ပြီးခဲ့တဲ့ရက် က ကျွဲဆည်ကန်ကို သွားရင်းနဲ့ အရင်က24နာရီ ဓါတ်ဆီဆိုင်နားမှာ ဆိုင်ကယ်တွေအုပ်စုလို်က်ကြီး ဓါတ်ဆီတန်းစီနေတာကိုတွေ့တော့ ကျနော်ငယ်ငယ် က အိမ်သုံးဘို့အတွက် ရေနံဆီတန်းစီခဲ့ရတာကို သွားသတိရလိုက်ပါတယ။် ကျနော်တို့ငယ်ငယ်က ရေနံဆီမီးဖို အသုံးများကြပါတယ်။ အခုခေတ်ဂက်စ်မီးဖိုကို အိမ်တိုင်းသုံးသလိုပေါ့နော်။ အခု26ဘီလမ်းမကြီးနဲ့ 78လမ်းဆုံတဲ့ဒေါင့်မှာ အရင်ကအစိုးရဓါတ်ဆီဆိုင်လေးရှိပါတယ်။အဲဒီဆိုင်က အိ်မ်သုံးဘု့ိအတွက် လူတယောက်ကို ရေနံဆီတစ်ဂါလံကို တစ်ကျပ်ပြားငါးဆယ်နဲ့ရောင်းပေးပါတယ်။ကျနော်တို့ညီအကိုတစ်တွေကျောင်းပိတ်ရက်ဆိုရင် အိမ်ကို ရေနံဆီတစ်ဂါလံစီဝယ်ပေးပြီးမှ ထွက်ကစားခွင့်ပါမယ်ရပါတယ်။ အဲဒီတော့ မနက် (7)နာရီလောက်ဆို အိပ်ယာထ တစ်ယောက်ကို ရေနံဆီဂါလံသံပုံးလေးတွေကိုင်လု့ိ သွားတန်းစီကြပါတယ်။အဲဒီတုန်းကလည်း ကြားဖြတ်တန်းစီတိုးတဲ့သူတွေနဲ့ရန်ဖြစ်ကြရပါတယ်။တစ်ခါတော့ ကျနော်တို့ရှေ့မှာ အစက တစ်ပုံးထဲရှိတာ။ ကျနော်တို့ကပုံးကိုတန်းစီထားပြီးဆော့နေတုံးဒီပြင်လူတွေကခပ်တည်တည်နဲ့ ပုံးတွေကိုကြားဖြတ်စီသွားတာလဲတွေ့ရော စိတ်တိုတိုနဲ့ပုံးတွေကို ခြေထောက်နဲ့လိုက်ကန်တဲ့ပြီး အတန်းတွေဖျက်လိုက်တော့ ပြဿနာတွေတက်ကုန်တာ။ ကလေးဖြစ်နေတာရယ် အိမ်ကိုလဲသိနေတယ်ဆိုလို့ သာဝိုင်း အရိုက်မခံရတာ အိမ်ရောက်လဲရောက်ရော ပြဿနာဖြစ်ခဲ့တယ်ဆိုတာ အိမ်ကသိပြီးသားဆိုတော့ အဆော်ခံရတာပါဘဲ။ ကျနော်တို့ငယ်ငယ်က ကျောင်းပိတ်တဲ့နေ့များဆိုရင် […]