ဒီမန္တလေးက လက်ဖက်ရည်ဆိုင်တွေအကြောင်းကို သတိတရနဲ့ရေးထားတာတွေကို ပြန်ဖတ်ကြည့်တော့ မှကိုယ်အမြဲထိုင်ခဲ့ဘူးတဲ့ဆိုင်လေးတွေကျန်နေသေးတာကို သွားသတိရမိပါတယ်။ ပထမဆုံးပြောချင်တဲ့ ဆိုင်ကတော့ ရန်ကုန်မှာနာမယ်ကြီးတဲ့ ဆိုင်လေးနာမယ်နဲ့ မန်းလေးမှာ လာဖွင့် တဲ့ “မုတ်ဆိတ်လက်ဖက်ရည်ဆိုင် “ပါဘဲ။                                      အဲဒီဆိုင်လေးအကြောင်းပြောရင် ကိုယ်ခံလိုက်ရတာလေးကိုလဲ ပြန်တွေးလို့ရီချင်ပါတယ်။                                                                                                                                                                   တစ်ရက် သူငယ်ချင်းတစ်ယောက်ရယ် ကျနော်ရယ် အဲဒီဆိုင်ကို လက်ဖက်ရည်သောက်ဖို့ရောက်လာပါတယ်။                                                                                                                                     အဲဒီသူငယ်ချင်းက ဒီဆိုင်ကို မထိုင်ဘူး ဘူး ဆိုလို့ […]


ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့  တစ်ကျော့နှစ်ကျော့ တေးကိုသီဇာတ်ကားထဲက တင်တင်မြရဲ့  မောင်လေးရေ …………..ထပါတော့ ရောင်နီလာပါပေါ့ ဆိုတဲ့ သီချင်းသံလေးနားထဲကြားလာသလိုပါဘဲ ။ ဒီမြင်ကွင်းလေးကိုမြင်ရတာလေ။


(17-11-2010)နေ့မနက် မန်းလေးကန်တော်ကြီးရေပြင်မှာ နံနက်နေထွက်စ အနီရောင် မရင့်တရင့်လေးမှာ လှေငယ်လေးတစ်စင်းကိုတွေ့လိုက်လို့  ယဉ်ယဉ်ကျေးကျေးလေးပြောရရင် လက်ကမြင်းလိုက်တာပါ။


သွားလေသူ ခင်ဝမ်း ကတော့  (နံနက်ခင်းဆီးနှင်းတို့ အဝေးမလွင့်မှီ နေရောင်ခြည်အရှေ့အရပ်က အကြိုဆိုက်ပြီ)လို့ ဆိုသွားခဲ့ပါတယ်။(17-11-2010)ဒီနေ့မနက် 6နာရီပါတ်ဝန်းကျင်လောက်မှာ နေထွက်စ လှတပတလေးကိုစောင့်ရိုက်ခဲ့ပါတယ်။တစ်ပုံနဲ့ ဆင်တူရိုးမှားလေးတွေ မတူတဲ့အလှနဲ့ ခံစားရအောင်လို့ပါ။


ငယ်ငယ်တုန်းက စားခဲ့ရတဲ့ အထဲမှာ သိပ်သဘောကျတဲ့ အစားအစာထဲမှာ တရုပ်မုန့်ဖြစ်တဲ့ပေါက်စီလဲပါ ပါတယ်။ ဒီပေါက်စီကို အမှတ်တရဖြစ်စေတဲ့အကြောင်းက တော့ မြန်မာပြည်မှာ ပြည်သူပိုင်သိမ်းလိုက်တဲ့အခါမှာ စာသင်ကျောင်းတွေလဲပါပါတယ်။ အရင်ကလမ်း 80 (32-33)လမ်းကြားမှာ အိုဗာစီးကျောင်းလို့ ခေါ်တဲ့ တရုပ်လူမျိုးတွေအများဆုံးနေတဲ့ကျောင်းလေးတစ်ကျောင်းရှိပါတယ်။ အဲဒီအချိန်တုံးက အိုဗာစီးကျောင်းမှာ မြန်မာတွေမနေပါဘူး မြန်မာပြည်ပေါက် တရုပ်တွေဘဲအနေများပါတယ်။ (နောက်တော့ အောင်နန်းကျောင်းလို့ပြောင်းခေါ်ပါတယ် အခုအခါမှာတော့ အမှတ်(18)အထက်တန်းကျောင်းဖြစ်နေပါပြီ။) ကျနော်ဦးလေးတစ်ယောက်က ဖြစ်ချင်တော့ အဲဒီကျောင်းကိုပြောင်းပြီးတာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီကျောင်းဝင်းရဲ့ တောင်ဘက်ခြမ်းက တန်းလျားမှာ ကျနော့်ဦးလေးကို အိမ်ခန်းပေးထားတော့ ကျောင်းထဲမှာဘဲနေရတာပေါ့။ ကျနော်က ကျောင်းမနေသေးတဲ့အရွယ်လဲဖြစ်ပြန် အိမ်ထောင်ကျခါစ ဦးလေးနဲ့ အဒေါ်ကလဲ ကျနော်ကို သူတို့ အိမ်ခေါ်ထားပါတယ်။ နေ့ဆိုရင်ကျောင်းက ဝန်ထမ်းတွေရဲ့ သားသမီးတွေနဲ့ ဆော့ရတာပေါ့။ ဒါပေမယ့် ကျနော်ကြာကြာမနေနိုင်ပါဘူး။အဖွားက အကျင့်လုပ်ပေးထားတော့ ကျနော်က အစားမက်တယ် ။ […]


တစ်ရက်က သူငယ်ချင်းအိမ်ကို မနက်ပိုင်းအလုပ်ကိစ္စနဲ့ ဝင်လိုက်တော့ သူတို့အိမ်က ကလေးတွေကျောင်းသွားခါနီးအချိန်နဲ့တိုက်ဆိုင်နေပါတယ်။ သူအမျိုးသမီးက ကလေးလေးယောက်ကို တစ်ယောက်ကို တစ်ထောင်စီထုတ်ပေးပါတယ်။ ကျနော်က မေးကြည့်တော့ အဲဒီတစ်ထောင်က မနက်စာရယ် ကျောင်းရောက်တော့ မုန့်စားကျောင်းဆင်းရင် စားဘို့ရယ်လို့ပြောပါတယ်။ သူတို့ကလေးတွေ အသီးသီးထွက်သွားကြတာတွေ့တော့ ကျနော်စိတ်ထဲမှာ အိမ်ကပေးလိုက်တဲ့ မုန့်ဘိုးနဲ့ ဘာများဝယ်စားကြမလဲလို့ တွေးမိတော့ ငယ်ငယ်က အိမ်မှာ မနက်ဆိုရင် မောင်နှမတစ်တွေ အဖွားကြွေးတဲ့မနက်စာကို တိုးတိုးခွေ့ခွေ့ သိုက်သိုက်ဝန်းဝန်းစားခဲ့ကြတာကို ပြန်လို့သတိရမိပါတယ်။ ကျနော်တို့ငယ်ငယ်က မနက်စာအတွက်မုန့်ဘိုးမပေးပါဘူး။ကျောင်းမသွားခင်အိ်မ်ကဘဲအပြီးစားသွားရတတ်ပါတယ်။ မနက်ဆိုရင် အများအားဖြင့် ထမင်းကြော်စားရတာများပါတယ်။ အဖွားက မနက်အစောကြီးထ ဆွမ်းလောင်းဘို့ ထမင်းချက်ပါတယ်။ ဆွမ်းလောင်းဘို့ဖယ်ပြီးရင် ကျန်တာကို တစ်အိမ်လုံးစားဘို့ ထမင်းကြော်ပါတယ်။ ဒယ်အိုးထဲကို ဆီနည်းနည်းထည့် ဆီကျက်ရင် ဆနွင်းပါလေကာထည့် ပြီးရင်ကြက်သွန်နီ နည်းနည်းထည့် ပါတယ်။ ကြက်သွန်နီနည်းနည်းလေးနွမ်းပြီဆိုတာနဲ့ ငံပြာရည်နည်းနည်း ဆားနည်းနည်းနဲ့ […]


တစ်ခါသားမှာ ဂျပန်က သုတေသနအဖွဲ့တစ်ဖွဲ့က မန်းလေးကိုရောက်လာပါတယ်။ နောက်ပြီး မန်းလေးသားအများစုသောက်တဲ့ ကျုံးရေကိုလည်းသုတေသနပြုသွားပြီး ပိုးမွှားကင်းစင်မူ့မရှိလို့ မသောက်သင့်ကြောင်းပြောသွားပါတယ်။ သူတို့ဘာတွေမှတ်ချက်ချချ ဘာတွေပြောပြော ဒါပေမယ့်ကျနော်တို့ကတော့ ဆက်သောက ်ဆက်သုံးတာပါဘဲ။ ကျုံးနံဘေးနေတဲ့သူက ကျုံးရေမသုံးလို့ဘာသုံးမလဲနော။ အခုတော့ အစားထိုးစရာ မန်းလေးမြို့ရဲ့ရပ်ကွက်တော်တော်များများမှာ “မီတာရေ”လို့ခေါ်တဲ့ ရေပေးရေး စံနစ်ရှိနေပါပြီ။ ရေဖြန့်ဝေပေးနေတဲ့ ရေတွန်းစက်ရှိတဲ့ ရပ်ကွက်နေရာမှာ မီးလာရင် ရေလာပါတယ်။ မီးမလာရင်ရေမလာပါဘူး။ တိုက်ခန်းအပေါ်ထပ်မှာနေတဲ့ သူများ မတော့ မီးလာချိန်နဲ့ရေလာချိန် ထပ်တူထပ်မျှကျပါစေလို့ ဆုတောင်းပေးနေရပါတယ်။ တကယ်ပြောချင်တာက ရေအကြောင်းမဟုတ်ပါဘူး။ ကြုံတုံးသတိရတုန်းလေးမှာ ပွား ကြည့်တာပါ၊ အဲဒီ ကျုံးရေကို သုတေသနလုပ်တဲ့ ဂျပန်တွေအကြောင်း ကို ကျနော်တို့အရပ်သတင်းကြားရတာတော့ ဒီဂျပန်တွေ စိတ်ဝင်စာတာက ကျုံးရေမဟုတ်ဘူး သူတို့ တကယ်စိတ်ဝင်စားတာကတော့ ကျုံးအတွင်းမှာ ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းပစ္စည်းတွေကိုပါတဲ့။ ကျနော်တို့ငယ်ငယ်တုံးကလဲ လူကြီးတွေပြောပြတဲ့ […]


ပြီးခဲ့တဲ့ လေးငါးရက်လောက်က နန်းရှေ့အောင်တော်မူမှာနေတဲ့  အမျုးိတွေအိ်မ်ကို မရောက်တာလဲကြာတော့ မြို့သစ်ကိုသွားရင်ဝင်ဖြစ်ပါတယ်။                                                               အဲဒီအိမ်ရောက်တော့ မတွေ့တာကြာတဲ့ဆွေမျိုးတွေနဲ့တွေ့တော့ ဟိုရောက်ဒီရောက် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြပါတယ်။ ရှေးဟောင်းဟောင်းနှောင်းဖြစ်တွေဆိုတော့ ရီစရာလဲပါ မောစရာလဲပါပေါ့ ။နောက်ပြောနေရင်းကနေ အမတစ်ယောက်က “နင်တို့ဦးလေး”ကြောင်သူတော်”လဲပြီးခဲ့တဲ့မေလက အပူလှိုင်းဖြတ်တော့ ဆုံးသွားတယ် နင့်အိမ်ကိုသွားပြောတော့ အိမ်တံခါးပိတ်ထားတယ် နင်တို့ခရီးထွက်သွားတယ်လို့ ဘေးအိမ်ကပြောလိုက်တယ်” လို့ မျက်ရည်လေးစမ်းစမ်းနဲ့ ပြောရှာပါတယ်။                                                                                                  ဒါနဲ့ဘဲသူတို့နဲ့အတော်ကြာကြာစကားပြောပြီးပြန်လာခဲ့ပါတယ်။                                                                                                                                                                                                              ဦးလေး”ကြောင်သူတော ်”လို့ပြောလိုက်တော့ သူနဲ့အရွယ်တူ “ပါလေရာ” ကိုသွားသတိရပါတယ်။ ကျနော်တို့ဆွေမျိုးတွေက ဒီလိုနာမယ်ပြောင်လေးတွေကို နောက်ပြောင်ပြီးခေါ်ရင်းကနေ အတည်လိုလိုဖြစ်သွားပြန်ပါတယ်။ အမြဲတမ်းလိုလိုဆေးခန်းသွားနေရတဲ့ သူကို ယတြာချေတဲ့အနေနဲ့ပေးထားတာက” သံလုံး”၊မိန်းမနှစ်ယောက်ရှိတဲ့ဦးကြီးကတော့ တစ်ယောက်က                ( ဆရာ)လို့ သူ့ကိုခေါ်ပြီး နောက်တစ်ယောက်ကတော့ ဘိုဆန်ဆန်(မောင်)လို့ခေါ်တဲ့ အတွက် ကျနော်တို့ ပေးတဲ့နာမယ်က” ဆေးနီလုံး”(ကျနော်တို့ ငယ်ငယ်က ဆရာမောင်ဆေးနီလုံးဆိုတာ နာမယ်ကြီးမြန်မာဆေးပါ)။အမြဲတမ်းယောက်ျား သွားလေရာကို တစ်ကောက်ကောက်လိုက်တတ်တဲ့ အဒေါ်လေးကို […]