manawphyulayOctober 20, 20101min07
အခုခေတ်တွင် လူတော်တော်များများ အင်တာနက်ကို အသုံးပြုလာကြသည်။ ကျွန်မတို့အပါအဝင်ပေါ့။အင်တာနက် ဆိုတာကလည်း မြန်မာပြည်တွင်သာမဟုတ် ကမ္ဘာတစ်ဝှမ်းမှာ ရှိရှိသမျှ လူပေါင်းသိန်းသန်းမက အသုံးပြုနေသော စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် အမြန်ဆုံးလုပ်ငန်းသုံး ပရိုဂရမ်တစ်ခုဖြစ်နေပြီလေ။ အင်တာနက်ဆိုတာကလည်း ကွန်ပျူတာချည်းမဟုတ် ကမ္ဘာကုန်ကျယ်သရွေ့ကွန်ရက်ဖြစ်တယ်။ ဒါကို တိုနီဘလဲက ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်လို့ သုံးနှုန်းသေးတယ်။ ဒါဟာလည်း အများကြီး မှန်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုနေရာလည်း အင်တာနက် ဒီနေရာလည်း အင်တာနက်ဖြစ်နေပြီလေ။ကျွန်မ အခုပြောနေတာတွေဟာလည်း ကျွန်မတတ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မှာ အသိလေးနည်းနည်းပါးပါးရှိနေလို့ပါ။ ကျွန်မရဲ့အမြင်ကို တင်ပြရခြင်း ဖြစ်ပါတယ်။ အင်တာနက်ဆိုတာကလည်း အသိရှိရင် အသုံးပြုလို့ရပါတယ်။ ဥပမာ ကျွန်မလိုပေါ့။ အွန်လိုင်းမှာ အသုံးပြုတဲ့ သူတွေဟာ ပညာရှိ ပညာတတ်မှ ဒါမှမဟုတ် ပိုက်ဆံချမ်းသားမှပြီးတော့ လုပ်ငန်းရှင်တွေ အလုပ်လုပ်တဲ့သူတွေမှ အသုံးပြုရမယ်လို့ […]


manawphyulayOctober 20, 20101min00
နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက် (Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀ဝ ခန့် ခုန်ရပြီး သွေး ထုထည် ဂါလံ ၂,၀၀ဝ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇ဝ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း […]


manawphyulayOctober 20, 20101min09
ယနေ့ မနက် ရ နာရီခွဲ ကျော်ကျော်တွင် ပြည်လမ်း မေတ္တာဦး ဆေးခန်းဘက် ညာဘက်ယာဉ်ကြောမှ ပစ္စည်းတင်ယာဉ်တစ်စီးသည် စိန်ရတုခန်းမဘက်ခြမ်း  ဘယ်ဘက်ယာဉ်ကြောပေါ်သို့ ကားစလစ်ဖြစ်ပြီး တိမ်းစောင်းမှောက်သွားသည်။


manawphyulayOctober 17, 20101min02
အင်တာနက်အသုံးပြုတဲ့အခါ သိထားရမှာက ဘယ်လိုအကြောင်းအရာ အချက်အလက်တွေ ဘယ်နေရာကနေ ရှာလို့ရမလဲ ဆိုတာပါပဲ။ အင်တာနက်ပေါ်ကို အစိုးရတွေက အစပြုလို့ နိုင်ငံတကာကော်ပိုရေးရှင်းတွေ ပညာရေး အဖွဲ့အစည်းတွေ လုပ်ငန်းရှင်စီးပွားရေးသမားတွေ အလယ် သာမန်ကျောင်းသား ကျောင်းသူ များတွေအဆုံး အချိန်နဲ့အမျှ အမျိုးမျိုးသော အကြောင်းအရာတွေကို တင်လေ့ရှိပါတယ်။  အင်တာနက်အပေါ်ကို သူတို့ရဲ့အကြောင်းအရာတွေ၊ သူတို့သိတဲ့အချက်တွေကို တင်ခြင်း အားဖြင့် အဲဒီအချက်တွေကို အခြားသူတွေသိမယ်၊ သူ့အလုပ်ကို နိုင်ငံတစ်ဝန်းက လူတွေ ပိုသိလာမယ်။ ဒီလိုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကို ကမ္ဘာအရပ်ရပ်က သိပြိး ပိုမို အောင်မြင်လာနိုင်ပါတယ်။ ဒီနည်းအားဖြင့် မိမိသိတဲ့အချက်ဖြစ်စေ၊ မိမိရဲ့ကဗျာဖြစ်စေ၊ မိမိရဲ့ဆောင်းပါးဖြစ်စေ၊ မိမိရဲ့အတွေ့အကြုံတွေဖြစ်စေ၊ မိမိရဲ့မှတ်ချက်တွေကိုပဲ ဖြစ်စေ လူတွေ အဖွဲ့အစည်းတွေဟာ အင်တာနက်ပေါ်မှာ တင်လာကြပါတယ်။ ဒီလိုအချက်တွေ တင်လာကြတဲ့အတွက် အင်တာနက်ပေါ်မှာ […]


manawphyulayOctober 17, 20101min03
အလုပ်တစ်နေရာရရှိဖို့ ခက်ခဲတဲ့အချိန်မှာ အလုပ်လိုချင်သူဘက်က သတ်မှတ်အရည်အချင်း တွေ ပြည့်မီဖို့ လိုအပ်သလို အလုပ်ကိုလိုအပ်မှုရှိမရှိ မျက်စိဖွင့်နားစွင့်ပြီး ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေမှာ ကိုယ်ရေးအချက်အလက်မျိုး တွေပေးထားပြီး သေချာရှာသင့်တယ်လို့ MHR မှဆရာဦးအေးကျော်က အကြံပေးပါတယ်။ ဆရာဦးအေးကျော်က ‘ အလုပ်ရှာတဲ့အခါ အရင်ထက်ဝီရိယစိုက်ထုတ်ဖို့လိုတယ်၊ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တွေ့မှ အလုပ်လျှောက်တာထက် မိမိကစပြီး ဘယ်နေရာတွေမှာအလုပ်ခေါ်ဖို့ ရှိတယ်ဆိုတာ လိုက်စုံစမ်းပြီး လျှောက်တာ၊ အဲဒါကို pro-active လို့ခေါ်တယ်၊ ပုံမှန်အခြေအနေတွေမှာ re-active လို့ခေါ်တဲ့အလုပ်ခေါ်မှ သွားလျှောက်ရုံနဲ့ အဆင်ပြေနိုင်ပေမယ့် ဒီလိုအခြေအနေမှာတော့ pro-active ပါတွဲပြီးအလုပ်လျှောက်မှ အဆင်ပြေနိုင်မှာ’ လို့သူ့အမြင်ကို ပြောပါတယ်။‘ မိတ်ဆွေအပေါင်းအသင်းတွေထံကနေ တစ်ဆင့် အလုပ်လုပ်ချင်လို့ လူလိုတာရှိရင် ပြောပါဦးဆိုပြီး ရှာဖွေတာ၊ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီသွားပြီး လူလိုလား၊ စီဗွီ(CV) ပေးထားလို့ […]


manawphyulayOctober 16, 20101min00
အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။ အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။ “Love in the heart is better than honey in the mouth” နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။ ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love and be loved. အချစ်ခံရဖို့နဲ့ ချစ်ဖို့ဆိုတာ လူတိုင်းမှာ လိုအပ်လိမ့်မယ်လို့ […]


manawphyulayOctober 16, 20101min02
ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက ကိုးလလွယ် ဆယ်လဖွား မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ သားသမီးတွေအတွက် အမေဟာ စမ်းချောင်းကလေးတစ်ခုပေါ့။ အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့ အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့ လောကမှ အမေဆိုတာ သားသမီးတွေအတွက် မရှိမဖြစ် ရေကြည်တစ်ပေါက်ပေါ့။ ဘဝလှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း အပြုံးမပျက် မေတ္တာဖက်လျက် သားသမီးမျက်နှာ တစ်ချက်မညှိုုးအောင် ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။ သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။ အမေရဲ့မေတ္တာဟာ စမ်းချောင်းလေးဆိုတဲ့အတိုင်း တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့ အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။ အမေဟာ သားသမီးတွေရဲ့အရိပ် သားသမီးတွေရဲ့ဘဝ သားသမီးတွေအတွက်တော့ မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ မာတာမိခင် ကျေးဇူးရှင်ကို ကျေးဇူးကျေအောင် ဘယ်လိုဆပ်မည်နည်း….


manawphyulayOctober 13, 20101min03
လောကကြီးမှာ လူတွေဟာ ရယ်ရယ်မောမော ခင်ကာနှောတော့ လူပေါကြီးလို့ ဆိုကြပြန်တယ်…. ရောနှောမဝင် တည်ပြန်ရင်လည်း မာနကြီးဘိဆိုလေ၏…. တည်တည်မှန်မှန် နေပြန်ရင်လည်း ဆိုလေအတင်း ကုတ်ကမြင်းတဲ့ ကဲ…. ခင်မင်ရတဲ့ စာဖတ်သူရော ဘယ်လိုလဲဟင်……….။ အပျော်ဆုံးလူဆိုတာ…. ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရည်အချင်းတွေကို အမြင့်မားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ထုတ်ဖော်လိုက်တဲ့သူပဲတဲ့….. ဟုတ်လားဟင်။


manawphyulayOctober 13, 20102min00
ကျောင်းမှာ ဆရာက စာသင်ပြီးတိုင်း ပြန်မေးတဲ့အလေ့အကျင့်တစ်ခုရှိပါတယ်။ ဒါကြောင့် စာပြန်မကြည့်နိုင်ပေမယ့် ဆရာ စာသင်တဲ့အခါ ကျွန်မက အသံသွင်းထားလေ့ရှိပါတယ်။ မနက်ဖြန်လို ကျောင်းတက်ရတော့မယ်ဆိုရင် ဒီနေ့လို သွင်းထားတဲ့အသံဖိုင်ကို ပြန်နားထောင်ပါတယ်။ ဆရာ့ရဲ့ သင်ပြပုံတွေက နှိုင်းယှဉ်ပြီး ရှင်းပြတဲ့အတွက် ကျွန်မတို့လို လူပိန်းတွေ နားလည်သဘောပေါက်လွယ်ပါတယ်။ ခုလောလောဆယ်တော့ မော်နီတာ လောင်သွားတဲ့အတွက် ကွန်ပျူတာအသုံးပြုလို့မရသေးပါဘူး။ ဒါကြောင့် နားထောင်ပြီးသမျှနဲ့ လေ့လာမိသမျှလေး ပြောကြည့်မယ်လေ။ မိုက်ကရို ပရိုဆက်ဆာ ခုပြောပြမယ့်အကြောင်းကတော့ မိုက်ကရိုပရိုဆက်ဆာပါ။ မိုက်ကရိုပရိုဆက်ဆာဆိုတာ CPU on a chip CPU လို့ တဲ့ Central Processing Unit တစ်ခုလုံးကို IC တစ်ခုထဲမှာ ထည့်ထားတာကို မိုက်ကရိုပရိုဆက်ဆာလို့ ပြောတာပါ။ CPU ဟာ မိုက်ကရိုကွန်ပျူတာတစ်လုံးရဲ့ အရေးကြီးတဲ့ […]


manawphyulayOctober 13, 20101min01
World Time ကျွန်မတို့ ရန်ကုန်မှာ ညနေ ၄ နာရီကျော်လို့ ရုံးသမားတွေ အိမ်ပြန်ဖို့ ပြင်နေချိန်မှာ နယူးယောက်ပြည်နယ်သားတွေ မိုးလင်းကာစ ကွေးလို့ ကောင်းတုန်းအချိန်ပေါ့။ ဒါတွေကို သိစရာမလိုပေးမယ် သိချင်တဲ့သူများလည်း ရှိနေမှာပါ။ Paw Print.net ရဲ့ World Time v5.5.2.748 သို့မဟုတ် v6.0.0.941 ဆော့ဖ်ဝဲက ကမ္ဘာ့နိုင်ငံများရဲ့ Local Time ကို ပြပေးပါလိမ့်မယ်။ အဲဒီနိုင်ငံအချို့ရဲ့ မြို့ကြီးမြို့ငယ်တွေအတွက်ပါ ကြည့်လို့ရလို့ Locations ၆၅ဝ ကျော်ပါတယ်။ လိုအပ်ရင် မြို့အသစ်အတွက်လည်း ထပ်ထည့်နိုင်ပါတယ်။ ဖိုင်အရွယ်အစား 4MB နဲ့ တန်ဖိုး ၁ဝ ဒေါ်လာဆိုပေမယ့် အခမဲ့ သုံးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အချိန်နာရီ (clock)တိုင်းမှာ day light […]


manawphyulayOctober 13, 20101min00
Early Learning version 5.0 ကွန်ပျူတာခေတ်မှာ ကလေးများရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့ အလွယ်တကူ စာသင်ကြားပေးနိုင်ပါတယ်။ ကလေးများလည်း အပျင်းပြေ ပျော်ရွှင်ကြရတာပေါ့။ ဆော့ဖ်ဝဲတွေ အများကြီးရှိတဲ့အထဲက ကောင်းမယ်ထင်တဲ့ ဆော့ဖ်ဝဲများကို ညွှန်းပေးပြောပေးတာပါနော်။ အခု KIDware (www.kidware-software.com) က ထုတ်လုပ်တဲ့ Early Learning (share ware) လေးက ကလေးများကို စိတ်ဝင်တစား စာသင်ယူကြပါလိမ့်မယ်။ ဆော့ဖ်ဝဲလေးကတော့ အသက် ၃ နှစ်ကနေ ရ နှစ်အထိ ကလေးများအတွက်လို့ ဖော်ပြထားပြီး ၎င်းတွင် ပညာရေးဆိုင်ရာ program ၁၅ ခုပါဝင်ပါတယ်။ ဒါပေမယ့် အခမဲ့စမ်းသပ်သုံးတဲ့အခါ  program ၁ဝ ခုသာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မနည်းပါဘူး။ ဝယ်မယ်ဆိုရင်တော့ ၁၄.၉၅ ဒေါ်လာကျသင့်ပြီး […]


manawphyulayOctober 10, 20101min01
လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုဩဇာအရှိန်အဝါက တာသွားလှတယ်။ အိုင်တီရဲ့ဩဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အို်င်တီရဲ့ရိုက်ခတ်မှုဩဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဉာဏ်အဆင့်မြင့်သူက ပညာဉာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ […]


manawphyulayOctober 10, 20101min03
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ “မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ´´ ဟူသော လူ့လောကသဘာဝတွင် အိုနာသေရေးနှင့် မလွဲမသွေရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်ပေသည်။ ထိုရှောင်လွှဲမရသော အကြောင်းတရားများနှင့် ရင်ဆိုင်ကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ှ၎င်းတို့၏ ဘဝနေဝင်ချိန်ထိ မရောက်ခင်အကြား ဘဝကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေရရှာသည်။ အကျိုးပေးကံကောင်းသည့် ဘိုးဘွားများအဖို့ သား သမီး မြေး များနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့်ရိပ်သာကလေး တစ်ခု လိုအပ်လာပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ […]