နာမကျန်းသည်…ဧရာဝတီ

naywoon niSeptember 21, 20111min00

ဧရာဝတီ
သင့်ပုခုန်းထက်
လှေငှက်တို့နှင့်
မကွေးမှသည် မင်းဘူး
ဆိတ်ဖြူမှသည် ချောက်
အခေါက်ခေါက်အခါခါ
လူးလာဖြတ်ကူး
ရင်းနှီးဘိ၏..။
ရံဖန်ရန်ခါ
မိုးသက်လေနှင်း
တိုက်ခိုက်ခြင်းဖြင့်
လမ်းပန်းမသာယာ
ဖြစ်လေခါဝယ်
ဧရာ အသင်ပိုင်းခြားထား
လမ်းသလားနေ၍
သွားလာနှောင့်နှေး
ပြစ်တင်ဖူးသည် ဧရာဝတီ ……။
ထိုစဉ်ကာလ
ငါရဲ့အသက်နှစ်ဆယ်မပြည့်တတ်သေးပေ..။
သို့ပေသောကြောင့်
သင့်ငြူစူ ရိုင်းပြျမှုကို ခွင့်လွှတ်ပါလေ…မြစ်ဧရာရေ…။
နောင်ကလဝယ်
သင်ရဲ့တန်ဘိုး
သင့်တန်ခိုးကို
ငါလေသိခဲ့ရပါပြီ…။
သို့ပေသော်လည်း
ယခုချိန်ဝယ်
သင်လျှင်နာမကျန်း
အတိဒုက္ခ
ရောက်နေရသည်
ငါကြားမိ၏…။
သင်နှင့်ဝေးကွာနေရပါလည်း
သတိတရရှိပါသည်..။
လူကိုယ်တိုင်လည်း သတင်းမမေးနိုင်
လာမတွေ့နိုင်သည်ကို
ထပ်မံခွင့်လွှတ်
ပေးပါလေ…….။
မြစ်ဆုံမှသည် မြစ်ဝဆီသို့
သင်စီးဝင်မြဲ စီဆင်းနေငြား
သင့်သတင်းစကား
လူတိုင်းနှုတ်ဖျား
ပြောကြသည်မှာ
သင်သည်နာဖျား
အင်အားချနဲ့နေသည်ကို……။
သို့ဖြစ်ပါ၍
သင့်အနားအဖျား
ရောဂါဘယ
လျှင်မြန်ကုသပျောက်ကင်းနိုင်စေသော်(ဝ်)
သင်နှင့်ကျွန်ုပ်
မိတ်ဆွေရင်းခြာ
ရင်မှဖြစ်သော်စေတနာတည့်….။

နေဝန်းနီ

Leave a Reply

Your email address will not be published.