naywoon niDecember 5, 20111min04
မနက် အစောဆိုပေမဲ့ ကိုးနာရီလောက်ဆိုတော်တော်နေပူနေပြီ….။ ဧပြီလဆန်းကိုး…..။ ဒါနဲ့ ရုံးချိန်လည်းရောက် တော့မှာဆိုးပြီး သူတို့ခရိုင်ရုံးဘက်ကို ထွက်လာပါတယ်….။ မြင်းလှည်းကတော့ ကားဆိပ်ကို ရုံးစောင့်နဲ့ အတူသွားနှင့်ပြီ….။ ရုံးရောက်တော့ မန်နေဂျာအမျိုးသမီးက ထွက်ကြိုပါတယ်….။ မနက်စာစီစဉ်ထားပြီးပြီတဲ့….။ အင်း အမျိုးသမီးအရာရှိ ဆိုတော့ သေချာ စီစီစစ်စစ် စီစဉ်ထားတာပဲ….။ ဟင်းတွေ ဝယ်ချုင်းပြီး ရုံးမှာပဲ ပြင်ကျွေးတယ်….။ နေဝန်းနီကတော့ မျက်စိသူငယ် နားသူငယ်ပေါ့….။ မီးရထားဆိုတာ ရုပ်ရှင်ထဲလောက်မှာပဲ မြင်ဖူးတဲ့ ဒီအရပ်က လူတွေ ဘယ်လိုများနေထိုင်စားသောက်ကြပါလိမ့် စူးစမ်းချင်လာတယ်…..။ သူတို့ကလည်း နေဝန်းနီတို့ သားအဖကို မရဲတစ်ရဲ ဆက်ဆံကြတာပဲ….။ ဒါပေမဲ့ ထမင်းစားလို့ မပြီးခင်ပဲ တော်တော်လေးရင်းနှီးမှု ရလာပါတယ်….။ သူတို့ အတွက် သူလိုကိုယ်လိုပဲ လို့ သိသွားကြပါတယ်…။ နေဝန်းနီက ရုံးကကောင်မလေးတွေ ကိုအတည်ပေါက်စတာကိုး……။ […]


naywoon niDecember 3, 20111min07
အဲဒါ ဆန်းသလား…………? တစ်ကယ်ဆို တောတယ်တောင်ထဲ ပျော်ပါးကျက်စား သားရဲ သတ္တဝါ အရိုင်းအစိုင်းတွေကိုအားကျမိတာအပြစ်လား? မင်းသေချာစဉ်းစားကြည့် သူတို့မှာ ဘာအပူအပင်မှ မရှိတာကလား….။ သူတို့မှာ နည်းပညာ မရှိ….။ သူတို့မှာ သားဖွားခန်းမရှိ………. သူတို့မှာ ဂုဏ်တု ဂုဏ်ပြိုင်တာမရှိ……… သူတို့မှာ မာန်မာန မရှိ………. မိဘက သားသမီးကို တော့ လူတွေ ချစ်သလောက် ချစ်ကြတာပဲ…။ ဒါပေမဲ့ ချစ်လို့ဆိုပြိးတော့ အိမ်(အသိုက်)ထဲမှာ ပိတ်လှောင်မထားဘူး လောကကြီးကိုရင်ဆိုင်ဖို့ တတ်သင့် တတ်အပ်တာ သူတို့ အသိညာဏ်ရှိသလောက် သင်ပေးလိုက်ကြတာချည့်ပဲ…..။ လောကကြီးမှာ နေတတ်ဖို့ သဘာဝကို တွန်းလှန်ဖို့ တတ်သလောက် မှတ်သလောက် သင်ပေးလိုက်တာချည့်ပဲလေ…။ ဘယ်လိုအကောင်ကို ဘယ်လိုဖမ်း ဘယ်အကောင်ကို ဘယ်လိုရှောင် ယောင်တောင်တောင်လုပ်မနေတဲ့ အသက်နဲ့ရင်းသွားရမယ်….. အားလုံးကို သင်ပေးတာလည်းခဏလေ…… အဲဒိတော့ […]


naywoon niDecember 1, 20111min03
နေ့လည် ထမင်းဆိပ်နဲ့ အိပ်ပျော်သွားတာ နေထိုးတာနဲ့နိုးလာတယ်…။ ကားကတော့ မြေနီ မှုန့်တွေ တစ်ထောင်းထောင်းကြားထဲ မောင်းကောင်းနေတုန်းပါပဲ…။ ဟိုး အဝေးဆီမှာတော့ နှမ်းခင်းတွေ လူတစ်ရပ်လောက်ရှိမယ်…။ ဒါကြောင့် မကွေးတိုင်းကို မြန်မာပြည်ရဲ့ ဆီအိုးကြီးလို့ ပြောကြတာဖြစ်မယ်…။ မြေအနေအထားကတော့ တွေ့ ရသလောက် စပါး စိုက်လို့ရမဲ့ မြေ မျိုးမဟုတ်ဘူး…..။ မြေက နီပြီ ဖွာနေသလိုပဲ…။ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်သွားတာ ကျ,နေက မျက်နှာထိုးလို့ ပြန်နိုးလာတာ……..။ အနားက အဖေက “ မကွေးရောက်ခါနီးပြိ” တဲ့…။ ဝန်ထမ်းများတစ်နေရာကနေ တစ်နေရာ ပြောင်းလိုက်ရတာ…။ တစ်နေကုန်ခရီးနဲ့ မပြီးပါ့လား….။ မကွေးမှာ ညအိပ်ရမယ်တဲ့…..။ တိုင်းရုံးမှာ ဝင်နားမယ်ဆိုတဲ့ အကြောင်း ဖုန်းနဲ့ အကြောင်းကြားထားရပါတယ်…။ ဆက်သွားမယ်ဆိုရင်တော့ မြစ်ကူးပြီး မင်းဘူးမြို့ အထိ ရောက်မှာပါ…။ […]


naywoon niNovember 30, 20111min01
စက်တင်ဘာ ၆ ရက်နေ့ မနက်ရထားနဲ့ ပါမသွား သူတွေအားလုံး ညထွက်သမျှ ရထားသုံးစီးပေါ်ကို မျှဝေ တင်ပေးပါတယ်…။ နေဝန်းနီက ည ခြောက်နာရီရထားနဲ့လိုက်လာခဲ့တယ်….။ ကျောင်းသားအတော်များများက မူးနေပါပြီ…။ အားလုံး နောက်လို့ ပြောင်လို့ စိတ်ညစ်တဲ့ ဟန်တစ်ယောက်မှ မရှိကြဘူး…..။ ကောင်မလေးတွေသာ မျက်နှာငယ်လေးတွေနဲ့ပါလာကြတာ……။ နောက်ပိုင်းလည်း ရထားက ဒီအတိုင်း အလွတ်ထွက်နေတာပါပဲ……။ လက်မှတ်စစ်ရယ်လို့ မရှိတော့ဘူး…။ နှစ်ပတ်လောက်ကြာမယ်နဲ့တူရဲ့……။ ဘာအလုပ်မှမရှိတဲ့သူတွေ ဒီရထားကြီးစီးပြီး ရန်ကုန် မန္တလေး လျှောက်သွားနေကြတာပဲ……။ ဒီလို သွားမှရောက်ဖူးကြမှာလေ…..။ သူရို့ ခင်မြာမှာလည်း…..။ ရထားတွေ အစုန်အဆန် ဒီအတိုင်း ဖရီးဆွဲပေးနေတာ ပျော်စရာကြီးတဲ့……။ ကျောင်းက ရက်အကန့်အသတ်မရှိဘူး ပိတ်ထားတာ….။နေဝန်းနီတို့ဆို ကျောင်းစာအုပ်တောင် စုံအောင်မသိမ်းခဲ့ဘူး…..။ ဒီအတိုင်းပြန်ချလာတာ….။ အရက်ပုလင်း ခါးကြားထိုးပြီး တွေ့ရာ ရထားတွဲပေါ်တက်လာတာ…………။ မှတ်ကရော……..ပဲ…။ […]


naywoon niNovember 28, 20111min018
အယူသည်းတယ် ဆိုတာက ရှေးမြန်မာတွေကတည်းက ရှိခဲ့တာပါ……။ တစ်ယောက်နဲ့တစ်ယောက် ကူညီသလိုဖေးမ သလိုနဲ့ ပြောကြ ဆိုကြ တားကြရင်းနဲ့ တစ်ယောက်ရဲ့ အယူသည်းမှုက တစ်ယောက်ဆီကို ကူးစက်လာကြတာပါ……။ အယူသည်းမှုကို ခိုင်မာအောင် လုပ်ဆောင်ပေးခဲ့သူတွေကတော့ ဗေဒင်ဆရာတွေနဲ့ နတ်ကတော်တွေပါပဲ….။ အိမ်မှာ တစ်ခုခုမဖြစ်လိုက်နဲ့ ရိုးရာမတင်လို့ ရိုးရာကိုင်တယ် ဆိုတဲ့ စကားတွေ တွင်တွင်ကြီး သုံးပြီး နတ်ကိုးကွယ်သူ တစ်ယောက် တိုးအောင် ဆွယ်တရားဟောတော့တာပဲ…။ ဗေဒင်ဆရာတွေကလည်း ဒီလိုပဲ …. မွေးနေ့သောကြာ……လို့ပြောလိုပြော ငါ့သားရွှေတောင် ရေကိုရှောင်လိုဆိုလိုဆို….။ သူပြောသလို သာဆို တနင်းလာရယ် သောကြာရယ် ဗုဒ္ဓဟူးရယ် စနေရယ် အဲဒိနေ့တွေမှာ ရေတောင် မကိုင်ရမဲ့ပုံ….။ ဆင်ခြေပေးလိုက်သေးတယ်….။ လူမမာ တွေအတွက်ပါတဲ့….။ ဘာထူးလဲ လူမမာတွေလဲ….။ ရေမချိုးနိုင်ရင်တောင် အဲဒိနေ့တွေမှာ ရေပတ်လေးဘာလေး မတိုက်ပေးရတော့ဘူးလား…။ […]


naywoon niNovember 26, 20111min011
မဆုံးတဲ့ …သီချင်း—၃၈ “ကျောင်းပိတ်လို့ ပျော်နေတာမဟုတ်ဘူးဗျို့…။ ပြန်စရာလမ်းစရိတ်မရှိလို့ ဘယ်နားသွားတောင်းရမလဲ … သီချင်းတိုက်နေတာ” ကိုကိုဦးက ဝင်ပြောတယ်..။ ကိုမြင့်ဇော်က “ ကျောင်းသားတွေ အတွက် ရထားစီစဉ်ထားတယ်..။ ကြိုက်တဲ့ရထားတက်စီးလို့ရတယ် ဘူတာတိုင်းရပ်ပေးမယ်လို့ပြောတယ်..။ ပါချုပ်နဲ့ ရုံပိုင် ညှိထားပြီးပြီ…။” ကိုမြင့်ဇော်က ပြောတော့ ဘကြီးသန်းက “ အေးပေါ့…။ မန္တလေးမှာ ကျောင်းသားရှင်းသွားဖို့က ဒီနည်းပဲရှိတာကိုး…။ ရှိသမျှ အကုန်ရောင်းပြီး အရက်တွေ မူးအောင်သောက်သွားတာပဲကောင်းတယ်..။ကျုပ်တို့က မိတ္ထီလာပြန်ရမှာ… ရထားလမ်းပေါက်တာမဟုတ်ဘူး… ကားနဲ့ပြန်မှအဆင်ပြေမှာ…။ ရထားက သာစည်အထိပဲရောက်မှာ… ဟိုဘက် 12 မိုင်လောက် ဘယ်ကားကမှ အလကားတင်မှာမဟုတ်ဘူး …။ အဲဒါဘယ်လိုစီစဉ်ပေးမှာလဲ” အဲဒိတော့ ဘကြီးသန်းက “ သာစည် ဘူတာမှာဆင်းပြီး တောမရောက်အောင်သာ ခြေလျင်လျှောက်ပြန် ဒါအကောင်းဆုံးပဲ…။” လို့ ဝင်ပြောရင်းနဲ့ ကိုမြင့်ဇော်က […]


naywoon niNovember 24, 20111min06
နောက်ကျန်တဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ကြပါဦး…။ ၄၁။ ကလောင်အမည်(၁၇၀) ရှိတဲ့ စာရေးဆရာဆိုတော့ ဂရင်းနစ် စာရင်းတောင် ဝင်သင့်တာပေါ့ ဘယ်သူများပါလိမ့်……..။ ၄၂။ နုနုရည် (အင်းဝ) ရဲ့ တောင်ပြုံးပွဲနောက်ခံ လုံးချင်းဝတ္ထု…….။ ၄၃။ မြန်မာ့သမိုင်းတွင် “ ငနု -နင်ယောက်ျားမဟုတ်လော” ဟူသည့် သမိုင်းတွင်သည့် စကားရှိသည်…။ ဘယ်သူက ဘယ်သူ့ကိုပြောတာလဲ………..။ ၄၄။ ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ ဘယ်နှစ်ဆက်မြောက် သမ္မတလဲ….။ ဘယ်ပါတီကလဲ?။ ၄၅။ MNL ဖလား ဗိုလ်လုပွဲ စတင်ကျင်းပသောနှစ်။ ဒီနှစ်ဘယ်နှစ်သင်းယှဉ်ပြိုင်နေသလဲနှင့် ဗိုလ်စွဲခဲ့သောအသင်း ကိုဖော်ပြပါ။ ၄၆။ ခင်ခင်ထူး၏ “ အညာသူအညာသား ကျွန်မဆွေမျိုးများ” စာအုပ်သည်စာပေဆုရဖူး၏။ ဘာစာပေဆုလဲ?။ ၄ရ။ ၁၉၇၆ ခုနျစ်က ဧရာဝတီမြစ်ထဲက ရေနစ်သူကို သက်စွန့်ဆံဖျားကယ်ခဲ့လို့ ဟင်နရီဒူးနန့်ဘွဲ့ရခဲ့တဲ့ […]


naywoon niNovember 23, 20111min07
ဒီဖောင်ဒေးရှင်ကို တည်ထောင်သူက ဦးသန်းဝင်းတဲ့……။ တစ်ခါတစ်ရံ လည်း ဖိုးသန်းဝင်းဆိုတဲ့ နာမယ်နဲ့ စာရေးတယ်…။ သိပ်တော့ သိကြမယ်မထင်…..။ ဌာနဆိုင်ရာတစ်ခုက အငြိမ်းစားဝန်ထမ်းတစ်ယောက်….။ ဇာတိက တပ်ကုန်းမြို့ အရှေ့ဘက် တစ်မိုင်လောက် (ခုတော့ အနော်ရထားရပ်ကွက်) ဝေးတဲ့ နောင်သင်္ခါ ကျေးရွာဖွား…..။ ယခုအခါမှာ ဦးသန်းဝင်းဟာ ရန်ကုန်မြို့မှာ မိသားစုနှင့်အတူနေထိုင်လျှက်ရှိပြီး ရရှိတဲ့ ပင်စင်လစာနှင့် စာအုပ်များဝယ်ယူစုဆောင်းခြင်း စာကြည့်တိုက်များသို့ ပေးပို့လှူတန်းခြင်း ဖိတ်ကြားလာသော စာကြည့်တိုက်ဖွင့်ပွဲများသို့ တက်ရောက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး 2010 ပြည့်နှစ်မှ အစပြုကာ တပ်ကုန်မြို့နယ်အတွင်းရှိ လူငယ်များ ဗဟုသုတနှင့်ရသစာပေ ဖတ်ရှု လေ့လာမှု အရှိန်အဟုန် တိုးမြင့်လာစေရေးကို ရည်သန်ပြီး မေးခွန်း(၁၀၀) ပါဝင်ဖြေဆိုရတဲ့ ရွှေဉာဏ်ရှင် ရွေးချယ်ပွဲကို စတင်ခဲ့ပါတယ်…..။ သူမွေးဖွားရာ ရွာကို အစွဲပြုပြီး ရွှေသင်္ခ ါ […]


naywoon niNovember 14, 20111min07
လွတ်လပ်ခြင်းဆိုတာက ဘယ်ဘုရားသခင်ကမှ လက်ဆောင်အဖြစ်မပေးနိုင်သလိုပဲ…… ဘယ်အစိုးရကမှလည်း အာမ, ခံမပေးနိုင်ပါတဲ့…. ကြားလိုက်ရတဲ့စကား နေဝန်းနီတို့များ ……ကြက်သီးမွေးညှင်းထတဲ့အထိ ရင်ဘတ်ထဲက ဟတ်တ် ထိသွားတာ…..။ ဟုတ်တာပေါ့………. ကိုယ့်လွတ်လပ်မှု ကိုယ့်ဖာသာဖန်တီးယူရမှာပ…..။ တစ်ချို့ကတော့ အပိုနှောင်ကြိုးတွေနဲ့ ရုန်းမထွက်နိုင်ကြ…. ကိုယ့်ကို ချုပ်နှောင်ထားတဲ့နှောင်ကြိုးတွေ မမြင်ရှာပဲ ကိုယ့်လွတ်လပ်မှုကိုယ် ဖန်တီးနေကြရှာသူတွေကို မလိုတမာ အပြစ်စကားဆိုနေကြရှာရဲ့……..။ အဲဒိတော့ ကိုယ် ဘယ်အတိုင်းတာထိ လွတ်လပ်မှုလိုချင်တာလဲစဉ်းစား လိုအပ်သလောက်ပဲ အချုပ်အနှောင်ခံ ကိုယ့်ဖာသာကို တာဝန်ယူပြီး ကိုယ့်လွတ်လပ်မှုကိုဖန်တီး ဘယ်သူ့ကိုမှ အပြစ်မဖို့ကြေးနော်………..။ နေဝန်းနီ


naywoon niNovember 9, 20111min012
အရင်နှစ်တွေတုန်းဆီက ဒီအချိန်ရောက်လာပြီဆိုရင် ဒီနေရာလေးတွေဟာ ပြည့်ကျပ်နေတဲ့လူပင်လယ် ကထိန်ရဲ့ဈေးတန်းမ အရုပ်ပူဆာတဲ့ကလေး သေနတ်သေးသေး မလိုချင်လို့လွှင့်ပစ်တဲ့ကလေး ရီမုကွန်ထရိုးနဲ့ ကားမရလို့ အမေကိုရန်တွေ့တဲ့ကလေး ပွက်ပွက်ကိုညံနေရော ပြန်တွေးကြည့်ရင်တောင် ကြားယောင်နေရတုန်း…………။ ဟိုတစ်ဘက်နားဆီက လူခေါ်နေတဲ့ပွဲခမ်းမ တစ်ထိန်ထိန်တီးလို့ ရုတ်ရုတ်သဲသဲနဲ့ရယ်က အလှည့်ကားလာပြီဆိုရင်လဲ လိုက်ကြည့်ကြ လမ်းလျှောက်ဖို့တောင်မလိုပါပဲ လူလှိုင်းကိုစီးရင်း ကထိန်အလှည့်ကားရှေ့မှောက် ဒါရိုက်အရောက်…..။ ကားပေါ်မှာစတိတ်စင်ထိုးတင်ပြီး ညလုံးပေါက်လှည့်စမ်းမြို့အနှံ့ဆိုပြီး သီချင်းတွေဆိုတဲ့ကထိန်………..။ အရှေ့ဆီကရောင်နီချိန်ရောက်အောင် သီချင်းတွေဆိုလို့ကောင်းတုန်း……။ ဒီနှစ်တော့ဝေးပေါ့…. ဟိုတစ်ခါခေတ်မကောင်းစဉ်ကတောင် ကားတွေနဲ့နေ့ခင်းလှည့် ပွဲဈေးကိုကိုးနာရီပိတ် ဇာတ်ပွဲတွေနေ့ခင်းက အဲဒိလိုရှိခဲ့တာ နှစ်လေးဆယ်ကျော်ခဲ့ပြီလေ………။ တို့အရပ်တို့ဇာတ် တို့ကထိန်ဆိုတာက မြို့ပေါ်ကောတောနယ်ရောအားခဲ တစ်နှစ်မှတစ်ကြိမ်နွဲရတဲ့ပွဲတစ်ခု ကျန်တဲ့ရာသီ ပွဲဆိုတာမရှိရှာဘူး….။ ရွာသားတွေ မြို့ပေါ်ရောက်ဖြစ်တဲ့ကထိန် ရွာသူတွေ ပွဲကြည့်တဲ့ကထိန် သူတို့တစ်တွေမှာလည်း တစ်နှစ်လုံးတစ်ပိန်ပိန်တစ်လိန်လိန်နဲ့ နွားနဲ့ဖက်ရုန်းရတာ ဖင်ထဲရွှံ့တစ်ပိဿာဝင်ချင်ဝင်ပါစေ ကထိန်ချိန်မြို့ပေါ်ရောက်ရင်ပြီးရော…….. အဲဒိလိုအားထားကြတာ….။ ဒီကထိန်ဟာသူတို့အတွက်တော့ စက်စဲနဲ့ပေးမလဲ ချောင်းသာနဲ့အလိုက်ပေးလို့မရ […]


naywoon niNovember 5, 20111min03
နတ်ဘုံနဲ့ ငရဲဘုံ ဘုံနှစ်ခုကြားက လူသားတွေများ ပြောပါတယ်……။ ချိမ်းလိုက် ခြောက်လိုက် မြှောက်လိုက် မြောက်လိုက် မကြားရ မမြင်ဖူးပါပဲနဲ့ ချောက်တဲ့သူကချောက် ကြောက်တဲ့သူကကြောက် ချောက်တော့လည်းကြောက် အကန်းများလမ်းစမ်းဘျှောက်သလိုသာပ……။ ဟိုပုံပြင်ထဲက ဆင်ကိုစမ်းတဲ့ မျက်မမြင်ပုဏ္ဏား တစ်သိုက် ကိုယ်စမ်းမိရာ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်ပြောတာအမှန် သူပြောတော့အလွဲ ငြင်းရင်းခုန်းရင်းနဲ့ ကြားထဲကပျောက်သွားမဲ့ အမှန်တရား အားနာစရာ….။ နေဝန်းနီ


naywoon niNovember 4, 20111min012
ကျမဘဝ ဝမ်းဝဖို့အတွက် ည, အကာလမှာ ကမ္ဘာပတ်နေရသူပါ…..။ ဟုတ်တယ်လေ…… ပညာကမတတ် အသပြာကနတ္ထိ အလိုက်ကမသိတတ်ဖူးဆိုပြီး ဘယ်အလုပ်မှာမှ ကြာကြာမမြဲ အဲဒိတော့ နေ့အချိန် လူစည်ကားရာလမ်းများမှာ ညအခါတိတ်ဆိတ် ကျမခြေသံ တစ်ဖြတ်ဖြတ်နဲ့ ကမ္ဘာပတ်ရင်းနှိပ်စက်နေမိတာပေါ့…..။ လွမ်းရေးထက် ဝမ်းရေးခက်တယ်လေ… ဝမ်းထဲမှာ အစာမှ မရှိရင် လွမ်းရတာဘယ်အရသာရှိတော့မလဲရှင်ရယ်…။ ဒါကြောင့် ဝမ်းစာအရေး မျှော်တွေးရင်းနဲ့ ဖောက်သည်ရှာ ကမ္ဘာတစ်ပတ်စာလောက် ညည ကျမ လမ်းလျှောက်နေရပါတယ်…။ နေဝန်းနီ


naywoon niOctober 26, 20111min01
မဆုံးတဲ့…..သီချင်း—၃၇ အဲဂလို နေဝန်းနီတို့ သုံးယောက်သားအရက်သောက်နေကြတုန်း အခန်းတံခါးကို ဖြတ်ကနဲ ဆွဲအဖွင့် ဘကြီးသန်းကလည်း အရက်ပုလင်းကိုအောက်အချ…။ တံခါးဝကို ကြည့်လိုက်တော့ တံခါးဆွဲဖွင့်လိုက်တဲ့သူက အဆောင်ပိုင်ရှင်ရယ်…။ ကွိုင်ပြီ လို့ထင်လိုက်တယ်…။ ဒါပေမဲ့ အခန်းထဲမှာ သုံးယောက် လုံးကို ပြုံးကြည့်နေတယ်..။ ပြိးတော့ “ ငါ့တူတို့ ဘယ်ကလာခေါ်ခေါ် မလိုက်နဲ့နော်” တဲ့..။ ဘာကိုပြောလိုက်မှန်းမသိသေးဘူး..။ သုံးယောက်သားအူကြောင်ကြောင် ဖြစ်သွားကြတယ်..။ သူကပဲဆက်ပြီး ……… “ အေး…။မင်းတို့ မသိသေးရင်ပြောပြထားရဦးမယ်..။ မြို့ထဲမှာ ပိုက်ဆံ သိမ်းတာ မကျေနပ်လို့ စုရုံး ဆန္ဒပြဖို့ လူစုနေတယ်..။ ကျောင်းကလည်း ပိတ်ဖို့ သေချာသွားပြီ..။ စောစောက ကောင်စီရုံးက ခေါ်ပြီး အဆောင်မှာ နေတဲ့ ကျောင်းသားတွေကို အဆောင်ပိုင်ရှင်က စုရုံးဆန္ဒ ပြတဲ့အထဲမပါဖို့ တာဝန်ယူပြီး လက်မှတ်ထိုးထားပေရတယ်..။ […]