(5)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း) “ဆယ်အိမ်မင်းစည်းစိမ် “ စည်းစိမ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထို်င် ယှဉ်လက်ပြိုင်ကျယ်စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖား ပုန်းရည်ကျိုသည်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ်၊ ရသာချမ်းငြိမ် အခြင်မြေသက်၊ ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရင် ခြေလိ်မ်တင်လို့၊ ကုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ၊ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း၊ မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ ခေါင်းကတော်ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ “ဒြပ်ကြီးသည့် သမီးပျိုခင်” သာလွန်းလှသယ် အစ်မမယ်တို့ရွာ၊ အကာမှာ ပင်ဝါးရိုးငယ်နှင့်၊အမိုးမှာထန်းရွက်တင်၊ ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့၊ကာဝင်းမှာတော့နွယ်ဘူးလိမ်၊ ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊ သမီးငယ်ပျိုခင်၊ဥစ္စာများလို့၊ဝတ်စားငယ်ဆင်သယ်၊ အလိုမမြင်ဝံ့ပါလားနော်အဝေး။ အဘိုးတန်ရာ ဆင်သည်မှာလဲ၊ ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့်၊ရောင်မောင်းရိုးခံ ။ ရွှေချည်ဝတ်မှာ […]


(4)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း) “ပေါ်မလာမျှော်ကာငို “ ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊ တယ်ပေါက်ကယ်သန်သည် နယ်မြောက်ဌာန် ငါတို့တောဆီက၊ လေရောရာ မိုးတွေဆင်လျှင် မရွှင်လွမ်းလိုက်လှနော်အဝေး။ စိမ်းမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊ ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊ ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊ ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊ ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့၊ မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ၊ အကျွန့်လူလည်း ရွှံ့ထူမြေတာ၊ ဟိုတစ်ရွာက ပေါ်မလာလို့၊ မျှော်ကာသာငိုမိတယ်။ နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး။ ဒီကဗျာလေးကတော့ တောသူမလေးရဲ့ ပေါ်မလာနေနိုင်အားတဲ့ချစ်သူကိုမျှော်တဲအလွမ်းဒရာမာကလေးပါ။ သူတို့နေတဲ့အရပ်ရဲ့မြောက်ဘက်က လေရိပ်မိုးရိပ်ဆင်လာရင် စိတ်မှာမရွှင်လို့လွမ်းပါသတဲ့။ သူတို့နေတဲ့အရပ်မှာ ထိန်ပင်၊သဖန်းပင်၊တယ်ပင်၊လိန်ပင်တွေပေါပါသတဲ့။ တစ်ရက် ကျည်းပင်လျှို (လျို=လမ်းမြောင်ကြား)မှာ ချိန်းတွေ့ကြတဲ့ရက်တုန်းက သတ္တိနည်းလို့ ဆေးမင်ကြောင်တစ်ဖက်ထဲထိုးထားပြီး ခေါင်းပေါင်းပုဝါကလည်း ညစ်ပေ၊ဝတ်ထားတဲ့ပုဆိုးကလည်း ပိုးမပါတဲ့ ချည်ထည်လုံချည်အကွက်ဆင်၊ […]


(3)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း) ဦးဆောင်းလို လွမ်းချင်းများကိုရေးဖွဲ့တတ်သူကတော့ စာဆိုတော်”ဦးကြီး” ဖြစ်ပါတယ်။ ”ဦးကြီး” ရဲ့စာများက ကျေးလက်အဖွဲ့တွေအတော်လေးများတာကိုတွေ့ရပါတယ်။ စာဆိုတော်ဦးကြီး ကလည်းတောနေတောထိုင် ရွာသူရွာသားများအကြောင်းကိုသာအများဆုံးရေးဖွဲ့သူဖြစ်ပါတယ်။ ”ဦးကြီး” ကတော့1201 ခုနှစ်ပါတ်ဝန်းကျင် အမရပူရခေတ်မှ မင်းတုန်းမင်းလက်ထက် ရတနာပုံခေတ်ထိ ဘုရင့်အမူ့တော်ကိုထမ်းဆောင်သူဖြစ်ပြီး၊ အင်္ဂလိပ်များ မန္တလေးကို သိ်မ်းယူပြီး မကြာခင်အချိန်လောက်ပျဉ်းမနားမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သက္ကရာဇ္ဇ်1220နှင့် 1240အတွင်း လွမ်းချင်းပေါင်းများစွာကိုရေးသားထားခဲ့ပါတယ်။ ဒီကဗျာလေးတွေကတော့ စာဆိုတော်ဦးကြီးရေးဖွဲ့ခဲ့တဲ့ တောဓလေ့ကဗျာများဘဲဖြစ်ပါတယ်။ ကျောင်းနေစဉ်တုံးကတော့ မြန်မာစာမှာ သင်ရိုးညွှန်းတန်းအဖြစ် ပြ ဌာန်းခဲ့ဘူးတော့ ဖတ်ဘူးကြမယ်တော့ ထင်ပါတယ်။ ဒါပေမယ်လဲ့ တစ်စုတစ်စည်းထဲဖတ်ရအောင် ရှာဖွေတင်ပြလိုက်ပါတယ်။ “ယဉ်ပေ့တောသူ “ လေပြေငယ်သုတ်ပါလို့ ရွှေဘုတ်က အိုးအီ၊ အုံ့မိူင်းငယ်ရီ နေမီအောင်တခိုလှမ်းခဲ့ရ၊ ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံပန်းနှစ်ဆင့်ငယ်နှင့်၊ ပန်းဝင့်လို့ရွာကိုဝင် အမြင်ဆန်းပါဘိတယ်လေး။ ညဉ့်ချမ်းရယ်နေရီ၊ […]


(2)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးဆောင်း) “ချဉ်ပေါင်ညို “ အယဉ်ငယ်ကြီးပါတဲ့ ဇနီးရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ်မျှင်မျှင်၊ကြေးမသင်ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဘွယ်စိုးရ လောက်ပေလေး။ လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ ဖားလျားဝေနှင့်၊ အိမ်နေသူသက်ပန်၊ချက်ပြောင်းဆန်ကို၊ တပန်းကန်ကုန်အောင်၊တက်တက်သာပြောင်တော့၊ ကိုတောင်သူအနေ၊ပိုက်ဝမ်းရေပါတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး။ အမရပူရခေတ်စာဆိုတော် ဦးဆောင်းရဲ့လက်ရာမွန်ကဗျာများထဲမှတပုဒ်ဖြစ်ပါတယ်။ ဦးဆောင်းကတော့ 1181ခုနှစ်တွင်နန်းတက်တဲ့စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား)လက်ထက် မှာ် ပေါ်ပေါက်လာသောစာဆိုတစ်ဦးဖြစ်ပါတယ်။ လွမ်းချင်းများအရေးများတဲ့အပြင် တောရွာများမှတောင်သူလယ်သမားတို့ဘဝကို ခပ်သောသောလေးနဲ့ ဖတ်သူပြုံးအောင်ဖွဲ့ဆိုတတ်တယ်လို့ ခံစားမိပါတယ်။ ဦးဆောင်းနှင့်ခေတ်ပြိုင်ဟုယူဆနိုင်သူများမှာ မြဝတီမင်းကြီးဦးစ၊ခင်ဆုံ၊ဦးအိ၊ဦးလွမ်းပြေ၊ဦးရွှန်းတို့ဖြစ်ကြတယ်လို့ သိရဘူးပါတယ်။ အများအားဖြင့်လွမ်းချင်းများကိုရေးသားတတ်ပါတယ်။ ဒီ“ချဉ်ပေါင်ညို “ဆိုတဲ့ကဗျာလေးကတော့ မူရင်းနာမယ်ဟုတ်ချင်မှလဲဟုတ်ပါမယ်။ တောင်သူလယ်လုပ်တစ်ဦးရဲ့တစ်နေ့တာထမင်းတစ်နပ်အကြောင်းကို ရိုးရိုးလေးဖွဲ့ဆို ထားတဲ့ကဗျာဖြစ်ပါတယ်။ ပေါ်ဦးပေါ်စ ချဉ်ပေါင်ညို အဖူးလေးတွေရယ် “ငါးလူး” အကောင်သေးသေးလေးတွေကို မြေအိုးခပ်သေးသေးထဲ ထည့်လို့ရေလုံပြုတ်လိုက်ပါတယ်။ သူရဲ့ယဉ်ကျေးလှပတဲ့ဇနီးသည်ချက်ထားတဲ့ဟင်းကတော့ မင်းစိုးရာဇာတွေ အတိုင်း ခမ်းနားတယ်လို့ ခပ်ငေါ့ငေါ့လေးဖွဲ့ဆိုထားပါတယ်။ […]


(1)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဝန်ကြီးပဒေသရာဇာ) “ဝန်ကြီးပဒေသရာဇာ” ကိုအင်းဝမြို့မှာမွေးဖွားတယ်လို့သိရပါတယ်။ စနေမင်းလက်ထက်(1060)ပါတ်ဝန်းကျင်တွင် ဘုရင့်အမူ့တော်ထမ်းဆောင်ရင်း ကဗျာလင်္ကာများကို ရေးစပ်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။ 1076ခုနှစ် တွင်ထီးနန်းစိုးစံသော မှန်နန်းရှင်ခေါ်စနေမင်းလက်ထက်တွင်လည်းအမူထမ်းရင်း ကဗျာလင်္ကာများကိုစပ်ဆိုကာ ဘုရင့်ထံသို့ဆက်သွင်းခဲ့ပါတယ်။ ပထမဦးစွာ “လက်ျာရွှေတောင် “ဘွဲ့အမည်ကို အပ်နှင်းခံရပြီး မန်ကျီးတုံရွာကို အပိုင်စားရခဲ့ပါတယ်။ 1095ခုနှစ်မှာနန်းတက်တဲ့ “ဟံသာဝတီရောက်မင်း” လက်ထက်မှာတော့ “မင်းရဲမင်းလှကျော်ထင် “ဘွဲ့ နဲ့အတူ လွှတ်တော်ဝန်ကြီးအဖြစ်ထိ ရာထူးတိုးတက်ပေးခဲ့ပြန်ပါတယ်။ နောက်ပိုင်းတွင် သာမန်လူတန်းစားများတွင်အမြင့်ဆုံးဟုဆိုနိုင်သော “ဘုရင်ငယ်တစ်ဆူ” ဆိုသော အဓိပ္ပါယ်သက်ရောက်သော “ ပဒေသရာဇာ “ဟူသောဘွဲ့ ကိုအပ်နှင်းခြင်းခံခဲ့ရပြန်ပါတယ်။ ကံကြမ္မာနိမ့်ပါးချိန်ကျရောက်တဲ့အခါမှာတော့ 1113ခုနှစ်အရောက်မှာ မွန်ဘုရင်က အင်းဝကိုစစ်နိုင်သော အခါ အင်းဝဘုရင်နှင့် ဝန်ကြီးပဒေသရာဇာအပါအဝင် သားသမီးဆွေးမျိုးညာတိတို့ကို ဖမ်းဆီးခေါ်ဆောင် လာရာသံလျှင်ခေါ် တညင်မြို့ မှ ကျိုက်ခေါက်စေတီအနီးတွင် မောပန်းခြင်းဒဏ်ကြောင့် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ […]


“…………………………….. မှ အစပြု၍”(ကိုပေါက်နဲ့ဆေးလိပ်အဆုံး) ကျွန်တော်ကျောင်းပြီးတော့ လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့အိမ်တစ်အိမ်မှာအလုပ်စလုပ်ပါတယ်။ ပုဂ္ဂလိက ပိုင်တဲ့လုပ်ငန်းပါ။ သူတို့အိမ်တစ်အိမ်လုံးက အသန့်ကြိုက် ကျန်းမာရေးကိုအထူးလိုက်စား ဇီဇာကြောင် လူတွေကို ပညာတွေပေး ခဏခဏအမိန့်တွေထုတ်တတ်တဲ့မိသားစုပါ။ (ဒါပေမယ့် ဝန်ထမ်းတွေကို ပေးတာကမ်းတာကတော့ အတော်လေးကို ရက်ရောလို့သဘောကောင်းပါတယ်။) သူတို့အိမ်မှာအဆိုးဆုံးကတော့အလုပ်ပိုင်ရှင်ရဲ့အမအပျိုကြီး “မမမွန် “ပါဘဲ။ မတွေ့လိုက်နဲ့တွေ့တာနဲ့ဆေးလိ်ပ်မသောက်ရေးတရားဟောပါတော့တယ်။ “ဆေးလိပ်သောက်တယ်ဆိုတာ လူမိုက်တွေရဲ့ ဉာဏ်မရှိတဲ့လူတွေရဲ့အလုပ်၊ ပိုက်ဆံကုန်တယ်၊အလုပ်ရှပ်တယ်၊ကျန်းမာရေးနဲ့မညီညွှတ်ဘူး၊အဆုပ်ရောဂါရပြီးသေမယ်၊ ညစ်ပတ်တယ်၊စွဲရင်ဖြတ်မရဘူး” ဆိုတာတွေကို ဥပမာ တွေဇာတ်ကြောင်းတွေနဲ့ပေါ့။ အဆုံးမှာတော့ “နောက်မသောက်နဲ့နော်”မှာ “မှာချွေစကား” က ပြီးဆုံးပါတယ်။ အရက်သမား မူးပြီးအပ်ကြောင်းထပ်အောင်ပြောတယ်ဆိုတာ “မမမွန် “မပြောသလောက်ဘဲရှိပါတယ်။ ကျွန်တော်တို့ မနက်အလုပ်ဝင်ရင်ဖြစ်ဖြစ် နေ့လည်ထမင်းစားကပြန်လာလို့ အလုပ်ဝင်လာတဲ့ အချိန်မှာဘဲဖြစ်ဖြစ် “မမမွန် “က အဝင်ပေါက်ဝကစောင့်ပြီး ဝင်လာသူတိုင်းကို ပါးစပ် “ဟ” ပြီး “ဟား”လို့အော်ခိုင်းပြီး ဆေးလိပ်သောက်မသောက်ကို ပါးစပ်နားကပ်ပြီးအနံ့ခံပါတယ်။ […]


“…………………………….. မှ အစပြု၍”(ကိုပေါက်နှင့်ဆေးလိပ်အစ) ဆေးလိပ်တို့ ဆေးတံတို့ ဆိုတာတွေကို ကျွန်တော့်ဘဝမှ ဘယ်အချိန်က စပြီးပါတ်သက်ခဲ့သလဲလို့ပြောရရင် ကျွန်တော် ကျောင်းနေစအရွယ် ကဘဲဖြစ်ပါတယ်။ အမှတ်ထင်ထင်ရှိခဲ့ဘူးတာကတော့ အဖေ့ရဲ့ဆေးတံနဲ့အဖိုးရဲ့ဆေးပြင်းလိပ်လို့ပြောရမယ်ထင်ပါတယ်။ ကျွန်တော့်အဖေဘက်ကတော့ မှတ်မိသလောက်ပြောရရင် ဘယ်သူမှဆေးလိပ်မသောက်ပါဘူး။ အမေရဲ့အဖေကတော့ ဆေးပြင်းလိပ်သောက်ပါတယ်။ ဆေးပြင်းလိပ်ညိုတုတ်တုတ်က ထွက်လာတဲ့ အနံ့ကို လူတော်တော်များများကမခံနိုင်ပါဘူး။ ကျွန်တော်ကတော့ မီးမညှိသေးတဲ့ဆေးပြင်းလိပ်အသစ်က ထွက်လာတဲ့အနံ့ကိုနှစ်သက်ပါတယ်။ ကျွန်တော်လူလစ်ရင် ခိုးပြီးနမ်းပါတယ်။အဖွားသိရင်တော့ အော်ခံရတတ်ပါတယ်။ ဒီဆေးရွက်ဆေးလိပ်အနံ့ဆိုတာကလည်း ကြိုက်တတ်သူလူနည်းစုအဘို့ကတော့မွှေးပြီး မကြိုက်သူလူအများစုအတွက်ကတော့ အတော်ဆိုးတဲ့ အနံ့လို့ပြောမှမှန်ပါမယ်။ ဆေးပြင်းလိပ်သမားများကတော့ အစားအသောက်စားချိန်ရယ်၊ရေချိုးတဲ့အချိန်ရယ်၊အိပ်ချိန်ရယ်ကလွဲရင် မီးသေနေတဲ့ဆေးပြင်းလိပ်အတိုလေးကို ပါးစပ်မှာ ခဲထားတာက သူ့အတွက် သိပ်အရသာရှိနေသလိုပါဘဲ။ အဖိုးအကျင့်က ထမင်းစားပြီးတာနဲ့ ဆေးပြင်းလိပ်အတိုလေးကို မီးညှိအားရပါးရဖွာ။ လေးငါးဖွာလောက် အားရပါးရ ရှိုက်ပြီးရင်းဆေးပြင်းလိပ်ကို မီးသေအောင်သတ်လိုက်ပါတယ်။ ပြီးမှ ပါးစောင်မှာခဲပြီးလုပ်လက်စအလုပ်တွေကို ဆက်လုပ်ပါတယ်။ အဖိုးဆေးပြင်းလိပ်ဖွာပြီဆိုရင် အဖွားက အသံတွေထွက်ပါတယ်။ […]


ဆယ်တန်းကျောင်းသားဘဝမှာ မြန်မာစာ ဆရာက ပြောခဲ့ဘူးတဲ့စကားလေးပါ။ ကျွန်တော်တို့ မြန်မာကဗျာအငွေ့အသက်အစလို့ပြောနိုင်တဲ့ကဗျာလေးကတော့ ပုဂံခေတ်မှာ စတင်တွေ့ရှိခဲ့တဲ့ ” မြကန်သာ “လင်္ကာလေးလို့ သိခဲ့ရဘူးပါတယ်။ “ဲမြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့် ရေအေးကြည်သာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ှုှငှက်မျိုးစုံသည်၊ ဘုံဝတိန်သာ၊ နန္ဒာပေလော၊ တူစွဟုတ္တာ” ဆိုတဲ့လင်္ကာအတိုလေးပါဘဲ။ ဆိုလိုရင်းအဓိပ္ပါယ်ကလဲ ရှင်းရှင်းလေးပါဘဲ။ မြကန်သာလို့ အမည်ရတဲ့ တောင်ကျချောင်းလေးရဲ့သီချင်းလေးပါတဲ့။ တောင်ကျချောင်းရေအေးအေးလေတွေက ခိုင်မာတဲ့ကန်ပေါင်ရိုးရှိတဲ့ ကန်လေးထဲကိုပြေးဝင်လို့လာပါသတဲ့။ ကန်ထဲမှာ တော့ ယနံ့သင်းထုံတဲ့ ကြာပင်အမျိုးမျိုးလဲရှိ၊မှီတင်းနေထိုင်ကြတဲ့ ငှက်အမျုးိပေါင်းကလဲ အစုံစုံနဲ့ဆိုတော့ သာယာပုံကိုနိုင်းရမယ်ဆိုရင် တော့ တာဝတိန်သာ နတ်ပြည်မှာရှိတဲ့ နန္ဒာကန်အတိုင်းပါဘဲလို့ ဆိုလိုပါသတဲ့။ ဒုတိယမြောက်တွေ့ရတဲ့ ကဗျာလေးကတော့ “သိုးကလေ” အစချီတဲ့ ပုပ္ပါးတောင်ဖွဲ့ ကဗျာလေးဖြစ်ပါတယ်။ ပုပ္ပါးနတ်တောင်လို့ အမည်ပေးထားပြီး ဒီကဗျာလေး(လင်္ကာ)လေး စတင်ချိန်ကတော့ အတိအကျမသိပေမယ့် သက္ကရာဇ် […]


“လွမ်းစရာတွေကိုချန်ထားခဲ့တော့မယ့် ဒေါင်းနေချောင်း” ရေနံချောင်းဘက်ကနေ မကွေးမြို့ကိုသွားမယ်ဆိုရင် ဒေါင်းနေချောင်း(အမျာ်းအခေါ်ဒေါင်းသေချောင်း) ကိုမကျော်ဘဲမရောက်နိုင်ပါဘူး။ ဒီချောင်းမှာ ဒေါင်းတွေနေထိုင်ကျက်စားခဲ့လို့ ဒီလိုခေါ်လားတော့ မသိဘူး အခုတော့ ဒေါင်းတစ်ကောင်မှမတွေ့ခဲ့ဘူးရယ်။ ဒီချောင်းကတော့ ရေနံချောင်းနဲ့မကွေး မြို့နှစ်မြို့ကြားမှာ အရှေ့အနောက် အလျားလိုက်ကြီး စိတ်ကောက်ပြီးအိပ်နေတဲ့သဲချောင်းကြီးလို့ပြောနိုင်ပါတယ်။ တောင်ကျရေမလာတဲ့အချိန်ဆို ရင်တော့ ချောင်းလို့သာ အမည်ခံပေမယ့် ဖြူလွှလွှ သဲမွမွလေးတွေကိုသာတွေ့နိုင်တဲ့ အမြဲတမ်း ရေမရှိတဲ့သဲချောင်းကြီးပါ။ ဒါပေမယ့်လဲ အရပ်စကားအဆိုအရ တောင်ဆီမှာမိုးညို့လာရင် ချောင်းကိုမဖြတ်နဲ့ဒေါင်းတောင်ပြေးမလွတ်ဘူးလို့ ဆိုတတ်ကြပါတယ်။ ဟိုတောင်ပေါ်က အရှိန်နဲ့ဆင်းလာတဲ့ တောင်ကျချောင်းရေစီးက အတော်ကြီးကိုသန်လို့ပါ။ ပြီးတော့ ချောင်းပြင်ကလဲ အကျယ်ကြီးရယ်ပါ။ ဒီလိုပြောစကားကို မယုံကြည်လို့ အရဲစွန့်လို့ မဖြစ်လောက်ဘူးထင်လို့ ချောင်းရေစီးနဲ့မျောပါ၊ ကားမှောက်၊လူတွေသေတဲ့ တကယ့်အဖြစ်အပျက်ပေါင်းများစွာလဲရှိခဲ့ဘူးပါတယ်။ သာမန်ရေမရှိတဲ့ အချိန်တွေမှာတောင် လမ်းပြတဲ့လူစကားကိုနားမထောင်မိလို့ ကားသဲထဲကျွံကျသွားခဲ့ဘူးတာကလဲ မရေမတွက် နိုင်သော ဇာတ်လမ်းများပါဘဲ။ ကျွန်တော်ကိုယ်တိုင်လဲ မန္တလေးသားဖြစ်ပေမယ့် ကလေးဘဝထဲက […]


မကွေးဘက်ခြမ်းကို ကပ်သွားတဲ့တံတားအဆုံးပါ။ ကားပေါ်က သွားရင်းရိုက်ခဲ့တာကြောင့် တံတားအမြင့် အရှည် မမေးခဲ့လို့ မသိပါဘူး။ လောလောဆယ် တံတားကို အသုံးပြုခွင့်မပေးသေးပါဘူး။ တံတားအတွက်ချဉ်းကပ်လမ်းအသစ်တွေ မပြီးသေးလို့ပါ။ ဒီတံတားက သွားနေကျ သဲလမ်းလေးရဲ့အရှေ့ဘက်ခြမ်းမှာဆောက်ထားတာဖြစ်ပါတယ်။ ပြည့်စုံအောင်မတင်ပြနိုင်တာတော့ ခွင့်လွှတ်စေလိုပါတယ်။


ရေနံချောင်းဘက်ကို ကပ်သွားတဲ့တံတားအဆုံးလေးပါ။ ဒေါင်းနေချောင်းကတော့ အမြဲတမ်းရေမရှိတဲ့သဲချောင်းဖြစ်ပါတယ်။ အရင်ကတော့ သဲချောင်းထဲကဘဲ ကားတွေဖြတ်ရပါတယ်။ လမ်းပြအကူအညီနဲ့ပေါ့။ နောက်တော့ တံတားပေါ်ကနေဖြတ်ရတော့မှာပါ။


ဒါကတော့ ရေနံချောင်းဘက် က တံတားအဆုံးလေးပါ။ ဒီချောင်းကတောင်ကျရေလာချိန်မှာသာ ရေခဏလေးရှိတဲ့သဲချောင်းဖြစ်ပါတယ်။ အဝေးက ဖြတ်သွားရင်း ဓါတ်ပုံရိုက်လိုက်တဲ့အတွက် တံတားဘယ်လောက်ရှည် ဘယ်လောက်မြင့်တာကိုတော့ ဆင်းမမေးလို့ မသိခဲ့ပါဘူး၊


လွမ်းစရာ ရင်နာစရာ ပျော်ရွှင်စရာ ရင်မောစရာ စိတ်ရှုပ်စရာ ထိတ်လန့်စရာ အားကိုးစရာ ပုံပြင်ပေါင်းများစွာကို သိမ်းဆည်းထားတဲ့ ဒေါင်းနေချောင်း (ခ) ဒေါင်းသေချောင်းကို တံတားခင်းလို်က်ပါပြီ။ ဒါကတော့ ရေနံချောင်းဘက်ကမ်းက တံတားအစပါ။