိုပါ ဆီမန်းချက်ပွဲ ပြုလုပ်နေချိန်တွင် လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှာသာယာနေရာမှ ဂါထာများ၏တန်ခိုးကြောင့်ဟုဆိုကာ ချက်ချင်းဆိုသလို မိုးအုံ့လေပြင်းတိုက်လာပြီး ပြန်လည်သာယာလာသည်ဟုဆိုပါတယ်။ အဆိုပါဆီမန်းချက်ပွဲကိုပြုလုပ်ရခြင်းမှာ အိုမင်းနေပြီးဖြစ်တဲ့ ကျောင်းအားပြန်လည်ပြုပြင်ရန်အတွက်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ တစ်ချို့ကတော့ နည်းတစ်မျိုးမျိုးသုံး၍ လိမ်လည်သည်ဟု ဆိုနေကြပါတယ်။ အဆိုပါသတင်၏အောက်တွင် ” ဖက်ရှုသူများ စဉ်းစားချင့်ချိန်၍ ယုံကြည်ပါရန်” ဟု ပူးတွဲပါရှိပါသည်ခင်ဗျာ။

Railway-track.jpg

http://www.yinthinnei.blogspot.com/ မှာတင်ပေးထားတဲ့ သဲအင်းဂူ ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော ငရဲခန်း တရားတော် အသံဖိုင်နဲ့ကို နာကြည့်စေလိုပါသည်။ ဘုန်းကြီးများ ပရဟိတလုပ်ငန်းများ ထဲထဲဝင်ဝင် လုပ်သင့်မသင့်ကို တလောက ရွာထဲမှာ အချင်းချင်း အမြင်ဖလှယ်ရင်းက ဆက်စပ်နေတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုများ အကြောင်းကို တွေးမိပါတယ်။ ပြည်ပသာသနာပြု ဘုန်းကြီးများအတွက် ဘဏ္ဍာရေးအပိုင်း မြင်တာလေးကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေး မလို့ပါ။ နိုင်ငံခြား တိုင်းပြည်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေဟာ ပြည်တွင်းကကျောင်းတွေနဲ့ ကွဲပြားတာ အတော်များ ပါလိမ့်မယ်။ ကျောင်းတည်နေပုံကအစ လူအများနဲ့ ဆက်ဆံရေးအဆုံး အဆင်ပြေသလို လုပ်ရတာမို့ ယေဘူယျခြုံကြည့်ရင် မြန်မာပြည်မှာလို မပြည့်စုံဘူး ပြောနိုင်ပါတယ်။ ကောင်းတာလည်း အများကြီး ရှိပါတယ်။ မြန်မာအနေများတဲ့မြို့မှာ ဘုန်းကြီးကျောင်းတကျောင်း အခြေကျရင် ရေ၊ မီး၊ ပစ္စည်းလေးပါး ရှားမယ် မထင်ပါဘူး။ […]