naywoon niOctober 7, 20111min07
စနစ်ရဲ့သားကောင်(၂) နောက်စနစ်ရဲ့သားကောင်ဖြစ်မှန်းမသိဖြစ်နေရတဲ့စနစ်တစ်ခုရှိသေးရဲ့…။ အဲဒါကတော့ ဘယ်သူမှ သတိမမူမိကြတာလား..။ ပြောလည်းမထူးပါဘူးဆိုပြီးထားနေကြတာလားတော့မသိဘူး…။ မြန်မာသန်းပေါင်း ငါးဆယ်ခြောက်ဆယ်လောက်ဆီက လေသံတောင်ထွက်မလာသေးတဲ့ကိစ္စ …။ သေရေးရှင်ရေးလောက်ကို အရေးကြီးတဲ့ကိစ္စ…။ အဲဒါနဲနဲ ထူးဆန်းနေသလိုပဲ…။ တစ်ခြားတော့မဟုတ်ပါဘူး..။ နေဝန်းနီတို့သုံးနေတဲ့ ငွေကြေးစနစ်ပါ…။ ဒေသတစ်ခုထဲမှာပဲ သုံးစွဲလို့ ရတဲ့ငွေကြေးစနစ်..။ ဒီစနစ်ကို ပြောင်းဖို့ မစဉ်းစားမိကြဘူးလား..။ ဘယ်လိုပြောင်းမလဲ …။ ဟုတ်စ..။ ဟိုးအရင်တုန်းကလို ဘယ်နေရာရာရောက်ရောက် သုံးလို့ရတဲ့ ငွေကြေးစနစ်..။ ကိုယ့်ငွေကို ဒေါ်လာနဲ့ လဲသုံးစရာမလိုဘူး..။ ဘတ်နဲ့ ယန်းနဲ့ ယွမ်နဲ့ ဘာနဲ့မှလဲသုံးစရာမလိုအောင်……။ ဟိုအရင်တစ်ခောတ်က ကမ္ဘာ့ဘဏ်မှာ ရွှေပေါင်တင်ပြီးထုတ်ခဲ့တယ်ဆိုလား..။ (နားလည်တတ်ကျွမ်းသူတွေ ဆက်ပြောကြပါ..။ နေဝန်းနီ ခပ်တည်တည်ဆက်ရွှီးမယ်နော်) အဲဒိလိုစနစ်ကိုပြန်ပြောင်းရင် မကောင်းဘူးလား ..။ အခုထက်…….။ ခုတော့ တစ်လမ်းသွားငွေကြေးစနစ် နဲ့ သက်ဆိုင်သူတွေအားလုံး ချောင်ပိတ်မိနေတယ်..။ ထုတ်တဲ့သူကော…။ သုံးစွဲနေကြရတဲ့လူထုပါ…။ […]


naywoon niOctober 7, 20111min010
စနစ်ရဲ့သားကောင်(၁) စနစ်တစ်ခု ညံ့ဖျင်းရင် မှားယွင်းရင် အဲဒိစနစ်ကို မှီခို အသုံးပြုနေတဲ့သူအားလုံးဟာ အဲဒိစနစ်ရဲ့ သားကောင်ဖြစ်တော့တာပဲ….။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှန်းမသိအောင်ကို ဖြစ်နေကြရတာ…။ ခုလည်းကြည့်လေ…….. ။ ကိုပေါက်ရေးတဲ့ http://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ဒီပို့စ်လေးကို ဖတ်ကြည့်ပြီး ဒီပို့စ်နဲ့ အကျယ်တစ်ဝင့်ပြောမှ ဖြစ်မှာမို့ ကော်မန့်မပေးတော့ပဲ ခေါင်းစဉ်ပြောငိးလိုက်တာပါ….။ ကျွန်တော်တို့နယ်မှာကတော့ စည်ပင်သာယာနယ်နမိတ်ထဲမှာရှိတဲ့လုပ်ငန်းတွေကို နှစ်စဉ်လေလံ ပစ်ပါတယ်..။ လုပ်ငန်းတစ်ခုကိုတစ်ဦးထဲကိုပဲ လုပ်ပိုင်ခွင့် (တစ်နှစ်စာ) ပေးထားလိုက်တာပါ…။ ဥပမာပေါ့ဗျာ…. သားသတ်လိုင်စင်မှာ အမဲက တစ်ဦး ဝက်သားအတွက်က တစ်ဦး ဆိတ်သားအတွက်တစ်ဦးပေါ့…။ အဲ ဈေးကောက်က တစ်ဦး ရပ်နားခွန်ကောက်မှာကတစ်ဦးပေါ့..။ ဒီလုပ်ငန်းက စားသာမှန်းသိတော့ လုပ်ပဲသူ လေလံ ဆွဲတဲ့သူက တော်တော်များရှိတယ်..။ ဒီတော့ လိုင်စင်ရဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင်ဈေးပိုပေးဆွဲကြတာပေါ့ ဗျာ…။ တစ်ခါတစ်လေ ကြမ်းခင်းဈေးထက် […]


naywoon niSeptember 27, 20111min05
မဆုံးတဲ့….သီချင်း—၃၂ “ ကျောင်းအပ်မှာဆို မနက်မှလာတော့ လာ လ္ဘက်ရည်သောက်ရအောင်” လို့ပြောပြီး ကောင်မလေးသုံးယောက်ကို လမ်းတစ်ဘက်က စမ်းသီတာ လ္ဘက်ရည်ဆိုင်ကို ခေါ်လာခဲ့တယ်..။ စောစောက စတဲ့ ကောင်မလေးက သဲသဲတဲ့ လေ…။ လ္ဘက်ရည်ဆိုင်ရောက်တော့ မိမာက တစ်စခန်းထပါတော့တယ်..။ “ ဟဲ့ …။ သဲသဲ ရဲ့ နေဝန်းက ငါ့ရဲ့ သူငယ်ချင်းပဲ..။ ဒီထက်မပိုဘူး..။ နင်ကြိုက်ရင်ကြိုက်လိုက်” တဲ့…။ ကောင်မလေးက ရယ်ကျဲကျဲ ပဲ..။ အပြုံးမပျက်ဘူး..။ နေဝန်းနီ ဘက်ကိုလှည့်ပြီး…။ “ ဟုတ်သားပဲ.. ကိုနေဝန်းကြီးက လာရင်း မူးမူးလာတာကိုးဗျ …။ ဟိုက စိတ်ညစ်မှာပေါ့…။” ဆက်စနေသေးတယ်..။ မိမာက “ ဟာ….. ဒီ သဲ စုတ်ပလုပ်မလေးကတော့……။ သူကငါ့ သူငယ်ချင်း..။ သူ့ဖာသာ […]


naywoon niSeptember 21, 20111min02
မဆုံးတဲ့ ….သီချင်း –၃၁ ဒီလိုနဲ့ပဲ ပျော်ပျော်ပါးပါး မီးရထားကြီးစီးပြီး အိမ်ကိုပြန်ခဲ့ကြတာပေါ့…။ ကျောင်းအပိတ် ဟိုဟိုဒီဒီ လျှောက်သွားပြီး အိမ်ပြန်တဲ့ အဖွဲ့နဲ့ ရောယောင်ပြီး ခပ်တည်တည် ဘယ်သွားသလိုလိုလုပ်ပြီး အိမ်ပြန်လာခဲ့တာပေါ့…။ ရထားပေါ်မှာလား…။ မူးပြီး ဆိုကြ ကကြ ဆဲကြနဲ့ပေါ့….။ အိမ်ပြန်ရောက်တော့ နေဝန်းနီတို့ ဘယ်နေတတ်မှာလဲ..။ အရက်မှသောက်မရတော့တာ…။ လ္ဘက်ရည်ဆိုင်မှာပဲ. …. တစ်နေကုန်..။ အဲဒိတော့ နေဝန်းနီတို့မှာ အတတ်တစ်မျိုးတိုးခဲ့ရတာပေါ့…။ နေဝန်းနီတိုဆီမှာ သုံးလုံးက နဲနဲပါးပါး လှုပ်ရှားနေကြပြီ…။ အဲဒိထဲမှာ အထက်တန်းကျောင်းတုန်းကဆရာတွေ လည်းပါရဲ့…။ သူတို့က တွက်တာလေ…။ ထိုးသားပေါ့…။ ဒိုင်မလုပ်ရဲကြပါဘူး..။ ကျောင်းဆရာတွေကိုးးး…။ အဲဒိတော့ နေဝန်းနီတို့ခင်မြာမှာ ဆယ်တန်းမအောင်ခင်က ကျောင်းပညာဆည်းပူးခဲ့ရတဲ့ ဆရာများထံပါးမှာ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ပထမနှစ်အပြီး ပြန်ရောက်ကာမှ သုံးလုံးတွက်တဲ့ပညာကို ဆက်လက် ဆည်းပူးခဲ့ရပြန်ပါရော့လား…။ နောက်မှ […]


naywoon niSeptember 21, 20111min00
ဧရာဝတီ သင့်ပုခုန်းထက် လှေငှက်တို့နှင့် မကွေးမှသည် မင်းဘူး ဆိတ်ဖြူမှသည် ချောက် အခေါက်ခေါက်အခါခါ လူးလာဖြတ်ကူး ရင်းနှီးဘိ၏..။ ရံဖန်ရန်ခါ မိုးသက်လေနှင်း တိုက်ခိုက်ခြင်းဖြင့် လမ်းပန်းမသာယာ ဖြစ်လေခါဝယ် ဧရာ အသင်ပိုင်းခြားထား လမ်းသလားနေ၍ သွားလာနှောင့်နှေး ပြစ်တင်ဖူးသည် ဧရာဝတီ ……။ ထိုစဉ်ကာလ ငါရဲ့အသက်နှစ်ဆယ်မပြည့်တတ်သေးပေ..။ သို့ပေသောကြောင့် သင့်ငြူစူ ရိုင်းပြျမှုကို ခွင့်လွှတ်ပါလေ…မြစ်ဧရာရေ…။ နောင်ကလဝယ် သင်ရဲ့တန်ဘိုး သင့်တန်ခိုးကို ငါလေသိခဲ့ရပါပြီ…။ သို့ပေသော်လည်း ယခုချိန်ဝယ် သင်လျှင်နာမကျန်း အတိဒုက္ခ ရောက်နေရသည် ငါကြားမိ၏…။ သင်နှင့်ဝေးကွာနေရပါလည်း သတိတရရှိပါသည်..။ လူကိုယ်တိုင်လည်း သတင်းမမေးနိုင် လာမတွေ့နိုင်သည်ကို ထပ်မံခွင့်လွှတ် ပေးပါလေ…….။ မြစ်ဆုံမှသည် မြစ်ဝဆီသို့ သင်စီးဝင်မြဲ စီဆင်းနေငြား သင့်သတင်းစကား လူတိုင်းနှုတ်ဖျား ပြောကြသည်မှာ သင်သည်နာဖျား အင်အားချနဲ့နေသည်ကို……။ သို့ဖြစ်ပါ၍ […]


naywoon niSeptember 18, 20111min012
ခေါင်းစဉ်ကြည့်ပြီး ခေါင်းရှုပ်သွားပြီလား..။ ဒီအတွေးတွေ နေဝန်းနီကို နှိပ်စက်နေတာ တစ်ပတ်လောက်ရှိသွားပြီ….။ ရည်းစားစကား ပြောခံနီး ခံစားရသလို ဖြစ်ဖြစ်နေလို့ ဒီပို့စ်ကို မတင်ပဲ ပြန်သွားရတာ …။ ပြောလိုက်ရင်ကောင်းမလား သူများစိတ်ဆိုးသွားလေမလား …. သူသိနေမှာပါ နဲ့ ပြောဖို့ မဝံ့မရဲဖြစ်နေတာ …။ ဒီကနေ့ တော့ ပြောမှဖြစ်တော့မယ်….။ နို့မို့ မြင်တာကို မြင်ရက် သိနေတာကို သိနေရက်နဲ့ မပြောပဲ ရေငုံနေလိုက်ရင် နိုင်ငံကြီးသားမပီသရာ ကျနေမယ်..။ တစ်ခြားအကြောင်းတော့ မဟုတ်ပါဘူး…။ လက်ရှိ ပစ္စက္ခ အခြေအနေလေးပါ…။ လူတိုင်းလည်း သိနေပြီးသားပဲ..။ ဒါပေမဲ့ မတွေးမိကြတာလား ? အတွေးမရောက်ဖြစ်ကြတာလား ? မသိချင်ယောင်ပဲ ဆောင်နေကြသလား တော့မသိဘူး…။ အလိုက်ကမ်းဆိုးမသိ စိတ်ထဲရှိတာပြောထည့်လိုက်တော့မယ်…။ အဲဒိနေ့က မိုးနဲနဲရွားလို့ လ္ဘက်ရည်ဆိုင်ထဲ ဝင်လိုက်တော့ […]


naywoon niSeptember 14, 20111min02
သုံးယောက်သား အရက်ဆိုင်ကနေ အဆောင်ကိုပြန်ရောက်တော့ ထုံးစံ အတိုင်း ရေချိုး ထမင်းစားပြီးတော့ ကိုမျိုးနဲ့ ကိုမြင့်ဇော်က နောက်တစ်နေ့ ဖြေရမဲ့ စာမေးပွဲ အတွက် စာအုပ်ကိုယ်စီနဲ့ ….စာကြည့်စားပွဲထိုင်နေပြီ..။ နေဝန်းနီ တစ်ယောက်ထဲ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိဘူး…။ စာကျက်စရာကမရှိတော့ဘူးလေ..။ စာမေးပွဲက ပြီးခဲ့ပြီ..။ တစ်ယောက်ထဲ အခန်းထဲပြန်ဝင်ပြီး သိမ်းစရာရှိတာတွေ သိမ်းဆည်းနေရင်း ….။ ညကိုးနာရီလောက်ကျတော့ အမူးနဲနဲပြေသွားပြီ…။ မျက်နှာထသစ် သွားတိုက်ပြီး အိပ်ဖို့ ကုတင်ပေါ်နေရာယူလိုက်တယ်…။ အိပ်လို့မရဘူး…။ အရင်ဆိုရင် ဒီအချိန် စာကျက်ရင်းနဲ့ အရက်ဆက်သောက်နေကျလေ….။ ဟိုတစ်ဘက်ခန်းက ကိုမြင့်ဇော်တို့က တော့ စာကျက်နေတုန်း…။ အဆောင်ထဲမှာလည်း စာမေးပွဲပြီး တာနဲ့ ပြန်ကုန်လိုက်တာ လူအတော်နဲသွားပြီ…။ ကျောင်းသားဆိုလို့ လေးငါးယောက်ပဲ ကျန်တော့တယ်…။ ကျန်တဲ့သူတွေက ဝန်ထမ်းတွေကော ဈေးသည်တွေကော…။ သူတို့က အေးဆေးတယ်…။ […]


naywoon niSeptember 11, 20111min04
မိမာ အဆောင်ကိုရောက်သွားတော့ သိမ်းလို့ ဆည်းလို့ မပြီးနိုင်သေးဘူး..။ အဆောင်ရှေ့က ဆိုက္ကားဂိတ်က ဆိုက္ကားခေါ်ထားပြီးသားတဲ့…။ အဆောင်ရှေ့က ခုံတန်းလေးကနေ ထိုင်စောင့်နေလိုက်တယ်..။ နာရီဝက်လောက်ရှိမှာ သေတ္တာကြီး တစ်လုံးကို ပုရွက်ဆိတ် ချီသလို ကျောင်းသူလေးငါးယောက် မနိုင်မနင်း ဝိုင်းမပြီး အဆောင်ပေါ်ကနေ ဆင်းလာကြတယ်..။ အဲဒါနဲ့ နေဝန်းနီလည်း အဆောင်လှေကားရင်း ကနေ သေတ္တာကို ဆီးပြီး ယူလိုက်ရတာပေါ့..။ နေဝန်းနီ ဝင်မလိုက်တော့ ကောင်မလေးနှစ်ယောက်က ဖယ်ပေးတယ်..။ တစ်ဖက်က ကောင်မလေးသုံးယောက် မလာရတာ လျှာထွက်မတတ် ဖြစ်နေပြီ…။ အဲဒါနဲ့ သေတ္တာကြီးကို လှေကားရင်းမှာ ပဲ ချထားပြီးတော့ အဆောင်ရှေ့က ဆိုက္ကားတစ်စီးခေါ်ခိုင်းလိုက်ရပါတယ်..။ ဆိုက္ကားရောက်လာတော့ ဆိုက္ကားသမားနဲ့ နေဝန်းနီတို့ နှစ်ယောက် သေတ္တာဝိုင်းမရတော့တာပေါ့..။ သေတ္တာထဲ ဘာတွေ ပါနေသလဲတော့ မသိဘူး..။ တော်တော်တော့ လေးသား…။ […]


naywoon niSeptember 11, 20111min011
ကင်ဆာဟာ နေရာတစ်ကာမှာရှိတယ် အရာအားလုံးကိုလှိုက်စား မှောင်မိုက်တဲ့အားနဲ့ ငါ့ရဲ့ စိတ်ဓါတ်တွေကို မြွေဟောက်ပျိုမလိုခြိမ်းခြောက် ငါလေ…… သိပ်ကြောက်နေမိတယ်….ပေ့ါ…..။။ ကျရောက်လာမဲ့အန္တာရာယ် နိဂုံးရဲ့နောက်မှာ ကင်ဆာ ကင်ဆာ ကင်ဆာ ငါ့ဆီမလာပါနဲ့…… ငါကိုမခေါ်နဲ့လေ…… အိုးးးးးး သွားရတော့မယ်…။ ငါသွားရတော့မယ်……… ကင်ဆာ ငါ့ကိခေါ်နေပြီ……။ ငါ့စိတ်တွေကို ကင်ဆာ လှိုက်စား နောက်ကျိမှုများပြိုကွဲ ရောင်နီလည်းလာရော……. ငါဟာ ကင်ဆာ နဲ့ အတူမျောပါရင်……. လမ်းလျှောက် သွားနေတာကိုတွေ့လိုက်ရတယ်………။ နေဝန်းနီ


naywoon niSeptember 10, 20111min03
ပျိုမြစ်တဲ့… အလှရဲ့ စွမ်းအားဟာ ရင်ခွင်ကိုအရမ်းကာရောခုန်စေတယ် အကြည့်တွေ မျောပါသွားပေါ့…..။ ယမင်းရုပ်ထု ခေတ်သစ်ပန်းပုဆရာကထွင်းထု ရောဂါကုစားမဲ့ ဆေးဝါး တစ်ရှိုက်မက်မက် သောက်သုံးပါရစေ…….။ အကြည့်စိမ်းမှာ ရင်ခုန် အယူအဆ တိမ်းပါး အတွေးအခေါ်တွေလည်း စည်းဝါးမဲ့ခဲ့ အခြေအနေ ခြားနားခြင်းရဲ့ တစ်ဖက် ရက်စက်စွာလမ်းခွဲ မိုးမစဲသေးဘူးနော်…..။ ကျော်ကြားမှု ပျော်ပါးမှု သစ်ပင်အောက် အလည်အပတ် တစ်ခေါက် ဒြပ်ရုပ်မဲ့ အပ်စိုက်ခြင်းအတတ် အမြတ်ထုတ်မဲ့ စက်ရုံတွေကိုရှောင်ကွင်း အနာမယဉ်းခင်မှာ နာကြင်ရင်ပြန်လှည့် ဖုန်မှုန့်များသဲ့ထုတ် နှလုံးသားပြုတ်ရည်တစ်ချို့ ချုပ်ရိုးတစ်လျှောက်လိမ်းသုတ်… တိမ်းလိုကတိမ်း ယိမ်းလိုကယိမ်း စိမ်းလိုကစိမ်းလိုက်ပါတော့ ဘယ်သူတွေဘာဖြစ်ဖြစ် ဘယ်သူတွေက ဘာပြောနေနေ ဘယ်လိုလူတွေဘယ်ပုံတွေးတွေး အချစ်ဆိုတာကတော့ အချစ်ပဲလေ…….။။ နေဝန်းနီ


naywoon niSeptember 10, 20111min08
စာရွက်အဖြူထည် ပေါ်မှာပဲ တိုင်းပြည်တည်ဆောက်ကစားရာက စည်းကမ်းချက်အစီအစဉ်အသစ်ရေးဆွဲ ဂိမ်းစက်ထဲထည့်လိုက်ပြီ….။ ဂျင်နရယ်တိုက်တယ်ဆိုလား ဒိုတာခုတ်တယ်ဆိုလား ကစားနေကျ ကလေးတွေတော့ နားလည်မှာပ…။ အချိန်ကုန် စိတ်ပမ်း အိပ်ကပ်ထဲက မုန့်ဖိုးကုန်လေမှ လေးကန်ကန် ထပြန်တဲ့ကလေးတွေ… ကျောင်းပျက်ခံ စာမကျက် ဂိမ်းမက်တဲ့ကလေးတွေ လူနဲ့စက် စက်နဲ့လူ နိုင်ငံတွေ အပြိုင်ဆောက် စက်ရုံတွေ အပြိုင်တည်… စစ်ပွဲတွေ အလီလီနွဲနဲ့….. သူရို့ဖာသာသူရို့တော့ အတော်ဟုတ်နေပါ့…. ။ ဒါနဲ့ ကိုယ့်အတွင်းစိတ်ကိုယ်သေချာပြန်စစ်ဆေးလိုက်တော့ ကို်ယ်တို့တွေလည်း စိတ်ကူးထဲမှာပဲ နိုင်ငံတည်ဆောက် ကိုယ့်ဖာဟာကိုယ် ရှင်ဘုရင်လုပ်လို့ အတွေးတွေနဲ့ပဲ စစ်တုရင်ထိုးနေကြတာပေါ့………..။ နေဝန်းနီ


naywoon niSeptember 5, 20111min012
နေရာတစ်ကာမှာ ငါမပါ ဘယ်အရာမှမပြီး…။ နေရာတစ်နေရာ ငါ့ဖာသာ တစ်ယောက်ထဲလည်း ဘယ်ဟာမှမပြီး…။ ဒါပေမဲ့လည်း နေရာတစ်ကာ ငါပါတတ်၏ ..။ ရွာအသိ………။ နေဝန်းနီ


naywoon niSeptember 5, 20111min05
ချစ်နေရတာနဲ့ပဲ ဘဝက တဖျစ်ဖျစ်မြည်နေပြီ အလှ ဆိုတာကို ဘယ်နားသွားထားရပါ့….. ဒါနဲ့ပဲ အရသာက ခါးသက်သွားပေါ့…..။ နေ့တိုင်းကော်ဖီတစ်ခွက် တစ်ခွက်နဲ့ တင်းတိမ်နိုင်ပါသလား…။ ဟင့်အင်း…….. အရက်တွေ တစ်ဝက်တစ်ဝက်ရောရော သောက်ပြီး ဘဝဆိုတာကြီးကို ဖြုန်းတီး ပစ်နေတာ အိုးးးးး အိပ်ချိန်ရောက်နေတာတောင်မှ ငါ့စိတ်တွေ လန်းဆန်းနေဆဲ…..။ အတိတ်တုန်းဆီက ဖြတ်သန်းခဲ့ရတာတွေကို အိပ်မက်နေတာနဲ့ပဲ အနာဂါတ်အချိန်တွေ ကုန်ကုန်သွားတာနဲ့… ငါ ပစ္စုပ္ပန်ထဲမှာ ရှိမနေပြန်ဘူး….။ အလန်ကွာတာမိန်း စာအုပ် ဖတ်ရဦးမယ်…။ ဂျွန်စတိုင်းဘက်ခ် စာအုပ်ကိုလည်းဖတ်ချင်သေးတယ်..။ မောင်ချောနွယ် ကဗျာ စာအုပ်က ဘယ်သူယူသွားပါလိမ့်…။ စာပေတိုက်ပွဲ စာအုပ်က ဘယ်နားထားမိပါလိမ့်…။ အင်း……. အတွေးတွေနဲ့ ဖွဲသီထားတဲ့ ဘဝဆိုတာက ကဗျာမဆန်လေတော့…… ခဏခဏ ခေါက်နေတဲ့ နာရီသံချောင်းသံ တွေက အိပ်တော့………တဲ့..။။ နေဝန်းနီ