naywoon niOctober 26, 20111min018
အတွေးထဲ ရောက်နေတဲ့ အကြောင်းအရာလေးတွေ ရွာထဲမှာ လာလာတွေ့နေရတော့ တစ်ဖြေးဖြေးနဲ့တော့ ဇာတ်ရည်လည်လာပါပြီ….။ ကိုယ်တိုင် ဘယ်ကပြန်ပြီး စပြောရမှန်းမသိတာ သူတို့လေးတွေက အစဖော်ဖော် ပေးနေသလိုဖြစ်လာလို့ ကျေးဇူးလည်းတင်ပါတယ်…။ ဟုတ်ပါတယ်…။ ခေတ်အလွဲ ပါ…။ အဲဒါနဲ့ ပါတ်သက်ပြီးပြောရရင် မျိုးဆက် အကြောင်းပါ ပြောရလိမ့်မယ်…။ ကနေ့ လူကြီးနဲ့ လူငယ် မျိုးဆက်ကွာဟမှုဟာ အပိုင်းအခြားကျဉ်းမြောင်းသွားတာပါ…။ ယခင်ကတော့ မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက် နှစ်သုံးဆယ်လောက် ကွာမှ အတွေးအခေါ် အယူအဆ ကွာဟ ပေမဲ့ ကနေ့ ဆယ့်ငါးနှစ်လောက် အသက်ကွာရင်ကို မျိုးဆက်တစ်ဆက် ကွာဟသွားပါပြီ…။ ဆိုလိုတာက နေဝန်းနီ တို့ အသက် 40-45 ကြားရှိတဲ့သူတွေနဲ့ အသက် 25-30 ကြားရှိတဲ့လူငယ်တွေ ဟာ မျိုးဆက်တစ်ဆက်ကွာဟသွားပါပြီ…။ အတွေးအခေါ်ချင်း ခံယူချက်ချင်း ဖြတ်သန်းလာခဲ့ရတဲ့ […]


naywoon niOctober 23, 20111min02
နေဝန်းနီကလည်း နေဝန်းနီပေပဲလေ….။ မူးလာရင် ဇောက်တိ ဇောက်ထိုးနဲ့ ဆိုတော့ မူးလာရင် သူတို့တွေ ဆော့စရာအရုပ် …။ အဲဒိလောက်ထိသောက်ခဲ့တာ…။။ ကိုယ်ခံအားကလည်း ကောင်းတုန်းကိုး….။ အဲဒါနဲ့ ကိုကိုဦး ငှဲ့ပေးတဲ့ အရက်ခွက် ကိုယူသောက်လိုက်မိတော့ ရင်ထဲက တစ်ချက်ပျို့လာသေးတယ်…။ ကမန်းကတန်း မော့ချလိုက်ပြီးတော့ ရေသောက်ချလိုက်တော့မှ နဲနဲသက်သာသွားတယ်..ကိုကိုဦးက “ လဒ ဒီအတိုင်းသာ ဆက်သွားနေလို့ကတော့ နောက်ဆယ်နှစ် တောင်နေရမှာမဟုတ်ဘူး…။ အရက်မသောက်ခင်ရေလေးဘာလေးလည်း ခံသောက်ဦး ဟကောင်ရ” တဲ့…။ ဟုတ်တော့လည်း ဟုတ်တယ်..။ နေဝန်းနီ အရက်သောက်ခဲ့တဲ့ သက်တမ်း တစ်လျှောက်လုံး အရက်နဲ့ ရေ ရောသောက်တာ နဲပါတယ်…။ ပေါ့သွားမှာ စိုးလို့ပါ…..။ အရက်ရဲ့ အရသာကို ဒီအတိုင်းသောက်တာက ပိုသိပါတယ်……။ နောက်ပိုင်းသောက်တဲ့ မီးတောက် ချက်အရက်တောင် ဒီအတိုင်းသောက်ခဲ့တာပါ……။ နောက်ပိုင်းကျတော့ […]


naywoon niOctober 22, 20111min04
မဆုံးတဲ့….သီချင်း—၃၅ စက်တင်ဘာ-၅ ရက်နေ့ မိုးတွေလည်း အုံ့ပြီး အိုက်ပြုတ်ပြုတ်ကြီး ဖြစ်နေတယ်…။ အဆောင်မှာ ကိုကိုဦးဆိုတဲ့ ကောင်က သီချင်းလေးတစ်အေးအေးနဲ့ အဆောင်ပေါ်ကိုတက်လာတယ်..။ သူများတွေက ပိုက်ဆံတွေ သုံးမရတော့ လို့စိတ်ညစ်နေတဲ့ အချိန်မှာ ဒီကောင်မို့ သီချင်းလေးတစ်အေးအေးနဲ့လို့ နေဝန်းနီ အခန်းဖေါ် ကပြောတယ်..။ ကိုကို ဦးရဲ့ အသံက တစ်ဖြေးဖြေးနီးလာတော့ နေဝန်းနီတို့ အခန်းဘက်လာနေတာဖြစ်တယ်..။ အဆောင်က မျက်နှာချင်းဆိုင် အခန်းတွေ ကြားမှာ လမ်းကကျဉ်းမြှေင်မြှောင်လေး ….။ မျက်နှာကျဉ်းကျဉ်း နောက်ဘက်ခပ်ကျယ်ကျယ် နဲ့ မန္တလေးရဲ့ ခြံမြေဖွဲ့စည်းပုံအတိုင်းး …..။ “ အေ့….။ နေဝန်းနီ ဆိုတဲ့ ကောင် ရှိလား အေ့” မမူးသေးဘဲနဲ့ မူးသယောင် အသံပေးပြီး အခန်းထဲဝင်လာတဲ့ကိုကိုဦးကိုကြည့်ပြးီ….။ “နေဝန်းနီနော် ဘယ်လဒ မှ ငှက်မထင်ဘူး…။” […]


naywoon niOctober 22, 20111min05
ဒီနေ့တော့ ကဗျာက ပေးတဲ့ အတွေးလေးတွေ အကြောင်းပြောချင်ပါတယ်…။ တစ်ချိန် မဂ္ဂဇင်း ခေတ်က ဖော်ပြ ခံခံရတဲ့ ကဗျာ နှစ်ပုဒ်နဲ့ စလိုက်ရအောင်….။ ဒီကဗျာ နှစ်ပုဒ် နဲ့ ပတ်သက်ပြီး ပြောချင်တာက ကဗျာ ရေးသူ တစ်ယောက်က ကဗျာချည့် တစ်စိုက်မတ်မတ် ရေးဖွဲ့သူမဟုတ်ပါဘူး……။ ဒီနေ့ အဲဒိအကြောင်းကို သိသူလည်း နဲပါလိမ့်မယ်….။ ကဗျာကောင်းတစ်ပုဒ် ဆိုတာ ဒီလိုနည်းနဲ့ တိမ်မြုပ်သွားမှာ အင်မတန် နှမြောစရာကောင်းပါတယ်…။ ကဗျာရေးတဲ့သူကိုတော့ ကြိုမပြောတော့ဘူး …။ ဖတ်ရင်းနဲ့တွေ့လာပါလိမ့်မယ်….။ ကဗျာ ခေါင်းစဉ်က “ ဖြေထားသင့်ရင် ဖြေထားနှင့်” တဲ့…။ 1984 ခုနှစ် နိုဝင်ဘာလထုတ် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းမှာ ပါခဲ့တယ်လို့ မှတ်စုထဲမှာ မှတ်ထားမိတာပဲ…။ ကဗျာက —– “ […]


naywoon niOctober 21, 20111min05
နောက်ဆုံးကျန်တာကတော့ အိမ်ရှင်လင်မယားရဲ့ မိဘတွေပဲ…။ သူတို့က အိမ်အပေါ်ထပ် အိမ်ဦးခန်းမှာ မျက်နှာချင်းဆိုင် နှစ်ခန်းယူထားတာ…။ ကြားထဲမှာ ဘုရားခန်း ရှိတယ်..။ အဲအိမ်နောက်ခန်းမှာတော့ ညီအမ သုံးယောက်အိပ်တယ်…။ ထမင်းချက်တဲ့ ကောင်မလေးရယ်….. ချဲရောင်းတဲ့ ကောင်မလေးရယ်… . ဈေးဆိုင်မှာ အလုပ်လုပ်တဲ့ကောင်မလေးရယ်လေ………။ သူတို့က နေ့ခင်းဆို အိမ်ပေါ်မှာ တက်တာမဟုတ်ဘူး….။ ထမင်းချက်တဲ့ ကောင်မလေးကလည်း တစ်နေကုန်အောက်မှာပဲ ချက်ပြုတ်လျော်ဖွတ်နဲ့…။ အဲ….သူတို့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ အိမ်ရှင်လင်မယား ရဲ့အခန်းရှိတယ်…။ သူတို့လည်း မနက်လင်းကတည်းက ထွက်သွားလိုက်တာ ညမိုးချုပ်မှ ပြန်ရောက်တာများတယ်…။ ကျောင်းသားနှစ်ယောက်ကတော့ အရက်သမားနဲ့ ကပ်ရက် အောက်ထပ်က အခန်းထဲမှာ အိပ်စေတယ်…။ ငယ်သေးလို့ သူတို့ အတွက် သီးခြားအခန်းကန့်မပေးသေးဘူးတဲ့…။ အဲဒိတော့ အိမ်ကြီးပေါ်မှာ အဘိုးကြီးနှစ်ယောက်နဲ့ အဘွားကြီးနှစ်ယောက်ပဲ ရှိနေတတ်တာများတယ်……။ အိမ်အပေါ်ထပ်မှာ သူတို့ […]


naywoon niOctober 21, 20111min03
အဲ တတိယ ဇာတ်ကောင်က နှစ်ယောက် …..။ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်…။ တစ်ယောက်က မိန်းကလေး…။ သုံးတန်း..။ တစ်ယောက်ယောက်ျားလေး….။ သူက ငါးတန်း…။ မနက်ဆို .. …..အမဖြစ်တဲ့သူ စီစဉ်ပေးတာစား………။ ပြီးရင် မိဘတွေ ထားခဲ့ မုန့်ဘိုးကိုယူ………..။ ကျောင်းသွား…။ ထမင်းစားချိန်ပြန်လာ….။ နေ့လည်ကျောင်းဆက်တက်……..။ ညနေပြန်လာ…….။ အမှန်တစ်ကယ် ကျောင်းသွားသလားမသွားဘူးလား …ဘယ်သူကမှ ဂရုတစ်စိုက် စစ်ဆေးမနေဘူး…။ အရေးတစ်ယူလည်း အမေးမခံရဘူး…။ ဒီနေ့ဘာသင်လိုက်သလဲ… ။ဘယ်နေ့စာမေးပွဲ ရှိတယ်…။မေးလိမ့်မယ် မထင်နဲ့…။ ဘယ်သူကမှ မမေးဘူး…။ ယုတ်စွ အဆုံး ကျောင်းပိတ်ရက်လားကျောင်းဖွင့်ရက်လား ဆိုတာတောင် ဂရုတစ်စိုက်မရှိဘူး…။ သူတို့ အိမ်မှာမရှိတဲ့ရက် ဟာကျောင်းဖွင့်ရက်ပဲ…။ အိမ်မှာ ဆော့နေပြီ ဆိုရင် ကျောင်းပိတ်လို့ပဲ…။ စာကျက်ဖို့လည်း ဘယ်သူကမှ သတိပေးမနေဘူး…..။ ကိုယ့်အလုပ်ကိုယ်သိတဲ့…။ စာကျက်ချင်ရင် […]


naywoon niOctober 20, 20111min06
အိမ်အိုတော့ကျားကန် …. လူအိုတော့ ပန်းပန်(၂) (အဲဒိမှာ …ဇာတ်လိုက်ဘယ်သူထားရမလဲ စဉ်းစားနေတာ …။ တစ်ပတ်လောက်ရှိမှ သွားတွေ့တယ်…။ ငမူးအကြောင်း အရင်စပြောရင် ဖတ်ကောင်းမလားလို့…..:P) ငမူးအကြောင်း အရင်စပြောရမယ်ဆိုရင် သူကနှစ်ဘက်သော ဘိုးဘွားတွေရဲ့ အချစ်တော်…။ အပြင်မှာ မောင်နှမတွေကြားထဲမှာ မိဘတွေက ဂလန်ဂဆန်လုပ်ပေမဲ့..။ ဘိုးဘွားတွေနဲ့တည့်အောင်ပေါင်းတယ်….။ သူ့ဟာသူမူးနေပေမဲ့ ဘိုးဘွားတွေကို ထမင်းကျွေးပြီး နင်းနှိပ်ပေးပြီးမှ သူဖာသာသူ သွားစရာရှိတာသွား သောက်စရာ ရှိတာသောက် လုပ်တယ်……။ ဘယ်မှ မသွားချင်လည်း အောက်ထပ်က သူ့အခန်းထဲမှာပဲ… တစ်ညလုံးသောက်တယ်….။ သူ့အခန်းတစ်ခုပဲ တစ်ညလုံးလျှပ်စစ်မီးထွန်းခွင့်ရတယ်…။ ကျန်တဲ့ အခန်းတွေမှာ ညရှစ်နာရီလောက်အထိပဲ ထွန်းခွင့်ရတယ်…။ တစ်ခါတစ်လေလည်း သူ့အခန်းထဲမှာပဲ သူ့အပေါင်းအသင်းတွေ နဲ့ အရက်သောက်တတ်တယ်…..။ အဲဒိလိုညမျိုးမှာ အိမ်မှာရှိတဲ့သူတွေ အိပ်ရေးပျက်မဲ့သာကြံထား……။ တစ်ခါတစ်ခါကျတော့လည်း သူက သူ့အပေါင်းအသင်းတွေနောက်လိုက်သွားပြန်ရော……..။ ဘယ်မှမသွားချင် […]


naywoon niOctober 20, 20111min014
အိမ်အိုတော့ ကျားကန် လူအိုတော့ ပန်းပန် တဲ့…။ သိပ်ကြောက်ဖို့ကောင်းတဲ့ မြန်မာစကား…။ နေဝန်းနီတွေ့ဖူးတဲ့ အိမ်အကြောင်းပြောရဦးမယ်…။ နားထောင်မယ်မဟုတ်လား…။ မြို့တစ်မြို့မှာပေါ့ဗျာ…။နေရာကမြို့လယ်ခေါင်…။ခြံဝန်းကျယ်ကြီးရှိတယ်..။ခြံဝန်းကျယ်ကြီးလို့ပြောရအောင် တော်တော်ကိုကျယ်တာ…။ အရင်ကတော့ သပ်သပ်ရပ်ရပ် ခြံခတ်ထားဖူးမှာပေါ့….။ ခုတော့ တော်တော်ကို ဖရိုဖရဲ ခရိုခယိုင်ဖြစ်နေပြီ…။ ခြံစည်းရိုးကာထားတာက သုံးလက်မ တစ်လက်မကို တန်းပစ်ပြီး နှစ် -တစ်လက်မလေးတွေ ကာထားတာ..။ ခြံစည်းရိုးတိုင်တွေက လေးလက်မ ပတ်လည်လောက် ရှိတဲ့ တိုင်လုံးတွေနဲ့…။ တိုင် တစ်တိုင်ချင်းစီမှာလည်း အောက်က အုတ် ခုံလေးတွေပါတယ်…။ အသေအချာလုပ်ထားတာပါပဲ…။ ခုတော့ ကာရံထားတဲ့ ခြံစည်းရိုးက မြို့ ကလနားမှာနေတဲ့ စည်းကမ်းမရှိသူတစ်ချို့ရဲ့ ထင်းခွေ ခြင်းခံရသလို… အဲဒိအိမ်က ထမင်းဟင်းချက်တဲ့ ကောင်မလေးကလည်း လူကြီးတွေလစ်ရင်လစ် သလို မြို့ထဲလာလည်ရောင်းတဲ့ ထင်းသည်က ထင်းမဝယ်ပဲနဲ့ ခြံစည်းရိုးကို ထင်းလုပ်တတ်တယ်..။ […]


naywoon niOctober 19, 20111min06
ငါလည်း …….. တစ်ချိန်တုန်းကတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပျိုမြစ်တဲ့ မြစ်တစ်စင်းလို ခရီးနှင်ခဲ့တာပ…။ အခုတော့လည်း အရင်းစီးကြောင်းပျောက် စွန့်ပစ်ပစ္စည်းတွေနဲ့လေးလံ အသက်ရှုသံတောင် မမှန်ချင်တော့ဘူး……။ စီးဆင်းနေတဲ့ ငါ့ကိုတောင် အဆိပ်တွေ သယ်ဆောင်ယူလာသူလို့ စွပ်စွဲနေကြ….။ အဲဒိတော့ ငါ့မှာ မန်းတက္ကသိုလ်ဘေးက ရေနီမြောင်းလောက်တောင် မစီးရဲတော့ဘူး….။ ဟုတ်ပါ့ ….. ငါ့ခန္ဓာမှာလည်း သူတစ်ကာစွန့်ပစ်လိုက်တဲ့ အမှိုက်တွေ လက်ခံမိလို့ အမြဲတစ်စေနောက်ကျိနေရ…..။ အရင်ကဆို……. ငါပုံပြင်တွေ ပြောပြနေတဲ့ အချိန်ဆိုရင် သူတို့တစ်တွေ ဝိုင်းနားထောင်လို့….. သိပ်ကိုကြီးကျယ်တဲ့မြစ်….. သမိုင်းကိုမှတ်မိနေတဲ့မြစ်တဲ့ ချီးမွမ်းလို့……။ ခုတော့ …. ငါ့အနားရောက်လာသူတွေဟာ ငါ့ကို လူမမာမြစ်တစ်စင်းလို ဆက်ဆံနေကြ…… ဂရုဏာသက်ကြနဲ့ သူတို့ပြောတာတွေကိုပဲ ငါ့မှာ နားထောင်နေရတော့တယ်……။ (နေဝန်းနီဆိုတာ မြစ်တစ်ဆင်းလိုပဲ အပူပင်ကြောင့်ကြမဲ့စွာ စီးဆင်းချင်သူပါ…။ သူတစ်ကာအပူပင်ခံ ဘဝမှာ မပျော်ပိုက်ပါ….။ […]


naywoon niOctober 19, 20111min014
ပြောရဦးမယ်…။ လူသားအားလုံးသံဝေဂ ရစရာလေးတစ်ခု…။ နဲနဲတော့ကြာသွားပြီ…။ ကာယကံရှင်တွေရဲ့ ပူဆွေးသောက သက်သာရာ ရအောင် အချိန်စောင့်ပေးလိုက်တာရယ် ….. အကြောင်းအရာအချက်အလက် မပြည့်စုံတာရယ်ကြောင်ကြာသွားတာပါ…။ ခုထိတော့ သူရို့ တစ်တွေ မှာ ဝမ်းနည်းပူဆွေးနေကြတုန်း…။ ဖြစ်ရပ်မှန်က ဒီလိုရယ်ပါ…။ 13-9-2011 နေ့ မွန်းလွဲ နှစ်နာရီမှာကျင်းပခဲ့တဲ့….. ဒေသကောင်စီအစည်းအဝေး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခမ်းမ တပ်ကုန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေးပါ…။ အစည်းအဝေးတက်ရောက်ခဲ့သူများကတော့—- -နေပြည်တော် ပြည်သူကောင်စီဥက္ကဌ (နေပြည်တော် မြို့တော်ဝန်) -မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးများ -လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ -ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြပါတယ်…။ အဲဒိအစည်းအဝေးမှာ မိမိ တင်ပြလိုရာ တင်ပြ ကြတဲ့ အထဲက ဦးမောင်အုန်း တင်ပြခဲ့သည်ကတော့…….. လွန်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေး ကာလ က […]


naywoon niOctober 14, 20111min011
သူမဟာ သူယောင်မယ်လို တိတ်ဆိတ်တဲ့ခြေလှမ်းတစ်ချို့နဲ့ ညနေတစ်ခုကိုသယ်ဆောင်ပြိး ငါ့အနားတိုးကပ်လာပေါ့…။ ဟိုး …အဝေးက မီးခိုးခေါင်တိုင်လို ရှည်မျောမျောအရိပ်တွေက ငါချစ်တဲ့ ဒဏ်ရာဗလပွနဲ့… ကမ္ဘမြေပေါ်မှာ လဲလျောင်းအိပ်စက်ဖို့ ရွေ့ရှားနေကြ…။ အေးစက်မာကျောပြီး ပြုံးရယ်ဖို့မေ့လျော့နေတဲ့ ငါ့နှုတ်ခမ်းတွေကို နားလည်မှုလွဲမှားပြီး စိတ်ကောက်နေတဲ့သူမကို ချော့သိပ်ဖို့ မေ့လျော့နေပြန်တယ်..။ အဲဒိလိုအချိန်မျိုးမှာ ရရာလက်မှတ်ယူပြီး နိမ္ဗာန်သွားချင်တဲ့ခရီးသည်တွေ တို့လို့တွဲလောင်းနဲ့ ရထားကိုခိုဆွဲပြီး ငါ့ကိုထားရစ်ခဲ့ပြီး ရထားသယ်ဆောင်ရာပါသွားကြ…။ တစ်ကယ်ပဲ နိမ္ဗာန် ရောက်သွားကြမလား? အို…… မတွေးတော့ပါဘူး…။ ငါတို့ကတော့ တစ်ကယ်ကျန်ရစ်ခဲ့တာသေချာတယ်…။ နေဝန်းနီ


naywoon niOctober 11, 20111min01
ညရောက်တော့ ကိုမြင့်ဇော် အဆောင်မှာပဲ လိုက်အိပ်လိုက်တယ်..။ 73 မိန်း မုတ်ဦးကနေ ဝင်သွားရင် ပထမဆုံး တွေ့တဲ့ အရှေ့ အနောက်ဖြတ်လမ်း အတိုင်း အနောက်ဘက်ကိုလျှောက်သွားရတယ်…။ အရှေ့ဘက်ထွက်သွားရင် ကျောင်းဆောင်တွေကိုကျော်ပြီး အပြင်ဘက်ထွက်သွားတဲ့ မလွယ်ပေါက်ရှိတယ်…။ ကျောင်းဆောင်တွေထဲမှာ မန္တလေးတက္ကသိုလ်မှာ နာမယ်ကျော်တဲ့ ကျောင်းသူအဆောင်ရှိတယ်လေ…..။ နေဝန်းနီတို့ မူးတိုင်းပြောတတ်တဲ့ မိန်းမမှာ သစ္စာမရှိဘူး …။ သစ္စာမှာပဲ မိန်းမရှိတယ်ဆိုတဲ့ သစ္စာအမျိုးသမီးဆောင်ရှိတယ်..။ အနောက်ဘက်ကိုသွားရင်တော့ လမ်းကတော်တော်လေးဆိုးတယ်..။ ကျောက်ခဲ တွေ ပေါ်နေပြီ..။ ကျောက်ကြမ်းလမ်း သာသာလောက်ပဲရှိတာ…။ အဲဒိလမ်း အဆုံးပေါ့ ရေနီမြောင်းက တောင်မြောက်ကန့်လန့်ဖြတ်စီးနေတယ်…။ ရေနီမြောင်း မရောက်ခင်လေးမှာ အမှတ်သုံး ဘတ်စကားတွေ ရပ်တဲ့နေရာရှိတယ်..။ အမှတ်သုံး ဘစ်ကားစထွက်တဲ့နေရာပေါ့….။ နောက်တော့ ယူတီစီ ကွင်းထဲ ပြောင်းသွားပါတယ်..။ ရေနီမြောင်းကူးတဲ့ တံတားလေးကိုကျော်လိုက်ရင် ကိုမောင်မောင်တို့ […]


naywoon niOctober 10, 20111min02
မဆုံးတဲ့…. သီချင်း–၃၃ နေဝန်းနီတို့က ရတနာဘုမ္မိနယ်မြေ လမ်း80×35 လမ်းမှာကျန်နေခဲ့တာ…။ နောက်နှစ်တော့ တူမှာပေါ့…။ ဒီနှစ် ကျောင်းက နေ့လည်ပိုင်းတက်ရတာဆိုတော့… ညနေပိုင်းမှ အမှတ်3 ဘတ်စကားစီးပြီး သွားရတာဆိုတော့ ကိုမြင့်ဇော်အဆောင်မှာပဲ အိပ်ဖြစ်တာများပါတယ်..။ ကိုမြင့်ဇော်က အစိုးရဆောင်ရတယ်လေ…..။ အဆောင်က တိုက်မဟုတ်ပါဘူး….။ အမှတ်3 ဘတ်စကားက ကျောင်းဝိုင်းထဲမှာ ဂိတ်ထိုးတာ…။ အဲဒိ ဂိတ်ကနေ အနောက်ဘက် ဆင်းလိုက်ေတော့ တောင်မြောက်စီးဆင်းနေတဲ့ ရေနီမြောင်းကလေးကိုကျော်လိုက်တော့ ဇေယျာ / မန္တလာဆောင်ကို ရောက်ပါတယ်…။ ကိုမြင့်ဇော်က အနောက်ဘက်ပိုကြတဲ့ အဆောင်မှာ ရတာပါ…။ သစ်သား နှစ်ထပ်ဆောင်ပါ..။ ဒါပေမဲ့ နှစ်ယောက်ခန်းတွေ ဆိုတော့ ပိုကောင်းတာပေါ့…။ ကျန်တဲ့ အဆောင်တွေက လေးယောက်ခန်းခြောက်ယောက်ခန်းနဲ့ ဟောလ် ခန်းတွေချည့်ပဲလေ……..။ အဲဒိတော့ သောကြာနေ့ ညနေဆိုရင် ကိုမြင့်ဇော် အဆောင် […]