အရင်ကတော့ ဒီကရဝိက်ဖောင်က မန်းလေးကျုံးအရှေ့ဘက်ခြမ်းမှာ ရှိခဲ့တာပါ။ အခု မန်းလေး ဆွမ်းဟိုတယ်ရှေ့ပေါ့။ အခု မန်းလေး ကန်တော်ကြီးလို့ခေါ်တဲ့ တက်သေးအင်းထဲမှာ ရပ်နားနေပါတယ်။ 2010နှင်းကျစ နိုဝင်ဘာလမနက်ခင်းတခုမှာ ရိုက်ထားတဲ့ပုံပါ။ ရေပေါ်မှာထင်နေတဲ့ ပုံရိပ်ကလေးကြောင့် ပိုလှနေသလိုပါဘဲ။


မန်းလေးကျုံးထဲကနေ ပြောင်းလာတဲ့ ကရဝိက်ပါ။ အခုမှာတော့ တက်သေးအင်းခေါ်မန်းလေးကန်တော်ကြီး အနောက်ဘက်ခြမ်း နာမယ်ကျော် လှိူင်ိ်ထိပ်ခေါင်တင်ရဲ့ မယ်တော် မမြလေးတည်ခဲ့တဲ့ ဘုရားအရှေ့မှာ ခိုနားနေပါတယ်။ ဒီပုံကတော့ တောင်ဘက်ခြမ်းကနေမြင်ရတဲ့ ကရိဝိက်ဖောင်ရဲ့ပုံပါ။ ထူးခြားတာက ဖောင်ရဲ့တောင်ဘက်မှာရေတွင်းလေးရှိနေတာပါဘဲ။ ရေတက်ချိန်ဆို ဒီရေတွင်းလေးက ရေထဲမှာမြုတ်နေတာပါ။ အခု (4-1-2011)နေ့ ရေကျချိန်မှာမှ မြင်ရတဲ့ရေတွင်းလေးပါ။ ကန်တော်ကြီးရေပြင်ထဲမှာ ဒီလိုရေတွင်းလေးတွေ ရှိနေတာကို ထူးဆန်းစွာမြင်နေရပါတယ်။


ဒီပုံလေးကတော့ မန်းလေးမြို့တောင်ဘက် အဝင်မှာ မြတ်စွာဘုရားရဲ့စွယ်တော် ကို အစွဲပြုလို့ စွယ်တော်ဘုရားလို့ အမည်တွင်တဲ့ဘုရားပါ။ ထူးခြားတာကတော့ ပုဂံ ခေတ်က ဘုရားများနမူနာယူလို့ အလင်းခိုးပေါက်တွေ အသံကိုလှိူဏ်သံဟိန်းနေအောင် ပိသုကာအတတ်တွေနဲ့ ဆောက်ထားတဲ့ ဂူဘုရားပါဘဲ။


ဒီနေရာလေးကတော့ အရင်က အလွယ်တကူမရောက်နိုင်တဲ့နေရာလေးဖြစ်ပါတယ်။ ဟိုတုန်းကဆိုရင် တောင်မြို့(အမရပူရ)ကိုသွားတဲ့လမ်းက ကပ်ကျော်ကွေ့နားလေးကနေ လယ်ကန်သင်းရိုးတွေကြားမှာ စက်ဘီးနဲ့ယိုင်ထိုးယိုင်ထိုး အလဲအကွဲစီးပြီးမှ ဒီရှမ်းလေးကျွန်းကိုရောက်ရတာပါ။ အခုတော့ တံတားဦးလေဆိပ်ကိုသွားတဲ့ ဧရာဝတီမြစ်ရယ် စစ်ကိုင်းတောင်(မင်းဝံတောင်ရိုး)နဲ့အပြိုင်ဖောက်ထားခဲ့တဲ့လမ်းနံဘေးမှာတင်ရှိပါတယ်။ နိုင်ငံခြားကလာတဲ့ ထိုင်ဝမ်ဇီးသီးဆိုတာ မပေါ်ခင်က အလွန်နာမယ်ကြီးတဲ့ ဇီးခြံတွေ ရှိတဲ့ ရှမ်းကလေးကျွန်းပါဘဲ။ ထူးခြားတာ တစ်ခုက ဧရာဝတီမြစ်ရေကြီးရင် ဒီရွာတစ်ရွာလုံးက ရေထဲမှာစိမ်ပြီးနေပါတယ်။ သာယာလှပတဲ့ ရူ့ခင်းလေးမို့ မျှဝေပေးလို်က်ပါတယ်။


တောင်သမန်အင်းကို မြောက်ဘက်ခြမ်းကနေ အင်းရဲ့အနောက်ဖက်ကမ်းကို မြင်ရတဲ့ပုံလေးပါ။ အရင်ကတော့ တောင်သမန်အင်းဆိုတာ မိုးအခါမှာရေအပြည့် ဆောင်းမှာ နှင်းငွေ့တွေပြန်နေတဲ့ရေပြင် နွေမှာတော့ ရေကမဆိုစလောက်မှာ ပြောင်းပင်တွေ စပါးပင်တွေစိုက်ခင်းတွေနဲ့စိမ်းစိမ်းစိုစို ။ အခုတော့ ရေအမြဲသွင်းထားတော့ တောင်သမန်အင်းဆိုတာထက် တောင်သမန်ကန်လို့ပြောရင်ပိုမှန်မလားဘဲ။


တောင်သမန်းအင်းကိုမြောက်ဘက်ခြမ်းကနေ အင်းရဲ့အနောက်ဘက်ခြမ်းကို မြင်ရတဲ့ပုံလေးပါ။ အပြာထဲကအစိမ်း လွင်နေအောင်လှတဲ့ ချစ်စရာမြင်ကွင်းလေးပါ။


ဒီပုံလေးကတော့ ရှမ်းရိုးမအခြေမှာရှိတဲ့ ရေတံခွန်တောင်ကို ခပ်ဝါးဝါးလေးမြင်ရတဲ့ပုံလေးပါ။ ရန်ကင်းတောင်ရဲ့အရှေ့ဖက်မှာရှိပါတယ်. ကျယ်ပြန့် လွတ်လပ်ပြီး လေကောင်းလေသန့်ရနိုင်တဲ့ လှပတဲ့နေရာလေးလဲ ဖြစ်ပါတယ်။ ရောက်အောင်သွားကြည့်စေချင်ပါတယ်။


ဒီလမ်းကလေးကတော့ အောင်ပင်လယ်ရဲ့ရင်ခွင်ကို ဖြတ်ပြီး ဖောက်ထားတဲ့လမ်းကလေးပါ။ရန်ကင်းတောင်အရှေ့ဘက်မှာရှိတဲ့ ဆယ်တော်ကြီးကနေလာတဲ့ရေမြောင်းဆီကိုရောက်သွားတဲ့လမ်းကလေးပေါ့.။ ဒီချောင်းလေးကိုကျော်လိုက်ရင် ရှမ်းရိုးမတောင်ခြေကို သေချာပေါက်ရောက်သွားမှာပါ။ ဒါပေမယ့် မြန်မာစကားပုံလေးရှိပါတယ်။ အမြင်နီးပြီး ခရီးဝေးသည့်တောင်ပါတဲ့။ လွယ်လွယ်နဲ့တော့ရောက်နိုင်မယ်မထင်ပါဘူး။


ဒါကအောင်ပင်လယ် ဆိုတဲ့လယ်ကွင်းကြီးရဲ့မြောက်ဘက်မှာရှိတဲ့ နာမယ်ကျော်မန်းလေးတောင်ကို မူံပြပြ မပီဝိုးတဝါးမြင်နေရတဲ့ပုံလေးပါဘဲ။


ဒီလမ်းလေးက အရင်က မရှိခဲ့ပါဘူး။ အခုနောက်ပိုင်း ရွှေစာရံဂေါက်ကွင်း အသစ်ပေါ်လာတဲ့အခါမှာ အလွယ်တကူသွားလို့ရအောင်လမ်းဖောက်လိုက်ပါတယ်။ ရှေ့တည့်တည့်မှာမြင်နေရတာကတော့ လှပတဲ့ တောင်ပြာတန်းရှမ်းရိုးမပါ။ ဘေးနှစ်ဖက်ကလယ်ကွင်း စပါးစိုက်ချိန်ဆိုရင်အစိမ်းရောင်ကော်ဇော်ကြီးခင်းထားသလိုပါဘဲ။ အခုတော့ စပါးရိတ်ပြီးချိန်ဆိုတော့ ခြောက်သွေ့နေပါတယ်။ နောက် စပါးစိုက်ချိန်မှာ ထပ်တင်ပေးပါအုံးမယ်။


ဒါလေးကတော့ မန်းလေးမြို့အရှေ့ဘက်က နာမယ်ကျော် ဆရာနန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းထဲမှာ အမြဲပါတဲ့ “အောင်ပင်လယ် ” လယ်ကွင်းကြီးပါဘဲ။ ရှေးကတော့ ဟိုးဝေးဝေးမှာမြင်နေရတဲ့ ရန်ကင်းတောင်အထိက ရေပြင်ကျယ်ကြီးပါတဲ့။ အခုတော့ ရိတ်သိမ်းပြီးစ လယ်ကွင်းကို အပြာရောင်မိုုးကောင်းကင်အောက်မှာမြင်နေရပါတယ်။


“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းတစ်) ညနေစောင်းစောင်း မှာ ကိုအောင်မောင်းတစ်ယောက်အိမ်ကိုရောက်ချလာပါတယ်။ သူအလုပ်ကအပြန်ကျွန်တော်ဆီကိုလှည့်ဝင်လာပုံရပါတယ်။ အိမ်ပေါ်ကနေလှမ်းကြည့်လိုက်တော့ သူဆိုင်ကယ်ရှေ့ခြင်းထဲမှာ ပါလာတဲ့ စာစောင်တွေရော မဂ္ဂဇင်းစာအုပ်ရော ဝတ္တုစာအုပ်တွေကို ယူနေတာကို တွေ့ရပါတယ်။ သူအိမ်ပေါ်တက်လာပြီး သူ့လက်ထဲပါလာတဲ့စာအုပ်တွေကို စားပွဲပေါ်ချရင်း လေဒီပေါက်ကို လှမ်းနှုတ်ဆက်နေပါတယ်။ သူနဲ့လေဒီပေါက်တို့ သာကြောင်းမာကြောင်းပြောနေကြတုန်း စားပွဲပေါ်တင်ထားတဲ့စာအုပ်တွေကို ကျွန်တော်က ယူကြည့် နေပါတယ်။လျှပ်တစ်ပျက်ဂျာနယ်၊အလင်းတန်းဂျာနယ်၊မော်ဒန်ဂျာနယ်ရယ် ခုခေတ်ပေါ်စာရေးဆရာတွေဖြစ်တဲ့ လူနေတို့ နတ်ရွာမိုးတို့ မိုးဆက်လင်းထက်တို့ စာအုပ်တွေရယ် မင်းလူရဲ့စာအုပ်ရယ် ခင်ခင်ထူးဝတ္တုတိုပေါင်းချုပ်ရယ်နောက် အပျိုစင်မဂ္ဂဇင်း၊ ရွှေ္ဂအမြုတေမဂ္ဂဇင်း၊တွေရယ်ပါလာတာကိုတွေ့ပါတယ်။ ကျွန်တော် က ကိုအောင်မောင်းကို “စာအုပ်တွေက အများကြီး ဘာလုပ်ဘို့သယ်လာတာလဲ”လို့မေးတော့ “ငါ့ရုံးက ကလေးတွေဖတ်ဖို့လေကွာ”လို့ပြန်ဖြေပါတယ်။ ကျွန်တော် ကသိပ်နားမလည်နိုင်တဲ့ပုံစံနဲ့ကိုအောင်မောင်းကို ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ ထုံးစံအတိုင်း ကိုအောင်မောင်းရဲ့ မှာတမ်းချွေတာကို နားဆင်ရပါတော့တယ်။ “ငါ့ရုံးမှာလဲ စာဖတ်ဝါသနာပါတဲ့ကလေးတွေရှိတယ်ကွ။ တစ်ချို့ကလေးတွေအဆောင်မှာနေကြတာ အဲတော့ စာအုပ်ငှားဖတ်မယ်ဆိုရင်အဆင်မပြေပြန်ဘူး။ […]


“ရှေးကဗျာများထဲမှတိုက်ပွဲတစ်ခု” “နန်းတွင်မိညို” တောင်တွင်မြင့်မိုရ် ကျွန်ုပ်ဆိုသား ရေညိုရစ်သန်း ရံလျက်ဝန်း၍ လေးကျွန်းအလယ် လေးသွယ်ခြည်ရောင် တပြောင်ပြောင်လျှင် ဘုန်းခေါင်အထွတ် သုံးလူနတ်တို့ မချွတ်မေတ္တာ ဘိဓမ္မာကို်မှန်စွာအခေါင် ကြားလွှံ့ဆောင်သည် တောင်တွင်မြင့်မိုရ်သာတကား။ ။ စည်တွင်ပဟိုရ် ကျွန်ုပ်ဆိုသား ခါကိုသိစေ ရှစ်ကြိမ်နေဖြင့် ချက်ရေမရွေ့တီးဓလေ့ကား ညဉ့်နေ့နာရီ ခြောက်ဆယ်စီလျှင် ချက်ချီလှည့်ကျူး ညဉ့်ဦးသန်ကောင် တောက်ရောင်မိုးသောက် မွန်းတည့်ရောက်က ဝမ်းမြောက်ရွှင်လန်း လူရဟန်းတို့ ထက်ဝန်းဖူးမြင် သိစိမ့်ရင်သည် စည်တွင်ပဟိုရ်သာတကား။ ။ နန်းတွင် မိညို ကျွန်ုပ်ဆိုသား မှောင်ကိုပယ်ခွင်း ဆီမီးဝင်းသို့ သီတင်းငါးမည် သီလတည်လျက် လှရည်ညက်သေး ပြေး၍မဆို သူ့ကိုနှိပ်စက် မာန်မထွက်တည့် ဝှန်တတ်ပညာ လင်္ကာရတာ ဆိုမူ့ရွရွ ကြားက စိတ်ဝမ်း သူ့နားချမ်းလိမ့် စွဲလမ်းကိုယ်တွင် တောင်နှယ်ထင်သည် နန်းတွင်မိညိုသာတကား။ “နန်းတွင်မိဖြူ” ကျွန်းတွင်ဇဗ္ဗူ […]