မဆုံးတဲ့… သီချင်း—၂ဝ အိပ်ယာကနိုးတော့ ရင်ဘတ်ပေါ်က စာအုပ်ကို ဖွင့်ကြည့်လိုက်မိတယ်….။ ပါးပါးလေးပါပဲ..။ အဖုံးက အစိမ်းနုရောင် ဆီစိမ် စက္ကူနဲ့…။ အသာလှန်ကြည့်လိုက်တော့ ..။ တစ်နှစ်လုံး တစ်ချိန်မှ မတက်ခဲ့ဖူးတဲ့ နိုင်ငံရေးသိပံ္ပ စာအုပ်ဖြစ်နေတယ်..။ အဲဒါနဲ့ မျက်နှာသစ်ပြီး အကြမ်းဖျင်းဖတ်ကြည့်လိုက်တော့ ပြဌာန်းစာအုပ် လေးငါးအုပ်လောက် ရှိတဲ့ ဘာသာကို လုရင်းပဲရေးပေးထားတာတွေ့လိုက်တယ်လေ…။ ပြဌာန်းထားတာက မိဇ္ဇိ မ ပဋိပဋာ တို့ အညမည တို့ ပါတီတွင်းဆွေးနွေးပွဲတို့ ဘာတို့ပေါ့…။ စာအုပ်တွေက ယူနစ်က ရိုက်တဲ့စာအုပ်တွေ ထူသလို စာရွက်သားကလည်းကောင်းတယ်..။ အလေးချိန်စီးတယ်ဗျ…။ ရောင်းစားရင် ပြောပါတယ်..။ အင်း … ကိုမျိုးလာပေးတဲ့ ဝတ္ထုစာအုပ်ကလည်း ပါးလိုက်တာပေါ့…။ ကိုမျိုးပြန်ဝင်လာတော့ ကိုမျိုးကို “ ကိုမျိုးရာ …နင့် ဝတ္ထုက လည်း […]
