အင်တာနက်ဆိုတာ….

manawphyulayOctober 20, 20101min07

အခုခေတ်တွင် လူတော်တော်များများ အင်တာနက်ကို အသုံးပြုလာကြသည်။ ကျွန်မတို့အပါအဝင်ပေါ့။အင်တာနက် ဆိုတာကလည်း မြန်မာပြည်တွင်သာမဟုတ် ကမ္ဘာတစ်ဝှမ်းမှာ ရှိရှိသမျှ လူပေါင်းသိန်းသန်းမက အသုံးပြုနေသော စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် အမြန်ဆုံးလုပ်ငန်းသုံး ပရိုဂရမ်တစ်ခုဖြစ်နေပြီလေ။ အင်တာနက်ဆိုတာကလည်း ကွန်ပျူတာချည်းမဟုတ် ကမ္ဘာကုန်ကျယ်သရွေ့ကွန်ရက်ဖြစ်တယ်။ ဒါကို တိုနီဘလဲက ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်လို့ သုံးနှုန်းသေးတယ်။ ဒါဟာလည်း အများကြီး မှန်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုနေရာလည်း အင်တာနက် ဒီနေရာလည်း အင်တာနက်ဖြစ်နေပြီလေ။ကျွန်မ အခုပြောနေတာတွေဟာလည်း ကျွန်မတတ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မှာ အသိလေးနည်းနည်းပါးပါးရှိနေလို့ပါ။ ကျွန်မရဲ့အမြင်ကို တင်ပြရခြင်း ဖြစ်ပါတယ်။ အင်တာနက်ဆိုတာကလည်း အသိရှိရင် အသုံးပြုလို့ရပါတယ်။ ဥပမာ ကျွန်မလိုပေါ့။ အွန်လိုင်းမှာ အသုံးပြုတဲ့ သူတွေဟာ ပညာရှိ ပညာတတ်မှ ဒါမှမဟုတ် ပိုက်ဆံချမ်းသားမှပြီးတော့ လုပ်ငန်းရှင်တွေ အလုပ်လုပ်တဲ့သူတွေမှ အသုံးပြုရမယ်လို့ ကန့်သတ်ချက်မရှိပါဘူး။ ဒါဟာ လူတိုင်းအတွက် အခွင့်အရေးတစ်ရပ်ပဲ။ ကျွန်မဒါကို အရမ်းသဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အင်္ဂလိပ်စာ အားနည်းပါတယ်။ မလေ့လာတာလဲ ပါတာပေါ့လေ။ ကျွန်မအရင်တုန်းက အင်တာနက်ကို ကြောက်ခဲ့ပါတယ်။ ကျွန်မမှ အင်္ဂလိပ်စာမရတာ ပြီးတော့ ကျွန်မဟာ သင်တန်းတွေတက်ဖို့ အချိန်လည်း မရခဲ့ဘူးလေ။ ဘဝပေးအခြေအနေပေါ့။ အင်တာနက်ကို ကြောက်လို့ မသုံးခဲ့ရင် ကျွန်မဟာ ယခုအချိန်မှာ လူတွေအများကြီးနဲ့ ကင်းကွာနေခဲ့ပြီပေါ့။ ဒီတော့ ကျွန်မ စဉ်းစားတယ်။ ငါ အခုလည်း သိအောင် လုပ်မယ် တစ်ခုသိလည်း ဒီတစ်ခုဟာ ငါ့အတွက် ပညာပဲဆိုပြီး ကျွန်မ လေ့လာခဲ့မိတာပါ။ အခုဆိုရင်တော့ ကျွန်မအတွက် ဗဟုသုတများစွာ ရခဲ့ပါပြီ။ ကျွန်မကို ကူညီကြတဲ့ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကိုလည်း ကျွန်မဘဝမှာ အမြဲကျေးဇူးတင်နေမိပါတယ်။ သူတို့ဟာ သူတို့ လေ့လာမိသလောက် ပညာဗဟုသုတတွေကို ကျွန်မကို ဖြန့်ဝေပေးခဲ့တယ်လေ။ ကျွန်မရဲ့မျက်စိကို ဖွင့်ပေးခဲ့တာဟာလည်း ကျွန်မရဲ့ ပတ်ဝန်းကျင် အနီးအဝေးမှာရှိကြတဲ့ လူသားအားလုံးပဲ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ သူများ အားနည်းချက်ကို ငဲ့ညှာပြီး တိုးတက်အောင် ကြံဆောင် ပေးကြပါတယ်။ အားလုံးပဲ ကျွန်မရင်ထဲက ဆန္ဒအမှန်ကို ပြောရရင် ပညာတွေကိုးတက်အောင်မြင်ပြီး ကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ကြပါစေလို့ ဒီနေရာကနေ ကျွန်မ မေတ္တာပို့လိုက်ပါတယ်။ အင်တာနက်ဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင်……

7 comments

  • bigcat

    October 20, 2010 at 2:27 am

    သိပ်လည်းမေတ္တာမပို့နဲ့ဗျို့။ မနောသုံးနေတဲ့အင်တာနက်က စစ်ဗိုလ်ချုပ်ကြီးတွေ သနားလို့ သုံးခွင့်ပေးထားလို့ရတာ။ မတော်လို့ မနောရဲ့မေတ္တာနဲ့ သူတို့ဆုတောင်းတွေပြည့်သွားမှဖြင့် ကျုပ်တို့ဘဝတွေ ရာသက်ပန် စစ်ကျွန်ဖြစ်နေပါ့မယ်။ း)

    Reply

  • manawphyulay

    October 20, 2010 at 2:44 am

    ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်လေ သုံးနေရသေးတာ ကံ အလွန်ကောင်းနေလို့ မဟုတ်လား။ မနောကတော့ နည်းနည်းသုံးရလည်း ကျေးဇူးတင်ပါတယ်။ ဘယ်သူတွေ ကောင်းကောင်းမကောင်းကောင်း လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာတွေ ရှိနေသေးတယ်လို့ နှစ်သိမ့်နေမိပါတယ်။ 🙂

    Reply

  • juezinko

    October 20, 2010 at 3:18 am

    မနော သဘောကတော့ ဆိုးမယ်မထင်ဘူး နင်ရေးတာတွေလည်းမှန်ပါတယ်
    အင်တာနက်ဆိုတာ သုံးတက်ရင်တော့ တကယ့်ဆေးပါ မသုံးတက်ရင်တော့ မဟာဒုက္ခပေါ့…………..

    Reply

  • Zaw Tun

    October 20, 2010 at 6:57 am

    မှတ်ပါတယ်
    အင်တာနက်ဆိုတာ သုံးတတ်ရင်ဆေး၊မသုံးတတ်ရင်ဘေးပါ။

    Reply

  • kopauk mandalay

    October 20, 2010 at 12:12 pm

    အင်တာနက်ပေါ်လာတာ ကို ကျနော်ကတော့ သဘောကျတယ်။
    နောက်အင်တာနက်မှာ မြန်မာလိုရေးလို့ရတော့ ပိုတောင်ကောင်းသေးတယ်။
    ကျနော်အင်တာနက်ကို 2009 နိုဝင်ဘာလမှာ မှ ကျနော်နဲ့အတူလက်တွဲလုပ်နေတဲ့ကလေးတွေဆီမှာ တပည့်ခံပြီးသင်ခဲ့တာပါ။
    အခုအင်တာနက် ပေါ်မှာရှိနေတဲ့ အခမဲ့ဝင်ပြီးရေးချင်ရာ ရေးခွင့်ပေးထားတဲ့ ဝက်ဆိုက်တွေကြောင့်ကျနော်အခုလိုရေးချင်ရာတွေရေးတာကို
    လူအများဖတ်နိုင်အောင် တင်ပြခွင့်ရခဲ့တာပါ။
    ဒါကြောင့် စကားနပန်းလိုပြောရရင ်”အင်တာနက်သုံးတာကောင်းတယ် “လို့ပြောမှာပါ။
    အင်တာနက်ကြောင့်ပျက်စီးတယ်လို့ပြောရင် အင်တာနက်မှာ အပြစ်မရှိပါ။
    အဆင်ခြင်မဲ့စွာ သုံးသူရဲ့အပြစ်လုံးလုံးပါလို့ ထင်ပါတယ်။

    Reply

  • ဆူး

    October 20, 2010 at 12:39 pm

    လေးပေါက် ပြောတဲ့ စကားနပန်း ဆိုတာ ဒီက ကွန်မန့်တွေ ကိုပြောတာလားဟင်..
    မြန်မာတွေ အင်တာနက် အသုံပြုမှု အရင်က ထက် အဆပေါင်းများစွာ တိုးလာပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ဂူဂဲမှာ မြန်မာလို ရိုက်ရှာရင် လကမာ္ဘမှာ သုံးတဲ့ အသုံးတွေ ရိုက်ပြလိုက်သလိုဘဲ သူမသိဘူးဆိုတာ ကြီးဘဲ.. အခုတော့များ ဘာသိချင်လဲ.. ဂူဂဲမှာ အစလေးသာ ရိုက်လိုက်.. နောက်ဆက်တွဲ ဇတ်လမ်းတွေမှ ဖတ်လို့ကို မကုန်ဘူး.. အကြောင်းအရာ တခုခုများ ဒီမှာ ရေးတင်ဖို့ မှီငြမ်းဖို့ ရှာလိုက်ရင် ဆိုင်ရာဆိုင်ရာတွေ ထွက်လာလို့ လိုအပ်သလို ကူးပေးလိုက်တယ် စာရိုက်တောင် သက်သာသေးတယ်.. တဆိုဒ် တကြောင်းနှုန်းနဲ့.. ကော်ပီတော့ ကော်ပီဘဲ.. စာရိုက်သက်သာအောင် လုပ်တဲ့ ကော်ပီ။ ဘာပဲပြောပြော မြန်မာစာ အင်တာနေရှင်နယ် ဖြစ်လာတဲ့ အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။

    Reply

  • unclegyi1974

    October 20, 2010 at 3:34 pm

    မနော အရေးကိုကြိုဆိုပါတယ်
    သုံးတဲ့လူ ရယူမှုကွာရင်ကွာသလို ရတာတွေလဲကွာသွားမှာပါ
    ကျွန်တော်တို့ကတော့ သတင်းတွေနဲ့မျက်ခြေမပြတ်တာကို
    သဘောကျပါတယ်
    ရေးရင်းရေးရင်း သိလာတဲ့မိတ်ဆွေတွေနဲ့အပြန်အလှန်
    စာရေးအသိပေးရတာလဲသဘောကျပါတယ်

    Reply

Leave a Reply

Your email address will not be published.