လေထဲရောက်အမှန်တရားများ

naywoon niNovember 5, 20111min03

နတ်ဘုံနဲ့ ငရဲဘုံ
ဘုံနှစ်ခုကြားက
လူသားတွေများ ပြောပါတယ်……။
ချိမ်းလိုက် ခြောက်လိုက်
မြှောက်လိုက် မြောက်လိုက်
မကြားရ မမြင်ဖူးပါပဲနဲ့
ချောက်တဲ့သူကချောက်
ကြောက်တဲ့သူကကြောက်
ချောက်တော့လည်းကြောက်
အကန်းများလမ်းစမ်းဘျှောက်သလိုသာပ……။
ဟိုပုံပြင်ထဲက
ဆင်ကိုစမ်းတဲ့ မျက်မမြင်ပုဏ္ဏား တစ်သိုက်
ကိုယ်စမ်းမိရာ ကိုယ်ထင်ရာကိုယ်ပြော
ကိုယ်ပြောတာအမှန်
သူပြောတော့အလွဲ
ငြင်းရင်းခုန်းရင်းနဲ့
ကြားထဲကပျောက်သွားမဲ့ အမှန်တရား
အားနာစရာ….။
နေဝန်းနီ

3 comments

  • windtalker

    November 6, 2011 at 11:03 am

    တစ်ကယ်တမ်းကြ
    အိုလူသား
    ကိုယ့်ရှေ ့မှာ မင်းချော်လဲ ရင်
    ကိုယ့်မှာ ပြုံးသွား
    ကိုယ့်ရှေ ့မှာ မင်းအောင်မြင်ရင်
    ကိုယ့်မှာ ပွားများ
    ကိုယ့်ရှေ ့မှာ မင်းကျဆုံးရင်
    ကိုယ့်မှာ ပျော်သွား
    အိုဒုက္ခ သစ္စာတရား
    လုံးဝ လစ်ခါထား

    Reply

  • naywoonni

    November 24, 2011 at 8:38 pm

    မောင်ပေ တို့ကတော့ အဲဒိလို စိတ်ထားကောင်းတာ ………။တော်လိုက်ထှာ………..

    Reply

Leave a Reply

Your email address will not be published.