အိပ်မက်(12)။အချည်းအနှီးသော ဗူးတောင်းတို့သည်ရေတွင်နစ်မြုတ်သည်ဟုမြင်မက်ပုံ။ အဖြေ။နောင်တွင် အနှစ်မဲ့သော သူယုတ်မာတို့၏စကားကိုသာ အများကလက်ခံနှစ်သက်ကြပါမည်တဲ့။


အိမ်မက်(14)။တစ်သိန်းတန်စန္ဒကူး ပတ္တမြားစိန်တို့ကိုရက်တက်ပုတ်ရည်နှင့်လဲစားသည်ဟုမြင်မက်ပုံ။ အဖြေ။တရားပျက်သောကာလဝယ်မြတ်စွာဘုရား၏တရားတော်များကို ပစ္စည်းဥစ္စာရရန်အတွက် လှည့်လှည်ဟောပြောလိ်မ့်မည်။


အိပ်မ်က(13) မြွေကြီးကို ဖားငယ်က ကိုက်ဖြတ်စားသောက်နေသည်ဟုမြင်မက်ပုံ။ အဖြေ။နောင်တွင်ကိလေသာသောင်းကျန်း၍မိမိထက်ငယ်ရွယ်သောမိန်းကလေးများနှင့်ပေါင်းသင်းနေထိုင်ခြင်းကြောင့်မိမိထက်ငယ်သူက အနို်င်ခံရမည်။ (မြက်နုကြိုက်တတ်သော သမူးရဲ့အီးများ အတွက်ရည်ရွယ်ပါသဗျာ)


အိပ်မက်(11)။လေးလံသောကျောက်ဖျာကြီးသည်ရေတွင်ပေါ်နေသည်ဟုမြင်မက်ပုံ။ အဖြေ။ဆုတ်ယုတ်သောကလာတွင်သူတော်ကောင်းတို့စကား မှန်သောစကားကို လူများက လက်မခံဘဲ နေကြမည်ဟုဆိုလိုပါတယ်။ (ကောင်းမွန်စွာနေတဲ့သူများထက် မကောင်းတာတွေလုပ်သူက အထက်ရောက်နေမယ်လို့ ဆိုလိုချင်တယ်ထင်ပါတယ်။)


အိပ်မက်-10။ယုတ်မာသောကျီးကိုရွှေဟင်္သာများက ခြံရံနေကြသည်ဟုမြင်မက်ပုံ။ အဖြေ။တရားပျက်ယွင်းသောအချိန်တွင် သူယုတ်မာတို့ထံတွင်သူတော်ကောင်းများက မှီခိုခယနေရမည်။


အိပ်မက်(9)။ကျားများကို ဆိတ်များကလိုက်လံ၍ကိုက်သတ်စားသည်ဟုမြင်မက်ပုံ။ အဖြေ။နောင်ကာလတွင်ယုတ်မာသူများသည် မင်းမျှောင်စိုးကပ်(အာဏာရှိသူထံကပ်ပါးရပ်ဖားလုပ်၍)သူတော်ကောင်းတို့အားနှိပ်စက်လိမ့်မည်။ မှန်ပါတယ် နေရာအတော်များများမှာသူဌေးမကြောက်ရဘဲ အပေါက်စောင့်ကြောက်နေရပါသဗျာ။ ကြက်တူရွေးကတော်တော် မယ်ဘော်က ခပ်ကဲကဲက နေရာတကာမှာတွေ့နေရပါယ်။


အိပ်မက်(8)ကျစ်ဆဲဖြစ်သော ကြိုးလွန်စများကိုအောက်မှမြေခွေးငယ်က ကိုက်စားနေသည်ဟုမြင်မက်ပုံ။ အဖြေ။နောင်အခါဝယ်အမျိုးသမီးများသည်အကျင့်စာရိတ္တပျက်စီးသောကြောင့် ဆိတ်ငြိမ်ရာဌာနတွင် ငယ်ရွယ်သူတို့နှင့်ပျော်ပါးမည်ဟုဆိုလိုပါသည်။


အိပ်မက်(8)။လူတို့သည်ရေမရှိအိုးငယ်များရံသောရေပြည့်အိုးကြီများကိုသာရေလောင်းကြသည်ဟုမြင်မက်သည်။ အဖြေ။မိမိတို့တွင် ရိက္ခာမပြည့်စုံသော်လည်း ကိုယ်ပိုင်ပစ္စည်းကို အာဏာပိုင်တို့ထံသို့ပိုဆောင်ပေးကြရလိမ့်မည်ဟုပြောပါသည်။ ဒါကတော့ 1962-63ခုနှစ်ပြည်သူပိုင်အသိမ်းခံရတုံးကပြီးသွားပြီလို့ထင်ပါတယ်။


အိပ်မက်(5)။ခွန်အားပြည့်စုံသောနွားကြီးများကိုပယ်ပြီး နုပျိုသောနွားငယ်များကို ဝန်ကြီးတင်ခါရုံးစေသည်ဟုမြင်မက်ပုံ။ အဖြေ။နောင်သောအခါဝယ် ကြီးကျယ်သောအမူ့များအတွက် လူကြီးများကိုဖယ်ပြီးလူငယ်များကိုသာ အကျဉ်းအကျပ်ဆုံးဖြတ်စေမည်ဟုဆိုလိုပါသတဲ့။ ဟုတ်လားတော့ မသိဘူး။


အိမ်မက်။(4) ဦးခေါင်းနှစ်လုံးရှိသောမြင်းသည်နှစ်ဖက်သောဦးခေါင်းနှင့်အစာစားသည်ကိုမြင်ရပုံ။ အဖြေ။နောင်တွင်တရားစီရင်သောဌာနများတွင်နှစ်ဦးသူတို့ထံမှလဘ်ယူပြီးထင်ရာမြင်ရာကိုဆုံးဖြတ်မည်ဟု ဆိုလိုပါသည်။ မှန်လားတော့ မသိဘူးနော်


အိပ်မက်(၆) အဘိုးတစ်သိန်းထိုက်တန်သောရွှေခွက်အတွင်းတွင်ကျင်ငယ်စွန့်ပါလော့ဟူ မြေခွေးအားပေးသည်ဟုမြင်မက်ပုံ အဖြေ။ဆုတ်ယုတ်သောကာလဝယ် အမျုးိမမှန်သော်လည်း အဘိုးတန်သောသမီးရတနာကို သိမ်းယူပါရန်ဒူးတုပ်ခါဆက်သရမည်၊ (ဟုတ်ပါပေသဗျို့ မှန်ပါပေသဗျုးိ)


အိပ်မက်(3)။နွားမကြီးတို့သည်မွေးဖွားစ နွားလေးတို့၏နို့ကို စို့ကြသည်ဟုမြင်မက်ပုံ။ အဖြေ။ဂရုဂါဝရတရားပျက်ပြားသောကလာတွင်သားသမီးငယ်တို့ထံမိဘများရိုကျိုးခိုကပ်နေရခြင်း။ မိမိသားသမီးများကို မိဘများကို စောင့်ရှောက်ထားရတယ် ကျေးဇူးဆပ်ရတယ်လို့မမြင်ဘဲ ကို်ယ့်ဆီမှာလာခိုကပ်နေတယ် တင်ကြွေးထားရတယ်လို့ ထင်နေကြတာကိုဆိုလိုတာပါ။


အိပ်မက်(2) အရွယ်နှင့်မမျှ ငယ်ရွယ်သော သစ်ပင်တို့သည် သီးကြကုန်၏ဟုမြင်မက်ပုံ။ အဖြေ။ကိလေသာရာဂထူပြော၍အရွယ်မရောက်ခင်အိမ်ထောင်ပြုကြ၍ ကလေးများ ရကြခြင်း။ ဒီအိပ်မက်က အခုခေတ်နဲ့တော့ လုံးဝကွက်တိပါဘဲ။နေရာထိုင်းခင်းကျဉ်းကျပ်တာရယ် လူကြီးတွေက အနေအထိုင်မဆင်ခြင်တာရယ် မီဒီယာတွေမှာ မမြင်သင့်တာတွေကို ကလေးတွေမြင်တော့ အတုမြင်အတတ်သင်လို့ အရွယ်မရောက်ခင် အိမ်ထောင်ကျကုန်တာလဲ လက်ရှိအနေအထားမှာ အမှန်ပါဘဲ။