naywoon niSeptember 4, 20111min06
မဆုံးတဲ့….သီချင်း–၂၈ ဒီနေ့တော့ ကိုမြင့်ဇော်နဲ့ ကိုမျိုးနှစ်ယောက်အပြင် ကိုမောင်မောင်ပါရောက်နေတယ်.။ စောင့်နေရတာကြာပြီတဲ့…။ ကိုမောင်မောင်က ပြောတယ်..။ ကိုမြင့်ဇော်က — “ ဘယ်လိုလဲ ကောင်မလေးနဲ့ တော်တော် အဆင်ပြေနေပြီလား?” တဲ့…။ စာမေးပွဲဖြေနိုင်သလားက စပြီးမမေးဘူး..။ ကိုမျိုးက အရက်တစ်ခွက် ငှဲ့ပေးပြီး နေဝန်းနီဘက်ကို တိုးပေးတယ်…။ “ ရော့ …… အဆင်ပြေလည်း သောက် …။အဆင်မပြေလည်း သောက်” တဲ့…။ ကိုမောင်မောင်က သောက်တော် ဗူးရယ်နဲ့ အိုမကွာလို့ ဆိုညည်းနေတယ်…။ “ ကိုအောင်ဂျမ်းနဲ့ နေလည်က တွေ့တယ် ။ သူလည်း သန်ဘက်ခါမှ စာမေးပွဲပြီးမှာ…။ အဲဒိနေ့ စင်းရှင်းမှာ ထိုင်မယ်…။ တို့လေးယောက်ရယ် သူရယ်.. ငါးယောက် ဒါပဲ ချိန်းလိုက်ပြီ…။ သိလား။ ဒီမှာ ဒီနေ့နဲ့ […]


naywoon niSeptember 4, 20111min06
တစ်ကယ်တော့ ကိုခင်နဲ့ ကျွန်တော် သိတာ လ္ဘက်ရည်ဆိုင်မှာ ထိုင်ရင်း မျက်မှန်းတန်းခင်မိကြတာပါ……..။ သူ့အကြောင်း သပ်ထဲထဲဝင်ဝင် သိလှတယ်ရယ်မဟုတ်ပါဘူး…။ သူ့သား ကိုမျိုးလေးနဲ့ ပါတ်သက်ပြီးမှ တော်တော်လေး သိလာရတာလေ……။ ဖြစ်ပုံကဒီလိုလေးပါ…။။ လ္ဘက်ရည်ဆိုင်မှာ စကားစပ်မိရင်းနဲ့ အင်တာနက်အကြောင်း ပြောမိတော့ ကိုခင်က သူ့သားတစ်ယောက် မလေးရောက်နေတယ်…။ သူနဲ့ ဆက်သွယ်လို့ရရင် ဆက်သွယ်ပေးပါဆိုပြီး သူ့သားရဲက အကောင့်လေး ထုတ်ပေးပါတယ်…။ ပြီးခဲ့တဲ့ နှစ်လလောက်ကပေါ့…။ သူ့သားနာမယ်က ကိုမျိုးပဲထားပါ…။။သူ့သားက သူဆီ ဖုန်းမဆက်လို့ ဖုန်းဆက်ဖို့ ပြောပေးပါလို့ မှာလိုက်ပါတယ်…။ ကျွန်တော်လည်း အင်တာနက်ခန်းထဲရောက်တော့ ကိုခင့်သားအကောင့်လေးကို ဂျီတော့ မှာ အက်ထားလိုက်ပါတယ်..။ အမှတ်တစ်မဲ့ပါပဲ…။ တစ်နာရီလောက်ကြာတော့ “ ဟိုင်း”လို့ ဂျီတော့က နေတက်လာတော့ ကိုခင့်သား ကိုမျိုးအကောင်းပါ…။ ကျွတ်တော်လည်း “ ကိုမျိုးလား” […]


naywoon niSeptember 3, 20111min010
*လူသား…… အရာရာစဉ်းစား အတွေ့အကြုံနဲ့ ချင့်တွက် အခက်အခဲဟူသမျှ ဖြေရှင်းတတ်သတဲ့…။ * အဲဒိတော့ ….. လူသားတွေကြားမှာ ပြောသမျှ ကြားသမျှ သူ့ဗဟုသုတနဲ့ တွက်ချင် ဖြစ်နိုင်တယ် ဟုတ်နိုင်တယ် *ယုံကြည်ထားသမျှရယ်ဟာ…….။ သဘာဝတရားဆိုတာက လူသားလို …. စဉ်းစားတွေးတော ပြီး ဖြစ်သင့် မဖြစ်သင့် တွက်ချက်တတ်တဲ့ ဉာဏ်မရှိလေတော့ သူဖြစ်ချင်တာဖြစ် သူဖျက်ချင်တာဖျက်နဲ့…။ ဉာဏ်နဲ့ယှဉ်ခဲ့တဲ့လူသား လုပ်သမျှ အကုန်မှား ……….။ နေဝန်းနီ


naywoon niAugust 29, 20111min00
“ ငါတို့ မေဂျာက မနက်ဖြန်နားတယ်..။ သဘက်ခါမှ မေဂျာဖြေရမှာ…။ ခါသီးစွာတစ်နှစ်ပြီးဖို့ နောက်ထပ် 48 န ာရီစောင့်ရဦးမှ ာ…။ တဲ့ သူက မြန်မာစာ မေဂျာ..။ ဝါသနာ ပါလို့ယူထားတာ …။ ဝင်ခွင့် အမှတ်စဉ်မှာ နံပါတ် 3 ..။ သူ့အထက်က နှစ်ယောက်က မြန်မာနိုင်ငံသားမဟုတ်သူတွေလေ..။ သူတို့က အသက်မွေးဝမ်းကျောင်းတက္ကသိုလ် လျှောက်လို့ မရလို့ မျက်စေ့လည်ပြီး မြန်မာစာ မေဂျာ ရသွားတာ…။ သူ့မေဂျာက ကျောင်းသားတွေနဲ့ သူ့ဆရာမတွေကို ကြည့်ပြီး စိတ်ပျက်နေတဲ့သူ…..။ ဒီလိုဒီလိုနဲ့ ဘွဲ့တွေရသွားပြီး ဒီလက်မှတ်တွေက မင်္ဂလာဆောင်နဲ့ နာရေးပဲ သုံးလို့ရတာလို့ ခါးခါး သီးသီးပြောခဲ့သူ..။ ဒီအချိန်မှာပဲ လ္ဘက်ရည်နဲ့ ပလာတာတွေလာချပေးတယ်..။ “ ကိုအောင်ဂျမ်း စားနော် မိမာရှင်းမှာ […]


naywoon niAugust 29, 20111min012
ဘဝ ဆိုတာကိုက ဝက်အူရစ်ပြုန်းနေတဲ့ နပ်တစ်လုံး သာပ – ဘယ်လိုဂွနဲ့ ကျပ်ကျပ် နေသားကျ မရပ်တည်နိုင်တော့ဘူး…။ ဒီတော့…. လည်ပတ်နေတဲ့ အင်ဂျင်ရဲ့ အဟုန်အတိုင်း ဟိုခုန် ဒီခုန် ဟိုဟို ဒီဒီ ပြေးလွှားနေရင်း ချွေးဒီးဒီ ကျနေရရှာပေါ့…။ မသေမသပ် ခေါက်ရိုးကျိုးနေရရှာတဲ့ ဘဝဆိုတဲ့ အကောင်လေးရေ……… ဘဝဆိုတာ အစ ပြန်ရှာမတွေ့ရင်တော့ အဆုံးထိရောက်အောင်တော့ ခရီးနျင်လိုက်ဦးမှပေ့ါ…. တစ်နေ့တော့ မင့်နေရာမှာ နပ်အသစ်တစ်လုံး အစားဝင်လာမှာပေါ့ကွာ….. အဲဒိတော့မှ….. အမြဲခုတ်မောင်းနေတဲ့ အင်ဂျင်ပေါ်မှာ မင်းခုန်ပေါက် ပြေးလွှားမနေရတော့မှာ တစ်ကယ်လို့ များ…… အဲဒိအချိန်ရောက်ခဲ့ရင် မင်းလို နပ်တစ်လုံးဟာ ဘယ်နေရကိုရောက်နေမလဲဆိုတာ တွေးမိရဲ့လား? နေပူကျဲကျဲ သဲပူထဲပဲရောက်နေမလား မိုးထဲ လေထဲ ရွှံ့ဗွက်ထဲပဲကျနေမလား ကလေးတွေ ဆော့တဲ့ ကစားစရာ ပုန်းအဟောင်းထဲမှာပဲ […]


naywoon niAugust 27, 20111min021
ဒီကိစ္စပြောချင်နေတာကြာပါပြီ..။ ဒါပေမဲ့ အချိန်တန်ရင် ရပ်သွားမလားလို့ ကြည့်နေတာ ။ ပြောလိုက်ရင် အနဲဆုံးအဆဲခံရမှာသိတယ်..။ ကွန်ပလိန်းတွေလည်းတက်လာမှာပဲ…။ ဒါပေမဲ့ မျက်စေ့နောက်လာရင်တော့လည်း ပြောရတော့မှာပဲ…။ မတတ်နိုင်ဘူး ဆဲလိုကလည်း ဆဲကြပေရော့…။ နာမယ်ဆိုတာ မူပိုင်ခွင့်ဥပဒေမရှိဖူးသေးဘူး..။ နိုင်ငံတော် အကြီးအကဲတွေရဲ့ နာမယ်တောင်ယူမှည့်ကြသေးတာပဲ..။ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ နာမယ်ကော…။ အိမ်မွေး တိရစ္ဆာန်တွေကိုတောင် မိုက်မိုက်ရိုင်းရိုင်း ပေးထားကြတာတွေ့ဘူးရဲ့..။ အဲဒိတော့ သူတို့ ဘာလုပ်လို့ရသလဲ..။ တစ်ခြားနိုင်ငံတွေမှာလို မျိုးရိုးကိုလိုက်ပြီး နာမယ်ပေးကြတာလည်း ထုံးစံမရှိဘူး..။ စည်းကမ်းမထားဘူး..။ အရှေ့ဘက်အိမ်က ခုမှ မွေးတဲ့ ကလေးက တစ်အိမ်ကျော်က ကလေးနာမယ်ယူမှည့်လည်း ဒါငါပေးပြီးသား နင်ယူမှည့်စရာမလိုဘူးလို့ ပြောပိုင်ခွင့်မရှိဘူး..။ ဒီဆိုဒ်ထဲမှာ သူ့နာမယ် ထည့်မရေးရဘူး ငါ့နာမယ် ပါလာပြန်ပြီနဲ့ ခဏခဏ ပြောနေသံကြားရတော့ အစတော့ ရယ်ချင်စိတ် ပဲပေါ်မိတာ…။ နောက်ကျတော့ […]


naywoon niAugust 19, 20111min01
နောက်တစ်နေ့ စာမေးပွဲနောက်ဆုံးနေ့ မေဂျာ ကို အောင်မြင်စွာပြီးဆုံးသွားခဲ့လေ သတည်း းး ရယ်ပေါ့လေ..။ အပြန်အလှန် အနေနဲ့ မိမာကို မြေပုံတွေ ကူပြီးဆွဲပေးခဲ့ပါတယ်..။ စာမေးပွဲခန်းကထွက်လာတော့ မိမာက ကောက်ခါငင်ကာနဲ့….။ “ နေဝန်း…..နင် အခု အရက်ဆိုင်တန်းသွားမှာလား ဘယ်ဆိုင်လဲ ဘယ်နားကလဲ ?” တဲ့…။ နေဝန်းနီ လန့်သွားတယ်…။ စာမေးပွဲ နောက်ဆုံးနေ့ဆိုပြီးတော့ သူပါလိုက်လာမလားဆိုပြီးတော့ရယ်ပေါ့…။ “ ဘာလဲဟ နင်က စာမေးပွဲနောက်ဆုံးနေ့ ဆိုပြီး အရက်လိုက် သောက် မလို့လား?” လို့ပြန်မေးလိုက်တော့ ……. “ မဟုတ်ပါဘူးဟ…။ နင်တို့ မနေ့က36 လမ်းအတိုင်း လာတာတွေ့လို့ပါ…။ ဟို84 လမ်းထောင့်က ဆိုင်မဟုတ်လား…။ ” အင်း လိုက်မလို့ မေးတာမဟုတ်လို့တော်သေးတာပေါ့လို့တွေးရင်………. “ အေး… ဟုတ်တယ်လေ […]


naywoon niAugust 17, 20111min00
နေဝန်းနီက နေ့လည်ခင်းက ဆရာ သိန်းထွန်း ပေးလိုက်တဲ့စာရွက်လေးကို မိမာကိုပေးလိုက်တယ်..။ မိမာက ကြည့်ရင်းနဲ့ — “ နှစ်ပုဒ်ထပ်ကျက်ရဦးမယ ကျန် တာတွေက ကျက်ပြီးသား …..နင်ကော” “ မကျက်တော့ဘူးဟာ….။ လေးပုဒ် ကျက်ပြီးသား တော်ပြီ လေးပုဒ်ဆိုရင်… အောင်မှတ်ထက် အများကြီး ပိုနေပြီ… တော်ရောပေါ့…။” နေဝန်းနီ ကအဲဒိလိုအကောင်…။ မိန်းကလေးနဲ့ ယောက်ျားလေး ကွာခြားတာလဲ ဒါပါပဲ..။ နှစ်ယောက်စလုံး စာမေးပွဲအောင်ချင်တာပဲ..။ အောင်ဖို့လည်း စာကျက်နေတာပဲ..။ ပြီးတော့ ဒီစာမေးပွဲက ဘာမှလုပ်လို့မရဘူးဆိုတာလည်း သိနေကြတာပဲ..။ အဲဒိလို အတွေးတွေနဲ့ ကြိုးစားချင်စိတ်ကို ချိုးပစ်လိုက်တာ…။ ဒါပေမဲ့ မိမာက မေးသမျှ အားလုံးကိုဖြေချင်တယ်..။ ဒါမှအောင်မှတ်သေချာမယ်ပေါ့…။ နေဝန်းနီ က တစ်ပုဒ်ချင်း ပိုင်ပိုင်နိုင်နိုင် ဖြေဖို့ပဲ အားထုတ်တယ်..။ စာတစ်ပိုဒ်ကို […]


naywoon niAugust 14, 20111min05
ကိုမြင့်ဇော်တို့ဆီ ပြန်ရောက်တော့ ငှက်ပျောသီးတွေကို စားပွဲပေါ်တင်ပေးလိုက်တယ်..။ ကိုမျိုးက အိတ်ထဲက ဆေးလိပ်နဲ့ မီးခြစ်ထုတ်ပြီး ဆေးလိပ်ဖင်ကို အရက်ခွက်ထဲနှစ်ပြီး ပါးစပ်မှာတေ့ပြီးတော့ အရက်ကိုရှေ့ကိုရောက်အောင် မှုတ်လိုက်ပြီး မီးညှိ…။တစ်ဖွာနှစ်ဖွာ အားရအောင်ဖွာ ရှိုက်လိုက်သေးတယ်..။ ဆေးလလိပ်မီး ညီသွားအောင် လုပ်လိုက်တာပါ..။ ပြီးမှ…….။ “ နေဝန်းနီကတော့ လုပ်ပြီ….။ ငါတို့ကို မျောက်တွေများအောင့်မေ့ နေသလားမသိ…။ ငှက်ပျောသီးနဲ့ အရက်မြည်းခိုင်းနေပြီ…..။ ကိုမြင့်ဇော်ရေ…..ကြည့်လုပ်ဦး” ကိုမြင့်ဇော်က ပြုံးလို့…။ အရက်ခွက်ကို ယူသောက်လိုက်တယ်..။ နောက်ဆုံး နှုတ်ခမ်းနဲ့ ဖန်ခွက်ခွားလိုက်တော့ နှုတ်ခမ်းစွန်းနဲ့ မေးစေ့ပေါ်ကျသွားတဲ့ အရက်တွေကို လက်ခုံနဲ့သုတ်ရင်းက …….. “ အဲသဟာပြောတာပေါ့ … နေဝန်းနီ ‘ သောက်ဆင့်’ တက်တယ်ဆိုတာ…။ မောင်နေ ….ရာ ဒီကချင်လေးကို သင်ပေးလိုက်စမ်းပါဦး…” နေဝန်းနီကို အရက်နဲ့ ငှက်ပျော […]


naywoon niAugust 12, 20111min00
“ဟော… ဆရာလေး..။ လာပါပြီ ။ဒီမှာဆရာလေးကို စောင့်ရင်းနဲ့ တစ်လုံးကုန်တော့မယ်..။ တယ်ကြိုးစားနေသကိုး…။ ဒီနေ့ ဖြေရတာက မိုင်နာဘာသာဆို..။ ဘယ့်နှယ့် အဆင်မပြေဘူးလား..။ ကြည့်ရတာတော့ အဆင်ပြေမယ့်မဲ့ ပုံပါ..။ ဟိုဟိုဒီဒီ လှည့်လို့ရဲ့လား..။ အဆောင်က ကောင်တွေကတော့ 90 ံ တောင် ပြည့်အောင်လှည့်မရဘူးတဲ့..။ “ ကိုမြင့်ဇော်ကဆီးပြီး ပြောပါတယ်..။ ကိုမျိုးက ဆေးလိပ်မီးခိုတွေ ဝေနေအောင် မှုတ်ထုတ်ရင်းနဲ့ ပြုံးပြီး ကြည့်နေတယ်..။ သူတို့က ဘုံဆိုင်ရဲ့ အပြင်ဘက်နားက ဘန်ဒါ ပင်ရိပ်အောက်မှာထိုင်နေတာ..။ 36 လမ်းလေးပေါ့…။ ထုံးစံအတိုင်း အတွင်းလမ်းဆိုတော့ ပလက်ဖောင်းမရှိဘူး..။ လမ်းကလည်း ထုံးစံ အတိုင်း ချိုင့်တွေ ကျင်းတွေနဲ့ ပေါက်ပြဲလို့ ..။ မိုးရွာထားတော့ ရေတင်တောပေါ့လေ….။ ညနေခင်းက စည်ကားစပြုလာပြီလေ….။ အဲဒိနားမှာ ဈေးလေးတစ်ခုလည်းရှိတယ်..။ […]


naywoon niAugust 9, 20111min06
စာမေးပွဲခန်းက ထွက်တော့ စောစောက ကောင်မလေးကို ကင်းန်တင်းမှာ မုန့်ကျွေးမယ်ဆိုပြီး ခေါ်လာခဲ့တယ်..။ ခပ်တည်တည်ပဲ..။ ကင်းန်တင်းရောက်တော့ ဆရာသိန်းထွန်းနဲ့ တွေ့တယ်..။ ဆရာက နေဝန်းနီကို စာရွက်တစ်ရွက်ပေးပြီး ထွက်သွားတယ်..။ အဆောင်ရောက်မှ ကြည့်တော့ တဲ့..။ အဲဒါနဲ့ အိတ်ထဲပဲ အသာထည့်ထားလိုက်တယ်..။ ပါလာတဲ့ ကောင်မလေးကတော့ မုန့်တစ်ပွဲမှာစားနေတယ်..။ ခုထိသူ့နာမယ်လည်း သိသေးဘူး..။ ကောင်းရော..။ ခဏနေတော့ နောက်တစ်နေ့ မေဂျာ ဖြေရမှာမို့ ပြန်မယ်တဲ့..။ အဲဒိတော့မှ..။ “ ဆရာ ..စောစောကပေးတာ ငါ့လည်းပြောဦး” တဲ့…။ နေဝန်းနီက “ အင်း… ညနေကျတော့ နင့် အဆောင်ငါလာပြောမယ်လေ…။ ခုတော့ လူရှုပ်နေတာ ဆရာကလည်း အဆောင်ရောက်မှ ကြည့်လို့ မှာသွားတယ်..။ “ လို့ ပြောတော့ “အင်း…။ နင်အခု […]


naywoon niAugust 6, 20111min00
စာမေးပွဲ ဖြေရတာ သိပ်မခက်ခဲပါဘူး..။ နေခင်းဖြေရတာဆိုတော့ မနက်စာကို ဆယ်နာရီလောက် ကတည်းက စားထားလိုက်တယ်..။ အနားကပ်စားရင် ထမင်းဆိပ်နဲ့ အိပ်ငိုက် နေမှာစိုးလို့ ..။ အဆောင်ကလည်း အဆင်ပြောအောင် စီစဉ်ပေးပါတယ်..။ နေဝန်းနီ တို့က ဘီးအီးဒီစီ အဆင့်မဟုတ်တော့ဘူး ။ မန္တလေး ဒရိုင်းဂျင် အဆင့်ရောက်သွားပြီ..။ အံမာ… တစ်လုံး ခုနှစ်ကျပ် ပြားနှစ်ဆယ်ကနေ လေးဆယ့်ငါး ကျပ်တန် အဆင့်ရောက်သွားတာပါ…။ သံပုရာသီး ဆောင်ရ သကြားရှာရနဲ့ ကရိကထ တော့ နိုင်တာပေါ့…။ အရက်သမားတွေပြောနေကြ စကားရှိသား…။ ဘီအီး-ဘီယာ …။ ရမ်-ဆော်ဒါ ..။ ဂျင်-သံပုရာတဲ့..လေ..။ စာမေးပွဲတွင်းကို အပြန်ကဲနေတာ..။ အိမ်ပြန်ရောက်သွားရင် အရက်သောက်ဖို့ ထင်သလား ဆိုင်ရှေ့ကတောင် ဖြတ်လျှောက်လို့ ရမှာမဟုတ်ဘူး..။ စာမေးပွဲ ပထမဆုံးနေ့ နိုင်ငံရေး […]


naywoon niAugust 1, 20111min09
ဘယ်ကိုရောက်ရင် ဘာကိုလုပ်မလဲ …. ဘယ်သူနဲ့တွေ့ရင် ဘာပြောမလဲ .. ဘယ်သွားမလဲ …… စသည်ဖြင့်ပေါ့လေ……… အိမ်ကမထွက်ခင်ကထဲက စိတ်ထဲမှာ ကြိုတင်ကြံစည်ထားပြီး မှထွက်ဖြစ်တာက များပါတယ်..။ ကြိုတင်ကြံစည်ထားတဲ့ အတိုင်းလဲ တစ်ရက်မှ ဖြစ်မလာဘူး..။ ဒါပေမဲ့ နေ့စဉ်မပျက်ပါပဲ..။ အိမ်ကထွက်လာတာနဲ့ ဘာလုပ်မယ်..။ ဘယ်သွားမယ်..။ ဘယ်သူနဲ့တွေ့မယ်ပေါ့…။ စိတ်ထဲမှာ တွေးထားပြီးမှထွက်ခဲ့တာချည့်ပါပဲ..။ ဒီနေ့လည်း ဆံပင်ညှပ်မယ်ပေါ့..။ အဲဒိတော့ အိပ်ထဲကို ပိုက်ဆံ တစ်ထောင်တန်တစ်ရွက်နဲ့ ငါးရာတန်ပဲထည့်လာခဲ့တယ်…။ ဆေးလိပ်ကလည်း သောက်လက်စနဲ့ အပိုတစ်လိပ်ပဲ..။ ဆေးလိပ်က ငါးဆယ်စည်းပဲဝယ်သောက်တာ …။လက်လီဝယ်မသောက်ပါဘူး…။ အင်တာနက်ဆိုင်ထိုင်ချိန် လျော့မှာစိုးလို့…။ ထားပါ..ဒါကတစ်ပိုင်း…။ (ဒါကတစ်ပိုင်းဆိုတော့ ဟိုဟာက တစ်လုံးလာလို့တော့ မမေးနဲ့နော်….။ ) အဲ…။ အိတ်ထဲ အမြဲဆောင်ထားတဲ့ မျက်မှန်ကို ထားခဲ့လိုက်တယ်…။ မျက်စိက စုံလုံးကန်းနေတာတော့ မဟုတ်သေးပါဘူး…။ […]