Dublin မြို့က ကြီးကျယ်ခမ်းနားတဲ့ စာကြည့်တိုက်ကြီး
သင်ဟာ စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက် ဆိုရင်Dublin မြို့က TrinityCollege စာကြည့်တိုက်ကို သွားရောက် လည်ပတ်သင့်ပါတယ်။ မယုံနိုင်လောက်အောင် ကြီးမားတဲ့ နှစ် ၃၀ဝ သက်တမ်းရှိတဲ့ Trinity College စာကြည့်တိုက်ကြီးဟာ ၁၇၁၂ ခုနှစ်ကနေ ၁၇၃၂ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
စာကြည့်တိုက်ကြီး ရဲ့ အကြီးကျယ်ဆုံး နေရာထဲက တစ်ခုကတော့ ၂၁၃ပေရှည်တဲ့ အပြောင်မြောက်ဆုံး ဗိသုကာပညာ နဲ့ဆောက်လုပ်ထားတဲ့ The Long Room လို့ခေါ်တဲ့ အခန်းဘဲ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၂၀၀၀၀ဝ ထက် သာလွန်ပြီး သိမ်းဆည်းနိုင်ဖို့ အတွက် ၁၈၅ဝ ခုနှစ်တွေ မှာ The Long Room ကို ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီ စာကြည့်တိုက်ကြီး တစ်ခုတည်းမှာ စာအုပ်တွေ အများကြီး ရှိနေရခြင်း အကြောင်းကတော့ Britain နဲ့ Ireland နိုင်ငံတွေ မှာ ပုံနှိပ်ထုတ်ဝေခဲ့သမျှ စာအုပ်တိုင်းရဲ့ မိတ္တူ ကို အခမဲ့ တောင်းဆိုခွင့် ၁၈၀၁ ခုနှစ်မှာ ရရှိခဲ့လို့ ပါဘဲ။ ဒါ့ကြောင့် ဒီစာကြည့်တိုက်မှာ သာမာန် စာအုပ်တွေ သာမက ကမာ္ဘပေါ်က အရှားပါးဆုံး နဲ့ တန်ဖိုးကြီးတဲ့ စာအုပ်တွေထဲက အချို့တောင် တွေ့နိုင်ပါသေးတယ်။
အကျယ်အဝန်းအရ လည်းလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ဝ ကျော် က ဘုန်းကြီး တွေ ရေးသားခဲ့တဲ့ နာမည်ကျော် The Book of Kells အပါအဝင် ကမာ္ဘပေါ်က အရှားပါးဆုံး နဲ့ တန်ဖိုးကြီးတဲ့ စာအုပ်တွေထဲက အချို့ ရှိနေခြင်းတို့ ကြောင့်လည်းကောင်း ဒီစာကြည့်တိုက်ကြီး ဟာ Ireland နိုင်ငံမှာ အကြီးဆုံး စာကြည့်တိုက်အဖြစ် ရှိနေဆဲပါ။ ဒါ့အပြင် United Kingdom မှ Ireland နိုင်ငံကို လွတ်လပ်ရေး ကြေငြာခဲ့တဲ့ ၁၉၁၆ ခုနှစ် Irish သမ္မတ နိုင်ငံ ကြေငြာချက် (1916 Proclamation of the Irish Republic) ရဲ့ မိတ္တူတွေထဲ က တစ်စောင် လည်း ဒီစာကြည့်တိုက်ကြီးထဲမှာ ရှိပါတယ်။

Image credit: Youtube
The Long Room တစ်ခုလုံး ကို သစ်သား နဲ့ ပြုလုပ်ထားပြီး ဆန်းကြယ်လှပ တဲ့ အနုလက်ရာ တွေ နဲ့ အသေးစိတ် ခြယ်မှုန်းထားပါတယ်။ ဒါတင်မကသေးပါဘူး။ Isaac Newton ၊ Plato ၊ Aristotle စတဲ့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံးသော ပညာရှင်တွေ ရဲ့ ကိုယ်တစ်ပိုင်း စကျင်ကျောက် ရုပ်ထု တွေကို လည်း စီတန်းပြသထားပါတယ်။

Image credit: By Diliff
စာကြည့်တိုက်ကို ၁၅ရာစုနှစ်က စောင်းကောက် အပါအဝင် တန်ဖိုးကြီးမားတဲ့ ရှေးဟောင်း အသုံးအဆောင်ပစ္စည်း တွေ နဲ့ အလှဆင်ထား ပါတယ်။ ဒီအချက်တွေကြောင့် နှစ်ပေါင်း ၃၀ဝ ကြာနေပြီ ဖြစ်တဲ့ TrinityCollege စာကြည့်တိုက်ကြီးဟာ Ireland နိုင်ငံရဲ့ အမှတ်သင်္ကေတ တစ်ခုအဖြစ် ယနေ့တိုင် ဝင့်ထည်နေတာပေါ့။

Image credit: Youtube

Image credit: Youtube

Image credit: Youtube
Reference : earthables.com

One comment
Thint Aye Yeik
December 15, 2016 at 5:20 pm
ဂျူးတို့ တာရာမင်းဝေတို့ စာအုပ်တွေ ရှိလားဟင်…
ဗမာစာပဲ ဖတ်တတ်လို့…
:k: