လူသား နဲ့ သဘာဝတရား

naywoon niSeptember 3, 20111min010

*လူသား……
အရာရာစဉ်းစား
အတွေ့အကြုံနဲ့ ချင့်တွက်
အခက်အခဲဟူသမျှ ဖြေရှင်းတတ်သတဲ့…။
* အဲဒိတော့ …..
လူသားတွေကြားမှာ
ပြောသမျှ ကြားသမျှ
သူ့ဗဟုသုတနဲ့ တွက်ချင်
ဖြစ်နိုင်တယ် ဟုတ်နိုင်တယ်
*ယုံကြည်ထားသမျှရယ်ဟာ…….။
သဘာဝတရားဆိုတာက
လူသားလို ….
စဉ်းစားတွေးတော ပြီး
ဖြစ်သင့် မဖြစ်သင့်
တွက်ချက်တတ်တဲ့ ဉာဏ်မရှိလေတော့
သူဖြစ်ချင်တာဖြစ်
သူဖျက်ချင်တာဖျက်နဲ့…။
ဉာဏ်နဲ့ယှဉ်ခဲ့တဲ့လူသား
လုပ်သမျှ အကုန်မှား ……….။
နေဝန်းနီ

10 comments

  • မီးမီး သော်

    September 4, 2011 at 4:21 pm

    အကုန်မှား. ဟယ်နေဝန်းနီ ရေ ဗေဒင်လေး ဘာလေးမေးဦးမှနော့။မှားနေတယ်ထင်လို ့ပါ။ဟိ

    Reply

    • hmee

      September 4, 2011 at 7:49 pm

      @ မီးမီးသော်ရေ ရွာထဲရောက်တာ သိပ်မကြာသေးဘူး ထင်တယ်နော်။ အဘနီ အသက်ကို မသိပဲ သိသလို မမန်းသင့်ဘူးနော်။ ဒီရွာထဲမှာ အသက် (၅၀) ကျော်တွေများတယ်။ ဒုတိယက (၄၀)ကျော်တွေ။ အသက်ကြီးတဲ့သူတွေ ဘယ်လောက်များလည်း သိချင်ရင် ဆူးရဲ့ အသက်စစ်တမ်း ပို့စ်ကို ဖတ်ကြည့်ပါ။ နောက် ရွာထဲမှာ နေပါများလာရင်တော့ သိလာမှာ ဖြစ်ပေမဲ့ ဆင်ခြင်ရအောင် ပြောပြတာပါ။ ရွာထဲမှာ အခြေချမယ် ဆိုရင်ပေါ့။

      Reply

  • MaMa

    September 4, 2011 at 5:10 pm

    စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ လူသားတွေအတွက်……………
    ကံမရှိ ဉာဏ်ရှိတိုင်းမွဲ တဲ့။
    ဒါပေမယ့်………
    ဖြစ်ချင်သလိုဖြစ်နေတဲ့ သဘာဝကြီးမှာ ကံကို ယုံပြီး ဆူးပုံမနင်းနဲ့ လို့လည်း ဆိုထားပြန်တယ်။
    အဲဒီတော့……..
    အကောင်းဆုံး အကြံပေးလိုက်မယ်။
    ကံကောင်းအောင် ဇာတာ ခေါင်မိုးထိုးထားလိုက်ပါလား။
    😉

    Reply

  • manawphyulay

    September 4, 2011 at 5:58 pm

    http://myanmargazette.net/40913/creative-writing ဒီမှာ မနောရေးထားတာ အပြည့်အစုံဖတ်ချင်ရင်တော့

    လူ
    ဘဝထဲကလူ
    အူကြောင်ကြားနဲ့ လမ်းသွား
    သွေးပျက်နေတဲ့ အယူအဆများနဲ့
    ကမ္ဘာလောကကြီးထဲ လျှောက်သွား
    အတ္တတရားကို ရှေ့တန်းတင်
    ခြင်သတ္တဝါကို အားကျ
    တစ်ဘဝစာနဲ့ ကျေနပ်မှာလား….
    ဒါမှမဟုတ်
    ပုရွက်ဆိတ်ကို နည်းယူ
    ကြည်ဖြူတဲ့စိတ်ထား
    မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
    ကုသိုလ်တံတားတွေ တည်ဆောက်
    သံသရာလမ်းကို လျှောက်မှာလား…
    အဲဒါကို
    သင် စဉ်းစား…..

    Reply

  • kai

    November 2, 2011 at 4:21 pm

    ကိုရင်နေရေ..
    ဒီကဗျာ.. ဒီလထုတ်မှာရွေးပါတယ်တဲ့..။
    အဲဒါ လှမ်းပြောတာပါနော..။

    စာမူခ.. ပွိုင့်၅၀၀ဝ ပေါင်းပေးလိုက်ပါမယ်..။ 🙂

    Reply

    • ကြောင်ကြီး

      November 5, 2011 at 9:56 am

      လာပြန်ပြီ
      နောက်တယောက်
      ကြက်သားလည်း
      နင်တို့စား
      ဝက်သားလည်း
      နင်တို့စား
      အကုန်လုံးသာ
      မျိုကြဆို့ကြ 😡
      ကျန်သူတွေက
      လူမဟုတ်ဘူး
      ကြောင်တွေဆိုတော့
      ကြွက်ခုတ်စားကြ 😮
      ပြောလိုက်ရင်
      မစားရဝခမန်း
      တည်နေတော့
      ရုပ်အခံကြီးနဲ့
      ရွေးတဲ့အခါ
      သူ့အမျိုးချည်းပဲ 😎
      ဒါလား အယ်ဒီတာ
      သူ့လောက်တော့
      ငါလည်းတတ်တယ်
      လာကြလာကြ
      တသိန်းပေးမယ် 🙄
      ဟောဒီမှာအင့်
      မောင်မဲရသွားပြီ
      နောက်တခါမောင်နက်
      ဟိုးအရင်ကမဟူရာ
      စစခြင်းမှာဘလက် 😉
      နင့်နာမည်ဘယ်သူ
      အူတူတူနဲ့
      ငဖြူ ဆိုပါကလား
      အထူအပါး နားမလည်
      ဖားသူငယ်လို
      အုံအွမ်အော်ရင်း
      စောင့်အုံးတလှည့်
      လွင်တီးခေါင်
      သဲကနာ္တရအလယ်မှာ..။ 😆

      Reply

  • thit min

    November 2, 2011 at 4:27 pm

    Congratulations!!! Ko Naywoonni(^^)

    Reply

  • နီလေး

    November 2, 2011 at 4:49 pm

    ကို နေဝန်းနီရေ ဂုဏ်ယူပါတယ်နော်

    Reply

  • naywoonni

    November 2, 2011 at 8:26 pm

    ဘာပြန်ပြောလိုက်ရမှန်တောင်မသိတော့ပါဘူးသူကြီးရေ….။ အားလုံးကိုကျေးဇူးတင်ပါတယ်..။ ကျွန်တော်ထင်မထားတဲ့ ပို့စ်ကို ကြိုက်သွားတယ်ဆိုတော့……..

    Reply

    • windtalker

      November 5, 2011 at 12:31 pm

      ဒါဆို ရင်တော့
      ဂုဏ်ပြုရမယ် ဗျို ့
      ဘိုနီ က ပုလင်းထုတ်ထား
      ကျုပ်တို ့က လာဂုဏ်ပြုပါရစေ

      Reply

Leave a Reply

Your email address will not be published.