အိပ်မက်(1) ။နန်းရင်ပြင်ရှေ့ဝယ် နွားနက်ကြီးလေးကောင် ဝှေ့မည့်ဟန်ပြုပြီးမှ မဝှေ့ဘဲ ရှောင်လွှဲသွားကြသည်ဟု မြင်မက်ပုံ။ အဖြေ။ တရားမစောင့် သောလူတို့လက်ထက် ထွန်ယက်စိုက်ပျိုးချိန်မှာ မိုးရွာမည့် ဟန်ဆင်ပြီးမှ မရွာဘဲပျောက်ကွယ်သွားခြင်း။


ပြီးခဲ့တဲ့ရက် က ကျွဲဆည်ကန်ကို သွားရင်းနဲ့ အရင်က24နာရီ ဓါတ်ဆီဆိုင်နားမှာ ဆိုင်ကယ်တွေအုပ်စုလို်က်ကြီး ဓါတ်ဆီတန်းစီနေတာကိုတွေ့တော့ ကျနော်ငယ်ငယ် က အိမ်သုံးဘို့အတွက် ရေနံဆီတန်းစီခဲ့ရတာကို သွားသတိရလိုက်ပါတယ။် ကျနော်တို့ငယ်ငယ်က ရေနံဆီမီးဖို အသုံးများကြပါတယ်။ အခုခေတ်ဂက်စ်မီးဖိုကို အိမ်တိုင်းသုံးသလိုပေါ့နော်။ အခု26ဘီလမ်းမကြီးနဲ့ 78လမ်းဆုံတဲ့ဒေါင့်မှာ အရင်ကအစိုးရဓါတ်ဆီဆိုင်လေးရှိပါတယ်။အဲဒီဆိုင်က အိ်မ်သုံးဘု့ိအတွက် လူတယောက်ကို ရေနံဆီတစ်ဂါလံကို တစ်ကျပ်ပြားငါးဆယ်နဲ့ရောင်းပေးပါတယ်။ကျနော်တို့ညီအကိုတစ်တွေကျောင်းပိတ်ရက်ဆိုရင် အိမ်ကို ရေနံဆီတစ်ဂါလံစီဝယ်ပေးပြီးမှ ထွက်ကစားခွင့်ပါမယ်ရပါတယ်။ အဲဒီတော့ မနက် (7)နာရီလောက်ဆို အိပ်ယာထ တစ်ယောက်ကို ရေနံဆီဂါလံသံပုံးလေးတွေကိုင်လု့ိ သွားတန်းစီကြပါတယ်။အဲဒီတုန်းကလည်း ကြားဖြတ်တန်းစီတိုးတဲ့သူတွေနဲ့ရန်ဖြစ်ကြရပါတယ်။တစ်ခါတော့ ကျနော်တို့ရှေ့မှာ အစက တစ်ပုံးထဲရှိတာ။ ကျနော်တို့ကပုံးကိုတန်းစီထားပြီးဆော့နေတုံးဒီပြင်လူတွေကခပ်တည်တည်နဲ့ ပုံးတွေကိုကြားဖြတ်စီသွားတာလဲတွေ့ရော စိတ်တိုတိုနဲ့ပုံးတွေကို ခြေထောက်နဲ့လိုက်ကန်တဲ့ပြီး အတန်းတွေဖျက်လိုက်တော့ ပြဿနာတွေတက်ကုန်တာ။ ကလေးဖြစ်နေတာရယ် အိမ်ကိုလဲသိနေတယ်ဆိုလို့ သာဝိုင်း အရိုက်မခံရတာ အိမ်ရောက်လဲရောက်ရော ပြဿနာဖြစ်ခဲ့တယ်ဆိုတာ အိမ်ကသိပြီးသားဆိုတော့ အဆော်ခံရတာပါဘဲ။ ကျနော်တို့ငယ်ငယ်က ကျောင်းပိတ်တဲ့နေ့များဆိုရင် […]


မန်းလေးမှာ ဟိုအရင်ကတည်းကဘိုးစဉ်ဘောင်ဆက် မပြောင်းမရွွှှေဘဲနေလာမိသားစုတွေ အများကြီးရှိပါတယ်။ဒီလိုမပြောင်းမလဲဘဲ တစ်နေရာထဲမှာ နေနိုင်ကြတာကိုလည်း မိဘအမွေကိုမျိုးရိုးစဉ်ဆက်ထိန်းသိမ်းနိုင်သူဆိုပြီး ဂုဏ်ယူတတ်တဲ့ ဓလေ့လဲ ရှိကြပါတယ်။ဒါကြောင့်လဲ ကျနော်တို့ငယ်ငယ်ကျောင်းသားဘဝမှာ ကတည်းက မန်းလေးမြို့ရဲ့မြို့မျက်နှာဖုံးတွေရဲ့ဝင်းကျယ်ခြံကျယ်တွေကို ဖြတ်သွားဖြတ်လာနဲ့သိနေရတာပါ။လမ်း80 အမျိုးသားပြတိုက်နောက်ကျောကအိမ်ဆိုရင် မြန်မာ့စာတတ်ပေတတ်ပညာကျော် ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ဝင်းဖြစ်ပြီး ကျနော်တို့ကျောင်းသားဘဝက အဲဒီခြံဝင်းထဲမှာ ဖွင့်ထားတဲ့ အားသစ်အင်္ဂလိပ်စာ ကျုရှင်ကျောင်းလေးမှာ စာသွားသင်ရပါတယ်။အဲဒီအချိန်ကတော့ သူ့မြေးဖြစ်သူ ရှေ့နေကြီး ဦးခင်မောင်ဒွေးနေတာပါ။ အမျုးိသားပြတိုက်က ဟိုအရင်က (24လမ်းနဲ့လမ်း80)ကျုံးဘေးမှာ နှစ်ထပ်တိုက်အဟောင်းကြီးရဲ့နောက်မှာ ရှိတဲ့ တစ်ထပ်အဆောက်အဦးရှည်မျောမျောလေးဖြစ်ပါတယ်။အဲဒီပြတိုက်က စာကြည့်တိုက်နဲ့လည်းတွဲထားပါတယ်။အဲဒီအမျိုးသားစာကြည့်တိုက်မှ ရှေးကစာအုပ်တော်တော်များများရှိပါတယ်။အပြင်မှာ မရနိုင်တော့တဲ့ စာအုပ်တွေအများကြီးရှိသလိုကျနော်လည်း အသင်းဝင်ကဒ်ပြားလုပ်ပြီး ငှားဖတ်ခဲ့ဘူးပါတယ်။အဲဒီတုန်းက စာကြည့်သင်းဝင်ရင် ပိုက်ဆံမပေးရပါဘူး။ ဒါပေမယ့် ပြန်ထမ်းဝင်အရာရှိ တစ်ဦးဦးရဲ့ထောက်ခံချက်တော့လိုပါတယ်။ကျနော်တို့ကကျောင်းသားဆိုတော့ ကျောင်းအုပ်ဆရာမကြီးက ထောက်ခံပေးပါတယ်။ စာကြည့်သင်းဆိုလို မန်းလေးမှာ အတူယူစရာ လွမ်းစရာကောင်းတဲ့စာကြည့်သင်းလေးတစ်သင်းရှိခဲ့ဘူးပါတယ်။အဲဒီအသင်းမှာ စာအုပ်ထားတဲ့ ဘီရိုကြီးတွေကို က လူတစ်ရပ်ကျော်ပါတယ်။အပေါ်ကစာအုပ်ယူမယ်ဆိုရင် လှေခါးနဲ့တက်ရပါတယ်။ စာရေးဆရာတစ်ဦးချင်းစီရဲ့ […]


ကျနော်တို့မန်းလေးက တကယ်တမ်းပြောရင် အတော်လေးကို ပူတဲ့မြို့လို့ပြောရင်ရပါတယ်။အခြားသော ပူပါတယ်လို့ပြောတဲ့မြို့တွေကို ရောက်ဘူးပေမယ့် မန်းလေးပူတာနဲ့မတူပြန်ပါဘူး။ မန်းလေးနွေကတော့ တိုက်နေတဲ့လေက ကိုပူနေတယ်ထင်ပါတယ်။ဟောအေးပြီဆိုပြန်တော့ လဲ အသဲထဲထိကိုစိမ့်နေအောင် အရိုးထဲကို ရေခဲတုံးထည့်ထားသလိုကိုအေးတယ်လို့ပြောရင်ရပါတယ်။အဲဒါဟိုအရင်ကဆောင်းပါ ဒီဘက်နှစ်မှာတော့ ဒီလောက်မအေးတော့ ဘူးလို့ပြောရင်ရပါတယ်။ ကျနော်တို့ငယ်ငယ်က ကျောက်တော်ကြီးဘုရားပွဲကာလ သီတင်းကျွတ်ဆိုရင်ကို အတော်အေးလို့ အနွေးထည်လေးတွေဝတ်နေရပါပြီ။ ဟိုအရင်ကတော့ အနွေးထည်ဆိုတာ နိုင်ငံခြားဖြစ် မရှိသလောက်ပါ။ ဖလံနယ်အစလို အမွှေးပါတဲ့ အထည်စ ၊ဇင်စ၊မြန်မာချည်ထည်တွေကို စက်ချုပ်ဆိုင်မှာ အပ်လို့ ဂျာကင်ပုံ၊ချုပ်ဝတ်ကြပါတယ်။ တစ်ချိုကျတော့ လဲ ကုတ်အင်္ကျီပုံပေါ့လေ။နောက်မှလေဘေးထည်တွေပေါ်လာတဲ့အခါမှာ နိုင်ငံခြားအနွေးထည်တွေကို မြန်မာပြည်ကလူတွေ ဝတ်လာကြပါတယ်။ ဟိုအရင်ကတော့ ဆောင်းညတွေမှာ ဆိုရင်မီးပုံဘေးမှာ မီးလှုံရင်း ပဲမြစ်ပြုတ် ထန်းပင်မြစ်ဖုတ် ကန်စွန်းဥ တွေပြောင်းဖူးတွေကို မီးဖုတ်လို့ စကားတွေတပြောပြောနဲ့စားခဲ့ကြရတာကိုုု သိပ်သတိရမိပါတယ်။ တစ်ခါတစ်လေတော့ လဲ ခေါပုတ်ကိုမီးကင်ဆားလေးနဲ့တို့စားတတ်သပေါ့။ အခုများမတော့ မန်းလေးမှာ […]


ပေါ်တော်မူဘုရားဘေးက စီးဆင်းနေတဲ့ မြစ်ငယ်မြစ်ပါ။ဒီမြစ်ကအထက်ရှမ်းပြည်မှာတော့ ဒုဌဝတီလို့ ခေါ်ကြပါတယ်။ အရှေ့ကနေ အနောက်စီးဆင်းပါတယ်။တစ်ဖက်ကမ်းကမြင်ရတဲ့ တောအုပ်လေးကတော့ မရန်းပင်နဲ့သရက်ပင်တွေပါ သာယာလှပတယ် ကြည်နူးစရာကောင်းတယ်လို့ ခံစားရတဲ့အတွက် မျှဝေပေးလိုက်ပါတယ်။(21-11-2010 တန်ဆောင်မုန်းလပြည့်နေ့က ရိုက်ထားတာပါ)


မန်းလေးဘက်ရောက်တော့ မြစ်ငယ်မြစ် ရှမ်းပြည်ဘက်ကတော့ ဒုဌဝတီလို့ခေါ်တဲ့ ဒီမြစ်ကလေးက သာမန်အချိန်မှာတော့ အေးအေးငြိမ့်ငြိမ့်လေး စီးဆင်းနေပေမယ့် မိုးတွင်းမှာတော့ ဒေါသတကြီး ပြင်းထန်တဲ့ အဟုန်နဲ့ တွေ့သမျှကိုတိုက်စားသွားတယ်ဆိုရင်ယုံနိုင်မယ်မထင်ပါဘူး။ပေါ်တော်မူ ဘုရားဘေးက မြင်ရတဲ့ ကြည်နူးစရာ ရူ့ခင်းလေးပါ။


အလင်းပိတ်နေတဲ့သစ်သားပြားပေါ်မှာ တင်ထားတဲ့ ပစ္စည်းက သူ့အောက်မှာ ပုံရိပ်မပေါ်နိုင်ဘူး ဒါပေမယ့် သစ်သားပြားနဲ့ကွယ်နေတဲ့အပိုင်းက ရေပေါ်မှာပေါ်နေလို့ထူးဆန်းတယ်ပြောတာပါ။ ကော်နက်ရှင်မကောင်းတော့ တင်တဲ့ပုံလေးတွေက ထပ်သွားတာတော့ခွင့်လွှတ်ပါနော်။


သစ်သားပြားရဲ့အလင်းပိတ်နေရာမှာရှိနေတဲ့ ပုံတော်တွေက ရေအောက်မှာ အရိပ်လာထင်နေတာ  က ထူးဆန်းတယ်လို့ ထင်ပါတယ် ကျနော့်အမြင်ပြောတာနော်။ဟိုအစွန်းက ခွက်ကလေးတောင် ရေထဲပါ အရိပ်ထင်နေပါသေးတယ်။


ရန်ကုန်မန္တလေးလမ်းမကြီး ပုလိပ်နဲ့စဉ့်ကိုင်အကြားမှာရှိတဲ့ နာမယ်ကျော်ပေါ်တောမူ ဘုရားက  ရေထဲမှာ စံပယ်နေတဲ့ ဘုရားလေးတွေပါ။ ထူးဆန်းတာကတော့ သစ်သားပြားပေါ်မှာတင်နေတဲ့ ဘုရားလေးတွေကလဲ ရေပေါ်မှာပေါ်နေပါတယ်။ ပိုထူးဆန်းတာက အလည်ခေါင်မှာစံပယ်နေတဲ့ကိုယ်တော်အရိပ်ကရေထဲမှာလာပေါ်နေတာကို က ထူးဆန်းတယ်လို့ထင်ပါတယ်။တစ်ပုံခြင်းတင်ပေးပါမယ်။


အဝေးကလှမ်းမြင်ရတဲ့လွမ်းမောစရာစစ်ကိုင်းတောင်ပါ။ သူ့ဘယ်ဘက်ခြမ်းက ဘုရားသေးသေးလေးကတော့ ရွှေကြက်ကျ ဘုရားဖြစ်ပါတယ်။ မြစ်ငယ်ကနေ စစ်ကိုင်းကိုကူးတဲ့လမ်းကလေးရဲ့တစ်နေရာကနေရိုက်ထားတဲ့ပုံလေးပါ။ (21-11-2010) တန်ဆောင်မုန်းလပြည့်နေ့ကပေါ့။


ကုန်းကြီး သုံးခုနဲ့တည်ဆောက်ထားတဲ့ စစ်ကိုင်းတံတားအသစ်ကလဲလှပပါတယ်။မြစ်ငယ်ဘက်ကနေ စစ်ကိုင်းကို လာတဲ့ လမ်းဘေးတစ်နေရာကနေပြီးမှတ်တမ်းတင်ထားတဲ့ပုံလေးဖြစ်ပါတယ်။မပီဝိုးတစ်ဝါးပေမယ့်လှပတဲ့ ရူ့ခင်းလေးလို့ခံစားရပါတယ်။ (21-11-2010) တန်ဆောင်မုန်းလပြည့်နေ့က မှတ်တမ်းတင်ထားပါတယ်။