ကိုမောင်လေးပြောပြတာကို ကြားရတော့ တစ်ခါက ကိုအောင်မောင်း ပြောဘူး တာလေးကိုလည်းကျနော်ပြန်သတိရလို်က်ပါတယ်။ မန္တလေးသား ကိုအောင်မောင်းက မနက် မနက်ဆိုရင် အလုပ်က 8နာရီလောက်ရောက်အောင် အပြေးအလွားသွားရတာများပါတယ်။ အိမ်ကထွက်လာ လမ်းက လက်ဖက်ရည်ဆိုင်ဝင်ပြီး မနက်စာ စားလေ့ရှိပါတယ်။ အိမ်နဲ့အလုပ်က သိပ်အဝေးကြီးတော့လဲ မဟုတ်ပြန်ပါဘူး။ ကိုအောင်မောင်းနေတဲ့ တောင်မြို့(အမရပူရမြို့)ကိုသွားတဲ့လမ်းက ကပ်ကျော်ဘုရားနားမှာနေပါတယ်။ သူ့အလုပ်ကတော့ 34လမ်း ကုန်စည်ဒိုင်နားမှာပါ။ ဆိုင်ကယ်နဲ့သွားလို့ ပုံမှန်လေးစီးသွားမယ်ဆိုရင်လမ်းရှင်းတယ်ဆိုရင် ဆယ်ငါးမိနစ် လမ်းရှုပ်တယ်ဆိုရင် နာရီဝက်နီးပါးလောက်တော့ ကြာတတ်ပါတယ်။ ဒါပေမယ့် သူမနက်အလုပ်သွားတဲ့ အချိန်ကလဲ အားလုံးဈေးသွားကျောင်းသွား ပျားပန်းခပ်သလို ပုရွက်အုံတုတ်နဲ့ထိုးသလိုအမြဲရှုပ်နေတာများပါတယ်။ သူသွားရတဲ့84လမ်းပေါ်မှာက စစ်ကိုင်းကားတွေရော အဝေးပြေးကားတွေရော ဆိုင်ကယ်ရော စက်ဘီးရော အမြဲတမ်းအလုအယက် သူ့ထက်ငါ မြန်သထက်မြန်အောင်သွားလာနေကြပါတယ်။ သူကလဲအူများနည်းတူ ဆိုင်ကယ်ကို မြန်မြန်စီး မစီးချင်ဘူးဆိုပြန်တော့ အလုပ်ချိန်မီအောင် အိမ်ကစောစော ထွက်ရပါတယ်။ တစ်ရက်တော့ […]


ကိုမောင်လေးနဲ့လက်ဖက်ရည်ဆို်င်မှာထိုင်ကြတော့ ရောက်တတ်ရာရာပြောရင်းကနေ စားသောက်ဆိုင်တွေအကြောင်းရောက်သွားပါတယ်။ သူကလဲ သူအတွေ့အကြုံလေးကိုပြောပြပါတယ်။ သူရန်ကုန်မှာရောက်တုန်းကအကြောင်းလေးပေါ့။ သူရန်ကုန်ကိုရောက်တယ်ဆိုတာနဲ့ရသမျှအချိန်လုပြီး လုပ်စရာလေးတွေကို ခပ်သွက်သွက်လေးလုပ်ရပါသတဲ့။ ဒီတော့ လည်း ထမင်းစားတဲ့ကိစ္စကိုသိ်ပ်ရေးကြီးခွင်ကျယ်နဲ့ ဇာချဲ့မနေဘဲ ကြုံသလိုစားလေ့ရှိပါသတဲ့။ ဒါပေမယ့်လည်း ညနေပိုင်းဆိုရင်တော့သူတည်းတဲ့ နေရာနဲ့ နီးတဲ့ အတော်လေး သပ်သပ်ရပ်လည်းရှိတဲ့ထမင်းဆိုင်မှာသာစားလေ့ရှိပါသတဲ့။ နောက် ခဏခဏ လာစားပါများတော့ လဲ အဲဒီဆိုင်နဲ့သူရင်းနှီးလို့သွားပါသတဲ့။ ဒီတော့လဲ တစ်ခါတစ်လေ အချိန်အားရင်ဆိုင်ရှင်ယောက်ျားနဲ့ စီးပွားရေးအကြောင်း ဘောလုံးပွဲအကြောင်းကအစဟိုရောက်ဒီရောက်နဲ့ စကားပြောလေ့လဲရှိပါသတဲ့။ သူတို့ဆိုင်က ဟင်းချက်တာကလဲအကောင်းကြီးမဟုတ်ပေမယ့် စားလို့တော့ အဆင်ပြေပါသတဲ့။ ဖြစ်ချင်တော့ တစ်ရက် သူ့ အလုပ်ကိစ္စကမပြီးပြတ်တော့ အတော်လေးမိုးချုပ်မှတည်းခိုခန်းကိုပြန်ရောက်တဲ့အခါ သူစားနေကျဆိုင်လေးကပိတ်နေပါတယ်။ဒါနဲ့ဘဲရေမိုးချုးိပြီး အဲဒီနားမှာရှိတဲ့လမ်းဘေးမှာဖွင့်တဲ့ထမင်းဆိုင်လေးမှာဘဲ ပြီးလွယ်စီးလွယ်သွားစားလိုက်ပါတယ်။ အဲဒီဆိုင်က ထမင်းဟင်းချက်ပုံကလဲ သူခါတိုင်းစားနေကျဆိုင်အတိုင်းဖြစ်နေတော့သူ့အတွက်စားရတာ အဆင်ပြေသွားပါသတဲ့။ စားသောက်ပြီးလို့ ပိုက်ဆံရှင်းတော့တစ်ထောင်နှစ်ရာဘဲ ပေးရပါသတဲ့။ ခါတိုင်းသူစားနေကျဆိုင်မှာစားတဲ့အတိုင်းဟင်းတွေကိုမှာစားတာပါဘဲ။ ဒါပေမယ့် ခါတိုင်းစားနေကျဆိုင်ထက်အများကြီးသက်သာနေတော့ စိတ်ထဲမှာ နည်းနည်းလေးတော့ […]


တစ်ရက် အိမ်မှာအားနေတာနဲ့ ရူပ်ပွထနေတဲ့ စီဒီခွေတွေကို ပျင်းပျင်းနဲ့ ထိုင်ရှင်းနေပါတယ်။ တစ်ချို့ခွေတွေကတော့ သူ့အိတ်နဲ့သူ တစ်ချို့ခွေတွေကတော့ ဘာအမှတ်အသားမှမပါ နားထောင်ပြီးရင် ထားချင်သလိုထားခဲ့တော့ပွစာကြဲလို့နေပါတယ်။ အဲဒီထဲက တစ်ခွေအပေါ်မှာ “နောက်ဆုံးသီချင်း” လို့ မှင်အနီနဲ့ရေးထားတာကို တွေ့တော့ စက်ထဲ ထည့်လို့့် ဖွင့်ကြည့်လိုက်တဲ့အခါ၊ အလွန်မှရှားပါးတဲ့ အသံပိုင်ရှင်ထူးအိမ်သင်ဆိုထားတဲ့ “ဝါသနာထက်ကို ဝမ်းရေးခက်တော့ ဒီသီချင်းဟာ ငါ့ရဲ့နောက်ဆုံး သီချင်းဖြစ်ချင်ဖြစ်မယ် မပြောတတ်ဘူး…………… “ ဆိုတဲ့အသံလေးထွက်လာတော့ သိပ်နှစ်သက်ခဲ့တဲ့သီချင်းဖြစ်လို့ ဆက်နားထောင်မိပါတယ်။ ဆရာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့ပြီး စစချင်းတော့ စိုင်းထီးဆိုင်သီဆိုထားခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်ရဲ့ ရှောင်လွှဲမရနိုင်တဲ့ ဝမ်းရေးအတွက် ကိုယ်ဖန်တီးချင်တာကို ဖန်တီးခွင့်မရရှာကြောင့် အနုပညာမာနကို ခဝါချလိုက်ရတဲ့ အခါ သူချစ်တဲ့ အနုပညာကို စွန့်လွှတ်တော့ မယ်လို့ ကြေငြာလိုက်တဲ့ သနားစရာ အနုပညာသည်တစ်ဦးရဲ့ ဘဝကိုချယ်မူန်းထားတဲ့ လွမ်းမောစရာသီချင်းကောင်းလေးပါ။ အနုပညာသည်တစ်ယောက်မှာရှိတဲ့ […]


ဘူဇွာက မှန်ကြောင် မုန့်မှာတာကိုလဲကြားရော “မင်းကွာ ဘိုက်ဆာတာများ ပြောနေသေးတယ် မင်းဘဲ ကဗျာရှိရင် ဘာမှမလိုဘူး ဆို မှာမနေနဲ့ “လို့ ခပ်ငေါ့ငေါ့လေးပြောလိုက်တော့ စားပွဲထိုးလေးခမျာ မှာလည်း မှန်ကြောင်မှာတဲ့ မုန့်ကို မှာရမှာလား မမှာရဘူးလားဆိုတာကို ဝေခွဲလို့မရဖြစ်နေပါတယ်။ အဲဒီအခါမှာ မှန်ကြောင်က ” ဒါက တင်စားတာလေကွာ နောက်ပြီး အခုမှာတာက မင်းပါးစပ်နဲ့ငါစားမှာမဟုတ်ဘူး ငါ့ပါးစပ်နဲ့ ငါစားမှာ မင်းအပူမပါဘူး”လို့ပြန်ပြောတဲ့အခါ “အေး မင်းပါးစပ်နဲ့မင်းစားတာတော့ ဟုတ်တယ် ဒါပေမယ့် မင်းပိုက်ဆံနဲ့ မင်းစားတာ မဟုတ်ဘူး သူများရှာထားတဲ့ပိုက်ဆံနဲ့မင်းအမြဲစားတာ “လို့ ပြောတဲ့အခါမှာ မှန်ကြောင် တော်တော်လေးကို အခံရခက်သွားတော့ ပြန်ပြောမလို့ ပါးစပ်ပြင်နေတုန်းရှိသေးတယ် ဘူဇွာကဆက်ပြီး ” မင်းတို့လိုကောင်တွေက စာရေးဆရာ အစစ်ဖြစ်ချင်တဲ့လူမဟုတ်ဘူး စာပေကို ဗန်းပြပြီး အချောင်ခိုနေတဲ့ကောင်တွေ ” […]


“ဘဝအမှားရောက်တော့ ……………….ဘဝမှောက်”(အပိုင်းတစ်) ပြီးခဲ့တဲ့ ဥပုဒ်နေ့က ကိစ္စတစ်ခုနဲ့ မင်းကွန်းဘက် ကိုရောက်ခဲ့ပါတယ်။ ရောက်တုန်းရောက်ခိုက်မှာ ကျနော်တို့ မိဘများလက်ထက်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းကိုလည်ုး တစ်ဆက်တည်းသွားဖြစ်ကြပါတယ်။ ကျနော်ဒီကျောင်းလေးကို မရောက်တာ ဆယ်စုနှစ်တစ်ခုလောက်ရှိပါပြီ။ အဲဒီမှာ ဟိုအရင် ငယ်စဉ်ကတည်းက ကျနော်တို့နဲ့ သိကျွမ်းခဲ့ရတဲ့ အသက်တော် 70 နီးပါးရှိနေတဲ့ ဖွားသီလရှင် “ဖွားခေမာ” ကိုလည်း ပြန်တွေ့ရတော့ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာပါ။ ကျနော်တို့ ကိုးနှစ်ဆယ်နှစ်အရွယ်တုန်းကတော့ ထက်မြက်နုပျိုသော ဘဝကိုပိုင်ဆိုင်ထားတဲ့ မယ်သီလရှင်လေး “မခေမာ “ပေါ့။ အခု ပြန်တွေ့ကြ တော့ သိပ်မကောင်းတော့တဲ့ အမြင်အာရုံကြောင့် ကျနော်ကို သူ့အနားမှာလာထိုင်ခိုင်းပြီး မျက်နှာကိုစမ်းကြည့် လူကို ကိုင်ကြည့်နဲ့ ပါးစပ်ကလဲ “ကိုပေါက် ကိုပေါက် “နဲ့ တတွတ်တွတ်ခေါ်ရင်း “နင်တို့ ငယ်ငယ်က လှုပ်လှုပ်ပြီး […]


“ဘဝအမှားရောက်တော့ ……………….ဘဝမှောက်”(အပိုင်းနှစ်) သူမင်းကွန်းဘက်ကိုပြောင်းသွားတဲ့အချိန်နဲ့ မရှေးမနှောင်းလောက်မှာဘဲ ကျနော်တို့ကလဲ အိမ်ပြောင်းသွားကြတော့ သူတို့နဲ့ ကင်းကွာသလိုဖြစ်သွားပါတယ်။ ဒါပေမယ့် သူလို့ယောက်ျားလျှာတွေမြင်ရင်တော့ ကိုရွှေကို သတိရပါတယ်။ အခုမရောာက်တာကြာပြီဖြစ်တဲ့မင်းကွန်းကိုရောက်မှ ကိုရွှေဆုံးသွားတယ်ဆိုတာကို သိရတော့ စိတ်ထဲမှာ တစ်ခုခုလစ်ဟာသွားသလိုခံစားရပါတယ်။ ကျနော်တို့ ပါတ်ဝန်းကျင်မှာ ကိုရွှေလို လူတွေအများကြီးရှိပါတယ်။ သူတို့ လို လူတွေ မိန်းမစင်စစ်ကနေ ယောက်ျားဖြစ်ချင်တဲ့စိတ်ပြောင်းသွားတာကတော့ တူပေမယ့် အဖြစ်အပျက်ခြင်းကတော့ တူကြမယ်မထင်ပါဘူး။ ကျနော်ကျောင်းသားဘဝမှာတုံးက   ကျနော်တို့သူငယ်ချင်းထဲမှာ အထက်အောက် ညီမနှစ်ယောက်စလုံး ယောက်ျားစိတ်ပေါက်နေတဲ့ သူငယ်ချင်း ရှိခဲ့ဘူးပါတယ်။ သူတို့က ကျနော်တို့နဲ့အတူ ဘော့လုံးကန်တယ် ကျီးသားရိုက်တယ် ပေသီးပစ်တယ်။ ပြေးတမ်းလိုက်တမ်းကစားတယ် ကျနော်တို့ဆော့သလောက်ဆော့နိုင်ပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ယောက်ျားလေးလုိုဘဲထင်မှတ်ပြီး  နေပါတယ်။ ဒါပေမယ့်လဲ  ကျနော်စိတ်ထဲမှာ မိန်းမလို့ သတ်မှတ်ထားတော့ လူပျုိုပေါက် ဖြစ်ကာစကျနော့် စိတ်ထဲမှာသူတို့နဲ့ ပူးပူးကပ်ကပ်နေရတာ အဆင်မပြေသလိုပါဘဲ။ သူတို့က […]


ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..” ကျနော်တို့ မြန်မာစကားလုံးမှာ “ထွေး”ဆိုတဲ့စကားလုံးလေးက အနက်အဓိပ္ပါယ်အလွန် လှပတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ညီမအငယ်ဆုံး ညီအငယ်ဆုံးဆိုတာထက်( ညီမအထွေးဆုံးလေး ညီအထွေးဆုံးလေး )လို့ဆိုလိုက်ရင်ချစ်ခင်ယုယမူ့သဘောလေးရဲ့ နွေးထွေးမူ့ကလေးပါသွားတယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်။ နောက်မြန်မာစကားလုံးသုံးကြရာမှာလဲ ” ထွေး” ဆိုတဲ့စကားလုံးလေးကိုသုံးတဲ့နေရာမှာ “ဆန်ထွေးထွေးလေး”လို့ပြောလိုက်ရင် ပူးပေါင်းပါဝင်နေတယ် နူးညံ့တယ်ဆိုတဲ့သဘောကို သွယ်ဝိုက်သောအားဖြင့်ပြောလို်က်တာနဲ့တူပါတယ်။ ” သူ့တို့မောင်နှမတွေများ ကြည့်လိုက်ရင် လုံးထွေးနေတာဘဲ”တို့ ” သူတို့သူငယ်ချင်းတွေက တော့ နေကြထိုင်ကြတာ လုံးလားထွေးလားဘဲ” တို့ ပြောလိုက်ရင် အဲဒီမှာ သုံးထားတဲ့ ” ထွေး” ဆိုတာကလည်း ချစ်ခင်ရင်နှီးတယ်ဆိုတဲ့သဘောကိုရည်ညွှန်းတာပါဘဲ။ဒါပေမယ့်လဲ “ထွေး”လို့သုံးလိုက်တိုင်းဒီလိုနူးညံ့သိမ်မွေ့တဲ့ချစ်စရာကောင်းတဲ့သဘောကိုမဆောင်တာတွေလည်းရှိပါတယ်။ ရုပ်ရှင်တွေ ပြဇာတ်တွေ မှာဝတ္တုတွေမှာ ဇာတ်မနာနာအောင် မင်းသားမင်းသမီးကို ပိုပြီးသနားအောင် ပရိတ်သတ်မျက်ရည်ကို ချူချဘို့ အတွက် အမုန်းခံရတဲ့နေရမှာအသုံးတော်ခံရတဲ့နေရာကိုုုု အမုန်းခံဘို့အတွက် တစ်သက်စာလိုင်စင် ပေးထားကြပါတယ်။ […]


ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..”(အပိုင်းနှစ်) နောက်တစ်ယောက်ကတော့ “ထား”ဆိုတဲ့ ကျနော်နဲ့ ကျောင်းနေဖက်ငယ်သူငယ်ချင်းမလေးပါ။ အလွန်အေး အလွန်ရိုးတဲ့ ခပ်အအသူငယ်ချင်းမလို့တောင်ပြောရင်ရပါတယ်။ တက္ကသိုလ်သာလေးနှစ်နေပြီး ဘွဲ့တစ်ခုရသွားတယ် ဘယ်သူနဲ့မှ ဘာမှ ဇာတ်လမ်းမရှိလိုက်ဘူး။ ကျောင်းပြီးတော့လဲ သူတို့မိဘလုပ်ငန်းဖြစ်တဲ့ ဈေးထည်တွေချုပ်တဲ့ လုပ်ငန်းကို ဝင်ပြီးဦးစီးရတာပါ။ သူတို့က နန်းရှေ့မှာနေတာပါ။ သူတို့ခြံက အကျယ်ကြီးဆိုတော့ အိမ်ဝို်င်းထဲမှာ မိသားစုသန့်သန့်လေးတွေကို အိမ်ငှားထားပါတယ်။ သူတို့အိမ်ဝိုင်းထဲမှာ ကိုထွေးအောင်နဲ့ မခင်စိုး ဆိုတဲ့ လင်မယားနှစ်ယောက်လည်းငှားနေပါသတဲ့။ ကိုထွေးအောင်က ကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာ အဝယ်တော်လုပ်ပြီး မခင်စိုးကတော့ ကျောင်းဆရာမ လေးပါ။သူတို့ မှာ လေးနှစ်အရွယ်စကား တီတီတာတာပြောတတ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူတို့ လင်မယားအလုပ်သွားရင် ကလေးကို “ထား”တို့အိ်မ်မှာအပ်ထားခဲ့ပါတယ်။“ထား”တိုုုုုုုုုုုုုု့မိသားစုကလဲ ဒီကလေးကို အတော်လေးကို ချစ်ကြပါတယ်။ ကလေးက လဲ “ထား”ကို “မေမေထား” ထားတိုအမေအဖေကို ဖွားဖွားကြီး ဖိုးဖိုးကြီး လို့ […]


ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..” ကျနော်တို့ မြန်မာစကားလုံးမှာ “ထွေး”ဆိုတဲ့စကားလုံးလေးက အနက်အဓိပ္ပါယ်အလွန် လှပတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ညီမအငယ်ဆုံး ညီအငယ်ဆုံးဆိုတာထက်( ညီမအထွေးဆုံးလေး ညီအထွေးဆုံးလေး )လို့ဆိုလိုက်ရင်ချစ်ခင်ယုယမူ့သဘောလေးရဲ့ နွေးထွေးမူ့ကလေးပါသွားတယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်။ နောက်မြန်မာစကားလုံးသုံးကြရာမှာလဲ ” ထွေး” ဆိုတဲ့စကားလုံးလေးကိုသုံးတဲ့နေရာမှာ “ဆန်ထွေးထွေးလေး”လို့ပြောလိုက်ရင် ပူးပေါင်းပါဝင်နေတယ် နူးညံ့တယ်ဆိုတဲ့သဘောကို သွယ်ဝိုက်သောအားဖြင့်ပြောလို်က်တာနဲ့တူပါတယ်။ ” သူ့တို့မောင်နှမတွေများ ကြည့်လိုက်ရင် လုံးထွေးနေတာဘဲ”တို့ ” သူတို့သူငယ်ချင်းတွေက တော့ နေကြထိုင်ကြတာ လုံးလားထွေးလားဘဲ” တို့ ပြောလိုက်ရင် အဲဒီမှာ သုံးထားတဲ့ ” ထွေး” ဆိုတာကလည်း ချစ်ခင်ရင်နှီးတယ်ဆိုတဲ့သဘောကိုရည်ညွှန်းတာပါဘဲ။ဒါပေမယ့်လဲ “ထွေး”လို့သုံးလိုက်တိုင်းဒီလိုနူးညံ့သိမ်မွေ့တဲ့ချစ်စရာကောင်းတဲ့သဘောကိုမဆောင်တာတွေလည်းရှိပါတယ်။ ရုပ်ရှင်တွေ ပြဇာတ်တွေ မှာဝတ္တုတွေမှာ ဇာတ်မနာနာအောင် မင်းသားမင်းသမီးကို ပိုပြီးသနားအောင် ပရိတ်သတ်မျက်ရည်ကို ချူချဘို့ အတွက် အမုန်းခံရတဲ့နေရမှာအသုံးတော်ခံရတဲ့နေရာကိုုုု အမုန်းခံဘို့အတွက် တစ်သက်စာလိုင်စင် ပေးထားကြပါတယ်။ […]


“ကျွန်တော့်ရင်ထဲကို …………….. ရောက်မလာဘူး” “ခုခေတ်ခလေးတွေများ ကျနော်တို့တုန်းကနဲ့ကွာပါ့ “ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင် အပ်ကြောင်းထပ်နေတဲ့စကား ။ သောက်လက်စဘီယာခွက်ကို အသာမ လက်ကြားကစီးကရက်ကိုဆရင်း “ မီးတတို့လောက်“လို့တောင်းရင်းပြောလိုက်တဲ့ မျက်မှန်ထူထူနဲ့လူရဲ့စကား ကျနော့်ရင်ထဲကို …………………………….။ “အနိစ္စ၊ဒုက္ခ၊အနတ္တ၊” “သေရင်ကိုယ့်နောက်ဘာမှ မပါဘူူး၊ တွယ်ညိ်တဲ့တဏှာတွေဖြတ်ကြ တရားတွေမှတ်ကြဟဲ့” လို့ အမြှုတ်ထွက်မတတ်ပြောရင်း သုံးနာရီဒေါင် ဆိုတာနဲ့၊ “ဘာထွက်လဲ “လို့ စနေတနင်္ဂနွေမှာတောင် ယောင်ယောင်ပြီး ခေါင်းထောင်ကာနားစွင့်တတ်တဲ့ တရားရှင်ရဲ့စကားများကလဲ ကျနော့်ရင်ထဲကို …………………………….။ ကို်ယ့်အမေထက်တောင်ပိုချစ်သယောင်နဲ့ “အမေ “လို့ “တ “ကြ။ ဖွဲ့ွနွဲ့ကြ ၊သဲသဲလှုပ်ကြ၊ ဝိုင်းဝန်းလို့ချီးပကြ၊ဂုဏ်တွေမြှောက်ပြကြပေမယ့်၊ အရေးဆို အပြင်ထွက်လျှောက်ဘို့မပြောနဲ့ လက်ကလေးတောင်ရဲရဲထောင်မပြရဲတဲ့ ယုံကြည်မူ့မခိုင်မာ လူ့ဗလာတွေရဲ့ စကားတွေကလဲ ကျနော့်ရင်ထဲကို …………………………….။ ဟိုအရင်လက ဘယ်လောက် ပြီးခဲ့တဲ့လကဘယ်လောက် အခုထိဆိုရင်ဘယ်လောက် ဒီအတိုင်းဆက်သောက်နေလို့ကတော့ […]


“ကျွန်တော့်ရင်ထဲကို …………….. ရောက်မလာဘူး” “ခုခေတ်ခလေးတွေများ ကျနော်တို့တုန်းကနဲ့ကွာပါ့ “ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင် အပ်ကြောင်းထပ်နေတဲ့စကား ။ သောက်လက်စဘီယာခွက်ကို အသာမ လက်ကြားကစီးကရက်အတွက် “ မီးတတို့လောက်“လို့တောင်းရင်းပြောလိုက်တဲ့ မျက်မှန်ထူထူနဲ့လူရဲ့စကား ကျနော့်ရင်ထဲကို …………………………….။ “အနိစ္စ၊ဒုက္ခ၊အနတ္တ၊” “သေရင်ကိုယ့်နောက်ဘာမှ မပါဘူူး၊ တွယ်ညိ်တဲ့တဏှာတွေဖြတ်ကြ တရားတွေမှတ်ကြဟဲ့” လို့ အမြှုတ်ထွ


“ဆုတောင်းမှားသလား ?အကြောင်းမှားသလား ?” တစ်ရက် ဘဝေမှာအပြောင်းအလဲအတက်အကျအကွေ့အကောက် အလွန်များရှာတဲ့ လောကဓံဆိုတာကြီးကို ငါတွေ့ ကိုယ်တိုင်ခံလို်က်ရရှာတဲ့ အသိ တစ်ယောက်ကို သွားရင်းလာရင်းလှမ်းတွေ့လိုက်ပါတယ်။ သူကအရှေ့ကနေအနောက် ကျနော်က အနောက်ကနေအရှေ့ကိုအသွားလမ်းမှတွေ့ကြတာပါ။ ကျုံးဘေးဆိုတော ့ မြင်ယုံဘဲမြင်လိုက်ရတယ် လှမ်းခေါ်ဘို့ အခွင့်မသာပါဘူး။ လမ်းနှစ်ခုကြားမှာ သစ်ပင်တွေစိုက်ထားတဲ့ ကျွန်းခံနေလို့ပါဘဲ။ ဘဝဆိုတာ လည်းဒီလိုပါဘဲ။ တစ်ခါတစ်လေမှ ာ  တစ်ယောက်နဲ့မြင်သာမြင်လိုက်ရ သိသာ သိလိုက်ရတယ် တစ်ယောက်ကိုတစ်ယောက် မကူနိုင်တဲ့ အခွင့်မသာတဲ့ အဖြစ်မျိုးတွေပါ။ သူူ့ကိုမြင်လိုက်တော့ လွန်ခဲ့သောကာလက  အဖြစ်အပျက်တွေကို ပြန်သတိရမိပါတယ်။အဲဒီတုန်းကတော ့သူက ဆယ်လေးငါးနှစ်သားလူပျိုပေါက်သာသာပေါ့။ သူကတစ်ဦးထည်းသောသားလေးပါ။ သူ့အဖေက ကျောက်စိမ်းကုန်သည် အိမ်မှာမနေရတာများတယ်။ အမြဲတမ်းမှော်ထဲနဲ့တရုပ်ပြည်ကူးလိုက်သန်းလိုက်နေရတာများပါတယ်။ အဲဒီခေတ်က ခုခေတ်လို လမ်းပမ်းဆက်သွယ်ရေးကလဲ မကောင်းဘူးဆိုတော့ ခရီးတစ်ခါထွက်ရင် သုံးလေးလ ဒီတော့ မိသားစုနဲ့အမြဲကင်းကွာနေတာများပါတယ်။ အမေ့ဖက်က  ရှေးကတည်းက ချမ်းသာတယ်ဆိုပါတော့။ […]


“ဆုတောင်းမှားသလား ?အကြောင်းမှားသလား ?” တစ်ရက် ဘဝေမှာအပြောင်းအလဲအတက်အကျအကွေ့အကောက် အလွန်များရှာတဲ့ လောကဓံဆိုတာကြီးကို ငါတွေ့ ကိုယ်တိုင်ခံလို်က်ရရှာတဲ့ အသိ တစ်ယောက်ကို သွားရင်းလာရင်းလှမ်းတွေ့လိုက်ပါတယ်။ သူကအရှေ့ကနေအနောက် ကျနော်က အနောက်ကနေအရှေ့ကိုအသွားလမ်းမှတွေ့ကြတာပါ။ ကျုံးဘေးဆိုတော ့ မြင်ယုံဘဲမြင်လိုက်ရတယ် လှမ်းခေါ်ဘို့ အခွင့်မသာပါဘူး။ လမ်းနှစ်ခုကြားမှာ သစ်ပင်တွေစိုက်ထားတဲ့ ကျွန်းခံနေလို့ပါဘဲ။ ဘဝဆိုတာ လည်းဒီလိုပါဘဲ။ တစ်ခါတစ်လေမှ ာ  တစ်ယောက်နဲ့မြင်သာမြင်လိုက်ရ သိသာ သိလိုက်ရတယ် တစ်ယောက်ကိုတစ်ယောက် မကူနိုင်တဲ့ အခွင့်မသာတဲ့ အဖြစ်မျိုးတွေပါ။ သူူ့ကိုမြင်လိုက်တော့ လွန်ခဲ့သောကာလက  အဖြစ်အပျက်တွေကို ပြန်သတိရမိပါတယ်။အဲဒီတုန်းကတော ့သူက ဆယ်လေးငါးနှစ်သားလူပျိုပေါက်သာသာပေါ့။ သူကတစ်ဦးထည်းသောသားလေးပါ။ သူ့အဖေက ကျောက်စိမ်းကုန်သည် အိမ်မှာမနေရတာများတယ်။ အမြဲတမ်းမှော်ထဲနဲ့တရုပ်ပြည်ကူးလိုက်သန်းလိုက်နေရတာများပါတယ်။ အဲဒီခေတ်က ခုခေတ်လို လမ်းပမ်းဆက်သွယ်ရေးကလဲ မကောင်းဘူးဆိုတော့ ခရီးတစ်ခါထွက်ရင် သုံးလေးလ ဒီတော့ မိသားစုနဲ့အမြဲကင်းကွာနေတာများပါတယ်။ အမေ့ဖက်က  ရှေးကတည်းက […]