kaiJune 26, 20172min02
Adjective clauses လေးတွေအကြောင်း အတော်စုံစုံလင်လင်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာ adjective clauses လေးတွေနဲ့ ဆက်နွယ်နေတဲ့ adjective phrases လေးတွေအကြောင်းဖော်ပြလိုပါတယ်။ ဦးစွာပထမ Sentence, Clause, phrase တို့ ကွာခြားချက်ကို နားလည်သဘောပေါက်သွားအောင် ရှင်းပြလိုပါတယ်။ sentence ဆိုတာကြိယာပါတဲ့၊ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုတခုပေါ့နော်။ ဥပမာ-“I am an NLD supporter.”ဆိုတဲ့ စကားစုလေးမှာ “be”ကြိယာလည်း ပါတယ်။ အဓိပ္ပါယ်ကလဲ ပြီးပြည့်စုံနေတာဖြစ်သည့်အတွက် ဝါကျတခု တနည်းအားဖြင့် sentence လို့ သတ်မှတ်နိုင်ပါတယ်။ အဲ although I am an NLD supporter ဆိုတဲ့ စကားစုလေး ကြတော့ ကြိယာ “be”ပါနေသော်လည်း အဓိကမပြည့်စုံတော့ sentence လို့သတ်မှတ်လို့မရပါ။ မြန်မာလို […]


Supercalifragilisticexpialidocious ဟူသော အင်္ဂလိပ်ဘာသာစကား၏ အရှည်လျားဆုံး ဝေါဟာရတွင် စာလုံးပေါင်း ၃၄ လုံးပါရှိသည်။ ယင်း ဝေါဟာရကို ၁၉၆၄ ခု၊  Mary Poppins ဒစ္စနေ ဂီတရုပ်ရှင်တွင် စတင်တီထွင် သုံးစွဲခဲ့ရာမှ ကမာ္ဘတစ်ဝှမ်း ရေပန်းစားလာခဲ့သည်။ ထိုသီချင်း၏ တေးရေးဆရာမှာ Sherman Brothers ဖြစ်ပြီး သီဆိုသူမှာ Julie Andrews နှင့်  Dick Van Dyke တို့ဖြစ်သည်။ တေးသွားလေးကား ချစ်စရာ။ Supercalifragilisticexpialidocious. Even though the sound of it is something quite atrocious, if you say it loud enough you’ll always sound […]


kaiMay 23, 20172min03
အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် အရင်လက adjective clause လေးတွေအကြောင်းအထိုက်အလျောက် ဖော်ပြခဲ့ပြီးပါပြီ။ လိုအပ်တာလေးတွေကို ဒီလမှာဖြည့်စွက်ပေးဖို့ရည်စူးထားပါတယ်။ မစိုးရိမ်ကြပါနဲ့။ စစ်တပ်ကလူကြီးတွေလို ကိုယ့်ဖို့လို အပ်တာလေးတွေကို အကုန်ယူပြီး ပြည်သူလူထုကိုတော့ ဗိုက်ဟောင်းလောင်းနဲ့ထားခဲ့ဖို့ မရည်ရွယ်ပါဘူး။ Adjective clause ဆိုတာ (၂)မျိုး (၂)စား ရှိပါတယ်။ identifying clause နဲ့ Non-identifying clause ဆိုပြီး (၂)မျိုးရှိပါတယ်။ identifying clause လေးတွေကို comma မပါဘဲသုံးပြီး non-identifying clause လေးတွေကိုတော့ comma လေးတွေနဲ့ သုံးရပါတယ်။ ဒီနေရာမှာ တချို့ကထင်မယ်။ ဒီဆရာအလကားလာပြီးရှုပ်နေတယ်။ ဒီ comma လေးတွေကိုချန်ထားခဲ့မယ်။ မေ့ထားခဲ့မယ်ဆိုရင်ဖြစ်ပါတယ် စသဖြင့်ပေါ့လေ။ဒီတော့ အောက်မှာဖော်ပြထားတဲ့ ဝါကျလေး(၂)ခုကိုယှဉ်ကြည့်လိုက်ပါ။ comma လေးတွေရဲ့အရေးပါပုံထင်ထင်ရှားရှားမြင်ရပါလိမ့်မယ်။ “My mother, who […]


zaw winMay 7, 20171min02
ငါတို့ရဲ့အတ္တတွေ ငါမှန်တယ်ထင်ခဲ့တာတွေ ငါတို့ကြောင့် ဘဝတွေပျက်ခဲ့ရတဲ့ပြည်သူတွေ ဘာမှန်းမသိ ဘဝတွေဆုံးရှုံး အနာဂတ်တွေပျက်စီး လူလုံးမလှတဲ့ ကလေးငယ်လေးတွေ ငါတို့တွေညီညွတ်ပြီး ငြိမ်းချမ်းရေးသာတန်ဖိုးထားခဲ့ရင် သူများနိုင်ငံတွေလို ဘဝတွေအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းကြမှာပါ။ မင်းသုတ 15:00 PM 29.4.2017


                        ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း ———————————- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က “ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ “ဘာသာပြန်သူဟာ အမှားပေါင်း […]


kaiApril 28, 20172min05
အရင်လက Conditional Clause လေးတွေအကြေင်း အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ စကားပြောသည့်အခါဖြစ်စေ၊ စာရေးသည့်အခါ၌ဖြစ်စေ တော်တော်လေးအသုံးဝင်တဲ့ Adjective Clause လေးတွေ အကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။ Adjective Clause ဆိုတော့ adjective တွေရဲ့ ဝသီအတိုင်း Noun ကို အထူးပြုမှာဖြစ်ပါတယ်။ ဝါကျတစ်ခုမှာ adj clause ကို နှစ်နေရာမှာ တွေ့ရှိနိုင်ပါတယ်။ ပထမဆုံး နေရာကတော့ subject ကတ္တားရဲ့ အနောက်ဘက်မှာကပ်လျက်တွေ့ရတတ်ပါတယ်။ ဥပမာ – “The man who works for my dad lives in San Jose” The man = subject Who works for […]


kaiJanuary 25, 20172min02
ယခုလိုနှစ်ဆန်းကာလမှာ New Year Resolutions တွေလုပ်တတ်ကြတာ လူတိုင်းလိုလိုပါဘဲ။ ဒါပေမယ့် တချို့လူများကသာ ဒီ New Year Resolution လေးတွေကို တိတိကျကျလိုက်နာပြီပိုမိုတိုးတက်အောင်မြင်သွားကြတယ်။ အများစုကတော့ ဒီ New Year Resolutions လေးတွေကို ခေတ္တခဏသာလိုက်နာနိုင်ပြီး လပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း နဂိုမူလဘဝကိုပြန်ရောက်သွားကြတယ်။ တိုးတက်အောင်မြင်ဖို့ဝေလာဝေး၊ ဆုတ်ယုတ်ပျက်စီးသွားတာမျိုးတောင် ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလည်းဟုဆိုရင် Future Perfect tense ကို နားလည်းမလည်၊ သုံးလည်းမသုံးတတ်ကြလို့ပါဘဲ။ Future Perfect tense ကို ကောင်းကောင်းသုံးတတ်သူများကတော့ အောင်မြင်မှုသရဖူဆောင်းပြီး လောကအလယ်မှာ တင့်တယ်နေကြတယ်။ အောက်ပါဝါကျနှစ်ခုကို ယှဉ်ကြည့်လိုက်ပါ။ “I will lose fifty pounds and become healthy.” “I’ll have […]


kaiDecember 27, 20162min02
၂၀၁၆ နှစ်ဟောင်းကို နှုတ်ဆက်လို့ ၂၀၁ရ နှစ်သစ်ကိုကြိုဆိုနေကြတဲ့ ခုလိုချိန်ခါမျိုးမှာ အနာဂတ်ကို မျှော်မှန်းပြီးကြည့်တတ်ကြတာ လူ့သဘာဝပါ။ ဒီတော့အနာဂတ်မှာလုပ်မဲ့ကိုင်မဲ့ကိစ္စလေးတွေကို English လို ဘယ်လိုများဖေါ်ရပြရမည်းလို့ မေးသင့်ပါတယ်။ စင်စစ်အနာဂတ်ကို English လို(၄)မျိုးဖော်ပြနိုင်ပါတယ်။ ဒီလမှာတော့ (၃)မျိုးကိုသာဦးစားပေးပြီးဖော်ပြပေးပါမယ်။ ဦးစွာပထမအနာဂတ်ကို simple future tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ သူ့ရဲ့ form လေးက လွယ်ပါတယ်။ ကြိယာ base form ရဲ့ရှေ့မှာ will လေးထည့်ပေးလိုက်ရုံပါဘဲ။ ဒီတော့ “I will visit Burma in the summer.” “I will buy a home in September.” “I will get a new […]


Mon LayDecember 19, 20161min00
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayDecember 14, 20162min01
သင်ဟာ စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက် ဆိုရင်Dublin မြို့က TrinityCollege စာကြည့်တိုက်ကို သွားရောက် လည်ပတ်သင့်ပါတယ်။ မယုံနိုင်လောက်အောင် ကြီးမားတဲ့ နှစ် ၃၀ဝ သက်တမ်းရှိတဲ့ Trinity College စာကြည့်တိုက်ကြီးဟာ ၁၇၁၂ ခုနှစ်ကနေ ၁၇၃၂ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စာကြည့်တိုက်ကြီး ရဲ့ အကြီးကျယ်ဆုံး နေရာထဲက တစ်ခုကတော့ ၂၁၃ပေရှည်တဲ့ အပြောင်မြောက်ဆုံး ဗိသုကာပညာ နဲ့ဆောက်လုပ်ထားတဲ့ The Long Room လို့ခေါ်တဲ့ အခန်းဘဲ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၂၀၀၀၀ဝ ထက် သာလွန်ပြီး သိမ်းဆည်းနိုင်ဖို့ အတွက် ၁၈၅ဝ ခုနှစ်တွေ မှာ The Long Room ကို ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ […]


kaiDecember 2, 20164min06
အရင်လတွေက Simple present, present progressive, present perfect, present perfect progressive တွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ လူသုံးအများဆုံးဖြစ်တဲ့ Simple past tense ကို လေ့လာကြရအောင်။ simple past မှာ “be” ကြိယာတခုတည်း၌သာ “အနည်း singular-was နှင့် အများ plural-were ဆိုပြီး form နှစ်ခု ရှိပါတယ်။ကျန်တဲ့ ကြိယာအားလုံးမှာ simple past ၌ form တမျိုးသာ ရှိပါတယ်။ ကျန်တဲ့ကြိယာအားလုံးမှာ simple past ဟာ simple present ထက်အများကြီးပိုလွယ်တာပေါ့။ ဒါပေမယ့် simple past tense ကို လေ့လာလိုသူတိုင်းသတိထားဖို့က irregular verbs […]


kaiSeptember 23, 20162min00
အရင်လက Simple Present အကြောင်းကိုတော်တော်စုံစုံလင်လင် ဖော်ပြခဲ့ပြီးပါပြီ။ Simple Present Tense ကိုယခုလောလောဆယ် ပစ္စုပန်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေအတွက် သုံးလို့မရ တာ သတိပြုမိကြပါလိမ့်မယ်။ ဒီတော့ယခုလောလောဆယ်ပစ္စုပန်မှာ ဖြစ်ပျက်နေတဲ့ကိစ္စလေးတွေကို ဘာTense သုံးပြီးဖော်ပြရမှာလဲလို့ မေးစရာဖြစ်လာပါတယ်။ အဖြေကတော့ Present Progressive ပါဘဲ။ တချိန်က present continuous လို့လည်းလူသိများခဲ့ပါတယ်။ present progressive မှာ Form သုံးမျိုးရှိပါတယ်။ am + ving ဥပမာ- “I am playing soccer right now.” is + ving ဥပမာ- “He is taking three classes this  semester.” are+ving  ဥပမာ […]


zaw winAugust 31, 20161min01
မတည့်ကြတဲ့ ညီအကိုမောင်နှမတွေ ရတက်မအေးနိုင်တဲ့ အမေအို တနေ့နေ့တော့ ချစ်ခင်စည်းလုံးမယ်လို့ ယုံကြည်နေတဲ့ အမေအို၊ ဇရာလည်း ထောက်လာပြီ အသံလည်း ပျော့လာပြီ တခါတခါ စကားမှား အရင်လို မသွက်လက်တော့၊ သားတို့ရယ် အမေ့ကိုချစ်ရင် အမေရဲ့ဆန္ဒ အမေရဲ့ယုံကြည်မှုတွေ လေမှာပျောက်သလို မပျောက်စေချင် သားတို့ရဲ့သားစဉ်မြေးဆက် အနာဂတ်လူငယ်တွေကောင်းစားဖို့အတွက် ကြိုးစားကြစေချင်။ (၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုပါ၏။) မင်းသုတ 17:30 P.M 31.8.2016