ဤအရာသည်… ငါ့ဘဝဖြစ်ပေတော့သည်…။

naywoon niJuly 20, 20111min06

* ကရွတ်ခွေပေါ်မှာ ကင်းလျှောက်နေသလိုသာပ
ကလန့်နားသတ် စိုက်ဝန်းအပေါ်ကနေပြီး
ကျော်လွန်ဖြတ်သန်းပိုင်ခွင့် မရှိ…။
* ငါ့ ဖာသာ ငါ ရွေးချယ်မိရက်သား
ဇတ်တိုက်ထားစရာ မလိုပါပဲ..
အတိ အကျ ဖြစ်နေပုံများ….။
* အဲဒိ ကရွတ်ခွေဟာ
မသိမှု ထောင်ချောက်
ငါ့ရဲ့ မရှိမှု မပြည့်စုံမှု သင်္ကေတ
သုည(သုဉ်ည)
ထို သုညနဲ့ ဤစက်ဝန်းထောင်ချောက်တို့ ကြားမှာ
(အဲဒါ ငါရွေးချယ်မိခဲ့တဲ့ နေရာလေးပါ…။ )
ငါပိတ်မိနေခဲ့တာ…
နှစ်လေးဆယ် ကျော်ပါပကောလား….။

နေဝန်းနီ

6 comments

  • kai

    July 21, 2011 at 8:21 am

    * ကရွတ်ခွေပေါ်က”ကင်း”၊ ရှင်းလင်းပြောပြရရင်
    ကင်းဆိုတာ သိုးဆောင်းအဓိပ္ပါယ်ရှိလေရဲ့…။
    * အဲဒီကရွတ်ခွေဟာ သံသရာတို့ရဲ့အဆုံး
    မရှိမှု မပြည့်စုံမှု လွတ်ကင်းရာ – သုည(သုဉ်ည)
    * ဤသုညနဲ့ ထိုစက်ဝန်းတို့ ကြားမှာ
    “ကင်း” ဆိုတဲ့ ဘုရင်ဟာ
    လွတ်မြောက်လမ်းကိုရှာလို့ ကိုယ်တော်တိုင်သွားရမှာ...။ 🙂

    Reply

  • ကြောင်ကြီး

    July 21, 2011 at 11:04 am

    နှစ်လေးဆယ်ကျော်
    ချစ်ဆေးရယ်ပေါ်
    ခေတ်ပြေးမယ်တော်… 😉

    Reply

  • manawphyulay

    July 21, 2011 at 12:21 pm

    ပိတ်မိနေတယ်ဆိုတော့ နောက် ကျန်တဲ့နှစ်အတွက် လွတ်မြောက်လမ်းကို ရှာနေပြီလား…. မရုန်းထွက်ချင်တာလား…. လေးနီ

    Reply

  • naywoonni

    July 21, 2011 at 6:48 pm

    ကရွတ်ကင်းလျှှောက် ဆိုတဲ့ စကားကို ယူထားတာပါ ကိုခိုင်…။ စကားပြောရင်းနဲ့ ဒီတစ်နေရာထဲ ပြန်ပြန်ရောက်နေတာ ခရီးသွားရင်းနဲ့ ဒီနေရာချည့်ပြန်ပြန် ရောက်နေတာကို ပြောတာပါ..။ အဲဒါက ယုတ္တိဗေဒ (လောဂျစ်) မှာ ကရွတ်ကင်းလျှောက် အမှားလို့ သတ်မှတ်ပါတယ်…။ ကျောင်းတုန်းက အရူးမက်ရင်း( အရက်မူးရင်း) ကျက်ဖူးတာလေး သတိရလို့ပါ…။ ပထမဆုံးရေးဖြစ်တဲ့ စကားလုံးတွေ ကပိုဆိုးနေမလားလို့ ……. ပြန်ပြင်ပြီး မှတင်လိုက်တာပါ…။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 21, 2011 at 7:24 pm

    ငှက်မသိတော့ ဇရက်ကို ဂျိုးထင်
    အချက်မသိတော့ သမက်ကို သူခိုးထင်
    ကဗျာပိုင်ရှင်ရော
    မန်းတဲ့သူတွေရော
    အားလုံးမှားတယ်
    ငါပိတ်မိနေခဲ့တာ…နှစ်လေးဆယ် ကျော်ပါပကောလား….။ ဆိုတဲ့ အလွန်အရေးကြီးတဲ့ ကီးကို
    ကဗျာဆရာကြီးက သူ့ကိုယ်သူတောင်မသိဘူးဖြစ်နေတယ်
    အဲ့ဒါ
    ကဗျာဆရာကြီးက
    ခမည်း လိုနေတာဗျို့
    ခမည်း လိုနေတာ
    လာကြနော် တစ်ခါမှ မတစ်ခါဘူးသေးတဲ့ အိုဘယ့် နေဝန်းနီ လတ်လတ်ဆတ်ဆတ်လေး 😀 😀 😀

    Reply

  • ဆူး

    July 21, 2011 at 11:06 pm

    အသက် ၄ဝ မှ ဘဝ စတာတဲ့..
    အခုမှ စမလို့ နေမှာပေါ့.. ဟိဟိ

    Reply

Leave a Reply

Your email address will not be published.