” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းလေး) စက်ရုံတစ်ရုံမှာအောက်တန်းစာရေးအလုပ်ပေါ့။ အဲဒီအလုပ်ကခန့်မှာက အောက်တန်းစာရေးက (2)နေရာ စာရင်းကိုင်က(2)နေရာ။ အပွင့်လင်းဆုံးပြောရရင်တော့ အကုန်ခန့်ပြီးသားပါ။ အဲဒီခေတ်ကထုံးစံအတိုင်းဘောင်ဝင်အောင်ဆောင်ရွက်ရတာပါ။ ကျနော်အင်တာဗျုးသွားဖြေမယ့်နေ့မှာ လုပ်အားပေးနေတဲ့ရုံးက ဆရာက အကုန်ပြောထားပြီးသား အင်တာဗျုးသွားဖြေရင်လဲ ဘယ်သူနဲ့မှလေကြောမရှည်နဲ့ လို့ မှာလိုက်ပါတယ်။ အင်တာဗျုးဖြေတဲ့နေ့ရောက်တော့ လာဖြေသူစုစုပေါင်း လူခြောက်ဆယ်လောက်ရှိပါတယ်။ အင်တာဗျုးမဖြေခင် မှာ မေးမယ်ထင်တဲ့ ဗဟုသုတပေါင်းစုံကိုရော အခုဖြေမယ့် စက်ရုံအကြောင်းကိုရောခေါင်းမဖော်တမ်းကျက်နေလိုက်ကြရတာ။ ကျနော်က စာအုပ်တစ်အုပ်ထိုင်ဖတ်နေတော့ တစ်ယောက်က ကျနော့်ကို မကျက်ဘူးလားမေးတော့ ဘာမှပြန်မပြောဘဲရီပြလိုက်ပါတယ်။ အင်တာဗျုးဖြေပြီးလို့များ ထွက်လာရင် “ဘာတွေမေးလဲ”လို့ မေးတဲ့ပြီး “ဟိုဟာအကြောင်းမေးတာ မဖြေနိုင်ဘူး”လို့ပြောလိုက်တာနဲ့ စာရွက်တွေတဖျပ်ဖျပ်လှန်ပြီး တတွတ်တွတ်ရွတ်ကြပါတော့တယ်။ ကျနော်အလှည့်ရောက်တော့ ကျနော်ဆရာအကြောင်းမေး ဟိုမေးဒီမေး နည်းနည်းမေးပြီးပြန်လွှတ်လို်က်ပါတယ်။ နောက်တစ်ပါတ်ဆိုရင် အလုပ်ခန့်စာရောက်လာမယ်လို့လည်းပြောလို်က်ပါတယ်။ အပြင်လဲပြန်ရောက်ရော ဘာတွေမေးလဲ လို့ ဝိုင်းမေးတဲ့အခါ ကျနော်ခေါင်းကိုသာ […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းငါး) အဲဒီအချိန်မှာကတည်းက နိုင်ငံခြားကို သင်္ဘောလိုက်သူတွေရှိနေပါပြီ။ ဒါကလည်းလူနည်းစုပါ။ သိပ်အဆက်အသွယ်ကောင်းတဲ့သူများ ဟိုမှာဆွေမျိုးနီးစပ်ရှိသူများလောက်သာ နိုင်ငံခြားကိုအလုပ်ထွက်လုပ်ကြပါတယ်။ ဟိုနိုင်ငံမှာဘယ်လိုအလုပ်မျုးိဘဲလုပ်ကိုင်စားသောက်ခဲ့ရတယ်ဆိုတာမသိပေမယ့် ဒီရောက်ရင် သုံးနိုင်ဖြုန်းနိုင်တယ်ဆိုပြန်တော့လဲ နိုင်ငံခြားသွားပြီးအလုပ်လုပ်တဲ့လူဆိုရင် အရမ်းအထင်ကြီးကြရတာက အဲဒီအချိန်ကတည်းကပါဘဲ။ ပြန်လာသူများကလည်း တခြားနိုင်ငံရဲ့ကောင်းကြောင်းကို မစားရဝခမန်းပြေပြကြာတာကိုးဗျ။ ကျနော်ကြီးပြင်းခဲ့တဲ့ ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးကတော့ ဒါမျုးိချည်းဘဲလို့ထင်ပါတယ်။ နောက်မြန်မာပြည်ရဲ့အကြီးမားဆုံးသောအပြောင်းအလဲအပြီးမှာတော့ တံခါးဖွင့်ဝါဒကို ကျင့်သုံးလိုက်တဲ့အတွက်ပြည်တွင်းလုပ်ငန်းရှင်များကလည်းလုပ်ငန်းတွေတိုးချဲ့ ပြည်ပကနေပြီးလာရောက်လို့လုပ်ငန်းလုပ်သူများကြောင့် အလုပ်လုပ်စရာနေရာတွေလည်းအတော်ပေါလာပါတယ်။ နောက်မြို့သစ်တွေတည် လမ်းတွေဖောက် တံတားတွေဆောက်ဆိုတော့လည်း လူတွေအတွက်အလုပ်လုပ်စရာနေရာတွေပေါလာသလိုလိုထင်ရပါတယ်။ ဒါပေမယ့် အလုပ်လုပ်ဘို့ ပေါ်လာတာနဲ့ တစ်နှစ်တစ်နှစ်တိုးတက်လာတဲ့ အလုပ်လုပ်နိုင်သူလူဦးရေ ယှဉ်ကြည့်လိုက်ရင် အလုပ်လုပ်ချင်သူဦးရေက ပိုလို့ များနေပါတယ်။ နောက်ဟိုးအရင်ခေတ်တွေက တစ်အိမ်မှာ လူတစ်ယောက်နှစ်ယောက်အလုပ်လုပ်တာနဲ့ လေးငါးယောက်ကတော့ မတောင့်တမကြောင့်ကြဘဲစားနိုင်ပါတယ်။ အခုုခေတ်မှာတော့ အစစအရာကြီးမြင့်တဲ့ဈေးနုန်းတွေကြောင့် အိမ်မှာရှိတဲ့ လူတိုင်းစေ့အလုပ်လုပ်မှသာ ထမင်းကိုအဆင်ပြေပြေစားနိုင်တဲ့ဘဝကိုကြုံတွေ့လာရပါတယ်။ ဒီတော့လဲ လူတိုင်းလူတိုင်းကျားမ မရွေးအရွယ်ရောက်သူရော […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းသုံး) ကျနော်တို့ လူလားမြောက်တဲ့ အရွယ်ရောက် တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်နေတဲ့ခေတ်ပေါ့။ ကိုးတန်းလောက်ရောက်တယ်ဆိုတာနဲ့ နွေရာသီကျောင်းပိတ်ရက်ရောက်ရင် လူကြီးအသိရှိတဲ့သူ ဒါမှမဟုတ် လမ်းစဉ်လူငယ်အဖွဲ့ဝင်ထားတဲ့ သူများက မြို့နယ်ကောင်စီရုံးတို့ ပါတီယူနစ်ရုုံးတို့ ကိုယ်မိဘနဲ့ ဆက်စပ်ပါတ်သက်နေတဲ့ ရုံးတွေမှာလုပ်အားပေးဝင်လုပ်ကြရပါတယ်။ ဒီလိုအစိုးရအလုပ်မလုပ်ချင်သူများကတော့ အပြင်လုပ်ငန်းလေးတွေမှာ ပညာသင်အဖြစ်နဲ့ဝင်လုပ်တာလဲရှိပါတယ်။ ကျနော်တို့ငယ်ငယ်က မန်းလေးမှာ အခုခေတ်ကလေးများလို အတတ်ပညာသင်ယူစရာ သင်တန်းတွေကလဲ မရှိသလောက်ပါ။ ကျနော်မှတ်မိသလောက်ဆိုရင် နန်းတွင်းရေကူးကန် ထွန်းလှရေကူးကန်မှာ ရေကူးသင်မလား? အဆားဟိ တို့ ကင်ပိုအောင်မြင့်တို့ဆီမှာ ကရာတေး ကိုယ်ခံပညာသွားသင်မလား ? အောင်ကလပ်မှာ ကြက်တောင်သွားရိုက်မလား ? ဘုရင့်ကျောင်းမှာ လက်ရေးတိုနဲ့လက်နှိပ်စက်သွားသင်မလား? အင်္ဂလိပ်စကားပြောသွားသင်မလား ? လုပ်နိုင်တာ ဒါအကုန်ပါဘဲ။ ကျနော်တို့ခေတ်မှာကို အလုပ်တစ်ခုရဘို့ မလွယ်တော့ ပါဘူး။ […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းနှစ်) ကျနော်တို့အဖေတို့ ဦးလေးတို့ ငယ်ငယ်တုန်းကတော့ အလုပ်တစ်ခုရဘု့ိသိပ်မခက်ဘူးဆိုတာကိုတော့ သူ့တို့အပြောနဲ့ သိခဲ့ရပါတယ်။ ကျနော်အဖေ 8 တန်းအောင်တော့ အတန်းကျောင်းဆက်မတက်တော့ ဘဲ စက်မူ့လက်မူ့ သိပ္ပံကျောင်း(GTI)ကို သွားတက်ပါတယ်။ နောက်အဲဒီမှာ တက်နေရင်းနောက်တစ်နှစ်ကျောင်းဆက်မနေချင်ဘူးဆိုတာနဲ့ ကျနော်တို့ အဖိုးရဲ့ညီအလုပ်လုပ်နေတဲ့ မီးရထာား(ဘူတာကြီး)မှာလက်မှတ်စစ်အနေနဲ့အလုပ်သွင်းပေးလိုက်ပါတယ်။ အဲဒီခေတ်က အစိုးရအလုပ်က နဂိုရ်အခံလူရှိရင် အလွယ်တကူ အလုပ်ဝင်လို့ရပါတယ်။ နောက်အဲဒီမှာလုပ်နေရင်းကျနော့်အဖေက ဂျီတီအိုင်ကဆင်းလာတယ်ဆိုတာလဲသိရော ကျနော်အဖေကို မြစ်ငယ်မီးရထားစက်ရုံဘက်ကိုပြောင်းပေးလိုက်ပါတယ်။ ဒါကကျနော့်အဖေအလုပ်ရခဲ့ပုံလေးပါ။ အဖေ့ညီအလတ်ကတော့ သူဆယ်တန်း (အဲဒီတုန်းကတော့ တက္ကသို်လ်ဝင်တန်းလို့ခေါ်ပါတယ်)ရောက်တဲ့နှစ်မှာ ကျနော်တို့အဖိုးက နာမကျန်းပင်စင်ယူလိုက်ရပါတယ်။ အဲဒီအချိန်မှာကျောင်းအုပ်ကြီးက ကျနော်ဦးလေးအလတ်ကို လုပ်ချင်တယ်ဆိုရင ်အလယ်တန်းပြဆရာအဖြစ်ခန့်ပေးမယ်လို့ပြောတာနဲ့ ဘဲ သူလဲကျောင်းဆရာဖြစ်သွားပါတယ်။ နောက်(2)လလောက်နေတော့ ကျနော်တို့အဖေရဲ့ညီမဝမ်းကွဲတစ်ယောက်ကလဲ ဆယ်တန်းကို ဝိဇ္ဇာနဲ့ဖြေတာအခါခါကျနေတော့ ညကျောင်းတက်မယ် နေ့အလုပ်လုပ်မယ်ဆိုပြီးပြောလာတာနဲ့ သူ့အကိုအလတ်လုပ်တဲ့ကျောင်းမှာဘဲ မူလတန်းဆရာမလုပ်ဖြစ်သွားပါတယ်။ ကျနော်အဖေရဲ့အဒေါ်အပျိုကြီးတစ်ယောက်ကတော့ […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ” တစ်ရက်ကျနော်သူငယ်ချင်း ကိုထွေးရဲ့သား မောင်သက်ထွေး နဲ့ လက်ဖက်ရည်ဆိုင်မှာတွေ့ကြပါတယ်။ ဒီတော့ မာကြောင်းသာကြောင်းတွေ မေးပြီးစကားတွေဆက်ပြောဖြစ်ကြပါတယ်။ ထုံးစံအတိုင်း ကျောင်းပြီးပြီလား အခုဘာတွေလုပ်နေလဲ တို့ မေးလိုက်တော့ မောင်သက်ထွေးက အဝေးသင်ဖြေရင်းအလုပ်ရှာနေတယ်လို့ဖြေရင်း ကျနော့်ကို မေးခွန်းတစ်ခုမေးရင်း သူ့ရင်ထဲက ခံစားချက်တွေကို တောက်လျှောက်ကြီးပြောပါတော့တယ်။ ” လေးပေါက်တို့ငယ်ငယ်တုန်းက အလုပ်တစ်ခုရဘို့ လွယ်သလား ? သားတို့ခေတ်မှာတော့ အလုပ်တစ်ခုရဘို့ဆိုတာ သိပ်မလွယ်တာမဟုတ်ဘူး တော်တော်လေးကိုမလွယ်တာရယ်၊ အလုပ်တစ်ခုရဘို့အတွက် လျှောက်တော့မယ်ဆိုရင် လျှောက်လွှာဝယ်ရတယ်ဆိုတော့ စပိုက်ဆံကုန်ပြီ။ ပြီးတော့လိုင်စင်ဓါတ်ပုံနှစ်ပုံ၊လိုအပ်တဲ့စာရွက်စာတမ်းမိတ္တူကူးခ၊အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ (ဒါကလဲအလကားရတာမဟုတ်ဘူးစာရွက်စာတမ်းကြေးလောက်တော့ ပေးရပါတယ်)။ အလုပ်ရမရတော့ မသိသေးဘူး အရင်ဆုံးထောင်ဂဏန်းလောက်ကတော့ ခုန်ထွက်သွားရော ။ ကိုယ်လျှောက်တဲ့အလုပ်က ကိုယ့်ကို မရွေးလို့ ဒါတွေပြန်ပေးရင်တော်သေး တစ်ချို့ကပြန်မပေးတော့ တစ်ခါလျှောက်ရင် တစ်ခါကုန်ပါဘဲ။ အင်တာဗျူး ဝင်ရပြီဆိုရင် […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းနှစ်) ကျနော်တို့အဖေတို့ ဦးလေးတို့ ငယ်ငယ်တုန်းကတော့ အလုပ်တစ်ခုရဘု့ိသိပ်မခက်ဘူးဆိုတာကိုတော့ သူ့တို့အပြောနဲ့ သိခဲ့ရပါတယ်။ ကျနော်အဖေ 8 တန်းအောင်တော့ အတန်းကျောင်းဆက်မတက်တော့ ဘဲ စက်မူ့လက်မူ့ သိပ္ပံကျောင်း(GTI)ကို သွားတက်ပါတယ်။ နောက်အဲဒီမှာ တက်နေရင်းနောက်တစ်နှစ်ကျောင်းဆက်မနေချင်ဘူးဆိုတာနဲ့ ကျနော်တို့ အဖိုးရဲ့ညီအလုပ်လုပ်နေတဲ့ မီးရထာား(ဘူတာကြီး)မှာလက်မှတ်စစ်အနေနဲ့ အလုပ်သွင်းပေးလိုက်ပါတယ်။အဲဒီခေတ်က အစိုးရအလုပ်က နဂိုရ်အခံလူရှိရင် အလွယ်တကူ အလုပ်ဝင်လို့ရပါတယ်။ နောက်အဲဒီမှာလုပ်နေရင်းကျနော့်အဖေက ဂျီတီအိုင်ကဆင်းလာတယ်ဆိုတာလဲသိရော ကျနော်အဖေကို မြစ်ငယ်မီးရထားစက်ရုံဘက်ကိုပြောင်းပေးလိုက်ပါတယ်။ ဒါကကျနော့်အဖေအလုပ်ရခဲ့ပုံလေးပါ။ အဖေ့ညီအလတ်ကတော့ သူဆယ်တန်း (အဲဒီတုန်းကတော့ တက္ကသို်လ်ဝင်တန်းလို့ခေါ်ပါတယ်)ရောက်တဲ့နှစ်မှာ ကျနော်တို့အဖိုးက နာမကျန်းပင်စင်ယူလိုက်ရပါတယ်။ အဲဒီအချိန်မှာကျောင်းအုပ်ကြီးက ကျနော်ဦးလေးအလတ်ကို လုပ်ချင်တယ်ဆိုရင ်အလယ်တန်းပြဆရာအဖြစ်ခန့်ပေးမယ်လို့ပြောတာနဲ့ ဘဲ သူလဲကျောင်းဆရာဖြစ်သွားပါတယ်။ နောက်(2)လောက်နေ့တော့ ကျနော်တို့အဖေရဲ့ညီမဝမ်းကွဲတစ်ယောက်ကလဲ ဆယ်တန်းကို ဝိဇ္ဇာနဲ့ဖြေတာအခါခါကျနေတော့ ညကျောင်းတက်မယ် နေ့အလုပ်လုပ်မယ်ဆိုပြီး ပြောလာတာနဲ့ သူ့အကိုအလတ်လုပ်တဲ့ကျောင်းမှာဘဲ မူလတန်းဆရာမလုပ်ဖြစ်သွားပါတယ်။ […]


ဟိုနေ့က ရန်ကုန်မှာနေတဲ့ မမဝါ ဆီကဖုန်းလာတော့ မာကြောင်းသာကြောင်းတွေပြောကြပါတယ်။ ဟိုလူနေကောင်းလား ဘယ်သူဘယ်ဝါနဲ့ရောတွေ့သေးလား အဆင်ပြေလားဘာလားအရေးမပါဘူးဆိုပေမယ့် ဝေးနေသူတွေအကြောင်းလှမ်းမေးပါတယ်။ ဒါနဲ့ အမကမွေးထားတဲ့ တူ တစ်ယောက်နဲ့ တူမနှစ်ယောက် ခုဘာလုပ်နေလဲ ကျောင်းပြီးပြီလား ဘာလားနဲ့မေးလဲမေးလိုက်ရော အမတော်ရဲ့ညည်းချင်းရှည်ကြီးကို နားဆင်ရပါတော့တယ်။ ” ငပေါက်ရေ မင်းတူ တူမတွေအကြောင်းတော့ မမေးနဲ့တော့ အခုသူတို့ညီမနှစ်ယောက်က မငယ် သမီးနှစ်ယောက်နဲ့ပေါင်းပြီး ရှိသမျှသင်တန်းလိုက်တက်နေကြတယ် ဟိုကောင်မောင်တိုးကတော့ သီချင်းအဆိုသင်တန်းတက်လိုက် အကသင်တန်းတက်လိုက် သင်္ဘောသားသင်တန်းတက်လိုက် ဟော်တယ်သင်တန်းတက်လိုက် နဲ့ကျောင်းပြီးတာတောင် သင်တန်းတွေက တက်လို့မပြီးသေးဘူး။ ဟိုညီအမ နှစ်စုံတွဲကလဲ ကျောင်းပြီးတာနဲ့ခြေငြိမ်ပြီမှတ်တယ် တက်လိုက်ရတဲ့စကားပြောနည်းသင်တန်း အင်္ဂလိပ် တရုတ် ဂျပန် ကိုရီးယား ရှိသမျှဘာသာစကား ကုန်ပြီထင်တာဘဲ။ ဒါနဲ့ပြီးမလားမှတ်တယ်ကွန်ပြူတာတဲ့ ပြီးပြန်တော့ အင်တာနက်တဲ့ ဟော သင်တန်းတစ်ခုတက်လို့ မပြီးသေးဘူး နောက်တစ်ခု ခြေလှမ်း လှမ်းနေပြန်ရော […]


“လိုုက် လိုက် နောက်ကလိုက် ပြီးတော့ အောက်ကရိုက် ” မနက်စောစောတစ်ရက် ကျနော်ကွန်ပြူတာနဲ့အလုပ်တွေရှုပ်နေတုံး “ဂွပ် “ကနဲ အသံကြားလို့ လှည့် ကြည့် လိုက်တော့ အင်္ဂျင်နီယာမမ မဝေဖြစ်နေပါတယ်။ သူကကျနော်လှည့်ကြည့်တာ မြင်တော့ မှ အားနာသွားပြီး ရယ်ကျဲကျဲလေးနဲ့ပြုံးပြပြီး “ဆောတီး”လို့ရယ်သံစွက်ပြီးပြောပါတယ်။ သူ့ထမင်းချိုင့်ရယ် ဆွဲခြင်းရယ်ကို စားပွဲခုံပေါ်ဆောင့်ချလိုက်တာ ကြောင့် အသံထွက်လာတာပါ။ သူကအမှတ်တမဲ့ချလိုက်တာအသံထွက်လာတော့ မှ ကျနော်ရှိနေတာကိုသတိရသွားပုံရပါတယ်။ သူက စိတ်တိုပြီဆိုရင် စိတ်ထဲရှိတဲ့အတိုင်း ကိုယ်အမူအယာ ကပါ ပြောင်းသွားတတ်တာကိုသိနေလို့ ကျနော်ကလှမ်းမေးလိုက်ပါတယ်။ “ဝေမမ ဘာတွေအလိုမကျဖြစ်လာပြန်ပလဲ” အဲတော့မှ “မပြောပါနဲ့တော့ လေးပေါက်ရယ်” လို့ ဆိုပြီးထုံးစံအတိုင်းအရှည်ကြီးပြောပါတော့တယ်။ သူကမနက်ဆိုအလုပ်လာရင်း လမ်းမှာ မုန့်ဝင်စားပြီးမှအလုပ်ကိုလာတာပါတဲ့။ ူအများအားဖြင့်တော့ မုန့်ဟင်းငါးဆိုင်ဝင်စားတာများပါသတဲ့။ သူတို့စားနေကြဆိုင်က တစ်ပွဲလေးရာ ဘဲဥတစ်စိတ်ပါတယ် ငါးဖယ်ကြော်ပိစိကွေး နှစ်တုံးပါတယ်။ အကြော်မကြီးတစ်ကြီး […]


(1)တောင်းဆုပွေလီ အပျိုဖော်ရွယ်မစေ့ခင် ကငယ်ဓလေ့ဂေါရီ။ ဘယ်အတွေ့လောကီကို ဇော မသီခင်က။ စံပ္ပါယ်ခက် စုံနှစ်ပြင်မငုံခင်အစ။ ပန်းဒွါဒဿ် ဆင့်စီငယ်မပွင့်မီကာလ။ ကျင့်ဝသီစာဂနှင့် ခါပထမသက်ရွယ်၊ ငယ်သွားတွေကြွေမလဲခင်က မေအမြဲချစ်ဘို့ကြံရွယ်။ ကလေးစိတ်ဇာတ်မပျယ ်ခပ်ငယ်ငယ်စာမတတ်ခင်က။ ကညာနတ် ကောင်းမူ့စေတီ တောင်းဆုပွေလီ။ စိ်တ်မှန်းနဲ့မေ ကျောက်ချီတယ်သွေဖောက်ပြီနိုင်ဘဲမို့လေး။ (တေးထပ် 1858ခုနှစ် မြန်မာသက္ကရာဇ်၁၂၂ဝခုနှစ်) (ဒီတေားထပ်လေးတော့လှိုင်ထိပ်ခေါင်တင်က ကနောင်မင်းသားကိုအပျိူတောင်မဖြစ်သေးတဲ့ အရွယ်ငယ် ငယ်ကလေးတည်းကချစ်ခဲ့ရတယ်ဆိုတာကို ရေးပြထားတဲ့ တေးထပ်လေးပါ) (2) ရဲပါပေ့ဘုရား ညဉ့်ရုံတော် အခြေပျက်အောင်လ ရွှေလက်နှင့်ဆွဲကာ၊ပွေရက်ပေ့ ပုလဲညှာရယ် ရဲပါပေ့ဘုရား။ အပါးကရံရွှေတော်ငယ်ပျော့် တပျော် နိုးခိုက်လေလား။ နေနွယ်ညွန့် သတိုးမှန်ရယ် လူဆိုးဉာဏ်ဝင်စား။မြတ်မယ်တော်ဘုရားနှင့် အများတို့ သိမည်။မြသလွန်ဗွေအုံးရွှေနှလုံးတုန်လှပါတော့သည်။ ငိုလိုက်လိမ့် ဖုန်းစည်ရယ် ကြာရှည်ရှည်စံမမြန်းပါနှင့်မှန်နန်းကရွှေနာရီဆော် လင်းလုပေါ့နော်။ နှစ်ပါးလုံး အရှက်မျှော်လျှင်ထွက်ကြွတော်မူအုံး ဖျ(ဖယာ့)လေး။ (တေးထပ်။ မြန်မာသက္ကရာဇ်1225။1863ခုနှစ်) (ဒီတေးထပ်လေးကလဲ […]


ကိုပေါက်(မန္တလေး) ရေးသားထားပြီးသောစာများ စဉ် အကြောင်းအရာ အမျိုးအစား ရက်စွဲ 1 ပျော်အောင်နေုနိုင်ဘို့ ဆောင်းပါး 16-Dec-09 2 အေးလာရင်သတိထားပါ ဆောင်းပါး 23-Dec-09 3 အကြွေး ဆောင်းပါး 10-Jan-10 4 ချစ်ခြင်းရဲ့အဆုံးဟာအမှန်းလားကွယ် ဆောင်းပါး 14-Jan-10 ပုံနှိပ်ပြီး မန်းတောင်ရိပ် 5 အလွမ်းဇာတ်ကလေးနားထောင်ရင်းပဟေဠိဖော်ရအောင်(၁) ဆောင်းပါး 25-Jan-10 6 အလွမ်းဇာတ်ကလေးနားထောင်ရင်းပဟေဠိဖော်ရအောင်(၂) ဆောင်းပါး 29-Jan-10 7 နေတတ်အောင်နေကြည့်ရအောင်လေ ဆောင်းပါး 4-Feb-10 8 ချစ်တာကိုတလွဲမမြင်ပါနဲ့ ဆောင်းပါး 7-Feb-10 9 ဂီတဆိုဒီကကြောက်ပြီ ဆောင်းပါး 12-Feb-10 10 မှန်ကြည့်သလိုပြန်ကြည့်ဖြစ်ပါသလား ဆောင်းပါး 19-Feb-10 11 မစခင်အရင် ဝအောင်ပြောကြရအောင် (၁) ဆောင်းပါး 27-Feb-10 12 […]


တစ်နေ့က ကော်မင်းတွေလို်က်ဖတ်ရင်း မိတ်ဆွေတစ်ယောက်နဲ့တစ်ယောက် တွေ့ရင် မြန်မာတွေဘယ်လိုနုတ်ဆက်ကြသလဲလို့မေးတာလေး ဖတ်လို်က်ရပါတယ်။ အရင်ကတော့ မြန်မာပြည်ကလူတွေကတော့ သိပ်အထူးတလည်ပြောမနေပါဘူး။ “နေကောင်းလား” “စားပြီး ပြီလား” “ဘယ်ကပြန်လာတာလဲ” “ဘယ်သွားမလို့လဲ” ဆိုတာတွေ သိပ်အရေးမပါတဲ့ မာကြောင်းသာကြောင်းတွေကိုမေးပါတယ်။ ဖြေတဲ့သူကလဲ ဟုတ် ဟုတ် မဟုတ်ဟုတ် ပါးစပ်ထဲရှိတာကိုဖြေလိုက်တာပါဘဲ။ ကောင်းပါ့ တို့ စားပြီးပြီ တို့ ဟိုဘက်နားကတို့နဲ့ ပေါ့ပေါ့ပါးပါးလေးဘဲဖြေတတ်ပါတယ်။ သိပ်ပြီးတော့အလေးအနက်ကြီးမေးကြဖြေကြတာလဲမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုတယ်ဆိုရုံလောက်ပါဘဲ။ အဲဒါကတော့ ရှေးမြန်မာများ မန်းလေးသူမန်းလေးသားများရဲ့ ဆုံတွေ့တဲ့အခါ နုက်ဆက်ခဲ့ကြတဲ့ စကားလေးတွေပါ။ အခုခေတ်မှာတော့ မနက်တွေ့တွေ့ နုတ်ဆက်ကြတဲ့ စကားလေးတွေကပြောင်းသွားပါပြီ။ မနက်စောစောမှာ ယောက်ျားခြင်းတွေ့ရင်နုတ်ဆက်ပါတယ်။ “ညကမောင်းအောင်လား”တို့။ “အကုန်လုံးပြီးပြီးသားဗျာ အောင်ပြီဆိုတွက်ထားတာ ဘာစီလေ တစ်ဂိုးဆိုရင်ပြီးနေတာ အလကားနေရင်း နှစ်လုံးထပ်ထဲ့တော့ မောင်းကျိုးရောဗျာ ” “အစက အောက်ကနေမလို့ စာစောင်ကို […]


အိပ်မက်(16).။အနားကြည်၍အလယ်နောက်နေသောရေကန်တွင်သတ္တဝါများရေသောက်နေကြသည်ဟုမြင်မက်ပုံ။ အဖြေ။နောင်အခါတွင်မြို့ရွာတွင် အခွန်နှိပ်စက်၍အစွန်အဖျားသို့ပြောင်းနေကြသည်ဟုမြင်မက်ပုံ။ (တကယ်လား အဟုတ်လား ကမ္ဘာကြီးကတော့ ရွာကြီးဖြစ်သွားပြီဆိုဘဲနော်)


အိပ်မက်(15) ။တစ်အိုးထည်းချက်သော ထမင်းသည်ပင် ပျော့လွန်း၊မာလွန်း၊အနေတော် သုံးမျိုးသုံးစားဖြစ်နေသည်ဟုမြင်မက်ပုံ။ အဖြေ။တရားပျက်သောခေတ်ကာလဝယ် ကွက်ကြားမိုးရွာခြင်း မိုးခေါင်ခြင်း မိုးသီးထန်ခြင်း လယ်အောင်မြင်ခြင်းပျက်စီးခြင်းတို့သည်နယ်မြေဒေသတစ်ခုတည်းမှာပင် ဖြစ်ချင်သလိုဖြစ်နေမည်။ (မကောင်းသူထိပ်ကောင်းသူထိပ်ပါဘဲ။)