“ မပိတ်စကောင်း ပိတ်စကောင်း ဆေးလိပ်တစ်လိပ်ရဲ့အကြောင်း” ယနေ့ နံနက် လေးနာရီ မထိုးခင်ကတည်း က ဒေါက်တာ သူရဿဝါ (29) တစ်ယောက် အိပ်ယာမှ အစောကြီးနိုးနေပါသည်။ အမှန်အတိုင်းပြောရလျှင် တစ်ညလုံးကောင်းကောင်းအိပ်မပျော် ၊ကြက်အိပ်ကြက်နိုး နှင့် ပင်မိုးစင်စင်လင်းခဲ့သည်က အမှန်ပါ။ ယနေ့ 2016 ဇန်နဝါရီလ(1)ရက် ကမ္ဘာသုံးနာရီ (9)နာရီတိတိအချိန်ရောက်ပါက အခုသုံးဆယ်မြောက် ဂုဏ်ထူးဆောင်လက်မှတ် အသစ်တစ်ခုကို ထပ်မံအပ်နှင်းခြင်းကို ခံရမည့်အတွက် စိတ်လှုပ်ယှားက အိပ်မပျော်ခြင်းလည်း ဖြစ်ပါသည်။ ယနေ့နံက် ကိုးနာရီလွန်မြောက်သည်နှင့် ဒေါက်တာ သူရဿဝါ(30)အဖြစ်သို့ရောက်ရှိတော့မည်ကို တွေးမိသည်နှင့်တစ်ပြိုင်နက် လက်ရှိနေထိုင်သော ပညာရှင်များရိပ်သာ အထပ်(29) တွင် နေထိုင်သောကြောင့် ဒေါက်တာ သူရဿဝါ(29) ဟုခေါ်တွင်ကြောင်း ခင်မင်သူ များ၏စကားဝိုင်းတွင် ရယ်ပွဲဖွဲ့ကြသည့်အဖြစ်မှ ကင်းလွတ်ပြီ ဟုတွေးမိပြန်သော် စိတ်ထဲက အပြုံးသည်မျက်နှာပေါ်သို့ ချက်ခြင်း […]


ရွာသူ ရွာသားအခြင်းခြင်း ချစ်လို့စ ခင်လို့နောက် စိတ်ကောက်စရာမရှိပါ။ လုပ်နိုင်တာ မလုပ်နိုင်တာအပထား စဥ်းစားလို့တွေး ဆွေးနွေးကြတာလည်း ကောင်းသောအကျုးိကို မျှော်ကိုးကြလို့ပါ။ “အရေမရ အဖတ်မရ”လို့ ကျွန်တော်ေြပြာစကား ဆိုလိုသောအကြောင်းတရားက ကျုးိကြောင်းပြက မငြင်းဘဲ ဇွတ်အတင်းဘဲ ဆဲသူများကို ရည်ညွှန်းကြောင်းပါ။ တင်ပြတဲ့အကြောင်းအချက် လူတိုင်းတော့ လဲ အမြင်မတူနိုင်ပါ။ အမြင်တူခြင်းမတူခြင်းက ပြဿနာ အလျှဥ်းမရှိပါ။ ကိုယ်ကြိုက်သလို ကိုယ်တွေး ကိုယ်ရေးချင်တာ ကို်ယ်ရေးလို့တင်ပြ ဖတ်ချင်ရင် ဝင်ဖတ် မန်းချင်ရင်ဝင်မန်း ရေးသူနဲ့ အမြင်တူချင်မှတူမယ် like or dislike ကိုယ်စိတ်ထဲရှိသလိုပေးမယ် ဒါဟာ အပြစ်တင်စရာလဲမဟုတ်ပါ။ ချစ်ခင်ပါတယ်လို့ အကြောင်းပြလို့ အုပ်စုဖွဲ့ခြင်းလဲ မဟုတ်ပါ။ ရွာထဲမှာရှိသူအားလုံး စဉ်းစားနိုင်စွမ်းရှိသော “လူတွေ”ဆိုတာသိပ်ကို သေချာပါတယ်။ ကိုယ့်ရေးတာကို သဘောမကျဘူးဆိုရုံနဲ့ အားလုံးကို ခွေးနဲ့ နှိုင်းသူ့သဘောထား […]


“မေတ္တာဖြင့် စီးဆင်းသော…………………………………”(အပိုင်းလေး)(ဇာတ်သိမ်း) အဲဒီအိမ်ရောက်တော့ စားပွဲပေါ်မှာ ပိန္နဲသီး အကျွတ်သီးတွေကို ပုဂံထဲမှာ ထည့်ထားပါတယ်။ အရောင်ဝင်းဝင်းဝါဝါလေးကနေ တသင်းသင်းလေးထွက်နေတဲ့ ပိန္နဲသီးနံ့လေးက ကျွန်တော်ကို သွားရေကျအောင်လုပ်နေတဲ့အချိန်၊ အိမ်ရှင် ကြီးကြီး က “ သား ကိုပေါက် ကြိုက်တယ်မလား …စားလေ“လို့ပြောလို့မဆုံးခင် အမှတ်တမဲ့နဲ့ ကျွန်တော်လက်ကမုန့်ပုဂံပေါ်ရောက်သွားပါတယ်။ ပါးစပ်ထဲကို ပိန္နဲသီးရောက်တဲ့အချိန် အဖွားမျက်စောင်းက ဒိုင်းကနဲ့ရောက်လာသလို ရင်တွေလဲ ဝုန်းကနဲခုန်သွားပါတယ်။ အိမ်လဲရောကရော စားတာနဲ့မကာမိအောင်နားပူတွေခံရပါတော့တယ်။ အလည်လိုက်ခွင့်လဲ ပိတ်သွားပါတယ်။ အဖွားကျွန်တော်တို့ကိုပြောခဲ့တာကတော့ “ဘယ်လောက်ခင်ခင် ကို်ယ့်အိမ်က လူကြီးခွင့်မပြုဘဲစားချင်စိတ်ပေါက်နေရင် ငတ်ရာကျတယ်။ ဒီလို အချိန်မှာတောင် မဆင်ခြင်နိုင်လို့ကတော့ ် ကို်ယ် လူကြီးဖြစ်တဲ့အချိန်ရောက်ရင် သူများမကြွေးခင်ကို စားချင်တဲ့စိတ်တွေထိန်းမနိုင်သိမ်းမရတဖွားဖွားပေါ်နေမှာပေါ့တဲ့။” အဲဒီအချိန်ကစလို့ ကျွန်တော်တို့ ညီအကိုမောင်နှမတတွေရဲ့ စိတ်ထဲမှာ အဖွားစကားလေးကစွဲသွားပါတယ်။ အဖွားအလေ့အကျင့်လုပ်ပေးခဲ့လိုလဲ သူများတွေကဧည့်ခံကျွေးမွေးတဲ့အခါမှာ အိန္ဒြေရရလေးစားတဲ့အကျင့်ကောင်းလေးရသွားပါတယ်။ ကျွန်တော်တို့ငယ်ငယ်က […]


“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းသုံး) အဲဒီအချိန် အန်တီနီက “ဖိုးတာ” ကို ကျွန်တော်တို့နဲ့ ဆော့ရကောင်းလားဆိုပြီးရိုက်ရင်းနဲ့”ပေါက်လွှတ်ပဲစား”ဆိုတဲ့ စကားလုံးလေးသုံးတာကအစပြုပြီး အန်တီနီကတစ်ဖက် ကျွန်တော်တို့ အမေတွေ အဒေါ်တွေက တစ်ဖက် စကားတွေများကြပါတော့တယ်။ ဒီအရှိန်က ညမှာဆက်ပြီး လေးလေးအေးနဲ့ အန်တီနီတို့ စကားတွေဆက်ပြီးများကြပြန်ပါတယ်။ အဖွားက တော့ စိတ်မကောင်းပေမယ့် ဘာမှ ဝင်မပြောပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကိုတော့ “ဖိုးတာ”နဲ့ပါတ်သက်ရင ်အဆော်ခံရမယ်လို့ ရာဇသံပေးထားတော့ ညီအကိုဝမ်းကွဲခြင်းချစ်ပေမယ့်လူကြီးတွေရှေ့မှာဆိုမခေါ်ရဲပါဘူး။ လူကြီးတွေ အလစ် လူကြီးတွေ ကွယ်ရာမှာဆိုရင်တော့ ခေါ်တာပေါ့။ ဒါပေမယ့်လည်း “ဖိုးတာ”က သူ့ပိုင်တဲ့အရုပ်ဆို ကျွန်တော်တို့ ထိဘို့ ကိုင်ဘို့ မပြောနဲ့ ပေးတောင် မကြည့်လောက်အောင်ကို နှမျောစိတ်ဝင်သွားပါတော့တယ်။ ဒီအဖြစ်အပျက်ရဲ့ရလာဒ်ကတော့ ကျွန်တော်တို့ မောင်နှမတစ်တွေနဲ့ “ဖိုးတာ” သတ်သတ်စီဖြစ်သွားပါတယ်။ နောက်တစ်လလောက်ကြာတော့ “ဖိုးတာ”တို့မိသားစုလဲ သူအမေဘက်က အဖွားအိမ်ပြောင်းသွားတော့ […]


“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းနှစ်) ကျွန်တော့် ဦးလေးအငယ်(လေးလေးအေး) မိန်းမ “မနီမာ”(အန်တီနီ)က ခေတ်ပညာတတ်တဦးဖြစ်ပါတယ်။ ဒီထက်ပိုပြောရရင်တော့ “အန်တီနီ” က ခေတ်မီတယ် ဘိုဆန်တယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာကြီးပြင်းလာသူလဲဖြစ်ပါတယ်။ ဒီတော့လဲ သူ့အတွေးတွေက မြန်မာမဆန်ဘူးလို့ပြောရင်လဲရပြန်ပါတယ်။ သူတို့မိသားစုက အနောက်နိုင်ငံကလာတဲ့စာအုပ်များမှာပါတဲ့အတွေးအခေါ်တွေမှ ခေတ်မီတယ်လို့ တစ်ထစ်ချမှတ်ယူကျင့်သုံးကြပါတယ်။ ဒီလိုမှ ခေတ်နဲ့အညီရှိတယ် သစ်လွင်တယ် လူတန်းစေ့မှီတယ်လို့လဲ မှတ်ယူထားကြသလို တကယ်လဲလက်တွေ့မှာ ကျင့်လဲကျင့်သုံးကြပါတယ်။ သူတို့ ဒီလိုတွေးတာ ပြုမူနေထိုင်တာ မှန်တာ မမှန်တာအပထား ကျနော်တို့မိသားစုပုံစံနဲ့တော့ အံမဝင်တာအမှန်ပါဘဲ။ ပြဿနာစဖြစ်တာကတော့ အစားအသောက်က စတာပါဘဲ။ လေးလေးအေးရဲ့သား “ဖိုးတာ”လေး အခါလည်ကျော်ကျော်လောက်ကပေါ့။ ကျွန်တော်တို့ငယ်ကတည်းက အဖွားကြွေးတဲ့ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကို အမြဲတမ်းစားရပါတယ်။ ဝမ်းမှန်တယ်လူနဲ့တည့်တယ်ပေ့ါ။ တစ်ရက် အဖွားက ကျွန်တော့်တို့ကလေးတွေကို ငှက်ပျောသီးမီးဖုတ်ကြွေးနေတဲ့အချိန်မှာ အန်တီနီ အလုပ်က ပြန်လာတာနဲ့ဆုံပါတယ်။ အဲလိုစားနေတဲ့အချိန်မှာ ဖိုးတာလေး လက်မှာကလဲ […]


အသွား အပြန် အရင်းကနည်း မျက်နှာမွဲတော့ လမ်းသွားလမ်းလာများ အားနာပေမယ့်လည်း ပလက်ဖောင်းမှာဘဲဈေးရောင်းရပါတယ်။ ဖမ်းရင်တော့လဲပြေး ပေးလို့ ယူသူများကိုလည်း ကျေးဇူးတွေတင်ရပါတယ်။ “သဘောကောင်းတဲ့မောင်မင်းကြီးသား ကျန်းမာပါစေ” သတ်မှတ်တဲ့စည်းကမ်းအတိုင်းဖမ်း ရုံးတင်ပြန်ရင် သနားစရာခဗျာတွေမှာအရင်းပြုတ် စိတ်ရုှပ်စရာပါဗျာ။ မဖမ်းပြန်ရင်လဲ အထောင်းခံရ အဲဒီတော့လည်း ဖမ်းတဲ့အခါဖမ်း လွှတ်တဲ့အခါလွှတ် ပေးတော့လဲယူ ဆူတော့လဲခံ သူလည်းကောင်း ကိုယ်လဲကောင်း ပိုက်ဆံကိုဘဲတောင်းလိုက်ပါတယ်တဲ့ ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? (နေရာတကျစီးပွားရှာပါခဗျာ) ဒီစာလေးကိုဖတ်ပြီး ဒီကဗျာလေးကို ရလိုက်ပါတယ်။


“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းတစ်) “တိုက်ဆိုင်မူ့ဆိုတာတစ်ခါတစ်လေမှာတော့ အတော်ထူးဆန်းတာဗျ။ သေချာဖြစ်အောင်လုပ်မယ်ဆိုရင်တောင်မှ စိတ်ကူးထဲမှာတောင်ဖြစ်မလာနိုင်တာမျုးိပေါ့။ ကျွန်တော်လက်ထပ်တဲ့နေ့ တစ်နှစ်တိတိပြည့်တဲ့နေ့မှာ ကျနော်အဖွားဆုံးတာဗျာ။ ဘယ်လောက်များတိုက်ဆိုင်လိုက်သလဲလို့။ အဲဒီနေ့က ကျွန်တော်ကနေ့ချင်းပြန်ခရီးသွားနေတော့အဖွားဆုံးတာ ညနေစောင်းမှသိတာ။ ဆုံးဆုံးချင်းနေ့ကတော့စိတ်ထဲမှာ ဝမ်းနည်းတာကလွဲပြီးဘာမှ သိပ်မဖြစ်ဘူး။ ဒါပေမယ့် ဆုံးပြီးတစ်လလောက်ကြာတော့ မှတ်မှတ်ရရ တပေါင်းလထဲမှာပေါ့။ ငယ်ငယ်တုန်းက အဖွားနဲ့အလုံနတ်ပွဲကိုသွားတာကစပြီးသတိရလိုက်တာ အဖွားနဲ့ နေခဲ့ထိုင်ခဲ့တာတွေကစိတ်ထဲမှာရုပ်ရှင်ပြသလို ပေါ်လာပါလေရောဗျာ။ ဆက်တွေးရင်းတွေးရင်းနဲ့ စိတ်ထဲမှာ ဝမ်းနည်းလာပြီး ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုမိတယ်ဗျာ” ကျွန်တော့်ကိုပြန်ပြောပြနေတဲ့ “ကိုစိုးခိုင် “ကတကယ့်ကိုခံစားချက်အပြည့်နဲ့ပြောနေတာပါ။ သူဒီလိုသူ့အဖွားအကြောင်းကိုပြောလွန်းလို့ ကျွန်တော်အလွတ်တောင်ရနေပါပြီ။ အခုပြန်ပြောနေတာတောင် သူ့မှာ မျက်ရည်တွေသီသီလေးဝေ့နေသလိုပါဘဲ။ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ခံစားမူ့ကိုနားမလည်ဘူးဆိုရင်တော့ ယောက်ျားတန်မဲ့ အဖွားကိုလွမ်းရသလား မျက်ရည်ကျရသလားလို့ အပြစ်တင်မိမှာအမှန်ပါဘဲ။ ကျွန်တော့်တို့ မြန်မာလူမျိုးတွေပြောလေ့ရှိကြတဲ့ “သားအချစ်မြေးအနှစ်”ဆိုတဲ့စကားလေး တစ်ခွန်းကတော့အင်မတန်ကိုလှပတဲ့မေတ္တာတွေနဲ့ မွှမ်းထုံနေတဲ့စကားလေးဆိုရင်လဲမမှားပါဘူး။ ဒီစကားလေးရဲ့ဆိုလိုရင်းကတော့ “ကိုယ်မွေးထားတဲ့သားသမီးကိုလည်းချစ်လိုက်ရတာတုံလို့။ ဟောသူတို့ကထပ်မွေးထားတဲ့ မြေးလေးတွေကျတော့ပိုလို့တောင် ချစ်ရပါသေးတယ်”လို့ဆိုလိုတာပါ။ ကျွန်တော်တို့အားလုံးမှာ အဖေ့ဘက်ကနဲ့အမေ့ဘက်က […]


တစ်ရက်အလုပ်ကိစ္စရှိတာနဲ့ “ကိုမြသွေး” တို့ ရုံးကို ရောက်သွားပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်ရောက်တဲ့အချိန်“ကိုမြသွေး” က အပြင်ကို ထွက်သွားတာ်နဲ့ကြုံနေပါတယ်။ သူ့ရုံးကလေးတွေက ကျွန်တော့်ကို သူထိုင်တဲ့စားပွဲနားမှာဘဲနေရာပေးပြီးစောင့်ခိုင်းထားပါတယ်။ ကျွန်တော်ထိုင်နေတုန်းမှာဘဲ သူ့စားပွဲပေါ်က ဖုံးနှစ်လုံးက တစ်လုံးပြီးတစ်လုံးထ ထမြည်ပါတယ်။ “ အမိန့်ရှိပါရှင်-ဦးမြသွေးအပြင်ခဏသွားပါတယ်ရှင့် “ “ xxxxxxxxxxxxxxxxx “ “ ပစ္စည်းလိုချင်ရင် မှာထားခဲ့လို့ရပါတယ်ရှင့် “ “ xxxxxxxxxxxxxxxxx “ “ ပြန်လာရင်ဘယ်သူဆက်တယ်လို့ပြောလိုက်ရမှာလဲရှင့် “ “ xxxxxxxxxxxxxxxxx “ “ ပြန်လာရင်ပြောလိုက်ပါ့မယ်ရှင် “ ခဏနေတော့ သူ့ဟန်းဖုန်းလေးက မြည်လာပြန်ပါတယ်။ “ မဟုတ်ပါဘူးရှင့် ဆရာအပြင်ခဏသွားပါတယ်ရှင့် “ “ xxxxxxxxxxxxxxxxx “ “ဆရာ့ ဟန်းဖုန်းက ရုံးမှာကျန်ခဲ့ပါတယ်ရှင့်“ “ xxxxxxxxxxxxxxxxx […]


ကျနော်တူလေး ကိုဖြိုး ကိုဒီလို အိမ်ထောင်စောစောစီးစီးကျသွားတဲ့ကလေးတွေအကြောင်းပြောတော့ သူက ဟက်ဟက်ပက်ပက်ရီပါတယ်။ ပြီးမှသူက “ လေးပေါက်က စောစော စီးစီး အိမ်ထောင်ကျတဲ့သူတွေဘဲ လိုက်ကြည့်တော့ သူတို့ကိုဘဲမြင်မှာပေါ့။ ကဲလေးလေး ကျနော်တို့ အုပ်စုကြတော့ရောဗျာ။နောက်ကျနော်တို့ အုပ်စုကို လေးလေး လဲအမြဲတွေ့နေတာ ဘဲ။ ကိုစိုင်းနဲ့ ငမျုးိဘဲအိမ်ထောင်ကျသေးတာ။ ကျနော်တို့အဖွဲ့မှာ လူပျိုသိုးကြီးတွေ (6)ယောက်တိတိကျန်ပါသေးတယ် လေးလေးရ “ နောက်မှသူက ဆက်ပြောတာက ” လေးလေးတို့ခေတ်ကတော့ ဟုတ်တယ် မိန်းကလေးတစ်ယောက်ကို စက်ဘီးပေါ်တင်ဘို့ မပြောနဲ့ အသိဖြစ်ဘို့ စကားလေးပြောဘို့ တောင်မလွယ်တာလေ။ နောက်သမီးရီးစားဖြစ်ပြန်ရင်လဲ တွေ့ဘို့ဆိုတာ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့ တကယ်ပြဿနာ။ အဲတော့ တူမောင်မယ်နီးဘို့ ခက်တော့ မြန်မြန်လက်ထပ်ဘို့လုပ်ရတာပေါ့။ ကျနော်တို့ ခေတ်ကတော့ လွတ်လပ်တယ်။တွဲသွားတိုင်းလဲ သမီးရီးစားမဟုတ်ဘူး။ လူကြီးတွေ တွေ့တော့လဲ (သူငယ်ချင်းလေးပါဘဲ)လို့ပြောလိုက်ရင်ပွဲပြီးဘဲ။ […]


စကားလေးမစလိုက်နဲ့ “လူ့အခွင့်အရေး”ဆိုတာကို ပါးစပ်ကမချတဲ့ “ကိုကိုထွေး”ကတော့ “ကလေးတွေကို အုပ်ချုပ်တဲ့အခါ ဘယ်နေရာမှာမဆို သူတို့အပေါ်မှာနားလည်မှ အဆင်ပြေတာဗျ။ လူကြီးတွေက ကိုယ်ဖြစ်ချင်တာချည်းဘဲ တွန်းလုပ်ချင်လို့ မရဘူး။သူတို့ခံစားချက်ကိုလည်းနားလည်မှ။ သူတိုကို စွတ်ပြီး ဇွတ်ကျပ်နေရင် ပြတ်ထွက်သွားမှာပေါ့။ မိန်းကလေး လဲ မိန်းကလေးအလျှောက် ယောက်ျားလေးဆိုလဲ ယောက်ျားလေးအလျှောက် လွတ်လပ်ခွင့်ပေးတတ်ရမယ်။ ဟိုဟာလဲ မလုပ်ရ ဒီဟာလဲမလုပ်ရ ။ဟိုလူနဲ့မတွဲနဲ့ ဒီလူနဲ့မပေါင်းနဲ့၊ ဆိုပြီးနေရာတကာ လိုက်ပြီးအခွင့်အရေးတွေကို ပိတ်ပင်နေမယ်ဆိုရင် လွတ်လပ်မူ့ကို နှစ်သက်တဲ့ လူသားထုံးစံအတိုင်း ဒီအသိုင်းအဝိုင်းကို စွန့်ခွာ ဘို့ကြိုးစားမှာဘဲ။အဲလို အချုပ်အချယ်ခံရတဲ့ အသိုင်းအဝိုင်းက ကလေးတွေက အိမ်ထောင်အကျစောတာဘဲ” ကျနော်တို့ထဲမှာလဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ် ဟာသတွေနဲ့ မှတ်ချက်တွေပေးတတ်တဲ့ “ကိုအောင်” ကတော့ “ကလေးတွေအိမ်ထောင်စောစောကျတာ လူကြီးတွေမလိမ်မာလို့ဘဲ။ ကျုပ်တို့ငယ်ငယ်က ဘာဆိုဘာမှကို သိပ်မသိတာရယ်။ “ညီလေးဘယ်ကလာလဲ”ဆို မေ့မေ့ဗိုက်ထဲက လို့ဘဲပြောတတ်ခဲ့တာ။ […]


ဘာလေးဖြစ်ဖြစ် ဘာသာတရားအမြင်နဲ့ သာတိုင်းတာတတ် ပြီး ပွင့်ပွင့်လင်းလင်းကြီးပြောတတ်ပြန်တဲ့ အပျိုကြီး “မမစိမ်း”ကတော့. “နင်တို့ကလဲ ဆုတ်ကပ်လေဟယ် ဆုတ်ကပ်။ သာသနာကွယ်တဲ့ခေတ်။ ဒန့်ကျွဲပင် ပုခက်လွဲတဲ့ခေတ်။ လူတွေက ဒီတပ်မက်မူ့တွေနောက်ဘဲလိုက်၊ ဒီတဏှာကိစ္စဘဲစဥ်းစားနေကြတော့ စောစောအိမ်ထောင်ကျ စောစောမွေး စောစော သေပေါ့ဟဲ. “ပါတဲ့။ ဘာမဆိုတွေးတွေးဆဆနဲ့ အကွက်လည်အောင်စဥ်းစားပြီးပြောတတ်တဲ့ “ဝေဝေနွယ်” ကတော့ “ယောက်ျားလေး အိမ်ထောင်ပြုတယ်ဆိုတာက ယဉ်ယဉ်ကျေးကျေးလေးပြောရရင် အဖော်ရှာတာ။ သူ့ဝေယျာဝစ္စကို တသက်လုံးလုပ်ပေးမယ့်သူကို ရှာတာ။ ဒီအတွက် သူပြန်ပေးမှာကတော့ လုပ်ကိုင်ကြွေးမွေးမယ် ဘဝကို လုံခြုံအောင်အကာအကွယ်ပေးမယ်။ ယောက်ျားတွေပြောတတ်တဲ့ အချစ်တွေဘာတွေဆိုတာကတော့ အပေါ်ယံအကာတွေလို့ပြောမယ်ဆိုရင်လဲ ရပါတယ်။ မိန်းမသားတွေကလဲ ကိုယ့်ဘဝလုံခြုံအောင် အတွက် စောင့်ရှောက်နိုင်သူလို့ ယူဆနိုင်တဲ့လူကိုလက်ထပ်မှာဘဲ။ အားကိုးရာရှာမှာဘဲ။ ကိုယ့်မိဘအိမ်က သာသာယာယာရှိနေမယ် ပြည့်စုံနေတဲ့ မိန်းကလေးတွေကတော့ အိမ်ထောင်ပြုဘို့က သူ့အတွက် သိပ်အရေးမပါဘူး။အဲ အမြဲတမ်းပြဿနာတွေနဲ့လုံးထွေးနေတဲ့အိမ်ကမိန်းကလေး၊ […]


မနက်ကျနော်လမ်းလျှောက်ပြန်လာတဲ့အချိန်ဆိုရင်မနက် 7နာရီပါတ်ဝန်းကျင်ပေါ့။ ကျနော်ပြန်ရောက်တတ်တဲ့အချိန်လောက်မှာ အပေါ်ထပ်က “ကလေးလင်မယား”ကလည်း ပြိုင်တူလိုရောက်လာတတ်ကြပါတယ်။ တိုက်ခန်းရှေ့ရောက်ပြီဆိုတာနဲ့ သူတို့ စီးလာတဲ့ဆိုင်ကယ်ကစက်တောင်မသတ်သေးဘူး ကောင်မလေး က သူ့အမေကိုအော်ခေါ်တဲ့ “ မားမားရေ “ဆိုတဲ့ အသံကထွက်လာပါတယ်။ ဒီကလေးလင်မယားနှစ်ယောက်ဆိုတာ တက္ကသိုလ်အဝေးသင်တက်နေရင်းတန်းလန်း ကျောင်းမပြီးသေးဘဲအိမ်ထောင်ကျသွားတာပါ။ အလွန်ဆုံးရှိလှမှ 18နှစ်ပါတ်ဝန်းကျင်လောက်ဘဲ ရှိပေမယ့် အ်ိမ်ဆွဲလဲလေးတစ်ယောက်က တွဲလဲလေးဖြစ်နေပါပြီ။ ဒီတိုက်ခန်းက ကောင်မလေးရဲ့ မိဘအိမ်ပါ။ ကောင်မလေးအိမ်ထောင်ကျတော့ ယောက္ခမအိမ်မှာလိုက်နေပါတယ်။ ဒါပေမယ့်လဲ သူတို့လင်မယားနှစ်ယောက်အလုပ်သွားတဲ့အခါ သူတို့သမီးလေးကို အမေ့အိမ်မှာ ကလေးထိန်းပေးဘို့ လာထားကြတာပါ။ မနက်ဆို သူ့အမေဆီမှာလာထား ညနေဆိုပြန်လာခေါ် သူတို့ ဟာနဲ့ သူတို့တော့ ဟုတ်နေတာပါဘဲ။ ဒီ “ကလေးလင်မယား “ကိုယ်တိုင်က နို့နံ့မစင်သေးတဲ့အရွယ် ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ခေါ်ကြရင် “ အဖေကြီးရေ “ “အမေကြီးရေ “နဲ့ အင်မတန်မှကို အကြားရဆိုးပါတယ်။ […]


သူတို့တစ်တွေ အဆင်မပြေတာတွေလေးတွေကြားမိတော့ ကိုယ်ငယ်ငယ် ခပ်မိုက်မိုက်အရွယ်တုံးက ဖြစ်ခဲ့တာလေးကိုလဲ ပြန်ပြီးသတိရလို့လာပါတယ်။ အဲဒီတုန်းက ကျနော်လည်းအိမ်ထောင်ကျခါစ။ လင်မယားနှစ်ယောက် ကို်ယ့်ဘဝကိုယ်ရုန်းကန်ပြီး တည့်မတ်အောင်မနည်းနေရပါတယ်။ နှစ်ယောက်လုံးက အစိုးရဝန်ထမ်းလခစား တွေပါ။ ဘယ်သွားသွား ဂျောက်ဂျက် ဂျောက်ဂျက်အသံတွေပေးနေတတ်တဲ့စက်ဘီးစုတ်ကလေးနဲ့ပေါ့။ အဲဒီနေ့က ပထမ မုန့်ဟင်းခါးစားမယ်ဆိုပြီး သွားကြပါတယ်။ မုန့်ဟင်းခါးဆိုင်ကလဲ အဲဒီတုန်းကနာမယ်ကြီး သူသားတွေနဲ့ကိုယ်နဲ့ကလဲ ငယ်ကတည်းက ကစားဖော် ကစားဖက်တွေပါ။ ရောက်တော့ မုန့်ဟင်းခါး ရိုးရိုး နှစ်ပွဲဆိုပြီးမှာလိုက်ပါတယ်။ အစုံဆိုရင် ငါးဖယ်တွေ ဘဲဥတွေပါမယ် ဈေးကလဲ ကြီးမယ်လေ။ တစ်ပွဲတစ်ရာ ရိုးရိုးဆိုရင် 60ဘဲကုန်မှာ။ အိမ်ထောင်ဦးဆိုတော့ အစစ အရာရာ တွက်ချက်ပြီးသုံးနေရတဲ့ဘဝပေါ့။ ကျနော်တို့ ထိုင်ပြီး မကြာခင်မှာမိသားစု ငါးယောက် ပါတဲ့ ကား တစ်စီးဝင်လာပါတယ်။ အဲဒီလူတွေရောက်လာတော့ “အန်တီအစုံငါးပွဲ ငါးဖယ် နှစ်တုံးစီ အပိုညှပ်ထည့်ပေး” […]