အင်း…ကျနော့ခန္ဓာအိမ်ကြီးမှာက ရန်သူတွေ တပ်စွဲပြီး ဖြစ်နေပါပြီ။ အရင်ကတော့ အဲလို ရန်သူ့လက်အောက် ရောက်လို့ရောက်မှန်း မသိလေ တော့ မိုးလင်းမိုးချုပ် သူတို့ခိုင်းတာကို ပျော်ပျော်ကြီးကို လိုက်လုပ်လို့ အဟုတ် ကြီးထင်ပြီး ငါကွလို့ ဂုဏ်တွေတောင် ယူနေပါသေးရဲ့နော်။ အင်း…သိပါပြီ။ သစ္စာသိခွင့်မရအောင် မျက်လုံးပိတ်လို့ အချိုသပ်ခိုင်းခံနေရတဲ့ ကိုယ့်ဘဝ ကိုယ် ဒုက္ခတွင်းထဲကျနေပါပေါ့လားလို့ သိလိုက်ရပါပြီ။ သစ္စာလေးပါးနဲ့ ယောင် လို့တောင် တွေ့ခွင့်ဆုံခွင့် မရရလေအောင် အဝိဇ္ဇာဆိုတဲ့ ခေါင်းဆောင်ကြီးက မျက်လုံးပိတ်၊ နားပိတ်လို့ သူ့တပည့် သုံးယောက်ကို တာဝန်တွေပေးလို့ အချိတ်အဆက်မိအောင်ကို လှည့်ခိုင်းလည်ခိုင်းနေလိုက်ကြတာ။ ဟူး…ဒီလက် အောက်က လွတ်ဖို့ကတော့ ဘယ်နှယ့်များ လုပ်ရပါ့မလဲဆိုတာ တွေးရင်းနဲ့ တောင် စိတ်တွေ မွန်းကျပ်လာရပါပြီ။ ဒီနေ့လည်း ကြည့်ပါဦးတော့။ သူတို့ခိုင်းတာလေး လုပ်ရင်းက သူတို့ […]

