အားလုံးရဲ့အမေ

manawphyulayOctober 16, 20101min02

ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက
ကိုးလလွယ် ဆယ်လဖွား
မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ
သားသမီးတွေအတွက် အမေဟာ
စမ်းချောင်းကလေးတစ်ခုပေါ့။

အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့
အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့
လောကမှ အမေဆိုတာ
သားသမီးတွေအတွက် မရှိမဖြစ်
ရေကြည်တစ်ပေါက်ပေါ့။

ဘဝလှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း
အပြုံးမပျက် မေတ္တာဖက်လျက်
သားသမီးမျက်နှာ တစ်ချက်မညှိုုးအောင်
ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။
သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ
မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။

အမေရဲ့မေတ္တာဟာ
စမ်းချောင်းလေးဆိုတဲ့အတိုင်း
တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့
အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။

အမေဟာ
သားသမီးတွေရဲ့အရိပ်
သားသမီးတွေရဲ့ဘဝ
သားသမီးတွေအတွက်တော့
မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ
မာတာမိခင် ကျေးဇူးရှင်ကို
ကျေးဇူးကျေအောင်
ဘယ်လိုဆပ်မည်နည်း….

2 comments

  • april

    October 16, 2010 at 2:06 pm

    ဘုရားတောင်မှ နို့တစ်လုံးဖိုးတောင် မကျေဘူးလို့ ပြောခဲ့တာပဲနော်..ပုထုဇဉ်တွေကတော့ အမေ့စကား နားထောင်ပြီး စိတ်ချမ်းသာအောင် ထားနိုင်ရင် ကျေးဇူးကျေတာတော့ မဟုတ်ပေမဲ့ မိဘစိတ်ချမ်းသာတော့ ကိုယ်စိတ်ချမ်းသာတယ်လေ။

    Reply

  • The Reds

    October 16, 2010 at 5:22 pm

    အ မေ ကို သာ စိတ် ချမ်း သာ အောင် ထား စေ ချင် ပါ တယ် .. ထိပ် ဆုးံ မှာ အ မေ ပါ ပဲ ..

    Reply

Leave a Reply

Your email address will not be published.