“ မပိတ်စကောင်း ပိတ်စကောင်း ဆေးလိပ်တစ်လိပ်ရဲ့အကြောင်း” ယနေ့ နံနက် လေးနာရီ မထိုးခင်ကတည်း က ဒေါက်တာ သူရဿဝါ (29) တစ်ယောက် အိပ်ယာမှ အစောကြီးနိုးနေပါသည်။ အမှန်အတိုင်းပြောရလျှင် တစ်ညလုံးကောင်းကောင်းအိပ်မပျော် ၊ကြက်အိပ်ကြက်နိုး နှင့် ပင်မိုးစင်စင်လင်းခဲ့သည်က အမှန်ပါ။ ယနေ့ 2016 ဇန်နဝါရီလ(1)ရက် ကမ္ဘာသုံးနာရီ (9)နာရီတိတိအချိန်ရောက်ပါက အခုသုံးဆယ်မြောက် ဂုဏ်ထူးဆောင်လက်မှတ် အသစ်တစ်ခုကို ထပ်မံအပ်နှင်းခြင်းကို ခံရမည့်အတွက် စိတ်လှုပ်ယှားက အိပ်မပျော်ခြင်းလည်း ဖြစ်ပါသည်။ ယနေ့နံက် ကိုးနာရီလွန်မြောက်သည်နှင့် ဒေါက်တာ သူရဿဝါ(30)အဖြစ်သို့ရောက်ရှိတော့မည်ကို တွေးမိသည်နှင့်တစ်ပြိုင်နက် လက်ရှိနေထိုင်သော ပညာရှင်များရိပ်သာ အထပ်(29) တွင် နေထိုင်သောကြောင့် ဒေါက်တာ သူရဿဝါ(29) ဟုခေါ်တွင်ကြောင်း ခင်မင်သူ များ၏စကားဝိုင်းတွင် ရယ်ပွဲဖွဲ့ကြသည့်အဖြစ်မှ ကင်းလွတ်ပြီ ဟုတွေးမိပြန်သော် စိတ်ထဲက အပြုံးသည်မျက်နှာပေါ်သို့ ချက်ခြင်း […]
